Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 26, 2013

သူကိုယ်တိုင်ထုတ်လုပ်တဲ့ Nothing Left to Fear ရုပ်ရှင်အကြောင်းကိုပြောပြတဲ့ Slash


Hard Rock လောကရဲ့ အကြီးမားဆုံးပုံရိပ်တွေထဲကတစ်ခုဖြစ်ပြီး ထိတ်လန့်သည်းဖို ရုပ်ရှင်ကားတွေကိုနှစ်သက်တဲ့ ဂစ်တာဟီးရိုး Slash တစ်ယောက်ဒီတစ်ခါမှာတော့သူကိုယ်တိုင်သူ့ရဲ့ ပထမဆုံးရုပ်ရင်ကိုထုတ်လုပ်လိုက်ပါပြီ။ ဒီရုပ်ရှင်ရဲ့နောက်ခံဂီတနဲ့ အဓိကဇာတ်ဝင်သီချင်းကို Slash ကိုယ်တိုင်ရေးစပ်ခဲ့တာပါ။ Nothing Left to Fear အမည်ရတဲ့ ဒီရုပ်ရှင်ကို ဒါရိုက်တာ Anthony Leonardi III ကရိုက်ကူးထားပြီး Clancy Brown, Anne Heche နဲ့ Jennifer Stone အစရှိတဲ့သရုပ်ဆောင်တွေပါဝင်ပါတယ်။
ဒီဇာတ်ကားကို Slash နေထိုင်တဲ့ L.A. မှာ Rolling Stone မဂ္ဂဇင်း နဲ့ Slash တို့စကားပြောဖြစ်ခဲ့ပါတယ်။
ခင်ဗျားကို ဂစ်တာသမားတစ်ယောက်အနေနဲ့သာ အဓိကသိထားကြတယ်လေ။ ရုပ်ရှင်တစ်ကားဖန်တီးတဲ့အလုပ်ကခင်ဗျားကို ဘယ်လိုစိန်ခေါ်မှုတွေပေးသလဲ။
ဒီရုပ်ရှင်ဖန်တီးတာနဲ့ပါတ်သတ်တဲ့အရာအားလုံး အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်မိသလောက်ပြောရရင် ကျွန်တော်က ရုပ်ရှင်တွေအထူးသဖြင့်ထပ်လန့်သည်းဖို ရုပ်ရှင်တွေကို အလွန်ကြိုက်နှစ်သက်လို့ပါ။ ဒီလိုအခြေအနေမျိုးမှာ ရုပ်ရှင်ရိုက်ဖို့ အခွင့်အရေးရတာမိုက်တာပေါ့။ ပြီးတော့ ကန့်လန့်ကာနောက်ကွယ်က ပါဝင်လှုပ်ရှားပြီး ရုပ်ရှင်ရဲ့လားရာရလဒ် ကို သက်ရောက်မှုရှိစေတဲ့ နေရာမှာပါဝင်ရတာ မိုက်ပါတယ်။ ဒီရုပ်ရှင်ဘယ်လိုပုံထွက်လာ မလဲဆိုတာက အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။
ခင်ဗျားကြည့်ဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံး ရုပ်ရှင်ကဘယ်ဟာလဲ။
ကျွန်တော်မှတ်မိတဲ့အထဲမှာ အကြောက်ဆုံးဖြစ်ခဲ့ရတဲ့ ရုပ်ရှင်ကတော့ ကျွန်တော်ကလေးတုန်းက Drive-In (ကားရပ်နားပြီးရုပ်ရှင်ကြည့်လို့ရတဲ့နေရာ) ထဲ ကျွန်တော့်အမေရဲ့ ဗောက်စ်ဝဂ္ဂန် ကားနောက်ခန်းမှာကြည့်ခဲ့တဲ့ Night of the Living Dead ကားပါ။ ကျွန်တော့်အသက်က ၇နှစ်၈နှစ်လောက်ပဲရှိသေးတာ။ ဒီကားကို Exorcist နဲ့တွဲပြတာ။ ကျွန်တော်က မကောင်းဆိုးဝါးကောင်တွေ နဲ့ လက်တွေ့ဆန်တဲ့ effect တွေကိုကြိုက်နှစ်သက်လို့ Exorcist ကိုပိုကြိုက်ပါတယ်။ ပြီးတော့အဲဒီ့ရုပ်ရှင်ကြောင့် Linda Blair ကိုစပြီးကြိုက်ခဲ့တာပေါ့။ ဒါပေမယ့် Night of the Living Dead ကလဲ အရမ်းနမိတ်ဆိုးပြီး မမေ့နိုင်လောက်အောင်ကြောက်စရာကောင်းပြီး ရက်စက်တဲ့ရုပ်ရှင်ပေါ့။ ဒီကာလတောက်လျှောက် ကျွန်တော့်အာရုံထဲမှာ အမြဲရှိနေခဲ့တဲ့ အခန်းတွေကို မှတ်မိပါသေးတယ်။ အဲဒီ့အချိန်ကစပြီး ကြောက်စရာကောင်းတဲ့အရာတွေကို ကြိုက်လာခဲ့တာ။ စိတ်္တဇဆန်တဲ့ရုပ်ရှင်တွေနဲ့ လူတွေပြေးလိုက်လွှားလိုက်နဲ့ တစ်ယောက်ကိုတစ်ယောက် လိုက်သတ်နေတာမျိုးမကြိုက်ဘူး။
ခင်ဗျားရုပ်ရှင်ကို အမြဲမပြတ်လုပ်သွားရမဲ့ စွန့်စားမှုတစ်ခုလို့ထင်လား။ တစ်ခါလုပ်ဖူးရင်ပြီးရောဆိုတာမျိုးမဟုတ်ဘူးလား။
ကျွန်တော်နောက်ဇာတ်လမ်းတစ်ခုလိုက်ရှာနေပါတယ်။ Show ပွဲတစ်ခုမှာ ဘာကိုပဲတင်ပြတင်ပြ အရမ်းနှေးကွေးတဲ့အပြင် အချိန်လဲပေးရပြီး ပျင်းစရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုလိုပါပဲ။ အခြားအရာဝတ္တုတွေရဲ့အလယ်က ရတနာကို ရှာဖို့အတွက်များများရှာနိုင်သလောက်ရှာရမှာပဲ။ ဒါဟာဒီအလုပ်ရဲ့ခက်ခဲတဲ့အပိုင်းလို့ကျွန်တော်ထင်ပါတယ်။အသုံးမ၀င်တဲ့အရာတွေအများကြီးဖတ်ပြီး အဲဒီ့အထဲကမှ ရွှေလက်မှက်ကိုရှာရတာပါပဲ။ အဲဒီတော့ကျွန်တော်အခုလုပ်နေတာဒါပါပဲ။
ထိပ်လန့်သည်းဖို ရုပ်ရှင်အမျိုးအစားမှာ ခင်ဗျားအလုပ်တူတူတွဲလုပ်ချင်တဲ့ လူစာရင်းထဲမှာ ဘယ်သူတွေပါမလဲ။
ဖြေရခက်တဲ့မေးခွန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ဒီ ကိစ္စက ဇာတ်လမ်းပေါ်မှာ မူတည်နေတာလေ။ သင့်တော်တဲ့သူကိုဆုံးဖြတ်ပေးနိုင်မယ့်ဇတ်လမ်းတစ်ပုဒ် လက်ထဲမှာမရှိဘဲ အတူတူတွဲလုပ်မယ့် ဒါရိုက်တာတွေ သရုပ်ဆောင်တွေကိုစဉ်းစားရတာ ဦးတည်ရာမဲ့ပါတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အခွေလုပ်နေတုန်းကလဲ ကျွန်တော့်မှာသီချင်းတွေမရှိခင်တုန်းက အဆိုတော်ကိုစဉ်းစားလို့မရဘူး။ ဒါကပဲကျွန်တော့်ကို ဘယ်သူ့ခေါ်ရမလဲ ပြောပြပေးတာ။ ဒါကြောင့်နောက် ရုပ်ရှင်ကားမှာလဲ အလားတူပါပဲ။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ကျွန်တော့်စိတ်ထဲမှာအလုပ်အတူတူလုပ်ချင်နေတာကတော့ Sam Raimi ပါ။ သူကတကယ် ကောင်းတဲ့ သည်းထိပ်ရင်ဖိုရုပ်ရှင်ဒါရိုက်တာလို့ကျွန်တော်ထင်ပါတယ်။
ဒီရုပ်ရှင်ရဲ့နောက်ခံဂီတကိုတီးဖို့ဘယ်လိုချဉ်းကပ်ခဲ့သလဲ။
ဒီနောက်ခံဂီတက ကျွန်တော့အတွက်အရေးကြီးတဲ့အရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ့်ကိုကိုယ်ဘာလုပ်နေမှန်းသိတဲ့အရာတစ်ခုဖြစ်နေတာကြောင့်ပါ။ ကျန်တာတွေကတော့ကျွန်တော့်အသိပညာနဲ့ခံစားမှုကိုအသုံးပြုပြီး လုပ်သင့်မယ်ထင်တာကိုလုပ်တာပေါ့။ ဂီတကတော့ ကျွန်တော်ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တဲ့အရာပါ။ ပြီးတော့ သည်းထိပ်ရင်ဖိုဇာတ်ကားမျိုးမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ဖို့စိတ်လှုပ်ရှားစရာ အကြောင်းပြချက်တွေထဲကတစ်ခုကတော့ ဂီတပိုင်းကိုကျွန်တော်တာဝန်ယူရတဲ့အချက်ပဲ။ ဒါကြောင့်ဒီရုပ်ရှင်မှာ စပြီးရိုက်မယ်ဆိုကတည်းက ကျွန်တော်တို့ သံစုံတီးဝိုင်းလိုဟာမျိုးချင်တာလို့နားလည်ထားတာ။ အဲဒီတော့ကျွန်တော် music တွေရေးပြီး ဒီဇာတ်ကားအတွက်သူ့ရဲ့ရုပ်ရှင်ပိုင်းဆိုင်ရာအမြင်နဲ့ သူသင့်တော်မယ်ထင်တဲ့ဟာကို ရွေးဖို့အတွက်သူ့ကိုတီးပြခဲ့ပါတယ်။ ပြီတော့ သူ (ဒါရိုက်တာ Anthony) က နောက်ခံဂီတရေးစပ်သူနဲ့ sound designer တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့မိတ်ဆွေဟောင်း Nicholas O’Toole နဲ့ကျွန်တော့်ကိုမိတ်ဆက်ပေးပါတယ်။ ပြီးတော့ကျွန်တော်တို့ရွေးထားတဲ့ music ကိုပေးလိုက်တော့ သူက သံစုံတီးဝိုင်းနဲ့တီးတဲ့ ပုံစံပြောင်းပေးပါတယ်။ ပြီးတော့ဒီရုပ်ရှင်တစ်ခုလုံးအတွက် ကျွန်တော်တို့လက်တွဲပြီးအလုပ်အတူလုပ်ကြပါတယ်။ အရမ်းမိုက်ပါတယ်။ လူတွေပေါင်းစပ်ပြီးလုပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့်ဒါဟာအလွန်ပျော်ဖို့ကောင်းပြီးတော့ နောက်ဆုံးထွက်လာတဲ့ ရလဒ်နဲ့ပါတ်သတ်ပြီးလဲပျော်ပါတယ်။ နောက်ဆုံးမှာမှ Myles Kennedy နဲ့ကျွန်တော်တို့ အဓိကဇာတ်ဝင်သီချင်းကိုဖန်တီးပါတယ်။
ရုပ်ရှင်ချစ်ပရိတ်သတ်တွေဆီက ဘယ်လိုတုန့်ပြန်မှုတွေမျှော်လင့်ထားသလဲ။
ဒီရုပ်ရှင်ကို မနေ့ညကသွားကြည့်တော့ ကျွန်တော်နောက်တစ်ခါ ဘယ်တော့မှ အပြင်လူတစ်ယောက်လှိုရုပ်ရှင်ကြည့်နိုင်မှာမဟုတ်ဘူးလို့သိလိုက်ရတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင်ဘယ်လိုခံစားမှုပဲရှိနေနေကျွန်တော်ကြည့်တဲ့အခါတိုင်း ကွဲပြားတဲ့အရာတစ်ခုရတယ်။ တစ်ခါမှမကြည့်ဖူးသေးတဲ့ပရိတ်သတ်တွေအတွက် ဒီရုပ်ရှင်ထဲမှာတီးပေးရတဲ့ အတွေ့အကြုံဟာ ဘာနဲ့မှမတူပါဘူး။ သီချင်းခွေထဲမှာတီးပေးရတာနဲ့မတူပါဘူး။ ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် ပျော်စရာစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီကနေ အများကြီးပညာရပါတယ်။ ပြီးတော့ နောက်တစ်ကားကိုထပ်ရိုက်ဖို့ ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ဘာလို့လဲဆိုတော့အဲဒီ့တစ်ခုက လုံးဝကို မတူကွဲပြားမဲ့အရာတစ်ခုဖြစ်လာမှာမို့လို့ပါ။ ကျွန်တော်ဖန်တီးချင်တဲ့ နောက်ရုပ်ရှင်တစ်ခုက ကျွန်တော့်စိတ်ထဲမှာရှိတဲ့ နမိတ်အရမ်းဆိုးတဲ့ဟာမျိုးပေါ့။ ပြီးတော့ကျွန်တော် တိရိစ္ဆာန်တို့ မကောင်းဆိုးဝါးတို့လို အသွင်ရှိတဲ့ဟာမျိုးကို အာရုံစိုက်ချင်တယ်။ ဘာလို့လဲဆိုတော့ဒါမျိုးတွေက ကျွန်တော့ကို သည်းထိပ်ရင်ဖိုကားတွေကြည့်တတ်အောင် အစောဆုံးတွန်းအားပေးခဲ့အရာမို့လို့ပဲ။
နောက်အခွေအတွက်ဘာအစီအစဉ်တွေရှိလဲ။
နောက်နှစ်ပေါ့။ ကျွန်တော်တို့အခုစလုပ်နေပြီ။

http://www.trend.com.mm/2013/11/12/rock-600

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။