FOOD Magazine
ပီကင်းဘဲကင်
......................
ဘဲကင်ကိုသားသားရော၊ အိသက်ရောအရမ်းကြိုက်ပါတယ်။
ခဏခဏ ၀ယ်စား ဖြစ်ပါတယ်။ လုပ်စားကြည့်ချင်လို့ သူငယ်ချင်းတရုတ်မလေးကို
မေးကြည့်ပါတယ်။ သူ့မိဘတွေက ဒီလန်ဒန်မှာ တရုတ်စားသောက်ဆိုင်ဖွင့်ထားပါတယ်။...
သူ့ဆီကနည်းမေးတုန်းက ရယ်စရာပြောပြချင်ပါတယ်။ Ingredients တွေထဲမှာ
သူက အာဂျိနိုမိုတိုတဲ့ အချိုမှုန့်ကိုပြောတာပါ။ ဒါနဲ့ အိသက်က Monosodium Glutamate ဆိုတော့
သူက ဟုတ်ဘူးတဲ့ အာဂျိနိုမိုတိုပဲတဲ့ သူ့အမေတွေက Monosodium Glutamate ကိုမသုံးဘူးတဲ့။
သူ့ဆီကနည်းယူရမှာဆိုတော့ အေး အာဂျီနိုမိုတိုဆိုလည်း တိုပေါ့ လုပ်လိုက်ရပါတယ်။
အိသက်က ကြက်သားမှုန့်နဲ့ သကြားသုံးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
.......................
• ဘဲ (အသားဆူဆူ) - တစ်ကောင်
• Five Spice Powder - စားပွဲဇွန်း ၁ ဇွန်း
• သကြား - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သားမှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ပျားရည် - စားပွဲဇွန်း ၂ ဇွန်း
• ရှယ်ရီဝိုင် - ဟင်းချက်ဇွန်း ၂ ဇွန်း
• ကက်စေးနှဲ (Maltose) - စားပွဲဇွန်း ၂ ဇွန်းစာ
• ဗီနီကာ - စားပွဲဇွန်း ၁ ဇွန်း
Sauce လုပ်နည်း
............................
•ံသငျငညှကေခန ၅ ဇွန်း
• ကြက်သားမှုန့် ၁ ဇွန်း
• ဘဲကင်စဉ်ရေခံဗန်းထဲကရသောအရည်များ
အဲဒါတွေအားလုံးကို ထည့်ကျိုပြီး ပျစ်ရင်ရပါပြီ။
တရုတ်ဆိုင်က ငရုတ်သီးကြော်
........................................
အိသက်အမျိုးသား အရမ်းကြိုက်လို့ကြော်ပေးရတဲ့
ငရုတ်သီးကြော်ပါ။ ငရုတ်သီးအမှုန့်ကို ဆီပူမှာကြော်ကာ
ကြက်သားမှုန့်ရယ်၊ Soy Sauce ထည့်ပြီးကြော်လိုက်ရင်ရပါပြီ။
ပြုလုပ်နည်း
....................
ဘဲကို သန့်စင်အောင်ရေစင်စင်ဆေးပြီး ကလီစာများထုတ်ကာ အတွင်းရော၊ အပြင်ရော
Soy Sauce ၊ သကြား၊ ကြက်သားမှုန့်တို့နဲ့ ဆုပ်နယ်ထားပြီး မိနစ် ၃၀ ခန့်ထားလိုက်ပါ။
ဘဲဖင်ကို သံချောင်းလေးများဖြင့် ပိတ်လိုက်ပါတယ်။ ပြီးမှ ဘဲကိုယ်ထည်အထက်ပိုင်းကနေ
သံချိတ်လေးများနဲ့ ချိတ်ထားပေးပါ။ အဲဒါမှ တွဲလောင်းချပြီး ကင်နိုင်အောင်ပါ။
ရေ ၂ လီတာကို ပွက်ပွက်ဆူအောင်တည်ပြီး ပျားရည်ထည့်ပါ။
ရေဆူအိုးထဲကို ၅ မိနစ်ခန့် ဘဲကိုထည့်ပြီး ရေပူလေးများလောင်းပေးလိုက်ပါ။
ရေပူလောင်းတာက ဘဲအသားနဲ့ အရေပြားကို ခွာခြင်းဖြစ်ပါတယ်။
ပြီးရင် အ၀တ်နဲ့ခြောက်အောင် သုတ်လိုက်ပါ။ အိုးအသေး တစ်အိုးထဲကို
ကြက်သားမှုန့်၊ ရှယ်ရီဝိုင်၊ ကတ်စေးနှဲ၊ ဗီနီကာတို့ကို မီးမျှင်းမျှင်းနဲ့ ၁ မိနစ်ခန့်တည်ပြီး
အပျစ်အနေမှာရပ်ထားလိုက်ပါ။ ခြောက်အောင်သုတ်ထားသောဘဲကို တည်ထားသောအရည်များ
လိုက်သုတ်လိုက်ပါ။ အဲဒီလိုသုတ်ပြီးသောဘဲကို ခြင်၊ ယင်ကင်းသော သန့်စင်သည့်နေရာတစ်ခုတွင်
၆ နာရီခန့် လေသလပ်ခံချိတ်ထားပါ။ ပန်ကာဖွင့်ပေးထားနိုင်ရင် ပိုကောင်းပါတယ်။
၆ နာရီကြာလို့ ဘဲအရေပြားတင်းနေပြီဆိုရင် ကင်လို့ရပါပြီ။ ဥလနည ထဲမှာ ခုလိုချိတ်ပြီး
အောက်က ဗန်းတစ်ခုထဲ ရေနည်းနည်းခံကာ ၁၅၀ ဒီဂရီနဲ့ အပေါ်မီးအောက်မီးနဲ့ ကင်ပေးပါ။
၂ နာရီအကြာမှာ ဘဲအရေပြားများ နီရဲပြီးကျွတ်လာရင်ရပါပြီ။ ကင်နေစဉ် အောက်ကဗန်းခံထားပေးပါ၊
ဗန်းထဲကျလာတဲ့အဆီတွေကို သိမ်းထားပါ။(ပြန်သုံးမှာမို့ပါ) ဘဲကို အလယ်ကစခြမ်းပြီး အတုံးလေးများတုံးထားပါ။
တွဲစားရန် ရေမုန်ညင်းကို ဆားထည့်ပြုတ်ပါ။ ဆားထည့်တာ အရွက်စိမ်းစိမ်းလေးကျန်အောင်လို့နော်။
ထမင်းပူပူပေါ် ဘဲကင်တင် ရေမုန်ညင်းထည့် Sauce ရည်လောင်းကာ ငရုတ်သီးကြော်ဖြင့်တွဲကာ
အရသာရှိရှိစားနိုင်ပါပြီ။
....................................
Htet Family's Creation
....................................
www.htetfamily.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။