MM Social Sky
ဖိနပ်တိုက် သမား ကနေ ဖိနပ်တီထွင်ပညာရှင် သူဌေးဖြစ်လာသူ
George Vlagos လို့အမည်ရတဲ့ လူငယ်ဖြစ်ပါတယ်။ အလယ်တန်းကျောင်း သား ဘဝက မိဘ ၂ ပါး ဆင်းရဲ တာကြောင့် ချီကာဂိုမြို့ ထဲမှာ ဖိနပ်တိုက်ချွတ်တဲ့ ဆိုင်ကလေး ဖွင့်လို့ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ် ပါတယ်။
စေတနာ အပြည့်နဲ့ သူတိုက်ပေးလိုက်တဲ့ ရှူးဖိနပ်များ တောက်ပြောင်သွား တာ မြင်ရင် ဝမ်းသာပီတိ ဖြစ်ကြောင်း ဆိုပါတယ်။ သာမန်လူ တစ်ယောက် ဆိုရင် ဖိနပ်တိုက်ပြီး ရလာတဲ့ ဝင်...ငွေနဲ့ နေထိုင်နေပါပြီ။ George ကတော့ သူများနဲ့ မတူပါဘူး။ ဖိနပ်တိုက်နေရင်းကနေ သူတိုက်တဲ့ ဖိနပ်အမျိုး အစားတွေကို လေ့လာမိရင်း ကိုယ်တိုင် ဖန်တီးချင်တဲ့ ရှူးဖိနစ်ပုံစံတွေကို စဉ်းစားပါတယ်။ နောက်တော့ ရှူးဖိနပ် ချုပ်လုပ်နဲ့ ပညာရပ်ကို ပါ ကျောင်း တစ်ဖက်နဲ့ လေ့လာပြီးတော့ သူစိတ်ကြိုက် ဖန်တီးတဲ့ ရှူးဖိနပ်သစ်များကို မိတ်ဆက် ရောင်းချ ပါတယ်။ မူပိုင်ခွင့်တွေ တင်ပြီး ကုမ္မဏီကြီးတွေ ကို ရောင်းချတော့ အမေရိကန်မှာ မသိသူ မရှိရလောက်အောင် ရှူးဖိနပ် နာမည်ကြီးလှတဲ့ ရှူးဖိနပ် ဒီဇိုင်နာ တစ်ဦး ဖြစ်လာပါတယ်။

ဖိနပ်တိုက်သမား ဘဝကနေ ငွေကြေးချမ်းသာ လာပါတယ်။ ရှူးဖိနပ် တီထွင်ဖန်တီး ပညာရှင်ဖြစ်လာတဲ့ George Vlagos ဟာ အမေရိကန်မှာ လူအများ လေးစားတဲ့ စွန့်ဦး တီထွင်ပညာရှင် (Entrepreneur) တစ်ဦး အဖြစ် အသတ်မှတ်ခံထားရကြောင်း သိရ ပါတယ်။
.
Ref: inc
အောင်ခမ်း ( www.mmsocialsky.com )
http://wp.me/p3T33L-6n
.
Ref: inc
အောင်ခမ်း ( www.mmsocialsky.com )
http://wp.me/p3T33L-6n
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။