YoYarLay
နိုင်ငံတကာမှာ ဆုတံဆိပ်တွေကို ဆက်တိုက်ဆွတ်ခူးနေတဲ့ LG G2
မြန်မာနိုင်ငံကို နိုဝင်ဘာလ (၃) ရက်နေ့က ရောက်ရှိလာတဲ့ LG G2 ဟာ နိုင်ငံတကာမှ မီဒီယာတွေရဲ့ (၁) ပေးချင်း ချီးမြှင့်တဲ့ ဆုတွေကို ဆက်တိုက်ဆိုသလို ရရှိနေပါတယ်။ အင်္ဂလန်နိုင်ငံထုတ် Stuff Magazine ရဲ့ Consumer Report မှာလည်း Samsung Galaxy S4 နဲ့ HTC One အပြင် Apple ရဲ့ IPhone 5 တို့ကို ကျော်ဖြတ်ပြီး နံပါတ် (၁) နေရာ ရရှိခဲ့ပါတယ်။ ထို့နောက် ဥရောပမှာဆိုရ...င်လည်း LG G2 ဟာ “Most Wanted Smartphone” ကို ၂၈ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ပထမဆုကို ရရှိခဲ့တာပါ။ ဥရောပရဲ့ စမတ်ဖုန်း ကင်မရာပြိုင်ပွဲမှာ Samsung Galaxy S4 ကို ဖြတ်ကျော်ပြီး ရရှိနိုင်ခဲ့ခြင်းပါ။
LG မှ အသစ်ထွက်ရှိလာတဲ့ G2 မှာ အသံအတိုး/အကျယ် ပြုလုပ် တဲ့ ခလုတ်နဲ့ ဖုန်း အဖွင့်အပိတ်ခလုတ် တို့ကို ဖုန်းရဲ့  ကျောဘက် မှာ တပ်ဆင်အသုံးပြုထားပါတယ်။ အသံ အတိုး/အကျယ် ခလုတ်ကို ဖုန်းရဲ့  ကျောဘက်သို့ ပြောင်းလဲတပ်ဆင်ရခြင်းက ထူခြားမှု တစ်ခု ဖြစ်ပါတယ်။ အဆိုပါ LG G2 ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တရားဝင်မိတ်ဆက်ခဲ့ပြီး မြန်မာပြည်ဈေးကွက်တွင်လဲ 599,000 ကျပ်နှုန်းဖြင့် ၀ယ်ယူလို့ ရနေပါတယ်။
KnockOn ဟု ခေါ်တဲ့ Feature မှာ G2 screen ကို tap ၂ ချက်လုပ်ရုံနဲ့ Power ခလုတ်ကို နှိပ်စရာမလိုဘဲ ဖုန်းကို ဖွင့်ပေးနိုင်တာမျိုးတို့ ပါဝင်ပါသေးတယ်။ ဖုန်းကို နားရွက်နားသို့ ကပ်လိုက်သည့်အခါမှာ ringtone သံကို လျှော့ပြီး ဖုန်းအ၀င်ခေါ်ဆိုမှုကို အလိုအလျောက် လက်ခံပေးမယ့် feature လည်း ပါဝင်လာပါတယ်။
Screen dreams
မျက်နှာပြင်အကျယ် ၅.၂လက်မမှာ Full HD (1920×1080) Resolution ထောက်ပံ့ပေးထားပြီး ရုပ်ထွက်အတွက် PPI (Pixel per Inch) ကို 424ppi ဖန်တီးပေးထားကာ 2.3GHz Quad-Core CPU တပ်ဆင်သုံးစွဲထားပါတယ်။ ကင်မရာ 13MP အရည်အသွေးနဲ့ ဖန်တီးပေးထားပြီး ရှေ့ကင်မရာ 2.1MP ဖြစ်ပါတယ်။
LG G2 စမတ်ဖုန်းဟာ ၅ ဒဿမ ၂ လက်မ 1080 p Display နှင့် 2.26GHz quad-core Snapdragon 800 SoCကိုအသုံးပြုထားပါတယ်။
Andriod 4.2.2 Jelly Bean ကို အသုံးပြုထားပြီး ကျောဘက်တွင် 13 Megapixel ကင်မရာကို တပ်ဆင်ထား ပါတယ်။ အရှေ့ဘက် ကင်မရာမှာ 2.1 megapixel ဖြစ်ပါတယ်။ 300mAh ဘက်ထရီကို အသုံးပြုထားပြီး RAM မှာ 2GB ဖြစ်သည်။ သိုလှောင်မှု ပမာဏ 32GB ဖြင့် ရရှိနိုင်သည်။
G2 ၏ ဘက်ထရီမှာ ယခင် LG အမျိုးအစားများထက် အားသွင်းချိန်ကြာမြင့်သော်လည်း တစ်ခါအားသွင်းရုံနှင့်တစ်နေကုန် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
LG G2 tech specs
Operating System - Android 4.2.2
Processor - 2.26GHz Qualcom Snapdragon 800 /w quad-core Krait CPU
RAM - 2GB
Screen - 5.2in IPS with 1920x1080 resolution (423ppi)
Camera - 13MP rear, 2MP front
Storage - 16/32GB (not expandable)
Data - 4G LTE
Battery - 3000mAh
Dimensions - 138.5 x 70.9 x 8.9mm
.
ရိုးရာလေး နည်းပညာ
http://www.yoyarlay.com/science-tech/mobile/38912-lg-g2-draw-more-attention-in-the-world
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။