Golden Land Myanmar
ထိပ်မပြောင်အောင် ဆံပင်ကို အောက်ဘက် သို့ ဆွဲမဖြီးသင့်
ကမ္ဘာ မြေကြီးရဲ့ ဆွဲငင် အားကြောင့် ထိပ်ပြောင် နိုင် ပါတယ်။ ဆံပင် ကို အောက် ဘက် သို့ ဆွဲချပြီး ဖြီးတာ ကြောင့် အမျိုး သား တွေ အသက်ကြီး ရင် ဆံပင် ဆုံးရှုံးမှု များပြီး ထိပ်ပြောင် နိုင်တယ် လို့ ကျွမ်းကျင် သူတွေ က ယုံကြည် ကြ ပါတယ်။ ငယ်ရွယ် တဲ့ အမျိုးသား တွေရဲ့ ဦးရေ ပြား အောက်မှာ အဆီ လုံလုံလောက် လောက် ရှိပြီး ရေဓာတ် ပြည့်ဝ နေတဲ့ အ တွက် မွေးညင်း ပေါက် အတွ...င်း ဖိအား သက်ရောက်မှု နည်း ပါတယ်။ ဒါပေမဲ့ အမျိုးသား တွေ အသက်ကြီး လာတဲ့ အခါ မှာ အရေပြား နဲ့ အရေပြား အောက်က အဆီပြင် တွေ ပါးလွှာ လာပြီး မွေးညင်း ပေါက်ပေါ်မှာ ဖိအား ပိုများ လာပါ တယ်။ နားရွက် လို မျိုး နေရာ တွေမှာ ဦးရေပြား ပေါ် ကမ္ဘာ့ ဆွဲငင်အား ရဲ့ အကျိုးသက် ရောက်မှု ပေါ် ခံနိုင်ရည် ရှိတဲ့ အတွက် ဦး ခေါင်းဘေး နေရာမှာ ဆံသား ဆုံးရှုံးမှု နည်း ပေမယ့် ငယ်ထိပ် နေရာ မှာမူ ဆံသား ဆုံးရှုံးမှု များပြား ကာ ထိပ်ပြောင် လာပါ တယ်။
အမျိုးသား တွေ ဆံပင် ထိပ်ပြောင် တာက မျိုးရိုး ဗီဇဂျင်းမှ ဟော်မုန်း ပြဿနာ အပါ အဝင် အကြောင်းရင်း များစွာ ရှိပါ တယ်။ အဲဒီ အထဲမှာ ကမ္ဘာ့ ဆွဲငင် အား ဟာလည်း အကြောင်းရင်း တစ်ခုလို့ ကျွမ်း ကျင်သူ တွေ က ဖော်ထုတ် လိုက်ပါတယ်။ အသက် ကြီး လာတဲ့ အခါမှာ အမျိုး သား ဟော်မုန်း တက်စတို စတီရုန်း လျော့ ကျ သွားတာ ဟာလည်း အဆီပြင် ကို ပိုမို ပါးလွှာ စေပါတယ်။ အဆီ ပမာဏ လျော့ကျ သွားတဲ့ အတွက် မွေးညင်း ပေါက်တွေ ဟာ ဖိအား သက်ရောက်မှု ကို ခံနိုင်ဖို့ အတွက် ပိုမို အလုပ်လုပ် ရတဲ့ အ တွက် ဆံသား ပုံမှန် ကြီးထွား ဖို့ ဟော်မုန်း တွေ ပိုမို လိုအပ် လာပါတယ်။ ဒါကြောင့် အမျိုးသား ဟော်မုန်း တက်စတို စတီရုန်း တွေဟာ ဦးရေပြား အတွင်း ပိုမို စုဆောင်း လာပါ တယ်။ တက်စတို စတီ ရုန်းဟော် မုန်း ကို တုံ့ပြန် ဖို့ ဆံပင် ကြီးထွား စက်ဝန်း က အလုပ် လုပ် ရပေမယ့် မွေးညင်း ပေါက် အတွင်း ဖိအား သက်ရောက် မှုများ တဲ့ အ တွက် ဆံသား ကြီးထွား ဖို့ အခြေအနေ မပေး နိုင် ပါဘူး။ အချိန်ကြာ လာတဲ့ အခါ မှာ မွေးညင်း ပေါက်တွေ တဖြည်းဖြည်း သေးငယ် သွားကာ ဆံပင် ဆုံးရှုံးမှုတွေ ပိုမို များပြား လာပြီး ထိပ်ပြောင် သွားပါ တယ်။
ဦးရေပြား ရဲ့အလေးချိန် ကြောင့် ဖိ အား ဖြစ်ပေါ်ပြီး ထိပ်ပြောင် ခဲ့ရင် ငယ် ထိပ် တည့်တည့်မှာ ထိပ်ပြောင် တတ်တဲ့ အတွက် ငယ်ထိပ် ပြောင်သူတွေ အနေနဲ့ ဆံပင် ကို အောက်သို့ ဆွဲချ မဖြီးဘဲ ဘေး သို့ လှန်ပြီး သာ ဖြီးသင့်ကြောင်း ကျွမ်း ကျင် သူတွေ က အကြံပေး ထားပါတယ်။
ဒေါက်တာခင်မိုးမိုး
Good Health
ဦးရေပြား ရဲ့အလေးချိန် ကြောင့် ဖိ အား ဖြစ်ပေါ်ပြီး ထိပ်ပြောင် ခဲ့ရင် ငယ် ထိပ် တည့်တည့်မှာ ထိပ်ပြောင် တတ်တဲ့ အတွက် ငယ်ထိပ် ပြောင်သူတွေ အနေနဲ့ ဆံပင် ကို အောက်သို့ ဆွဲချ မဖြီးဘဲ ဘေး သို့ လှန်ပြီး သာ ဖြီးသင့်ကြောင်း ကျွမ်း ကျင် သူတွေ က အကြံပေး ထားပါတယ်။
ဒေါက်တာခင်မိုးမိုး
Good Health
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။