ကိုသောင်း ပုလဲမြေ with Mungdung La Wawhkyung
ဒေါ်အောင်ဆန်းစုကြည်သာ ဗမာပြည်သူတို့ အတွက် မပေါ်ထွက်လာခဲ့လျှင်
ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် ရေနံဆီ မီးခွက်လေး ထွန်းရန် ရေနံဆီ ၀ယ်ဖို့ အတွက် သမဆိုင်တွင် တန်းစီနေရပေမည်။

အတိုက်အခံ နိုင်ငံရေးသမား များသာ မပေါ်ထွက် လာလျှင်
ယနေ့ အချိန်တွင် ကျွန်ုပ်တို့သည် တီဗီကြည့်ရန် အတွက်...
စာတိုက်ရုံးများ ရှေ့တွင် ဖျာ အလုအယက် နပန်းလုံးကာ ခင်းနေရပေမည်။

ထောင်ကျခံကာ အာဏာရှင် အဆိုးရအား ဆန့်ကျင်သူများ မပေါ်ပေါက်ခဲ့လျှင်
ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် ရုပ်ရှင်ကြည့်ရန် အတွက် ရုံစောင့်ရဲများ၏
ပါးရိုက် နားရိုက်ခံကာ တိုးဝှေ့ ကြည့်နေရပေမည်။
ဒေါ်အောင်ဆန်းစုကြည်သာ ဗမာပြည်သူတို့ အတွက် မပေါ်ထွက်လာခဲ့လျှင်
ယနေ့ အချိန်တွင် ကျွန်ုပ်တို့သည် ကာဘော်လစ် ဆပ်ပြာ၊ နို့ဆီ ၀ယ်ယူရန် အတွက် သမဆိုင်တွင် တစ်နေကုန် လူတိုးကာ တန်းဆီနေရပေမည်။
အတိုက်အခံ နိုင်ငံရေးသမား များသာ မပေါ်ထွက် လာလျှင်
ယနေ့ အချိန်တွင် ကျွန်ုပ်တို့ တိုင်းရင်းသား လူမျိုးများသည် မှတ်ပုံတင် (ခေါ်) နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိကြသည့် နိုင်ငံမဲ့ ပြည်သူများ ဖြစ်နေကြပေမည်။

ယနေ့ အချိန်တွင် ကျွန်ုပ်တို့သည် အင်တာနက် ဝေးစွ၊ တယ်လီဖုန်း ဆက်ရန် အတွက်ပင် ဆက်သွယ်ရေး အိပ်ချိန်းရုံးများတွင် တန်းစီ စောင့်ဆိုင်း နေရပေမည်။
ကျေးဇူး မတင်ရင်နေပါ။ ကျေးဇူး မကန်းပါနှင့်။
—
ဒေါ်အောင်ဆန်းစုကြည်သာ ဗမာပြည်သူတို့ အတွက် မပေါ်ထွက်လာခဲ့လျှင်
ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် ရေနံဆီ မီးခွက်လေး ထွန်းရန် ရေနံဆီ ၀ယ်ဖို့ အတွက် သမဆိုင်တွင် တန်းစီနေရပေမည်။
အတိုက်အခံ နိုင်ငံရေးသမား များသာ မပေါ်ထွက် လာလျှင်
ယနေ့ အချိန်တွင် ကျွန်ုပ်တို့သည် တီဗီကြည့်ရန် အတွက်

—-------------------------------------------------
Lucky Ko Ko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။