ဒီနေ့ ဂီတလောကမှာ သီချင်းလေးတွေ ကို မတူညီတဲ့အမြင်နဲ့ ခံစားရေးဖွဲ့တတ်တဲ့ တေးရေးဆရာ အရိုးကိုတော့ ဂီတဖန်တီးသူအနေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်သံစဉ် သီချင်းတွေ ကိုချည်း ရေးသားခဲ့တဲ့ ဆရာအရိုး ဟာ ချစ်သုဝေရဲ့ တကယ်ဆိုရင်၊ သဇင်ရဲ့ နှုတ်ဆက်စာ သီချင်းလေးတွေနဲ့ ပရိသတ်ရဲ့ မျက်ရည်ကို ချူယူနိုင်တဲ့အပြင် ဥ၊ ပတ်ဝန်း ကျင်သီချင်းလေးတွေနဲ့ ပရိသတ်ေ တွအပြုံးပန်း ပွင့်အောင် လက်စွမ်းပြနိုင်ခဲ့ပါတယ်။ မယ်တင် လို သီချင်းမျိုးနဲ့လည်း ပရိသတ်ကို ပြုံးရမလို ငိုရမလိုဖြစ်အောင် ဖန်တီးတတ်ပါသေးတယ်။ လူငယ်တွေကို ပြောင်းလဲသွားတဲ့ခေတ်ရဲ့ ဒဏ် ကို ခံနိုင်ရည်ရှိဖို့၊ ပိုကြိုးစားဖို့၊ စိတ်မပျက်ဖို့စ တဲ့ အချက်သုံးချက်ကို လိုက်နာကျင့်သုံးဖို့ ဆရာအရိုးက သူ့အင်တာဗျူးမှာ ထည့်သွင်း ဖြေဆိုထားပါသေးတယ်။
► တေးရေးဆရာတွေက သီချင်းရေးရင် တချို့က ခံ စားမှုနဲ့ ရေးတယ်။ အစ်ကိုကျတော့ ဘယ်လိုပုံစံမျိုးနဲ့ ရေးဖြစ်လဲ မသိဘူး။
သူများတွေက ခံစားမှုနဲ့ရေးတယ်။ အစ်ကိုကတော့ ကိုယ့်အမြင်နဲ့ရေးတယ်။ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တစ်ခုကို မြင်တဲ့အမြင်နဲ့ ရေးတာပေါ့။ အစ်ကိုကThird Person နေရာကနေ ထိုင်ကြည့် တယ်။ အဲဒီလို ပုံစံမျိုးတွေပေါ့။ ဥပမာတစ်ခု ပြောရရင် အစ်ကိုတို့ အခု အင်တာဗျူးလုပ် နေတဲ့ကိစ္စဆိုလည်း အဲဒီလိုပဲ။ ဒါက ခံစားလို့ရ တဲ့ ကိစ္စမဟုတ်ဘူး။ အကြောင်းအရာ Topic တစ်ခုကောင်း လာတော့မှ ခံစားလို့ရမှာ။ ရိုးရိုး ကတော့ မေးတဲ့လူကမေးပြီး ဖြေတဲ့လူက ဖြေတာ။ ဒါပေမဲ့ အမြင်တစ်မျိုးပေါ့။ တချို့ ဟာတွေဆို Opposite ပေါ့။ ညီကအခု အစ်ကို့ကို မေးလိုက်တယ်။ ညီ့ကို ပြန်မေး တယ်။ အဲဒီလိုမျိုးပေါ့။ အကြောင်းအရာ ဆန့်ကျင်ဘက်တွေကို စဉ်းစားပြီးအမြင်ကို ရေးတာပေါ့။ လူကြားထဲမှာရှိတဲ့ အဓိကအ ဖြစ်အပျက်တွေပေါ့။
► အခုနောက်ပိုင်းMusic တွေမှာ ဆင်ဆာမရှိတော့တာနဲ့ ပတ်သက်ပြီးအစ်ကို့ အမြင်လေးနဲ့ ပြောင်းလဲသွားတဲ့ ခံစားချက် လေးကို ပြောပြပေးပါဦး။
အရင်တုန်းကဆိုရင် ဆင်ဆာတွေက ကိုယ့်ကို ထိန်းပေးထားတယ်။ ဒါဆို နိုင်ငံ ရေးဘက်ကတွေးရင် ဘယ်လိုတွေးလို့ရတယ်။ အဖမ်းခံရမယ်နော်။ ထောင်ကျမယ်နော်။ ဒါမျိုးမရေးနဲ့ ဆိုတာမျိုးတို့၊ ပိတ်ပစ်တာမျိုး တို့ရှိတယ်။ တစ်ခါတလေကျတော့ ဘာမှနားမလည်ဘဲ နဲ့ ပယ်ပစ်ခံလိုက်တာမျိုးရှိတယ်။ ဒါပေမဲ့လည်း အစ်ကိုက နဂိုကတည်းက ဆင်ဆာကို စိတ်မဆိုးဘူး။ ဆင်ဆာကို ရယ်စ ရာလို့ပဲ သဘောထားတယ်။ ဘာလို့လဲဆို တော့ ကိုယ်ပေးချင်တဲ့ Message က ဒီစာကြောင်းနဲ့ မပေးရင်လည်း နောက်စာ ကြောင်းနဲ့ ပေးလို့ရတာပဲ။ ကိုယ့်ကိုတောင် စကားလုံးများများ စဉ်းစားဖြစ်အောင် လုပ်ပေး နေသလို သဘောထားမိတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။