ပုံပြောကောင်းတဲ့ အမယ်အို
+++++++++++++++++
တစ်ခါတုန်းက အိမ်ခြေ အနည်းငယ်လောက်သာ ရှိတဲ့ ရွားလေးတစ်ရွာရှိပါတယ်။ ဒီရွာလေးက အရမ်းအေးချမ်းပြီး ရွာသူ၊ရွာသားတွေကလည်း
အရမ်းစည်းလုံးညီညွတ်ကြတယ်။
ဘယ်ရန်သူမှလည်း အလွယ်ဝင်လာလို့ မရပါဘူး။ ရိုးရာယဉ်ကျေးမှုကိုလည်း ထိမ်းသိမ်းစောင့်ရှောက်ကြပါ
က ထွက်တဲ့ သီးနှံတွေကို ရောင်းချပြီး စားသောက် လို့ ပိုသမျှကို ရွာအနီးမှာ ရှိတဲ့ ကျောင်ဂူကြီးထဲကို ထည့်ပြီး စုဆောင်းကြတယ်တဲ့လေ။
ဒီလိုနဲ့ နှစ်တွေ ကြာလာတော့ ကျောက်ဂူကြီးထဲမှာ ရွှေငွေကျောက်သံပတ္တမြားတွေနဲ
လွယ် ဖွင့်မရပါဘူး။ ဂါထာလေးတစ်ပုဒ် ရွတ်ပြီးမှ ဖွင့်ရပါတယ်။
ဂါထာကိုလည်း ရွာသားအားလုံးရဲ့ ကျောကုန်းတွေမှာ စာလုံးဖြန့် ပြီး ရေးထိုးထားကြတယ်တဲ့လေ။ ဒါကြောင့် လူအားလုံးစုံမှသာ ကျောက်ဂူကိုဖွင့်
လို့ ရတာတဲ့လေ။
တစ်နေ့ မှာတော့ ရွာနားမှာ အမယ်အိုတစ်ယောက် လဲကျနေလို့ ရွာသားများက ကူညီစောင့်ရှောက်ပေးထား ကြလေရဲ့။ အမယ်အိုလည်း ဒီရွာလေး
မှာနေပြီး နေထိုင်စား သောက်မယ်လို့ စိတ်ကူးပြီး ရွာလေးမှာပဲ နေတော့တာပါ။
တကယ်တော့ အမယ်အိုဟာ ကျောက်ဂူထဲက ရွှေ၊ငွေတွေကို လိုချင်လို့ အယောင်ဆောင်နေတဲ့ စုန်းမကြီး ဖြစ်ပါတယ်။ အလွယ်တကူ ယူမရနိုင်သာ
မို့  ရွာထဲကို ပရိယာယ်နဲ့ ဝင်တာပေါ့။
အမယ်အိုဟာ သူ့ ပရိယာယ်တွေနဲ့ ရွာသားတွေကို ဖြားယောင်းပါတော့တယ်။ အင်မတန်လှပတဲ့ နတ်ပြည်အကြာင်းကို ရွာသားတွေကို ပုံပြင်လေး သ
ဖွယ်ပြောပြတယ်လေ။ နတ်ပြည်မှာ ဘယ်လို လှပတဲ့ အရာတွေရှိကြောင်း၊ ဘယ်လောက်ငြိမ်းချမ်းကြောင်း
ဒီလိုပြောပြတိုင်းလည်း အင်မတန် အရသာရှိတဲ့ ပန်းသီးကိုလည်း တစ်ယောက်ကို တစ်လုံးကျ ကျွေးပြီး သူ့ ရဲ့နတ်ပြည်ပုံပြင်လေးကိုလည
အောင် ပြောပြတာပေါ့။
အရသာရှိတဲ့ ပန်းသီးလေးကို စားနေရတဲ့ ရွာသားတွေလည်း စွဲလန်းပြီး အမြဲစားချင်နေတော့တဲ့လေ။ ဒီလိုနဲ့  ပုံပြင်လေးလည်း နားထောင်ရင်း ပန်း
သီးလေးလည်း စားရင်းနဲ့ ပေါ့။ ပုံပြောကောင်းတဲ့ အမယ်အိုပါပဲ။
အချိန်တွေကြာလာတော့ အမယ်အိုဟာ ရွာသားတွေရဲ့ ရွှေ၊ငွေ ကျောက်သံ ပတ္တမြားတွေကို သူလိုချင်တယ်ဆိုတာကို ဖွင့်ပြောလာပါတော့တယ်။
" နင်တို့ ရွှေ၊ငွေတွေကို ငါ့လိုချင်တယ်။ ငါ့ကို ပေးကြစမ်း.."
"ပေးလို့ မဖြစ်ပါဘူး အမယ်အို.. ဒါပစ္စည်းတွေက ဘိုးဘွားပိုင်တွေလည်းဖြစ်၊ ငါတို့ တွေရဲ့ ချွေးနည်းစာလည်း ဖြစ်ပါတယ်..ဒါကြောင့် မပေးနိုင်ပါ
ဘူး.."
အမယ်အိုနဲ့ ရွာသားတွေ အပြန်လှန်ပြောကြတာပေါ့။ အမယ်အိုလည်း စိတ်ဆိုးပြီး အမယ်အိုကနေ ချက်ချင်း ရုပ်ဆိုးတဲ့ စုန်းမကြီး ပြောင်းသွားတာပေါ့။
ရွာသားတွေလည်း ထိန့် လန့် ကုန်ပါရော။ စုန်းမကြီးလည်း မရ ရအောင်ယူမယ်လို့ ကြံစည်ကာ
"ငါ့ကို ပစ္စည်းတွေ မပေးရင် ငါကျွေးတဲ့ အဆိပ်တွေ ပြန်ဖြေဖို့  ဆေးမပေးဘူး...နင်တို့ ဂါထာ ခုပေးရင် ငါလည်း ဖြေဆေးပေးမယ်..မပေးရင်တော့ နင်
တို့ ကို ဖြေဆေးမပေးနိုင်ဘူး ... "
"အသက်ကို ချမ်းသာပေးပါ..ဂါထာကို ပေးဆို ပေးပါ့မယ် အမယ်အို..."
ဒီလိုနဲ့ စုန်းမကြီးလည်း ရွာသားတွေဆီက ဂါထာကို ရသွားတာပေါ့။ တကယ်တော့ စုန်းမကြီးက ပန်းသီးတွေထဲမှာ အဆိပ်တွေ ထည့်ထားတာကို
ရိုးသားလှတဲ့ ရွားသားတွေက မသိရှာဘူးပေါ့။ ပုံပြောကောင်းလွန်းတော့ မှော်ပန်းသီးတွေကို သူတို့ ခမြာ စားမိကုန်တော့တာပေါ့လေ။
နောက်ဆုံးတော့ စုန်းမကြီးက ရွာသားတွေဆီက ဂါထာကိုယူပြီး ကျောက်ဂူထဲက အဖိုးတန် ရတနာတွေကို ယူကာ စုန်းတိုင်းပြည်ကို ပြန်ပြေး
သွားပါတော့တယ်။ ရွာသားတွေကိုလည်း ဘာဖြေဆေးမှ မပေးပဲ ပုံပြောသွားပြန်တာပေါ့။ ရွာသားတွေလည်း ပစ္စည်းတွေလည်းဆုံး၊ အဆိပ်မိပြီး နောက်
ဆုံး သေပွဲဝင်ရရှာသတဲ့လေ။
ဒီပုံပြင်လေးထဲလို ရိုးသားလှတဲ့ ရွာသားတွေရဲ့ အဖြစ်ကို အတုယူပြီး၊ မှော်ပန်သီး အကျွေးမခံရအောင် နေကြပါ။ ပုံပြောကောင်းတိုင်းလည်း အလွယ်
မယုံမိပါစေနဲ့ လို့ မှာချင်ပါတယ်။ ရိုးသားတာ ကောင်းပေမယ့် အရိုးလွန်ရင်လည်း အသွားတတ်ပါတယ်။ မအအောင် နေကြပါလို့ မှာချင်ပါတယ်။
True Man
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။