True Man with Nilar Oo and 3 others
နဖာကလော်လေးကဲ့သို့ 
^^^^^^^^^^^^^^
ကိုယ့်မှာ ဘယ်သို့ ဘယ်လိုဆန္ဒတွေ ရှိသလဲ၊ ဘာတွေကို အဓိက၊ ဘာတွေကို သာမည ထားပြီး လုပ်နေသလဲ ဆိုတာ ကိုယ်တိုင်ပဲ
အသိဆုံးပါ။ ဘေးက လူတွေကတော့ သူတို့ ပေါ်၌သော် ၄င်း၊ ပတ်ဝန်းကျင်သော် ၄င်း အကျိုးတစ်စုံတစ်ရာ သက်ရောက်မှသာလျှင်
မိမိ စိတ်ကို သိနိုင်မှာ ဖြစ်ပါတယ်။

...
လူတွေဟာ အဆုံးမသတ်နိုင်တဲ့ လိုအင်ဆန္ဒတွေနဲ့ ရှင်သန်နေသော သတ္တ၀ါတွေပဲ ဖြစ်ပါတယ်။ ကိုယ့်လိုအင် ဆန္ဒတစ်ခု ကြောင့်
လူ့ ပတ်ဝန်းကျင်မှာ စိတ်ချမ်းသာမှုတွေရသွားသလို၊ တစ်ခါတစ်လေ ဒီဆန္ဒတွေကြောင့်ပဲ လူတွေအပေါ် ဖိနင်းခဲ့ကြတာတွေ ဖြစ်
သွားတတ်ပါတယ်။
တကယ်တော့ လူတွေက နဖာကလော်လေး တစ်ချောင်းရဲ့ တန်ဖိုးကို မြင်ပြီး သင်ခန်းစာယူသင့်ပါတယ်။ နဖာကလော်ဆိုတာ နားစည်
အတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေ အားလုံးကို သန့် ရှင်း စင်ကြယ် သွားအောင် ဖယ်ထုတ်ပေးတဲ့ ကရိယာပဲ ဖြစ်ပါတယ်။ နာဖာက
လော်ဟာ ဒြပ်ရှိတစ်ခုဖြစ်ပြီး ဘယ်လောက်မှ တန်ဖိုးအားဖြင့် မကြီးပေမယ့် လူတိုင်းအတွက် အကောင်းဆုံး ဇိမ်ခံပစ္စည်းတစ်မျိုး၊တန်
ဖိုးရှိတဲ့အရာတစ်မျိုး ဖြစ်နေတာတွေ့ ရမှာပါ။
လူတွေဟာလည်း ထို့ နည်းတူ ကိုယ့်တိုင်းပြည်အတွင်းမှာ ရှိတဲ့ အန္တရာယ် စူးညောင့်ခလုတ်တွေကို ဖယ်ရှားပစ်နိုင်အောင် ကြိုးစား
ကြမယ်ဆိုရင် သိပ်ကောင်းမှာပါပဲ။ နဖာကလော်လို နားထဲက အညစ်အကျေးတွေ ဖယ်ထုတ်သကဲ့သို့  လူတစ်ယောက်ဟာလည်း မိ
မိတိုင်းပြည်ရဲ့ အဖျက်လုပ်ငန်းမှန်သမျှကို တတ်နိုင်သမျှ ဖယ်ထုတ်ရှင်းလင်းသင့်ပါတယ်။
ဒါမှလည်း တန်ဖိုးရှိတဲ့ လူဘ၀ကို တန်ဖိုးရှိတဲ့ အလုပ်တွေနဲ့ အတူ တန်ဆာဆင် သွားနိုင်မှာပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက်
နဖာကလော်လေးလောက်မှာ တန်ဖိုး မရှိဘူးဆိုရင် ကိုယ့်ရဲ့ သမိုင်းဟာလည်း အညတရအဖြစ်နဲ့ မှတ်တိုင်ထူခြင်း ခံရပါလိမ့်မယ်။ မိမိ
ရဲ့ လူ့ ပတ်ဝန်းကျင်ဟာ မိမိကို တသသနဲ့ စွဲလန်း တမ်းတနေရလောက်အောင်၊ လူတွေရဲ့ နှုတ်ဖျားမှာ မိမိရဲ့ နာမည်လေးကို ရွတ်နေရ
တဲ့ ဇိမ်ခံ ဘ၀မျိုးရောက်အောင် မိမိလုပ်ဆောင်ရမှာပါ။
ဒါမှ အခက်ခဲကြုံလာရင် အားလုံးနဲ့ တူ ပူးပေါင်း လုပ်ကိုင်နိုင်တဲ့ အားကိုးရမည့် လူတစ်ယောက်ဖြစ်လာမှာပေါ့။ အမျိုးဘာသာ အရေးဆို
လည်း ကိုယ်က အရှေ့ ကနေ ဦးဆောင်ရင်ဆိုင်နိုင်တဲ့ လူမျိုးဖြစ်တော့မှာပေါ့။ ဒီလိုစိတ်မျိုးနဲ့ သာ ဘ၀အတွက် ရပ်တည်ရင် လူကအည
တရဖြစ်ရင်တော့ ကိုယ့်ရဲ့ ဂုဏ်ပုဒ်ဟာ အားလုံးရဲ့ထိပ်ဆုံးရောက်နေပါလိမ့်မယ်။ ဒါကြောင့် နဖာကလောလေးကဲ့သို့  မိမိဘ၀ကို သဘော
ထားပြီး အမိတိုင်းပြည်ရဲ့ ရန်စွယ်မှန်သမျှကို ဖယ်ရှားရှင်းလင်း သွားကြပါစို့ လား။
True Man

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။