အမျိုးသားရေး အန္တရာယ်
တရုပ်နိုင်ငံ၏ မြန်မာအပေါ် ဆက်ဆံရေးမှာ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်ရုံမျှ မဟုတ်ဘဲနိုင်ငံတော်လုံခြုံရေးအတွက်ပါထိပါးလာနှိုင်တာကိုတွေ့ရပါတယ်။တရုတ်ပြည်မှာတရုတ်များ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက် နေရာယူလာကြတာကို မြင်တွေ့နေရပြီး တရုတ်နိုင်ငံကြီး၏ ခေတ်သစ် နယ်ချဲ့ စနစ်သစ်ဖြစ်သော နှစ်နိုင်ငံ အကျိုးတူစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာအတွင်းသို့ အုပ်ချုပ်သူ လူတန်းစားနှင့် စစ်...ခရိုနီကြီးများ၏ အကျိုးစီးပွားဖြစ်သော (နိုင်ငံအတွက်မပါ) လုပ်ငန်းအများစုမှာ သပ်လျှိုဝင်ရောက်နေကြခြင်းပင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ရင်းနှီးမြှ
ုပ်နှံမှုတွေဖြစ်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်များမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့ သွယ်တန်းဖောက်လုပ် ထားတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွေကို မြေယာသိမ်းကြေး လုံလောက်စွာ မပေးတာ၊ စီမံကိန်းလုပ်သား တွေကို တရုတ် လုပ်သားများနှင့် တန်းတူလခမပေးတာတွေ နှင့် စီမံကိန်းဒေသဝန်းကျင် ယိုယွင်းပျက်စီးမှု တွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို အသိအမှတ် ပြုတာမျိုး၊ မြန်မာပြည်သူတွေကို အလေးထားတာမျိုး လုံးဝမပြသခဲ့ပါဘူး။တရုတ်စီးပွားရေး လုပ်ငန်းရှင်များ နှင့် မြန်မာအစိုးရအကြား သဘောတူ ချုပ်ဆိုထားသော စာချုပ်များကို ပြည်သူ လူထုသိအောင် ပွင့်လင်းစွာ ချပြသင့်ပါတယ်။ပြည်တွင်းစစ်များ ဖြစ်ပေါ်နေမှု နှစ်ရှည် စီမံကိန်းကြီးများဆိုင်ရာ အန္တရာယ်မျိုးစုံတို့၏ ဆိုးကျိုးအမွေကို နောင်မျိုးဆက်သစ် ခေတ်အဆက်ဆက်ထိ တိုင်အောင် ခံစားသွားကြရတော့မည့် အမျိုးသားရေး အန္တရာယ်ကို တမျိုးသားလုံး စုပေါင်းကာကွယ်သွားရန် အချိန်ဆိုက်ရောက်လာပေပြီ။ နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ လယ်ယာမြေတွေကို မတရားသဖြင့် သိမ်းယူခြင်း ကြောင့်ပင်ဖြစ်ပါတယ်။ မန္တလေးတွင် တရုတ်လူမျိုး များစုနေထိုင်လာကြသည့်အတွက် မန္တလေး၏ အချက်အခြာကျသော နေရာအားလုံးလိုလို၊ စီးပွားရေးလုပ်ငန်းအားလုံးလိုလိုသည် တရုတ် အမျိုးသားတို့လက်တွင်း သို့ကျရောက်ခဲ့ကြရပြီးမန္တလေးသားတို့မှာ မြို့စွန်၊ မြို့ဖျား ရေမရ၊ မီးမလာသော ဆင်ခြေဖုံးရပ် ကွက်များသို့ လွင့်ပါးသွားခဲ့ကြရပါတယ်။ဦးခင်ညွန်သူလက်ထက်မှာ တရုတ်တွေ ဝ တွေကို အခွင့်ရေးတွေပါမစ်တွေ အများကြီးပိုပေးခဲ့ပါတယ် မှတ်ပုံတင်အတုတွေ လုပ်ပေးခဲ့တာလဲ သူ့ရဲ့လမ်းညွန်မှုတွေပါ။ခုတော့ ဒင်းကြောင့်မြန်မာ လူမျိုးတွေ လူပါးဝခံနေရပြီ။တကယ်ဆို လူမျိုးခြားတွေကို တိုင်းရင်းသားစစ်စစ်တွေနဲ့တန်းတူ အခွင့်ရေးပေးလို့မရပါဘူးမှတ်ပုံတင်တွေသန်းခေါင်စာရင်းတွေကိုလည်း သေချာပြန်စစ်စေချင်တယ်။မှတ်ပုံတင်မှာ ရှမ်း ဗမာစသဖြင့်အမည်တပ်ထားပေမယ့် အိမ်မှာ တရုတ်စာလုံးကြီးပြူးနေအောင် ကပ်ထားပြီး နှစ်ကူးပွဲလုပ်နေတဲ့လူတွေ အများကြီးပါပဲ။မျိုးဆက်သုံးဆက်နေခဲ့တဲ့တရုတ်တွေကို မပြောလိုပေမယ့် ဦးခင်ညွန့်လက်ချက်နဲ့နောက်ပိုင်းမှ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ တရုတ်တွေက အရမ်းမောက်မာပြီးလူပါးဝတယ်။ လူမျိုးကလည်း ခွဲခြားချင်သေးတယ် ဒီကတရုတ်တွေ ကလည်း သူတို့အချင်းချင်းကြတော့ တဖက်လှည့်နဲ့ ကူညီနေသေးတာ။နာမည်ခံပြီး အိမ်ဝယ်ပေးထားတာမျိုး ဟိုကတရုတ်တွေ မှတ်ပုံတင်လာဘ်ထိုးဝယ် ပြီးမြန်မာပြည်ထဲခြေချလာရင် နေစရာအိမ်အဆင်သင့်။ သန်းခေါင်စာရင်းကောက်ပြီး မှတ်ပုံတင်တွေ စမတ်ကတ်နဲ့ထုတ်ပေးတော့မယ် ဆိုတာ မလုပ်ခင် လာဘ်ထိုးပြီးဝယ်ထားတဲ့ တရုတ်တွေရဲ့မှတ်ပုံတင် အနီတွေကို အစိမ်း ဖြစ်ဖြစ်whitecard ဖြစ်ဖြစ် ပြန်ပြောင်းပေးနိုင်အောင်တွန်အားပေးနိုင် အောင် ကြိုးစားရမယ်။ အရေးအရမ်းကြီးပါတယ် အနီရောင် နဲ့ အစိမ်း နဲ့ အခွင့်အရေး လုံးဝမတူဘူး။ အနီရောင်ကပါတီ တောင်ထောင်လို့ရတယ်။ မန္တလေးမြို့ပေါ်သို့ အရှေ့မြောက်မှ ၀င်ရောက်လာသူများမှာ လွယ်လွယ်ကူကူ မှတ်ပုံတင်ရကြ၊ နိုင်ငံသားဖြစ်ခဲ့ကြရသည်မှာ မြန်မာပြည်ဖွား သစ္စာမဲ့သူများ၏ အကျင့်ပျက်ယိုယွင်းမှုကြောင့်ပင်ဖြစ်ပါတယ်။ အရေးတကြီးလုပ်ဆောင်ရမှာကတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တိတိကျကျ စစ်ဆေးဆောင်ရွက်ရ မှာပါ ဒါဟာ နိုင်ငံတော်အရေး အမျိုးသားရေး ဖြစ်ပါတယ်။ နေရာတိုင်းမှာ တရားဥပဒေကို အခြေပြုပြီး တိကျပြတ်သားစွာ စစ်ဆေးဆောင်ရွက်ဖို့သာ လိုပါတယ်။စစ်အစိုးရက နိုင်ငံအနှံ့ မြို့သစ်တွေဖေါ်ပေးပြီး ကျူးကျော်ရပ်ကွက်တွေကိုပါ မြို့သစ်တွေမှာ နေရာချထားပေးတော့ သန်းခေါင်စာရင်းပျောက်တဲ့လူနဲ့ မှတ်ပုံတင်မရှိတဲ့လူတွေ အများကြီးဆိုတော့၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးတာကို လျှော့လျှော့ပေါ့ပေါ့နဲ့ လုပ်ပေးခဲ့ကြတယ်။ မှတ်ပုံတင်မှာ ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် အဆင့်တင်မကပဲ၊ ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား " အထိ လုပ်ပေးလိုက်ကြတယ်။ နိုင်ငံတော်၏အချူပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေးအတွက် အထူးသတိထား ဆောင်ရွက်သင့်သည့်ကိစ္စ ဖြစ်ပါတယ်။ အလျော့ပေးခြင်း နိုင်ငံရေးကစားခြင်းများ ပြုလုပ်၍ မရပဲ ဖြောင့်မှန်စွာနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများအတိုင်းတိကျပြတ်သားစွာ ဆောင်ရွက်သင့်ပါတယ်။မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် တိုင်းပြည် ဘယ်လောက်နစ်နာခဲ့ရတယ်။ဒီနောက်ကွယ်မှာအဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိခဲ့သလဲ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။စိတ်မကောင်းဖြစ်မိတာ တခုက တိုင်းပြည် အကြီးအကဲ အမည်ခံများ လျှောက် လှမ်း နေတဲ့ ခရီးလမ်းက အာဏာတည်မြဲရေး အတွက် ဖြစ်နေလို့ ဥပဒေအမျိုးမျိုးချကာ နှိပ်ကွပ် နေပြီး လူတကာကို လှည့်စားဖို့ သာကြိုးစားပြီး ပြည်သူလူထုရဲ့ မှီခိုအားထားရာ တခါမှ စိတ်ကူးရှိဟန် မတူပါဘူး။ ပြည်သူ လူထု အတွက် စဉ်းစားဖို့ ဆိုတာ အချိန်မရကြတာ အသေအချာပါဘဲ။
ဇော်ဝမ်းမောင်……။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။