Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 19, 2013

ဆရာကြီးဦးအောင်သင်း

လတ်တလော လူကြိုက်အများဆုံး သတင်းများ
“သရက်ထောင်ဖောက်ခဲ့စဉ်က” ဆောင်းပါးဖြင့် စာပေလောကသို့ စတင်အခြေချခဲ့သူ သုတရသစာပေ၊ လူငယ်စာပေတို့ကို အစဉ်တစိုက် ရေးသားခဲ့ပြီး စာပေဟောပြောပွဲများတွင် လူငယ်ထုကို အဓိကထား လမ်းညွှန်ဟောပြောပေးသူ၊ အသက်(၈၇)နှစ်အရွယ်ရှိ စာရေးဆရာကြီးဦးအောင်သင်း (အောင်သင်း) သည် နိုဝင်ဘာလ(၁၇)ရက်တွင် ၂၀၁၂ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ဆရာကြီးဦးအောင်သင်းနှင့် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံရသည့်အပေါ် ဆရာ ကြီး၏သဘောထား၊ အစိုးရ၏ပြုပြင်ပြောင်းလဲရေး ဆရာကြီး၏သဘောထား၊ မျက်မှောက် နိုင်ငံရေးနှင့် တပ်မတော်အခန်းကဏ္ဍ စသည့် အကြောင်းအရာများထဲမှ ဆရာကြီးနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

ဒီအစိုးရလက်ထက်မှာမှ ဆရာကြီးအနေနဲ့ အမျိုးသားစာပေ တစ်သက်တာဆုရှင်အဖြစ် ချီးမြှင့်ခံရတဲ့အပေါ် ဆရာကြီး ဘာများ ပြောချင်ပါသလဲ။

ဆရာရေးတဲ့စာပေထဲမှာ စာပေသဘောတရား၊ ကဗျာသဘောတရား၊ ၀တ္ထုသဘောတရား၊ စာပေဝေဖန်ရေး၊ ကဗျာဝေဖန်ရေး၊ ၀တ္ထုဝေဖန်ရေးတွေ အများကြီး ရေးခဲ့ပါတယ်။ နောက်ကျတော့ လူငယ်တွေရဲ့ အခြေအနေတွေ ကြည့်ပြီးတော့ သူတို့ရဲ့ ဘ၀လမ်းကြောင်း၊ ပညာရေးလမ်းကြောင်းကို တည့်မတ်စေချင် တဲ့စိတ်နဲ့ မျိုးဆက်သစ်တို့ တိုးတက်မြင့်တက်ဖို့ဆိုတဲ့ စာကစပြီး လူငယ်တွေအတွက် စရေးခဲ့တယ်။ လူ ငယ်မျိုးဆက်သစ်တွေအတွက် အကြံဉာဏ်ပေးတိုက်တွန်းတဲ့စာတွေပါပဲ။ တော်တော်အောင်မြင်ခဲ့တယ်။ ဆရာအနေနဲ့ ဆရာစာနဲ့ပတ်သက်ပြီး ကျေးဇူးတုံ့ပြန်မှုတွေကို မကြာခဏရတဲ့အတွက် အလွန်ပီတိဖြစ်ပါ တယ်။ ကိုယ့်စာဖတ်ပရိသတ်က ကိုယ်စာနဲ့ပတ်သက်ပြီး ချီးကျူးတာလောက်၊ ကန်တော့တာလောက် အရသာရှိတာ ဘယ်မှာရှိမလဲ။

ဆရာကြီးရှင့် တစ်သက်တာစာပေဆုနဲ့ စာဖတ်ပရိသတ်က ဆရာကြီးရဲ့စာပေတွေဖတ်ပြီး ဘ၀အတွက် အကျိုးကျေးဇူးတွေဖြစ်သွားကြတာနဲ့ ဘယ်ဟာကို ပိုပြီး ပီတိဖြစ်ပါသလဲ။

စာဖတ်ပရိတ်သက်ကတော့ ဘ၀ကို ပြောင်းပြစ်ခဲ့နိုင်တယ်။ ဒီနေ့ပေးတဲ့ဆုက ဆရာကြီးကို လူငယ်တွေ ရဲ့ဘ၀တွေကို လမ်းပြပေးနိုင်ခဲ့လို့၊ တိုးတက် ပြောင်းလဲလာအောင် လုပ်ပေးနိုင်ခဲ့လို့ တိုင်းပြည်ကိုယ်စား ပညာရှင်တွေကပေးတဲ့ ဆုလို့ ယုံကြည်ပါတယ်။

အရင်တုန်းကတော့ ဆရာကြီးတို့လို စာပေပညာရှင်ကြီးတွေကို အမျိုးသားစာပေဆု၊ တစ်သက်တာ စာပေဆုတွေ ချီးမြှင့်လေ့မရှိတာ တွေ့ရပါတယ်။ အခုလို အမျိုးသားစာပေ တစ်သက်တာဆု ရခဲ့တဲ့အပေါ် ဘာများ မှတ်ချက်ပြုလိုပါသလဲ။

အရင်အစိုးရတုန်းက ငါက လူငယ်တွေကို ပြောတော့ တရားလမ်းကျကျပြောတော့ မကြိုက်ကြဘူး။ ငါ့ ဟောပြောခွင့်တွေ ပိတ်တာတွေ တော်တော်များတယ်။ မှတ်မှတ်ရရဆိုရင် ငါ့ဟောပြောနေတုန်း ဟင်္သာတမှာ မီးပိတ်ပစ်တာတွေ လုပ်တာတွေရှိတယ်။ ရုံထဲမှာတော့ မီးနည်းနည်း လင်းနေတယ်။ အပြင်ဈေး ဆိုင်တန်းတွေမှာ မီးလင်းနေတယ်။ အဲ့ဒီမှာ အခမ်းနားမှူးကောင်လေးက ကုန်းကုန်းတက်လာပြီး ဆရာကြီး လျှော့ပြောပါလို့ ပြောတယ်။ ငါလည်း အေးအေး လျှော့မယ်ကွာလို့ ပြောလိုက်တော့မှာ မီးပြန်လင်းလာတယ်။ ဒါမျိုး မကြာခဏ ကြုံခဲ့ရတယ်။ လူငယ်တွေရဲ့ကောင်းရာကောင်းကျိုးကို ပြောလိုက်ရင် သူတို့နဲ့ သွားသွားငြိနေတယ်။

ဆရာကြီးကို အခုလို အမျိုးသားတစ်သက်တာ စာပေဆုထဲမှာ ထည့်သွင်းစဉ်းစားလာတဲ့အပေါ် ဆရာကြီး ဘာများ ပြောလိုပါသလဲ။

အမှန်အတိုင်းပြောရရင် အမှောင်ထဲကနေ အလင်းရောက်သလိုပဲ။ ငါ သိပ်ကျေးဇူးတင်တယ်။ တကယ် ကျေးဇူးတင်တယ်။ သူတို့ဟာ အင်မတန် ခက်ခဲတဲ့ လုပ်ငန်းကြီးကို လုပ်နေရတယ်။ သူတို့ တော်တော် ပင်ပန်းတယ်။ စိတ်ဆင်းရဲတယ်။

ဆရာကြီးအနေနဲ့ အခြားရသစာရေးဆရာတွေထက်စာရင် လူငယ်စာပေတွေ အရေးများခဲ့တယ် အခုလို ဆုရတဲ့အပေါ်မှာ ဝေဖန်တာတွေ ရှိပါတယ်။ ဆရာကြီး အဲ့ဒီဝေဖန်မှုအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

တစ်သက်တာစာပေဆိုတာ ဘာစာပေ၊ ညာစာပေဆိုပြီး ခွဲထားတာမရှိဘူး။ ရသစာပေနဲ့ ပြောမယ်ဆိုရင် ဆရာကြီး ရသစာပေနဲ့ပတ်သက်ပြီး အများကြီးလုပ်ခဲ့တယ်။ Creative စာပေဆိုရင် ရွှေယုံနဲ့ရွှေကျား၊ ချို တကူးနဲ့ဂုဏ်ရည်မတူ ဒါတွေကို ပြဋ္ဌာန်းခဲ့ဖူးတာပဲ။ ရသစာပေထဲတောင် အဆင့်မြင့်စာပေထဲမှာ ပါတယ်။ နောက် အက်ဆေးတွေ၊ ရသလုံးချင်းတွေ၊ နောက် ၀တ္ထုဆိုတာ ဘာလဲ သိအောင်လို့ ရေးခဲ့တာ။

အခုဆိုရင် လက်ရှိအစိုးရ စာပေပညာရှင်တွေမှာ ချီးမြှောက်သင့်တဲ့သူတွေကို မှန်မှန်ကန်ကန် ချီးမြှောက်လာတယ်။ အစိုးရက ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် သွားနေပြီလို့ ဆရာကြီးအနေနဲ့ ယုံကြည်လား။

နှစ်ပိုင်း ဆရာကြီးကို ချီးမြှောက်တာ ၀မ်းသာသလားဆိုရင် ငါ့ကို သူတို့ မချီးမြှောက်လည်း ငါ့ဖာသာ အောင်မြင်နေတာပဲ။ ဒီအစိုးရက ချီးမြှောက်ရကောင်းမှန်းသိလာလို့ ၀မ်းသာတယ်။ သူ(အခု အစိုးရ) စစ်အာဏာရှင် အမွေခံပဲ။ ဒါပေမဲ့ သူတို့ပြောလာတာ စစ်အာဏာရှင်လမ်းကြောင်း မဟုတ်ဘဲ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်လို့ ပြောလာတယ်။ ငါလည်း မသင်္ကာလို့ စောင့်ကြည့်နေတယ်။ သူတို့ ပြန် ဆုတ်လို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာက အသိအမှတ်ပြုပြီ။ ကမ္ဘာက လာနေပြီ။ ရင်းနှီးမြှုပ်နှံမှုတွေ လာနေပြီ။ သူတို့ ရှောင်လို့ မရတော့ဘူး။ အခုတော့မှ ဆောရီးဆိုရင် ခွေးဖြစ်မှာပေါ့။ လွန်ပြီးနေပြီ ကမ္ဘာအနှံ့ကို ကြေညာပြီးပြီ။ အခု ဒီမိုကရေစီကိုသွားဖို့တော့ ခက်ခက်ခဲခဲနဲ့ သွားရဦးမယ်။ ပြန်ဆုတ်လို့ မရတော့ဘူး။ တိုင်းပြည်အတွက် မျှော်လင့်ချက်ကြီးစွာ ဖြစ်တယ်လို့ ငါက ပြောချင်တယ်။ ကမ္ဘာကလည်း မျှော်လင့်ချက်ကြီးစွာ ထားနေတယ်။ ခေတ်ပြောင်းခေတ်ကူးမှာ ဒီလို ဖြစ်တတ်လို့ တို့တွေအားလုံး သည်းခံပြီး စောင့်ရမယ်။

ဆရာကြီးဟာ စစ်တက္ကသိုလ်မှာလည်း စာသင်ခဲ့ပြီး ဆရာကြီးတပည့်တွေလည်း များစွာ ရှိခဲ့တော့ စစ်တပ်ရဲ့နိုင်ငံရေးအခန်းကဏ္ဍာမှာ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ဆရာကြီးအနေနဲ့ ဘယ်လိုများ သုံးသပ်လိုပါသလဲ။

စစ်တပ်က နိုင်ငံရေးမှာ ၀င်ရောက်ခွင့်မရှိဘူး။ အစိုးရက ဒီမိုကရေစီနဲ့ တင်မြှောက်ထားလို့ အစိုးရ ဖြစ်တယ်။ စစ်တပ်က နိုင်ငံရေးထဲမှာ ပါဝင်ခွင့်မရှိဘူး။ တပ်မတော်ရဲ့အခန်းကဏ္ဍဟာ ပြည်ပရန် ကာကွယ်ရေး။ ဒါဟာ တပ်မတော်ရဲ့ပဓာနအချက်ကြီးပဲ။ ပြည်တွင်းစစ် သောင်းကျန်းရင်တောင် သောင်းကျန်းသူတွေ များလွန်းလွန်းလို့ဆိုရင် တပ်မတော်ကို ထုတ်သုံးတယ်ဆိုရင်လည်း မသုံးကောင်းဘူး။ တပ်မတော်ကို ပြည်တွင်းကိစ္စမှာ မသုံးရဘူး။ သူတို့က စိတ်မချသေးဘူး။ သူတို့ကို သူတို့ (လက်ရှိ အစိုးရ) စိတ်မချသေးလို့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်ထဲထိ ပါနေတာ။ အခုပြီးလို့ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲပြီးရင် သူတို့ဘာမှမဆိုင်တော့ဘူး။ နောက်၂၀၁၅ အပြီးမှာ တပ်မတော်က ဖြုတ်ကိုပေးရမယ်။ ဒီလိုမဟုတ်ရင် ဒီမိုကရက်တစ်ရီပါ့ဘလစ် မဖြစ်နိုင်ဘူး။

သမ္မတဦးသိန်းစိန်အစိုးရ သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးကို ဆရာကြီး လက်ခံပါသလား။

လက်ခံတယ်။ အခုချိန်ထိ လက်ခံတယ်။ ငါ့ကို အခုအချိန်မှာ သမ္မတလုပ်စမ်းပါဆိုရင် ယူကို မယူဘူး။ သူ တို့ကြည့်ပြီး ဘေးကနေစိတ်ဆင်းရဲနေလို့။ ငါ့မှာရှိတာတွေသိမ်းရင်သိမ်း ငါကတော့ မလုပ်နိုင်ဘူး။သမ္မတ မလုပ်ရရေးအတွက် လာဘ်တောင်ထိုးလိုက်ဦးမယ်။

ခုလိုဖြေကြားပေးတဲ့ ဆရာကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။
-------------------------------------------------------------------------
သုံး ရောင် ခြယ်

https://www.facebook.com/photo.php?fbid=364789366992061&set=a.110768499060817.15143.100003830034541&type=1&relevant_count=1

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။