Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 12, 2013

မဇ္ဈိမလှိုင်း၏ ရှင်သန်ဆဲ အနုပညာကြယ်တစ်ပွင့် (သို့) ခင်မောင်တိုး

 
”ရိုးရိုးသားသားနေလို့ရတဲ့ ဂီတအလုပ်က ကျွန်တော့်ဘဝနဲ့ အင်မတန်မှ သင့်တော်ပါတယ်” လို့ ပြောခဲ့သူကတော့ စတီရီယိုခေတ်ဦးမှာ ကိုယ်ပိုင်သံစဉ်တွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ စတီရီယိုတေး သံရှင် ခင်မောင်တိုးပဲဖြစ်ပါတယ်။ ခင်မောင်တိုးဟာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသည်းကင်ဆာရောဂါအတွက် ဆေးကုသမှုခံယူရင်း စင်ကာပူနိုင်ငံမှာ ကွယ် လွန်သွားခဲ့ပါတယ်။
ဒီနှစ်ရဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာဆိုရင် စတီရီယိုလောကရဲ့ ကြယ် တစ်ပွင့် ကြွေလွင့်သွားခဲ့တာ တစ်နှစ်တင်း တင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် Mr. Magazine ရဲ့ လစဉ်တင်ဆက်ပေးနေ ကျ ‘Memorable Person’ ကဏ္ဍကနေ ခင်မောင်တိုးရဲ့ အနုပညာလှုပ်ရှားမှုများနှင့် ဘဝရပ်တည်မှုအကြောင်းအရာများကို Mr. ပရိသတ်ကြီး သိရှိစေရန် တင်ဆက်ပေးလိုက်ပါ တယ်။
 
ခင်မောင်တိုးကို ၁၉၅ဝ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း မော်လိုက်မြို့မှာ မွေးဖွာခဲ့ပါတယ်။ ဖခင် အရေးပိုင်မင်း ဦးခင် မောင်နဲ့ မိခင်ဒေါ်ခင်လှတို့ရဲ့ တတိယမြောက် သားဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ အခြေခံပညာ အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ဂီတကို ပိုပြီး စိတ်ဝင်စားတဲ့အတွက် ဒုတိယနှစ် မှာ ကျောင်းကထွက်ပြီး ဂီတ လမ်းကြောင်းပေါ် ကို ရောက်ရှိခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ပထမဆုံးစီးရီးအဖြစ် ‘ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်’ တေးစီးရီးကို Electronic Machine တေးဂီတအဖွဲ့နဲ့ စတင်ထုတ်ဝေ ဖြန့်ချိခဲ့ပါ တယ်။
 
 
၁၉၇၃ ခုနှစ်မှာ ‘ပြဿနာအုပ်စု’ တီး ဝိုင်းနဲ့ ဒုတိယစီးရီး ‘ရင်ခုန်နေသော အိပ်မက် ငယ်’ တေးစီးရီးကို ဖြန့်ချိခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်တွင် တီးဝိုင်းကို ‘ပြဿနာအုပ်စု’ မှ ‘လိစ္ဆဝီ’ ဟု ပြောင်းလဲ၍အဆိုနှင့် ရစ်သမ်ဂစ်တာ ခင်မောင်တိုး၊ ဘေ့စ်ဂစ်တာ ကိုရဲလွင်၊ စန္ဒရား ကိုမောင်မောင်၊ လိဒ်ဂစ်တာ ဇော်မျိုးထွဋ်၊ ဒရမ် ကိုကျော်ဆွေဟန်တို့နဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ ထိုနှစ်တွင်ပင် ‘အဉ္စလီရဲ့ ဂီတအဉ္စလီ’ စီးရီး ထွက်ရှိခဲ့ပြီး ဒီစီးရီးဟာ ခင်မောင်တိုးရဲ့ ပထမ ဆုံး ကိုယ်ပိုင်သံစဉ်စီးရီးတစ်ခွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ပဲ ဆက်တိုက်သီဆိုခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ ‘ဝိုင်းရဲ့ ဆည်းဆာ’ ၁၉၈၂ ခုနှစ်မှာ ‘စောင်း ကြိုးရှိုက်သံနှင့် ဆယ်နှစ်တာတေးများ’ စီးရီးတို့ ထွက်ရှိခဲ့ပါတယ်။
၁၉၈၃ ခုနှစ်မှာ တီးဝိုင်းအမည်ကို ‘မဇ္ဈိမ လှိုင်း’ ဟု ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၄ ခုနှစ်တွင် ‘မဟာဆန်သူ’၊ ၁၉၈၅ ခုနှစ် တွင် ‘ကြိုးကြာသံ’၊ ၁၉၈၆ ခုနှစ်တွင် ‘မျက် သွယ်’၊ ၁၉၈၈ ခုနှစ်တွင် ‘ရောင်စဉ်ခုနှစ်သွယ်’၊ ၁၉၉ဝ ပြည့်နှစ်တွင် ‘ဝေးခဲ့ပြီ ပန်းခရမ်းပြာ’၊ ၁၉၉၁ ခုနှစ်တွင် ‘လေးညှို့ရှင်’ ၊ ၁၉၉၂ ခုနှစ် တွင် ‘ပန်းချစ်သူ’ ၊ ၁၉၉၃ ခုနှစ်တွင် ‘ပန် တော်ဦး’၊ ၁၉၉၄ ခုနှစ်တွင် ‘မြစ်တစ်စင်း ဖြစ် တည်မှု’ နှင့် Live 94 (Live Show နှစ်ခွေ တွဲ)၊ ၁၉၉၅ ခုနှစ်တွင် ‘ရည်ရွယ်သူ’၊ ထို့နောက် ‘ခုနှစ်နှစ်အလွန်’၊ ‘အကြိုက်ဆုံး မန္တလေးသီချင်း များ’၊ ‘သည်းဦးသစ္စာ’ စတဲ့ စီးရီးများ ဆက် တိုက်ထွက် ခဲ့ပြီး နောက်ဆုံးထွက်ရှိခဲ့တဲ့ တေးစီး ရီးကတော့ ‘ခွန်အားဖြည့်ပါမိငယ်’ တေးစီးရီးပဲ ဖြစ်ပါတယ်။
ခင်မောင်တိုးဟာ ပထမစီးရီး ‘ကျေးဇူး တင်ပါတယ် ကမ္ဘာကြီးရယ်’ မထွက်ခင်ကတည်း က ဒေါ်ဝေဝေစိုးနဲ့ လက်ထပ်ခဲ့ပြီး သားသမီး သုံးဦးထွန်းကားခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံး ဂီတတစ်ခု တည်းကိုသာ စိတ်နှစ်မြှုပ်ပြီး ဂီတ လောကမှာ ခင်မောင်တိုးဆိုတဲ့ ခေတ်တစ်ခေတ် ဖြစ်လာသည်အထိ သူ့ရဲ့ တေးသီချင်းများစွာက ဂီတပရိသတ်၏ ရင်ကို ဆွဲကိုင်လှုပ်ရမ်းစေခဲ့ပါ တယ်။ ခင်မောင် တိုးဟာ သူချစ်မြတ်နိုးတဲ့ ဂီတ ကို ဖက်တွယ်ရင်း၊ သူယုံကြည်ရာ ဂီတခရီးလမ်း ကို လျှေက်လှမ်းနေရင်း ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ လ ၁၅ ရက်နေ့မှာတော့ သူမြတ်နိုးတဲ့ ဂီတနဲ့ သူ့ရဲ့ မိသားစု၊ သူ့ရဲ့ ပရိသတ်ကို အပြီးတိုင် ကျောခိုင်းစွန့်ခွာသွားခဲ့ပါတယ်။ သူ့ရဲ့ မိသားစု အတွက် မဟာတံတိုင်းကြီး ပြိုကျသွားခဲ့သလို ဂီတလောကအတွက်လည်း နောက်တစ်ယောက် မရှိနိုင်မယ့်၊ အဖိုးမဖြတ်နိုင်တဲ့ ကြယ်တစ်ပွင့် ကြွေလွင့်သွားသလို ဝမ်းနည်းကြေကွဲခဲ့ကြပါ တယ်။ သူ ကွယ်လွန်သွားခဲ့ပေမယ့် သူသီဆိုခဲ့ သော တေးသီချင်းများနှင့် သူဖန်တီးခဲ့သော အနုပညာများကတော့ ဆက်လက်ရှင် သန်နေ ဦးမှာဖြစ်ပါတယ်။ ခင်မောင်တိုးကို ချစ်သော ပရိသတ်အတွက် ခင်မောင်တိုး ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အမှတ်တရအဖြစ် သူ့ရဲ့ဂီတသက် တမ်းတစ်လျှောက် လှုပ်ရှားမှုများနဲ့ သူ၏ စိတ်နေသဘော ထားများကို သူနဲ့ ဂီတသက် တမ်းတစ်လျှောက် လက်တွဲခဲ့တဲ့ ဂီတပညာရှင် ဦးရဲလွင်ကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။
► ဆရာနဲ့ ဦးခင်မောင်တိုးတို့ စပြီးတွေ့ဖြစ် ပုံလေးကို ပြောပြပေးပါဦး။
စပြီးတွေ့တာကတော့RIT မှာပေါ့နော်။ ၇၃၊ ၇၄ စာသင်နှစ်လောက်ပေါ့။ မဆလခေတ် မရောက်ခင်လို့ ပြောရမှာပေါ့။ သူနဲ့ကိုယ်က အပြင်မှာ မတွေ့ဖူးပေမယ့် တစ်ယောက်အ ကြောင်း တစ်ေ ယာက်တော့ ကြားဖူးထားတာ ပေါ့။ တစ်နေ့ ကျောင်းကော်ရစ်တာမှာ တွေ့ ကြတော့ သူက ရဲလွင်လား၊ ကိုယ်က တိုးကြီး လားပေါ့။ အဲဒီလိုပြောရင်းနဲ့ ခင်သွားကြတာ။ ရေစက် ပဲပြောရမလား မသိပါဘူး။ သူရောကိုယ် ရောက ဂစ်တာတီးကြတာချင်းလည်း တူတယ် လေ။ အဲဒီအချိန် ဂစ်တာတီးတာကလည်း မြန်မာပြည်မှာ သိပ်ခေတ်မစားသေးဘူး။ နိုင်ငံ ခြားမှာတော့ ဘီးတဲလ်တို့ ဘာတို့ပဲ ရှိသေးတာ လေ။ ဒီမှာက ဂစ်တာတီးတယ်။ ဆံပင်အရှည် ထားတယ်။ ဘောင်းဘီရှည်ဝတ်တယ်ဆိုရင် လမ်းသရဲလို့ ပြောကြတာကိုး။ ဒါပေမဲ့ ကိုယ် တွေက ဆံပင်လည်း မညှပ်ဘူး။ ဒီအတိုင်းပဲ ဆက်ထားတယ်။ အဲဒီအချိန်မှာ ဂစ်တာလည်း မတီးရတော့ဘူး။ တရားဝင်ထုတ်ပြန်တာ မဟုတ်ပေမယ့် အမိန့်သဘောမျိုးနဲ့ပေါ့။ အဲဒါ နဲ့RIT လည်း ဆက်မတက်ဖြစ်တော့ဘူး။ အပြင်ဆောင်မှာနေ ရင်းနဲ့ ကိုမောင်မောင်နဲ့ တွေ့တယ်။ ဂစ်တာတွေပဲ ဆက်တီးဖြစ်တယ်။ တို့က ရန်ကုန် အင်းစိန်သား၊ ခင်မောင်တိုးနဲ့ ကိုမောင်မောင်က မန္တလေးက၊ အဆောင်မှာပဲ အတူနေပြီးတော့ စပြီး လက်တွဲဖြစ် တာပေါ့။
► ခင်မောင်တိုးနဲ့ လက်တွဲပြီးတော့မှ Music Band တွေ ဖွဲ့ဖြစ်ခဲ့တာလား။
မဟုတ်သေးဘူး။ Music Band အနေ နဲ့တော့ မဖွဲ့ဖြစ်သေးဘူး။ အဆောင်တွေမှာ လိုက်တီးတာတို့၊ သီချင်းရေးတာတို့ပဲ ရှိသေး တယ်။ တို့ကတော့ အဲဒီအချိန်မှာ စိုးပိုင်ရဲ့ Electronic Machine တီးဝိုင်းမှာ တီးနေ တာ။ ရတဲ့ပိုက်ဆံကို အဖွဲ့နဲ့အတူ စားသုံးပြီး နေကြတာပေါ့။ E-Machine မှာ အလုပ်မရှိ ရင် ခင်မောင်တိုးတို့နဲ့အတူ သီချင်းရေး၊ ဂစ်တာကျင့်ပေါ့။ အဲဒီအဆင့်ပဲရှိသေး တယ်။ အဲဒီနောက် အင်းယားလိတ်မှာ လုပ်တဲ့ပွဲက E-Machine က နောက်ဆုံးလုပ်တဲ့ပွဲပေါ့။ နောက်ပိုင်းဆက်ပြီး မလုပ်ဖြစ်တော့ဘူး။ ခင် မောင်တိုးက မန္တလေးကဆိုတော့မန္တလေး လိုက်သွား တယ်။ ခင်မောင်တိုးတို့ တင်မောင် လှိုင်တို့ ရေးထားတဲ့သီချင်းတွေကို အသံသွင်း ကြမယ်ပေါ့။ ကော်ပီတွေလည်းပါတယ်။ အဲဒီ တော့မှ ‘ပြဿနာအုပ်စု’ ဆိုပြီး အဖွဲ့လေးဖွဲ့ လိုက်တယ်။ ခင်မောင်တိုး ကတော့ အဓိကအဆို ပေါ့။ ကျန်တဲ့လူတွေက ဂစ်တာတီးတဲ့လူကတီး၊ တယောထိုးတဲ့လူက ထိုးပေါ့။ အဲဒီအချိန်မှာ မှိုင်းရာပြည့်အရေးအခင်းဖြစ်တော့ အဆောင် တွေ ပိတ်လိုက်ရတယ်။ ၁၉၇၆ ခုနှစ်လောက် ပေါ့။ အဲဒီအချိန်မှာ ‘လိစ္ဆဝီများ’ ဆိုတဲ့ အဖွဲ့ ကို ဖွဲ့ပြီးတော့ အခွေတွေ ထွက်တာပေါ့။ ဘယ်နှစ် မှာ ဘာအခွေတွေလည်းတော့ မမှတ်မိတော့ ဘူး။ သုံးခုလောက်ထုတ်ပြီးတော့ မန္တလေးမှာ စုကြတယ်။ ခင်မောင်တိုး၊ မောင်မောင်၊ တွတ် ကီ၊ ဇော်မျိုးထွဋ်နဲ့ ဦးတို့ပေါ့။ ‘မဟာဆန်သူ’ စီးရီးကျတော့ ‘မဇ္ဈိမလှိုင်း’ နဲ့ ဖြစ်သွားပြီ။ အဲဒီ မှာ စန္ဒရားမျိုးခင်လည်း ပါလာပြီပေါ့။
► ခင်မောင်တိုးအတွက် သီချင်းတွေကို ဆရာရေးပေးခဲ့တာလား။
ဟုတ်တယ်ပဲပြောရမှာပေါ့။ အဲဒီအချိန်က သီချင်းရေးလေ့ကျင့်နေတာဆိုတော့ ရေးထား တဲ့သီချင်းတွေကို ခင်မောင်တိုးကတော့ အဓိက ဆိုပေါ့။ ကိုနေဝင်းလည်း ရေးပေးတယ်။ အဲဒီ အချိန် ခိုင်ထူး ကလည်း အဆောင်မှာ သီချင်း လာဆိုတော့ သူကြိုက်တဲ့သီချင်းဆို သူကလည်း ဆိုပါတယ်။ ကိုယ်ကတော့ မရောင်းချင်ဘူးပေါ့။ အဲ ဒါပေမဲ့ ပိုက်ဆံက ပြတ်နေတော့ ခိုင်ထူး ကိုရောင်းလိုက်တာပေါ့။ ရည်ရွယ်တာတော့ ခင်မောင်တိုးဆိုဖို့ပေါ့။ သီချင်းတိုင်းတော့မဟုတ် ဘူးပေါ့။ သူကြိုက်တယ်ဆိုလည်း ဆိုပေါ့။ မကြိုက်လည်း သိမ်းထားပေါ့။ တခြားတစ် ယောက်ဆိုချင်ရင်လည်း ဆိုလို့ရတာပေါ့။ အဲ ဒီလိုမျိုးပေါ့။
► ခင်မောင်တိုးရဲ့ စိတ်နေသဘောထားနဲ့ မိတ်ဆွေတွေအပေါ်ထားတဲ့ သဘောထားကို လည်း ပြောပြပေးပါဦး။
ပြောရမယ်ဆိုရင် ညီအစ်ကိုတွေလိုပဲ။ တခြားအဖွဲ့တွေနဲ့မတူတာက ဒီအဖွဲ့က ဂီတကို အတူတကွ ပေါင်းစည်းဖန်တီးကြတယ်။ သူ့အ ကျိုးကိုယ့်အကျိုးကြည့်ကြတာပေါ့။ ရန်ကုန်မှာ ဆို တို့က အိမ်ရှင်ဆိုတော့ သူတို့လာရင် ကိုယ် က သူတို့နဲ့အတူတူ အဆောင်မှာ လိုက်နေပေါ့။ ရန်ကုန်သားအနေနဲ့ တာဝန်ယူပေါ့။ သီချင်း တစ်ပုဒ်ရေးပြီဆိုရင် ဝိုင်းအကြံÓဏ်ပေးပေါ့။ စိတ်အခန့်မသင့်လည်း ခဏပေါ့။ ပြဿနာ တော့ ဘာမှ ကြီးကြီးကျယ်ကျယ်မဖြစ်ပါဘူး။ မဆလနဲ့ကတော့ အဆင်မပြေဘူးပေါ့။ သူတို့ က မလုပ်နဲ့ဆိုတာကို ဆက်ပြီး လုပ်ကြတယ်။ အဲဒါမျိုးတွေကအစ တစ်ဖွဲ့လုံးက တူတယ်။ စိတ်တူကိုယ်တူပေါ့။ ကွယ်လွန်သွားတဲ့အထိ လည်း ညီအစ်ကိုလိုပဲ။
► ခင်မောင်တိုးအပေါ် ဆရာ့ရဲ့အမြင်က ရော။
သူက တို့အုပ်စုထဲမှာတော့ မင်းသားပေါ့။ ငယ်လည်း ငယ်တယ်လေ။ မိသားစုအနေအ ထားတွေကလည်း တူတယ်လေ။ ကိုယ့်မိသားစု မှာလည်း မောင်နှမက ၁ဝ ယောက်ကျော်။ သူ့မိသားစုက လည်း ဒီလိုပဲလေ။ မိသားစုအနေ အထားတွေကတူတယ်။ တစ်ယောက်ချင်း ကိုယ်လုပ်ချင်တာလုပ်ဖို့ ထွက်လာတော့လည်း အတူတူပဲ။ မိသားစုကိုလည်း သိပ်ပြီး မခင်တွယ် ကြတော့ဘူး။ ဒီမှာအတူ အလုပ်လုပ်တဲ့သူအ ချင်းချင်း အဆင်ပြေအောင်ပဲ နေကြတယ်။ အရမ်းခက်ခဲလာပြီဆိုရင် သူကလည်း သူ့အိမ် ကို အကူအညီတောင်း၊ ကိုယ်ကလည်း ကိုယ့် အိမ်အကူအညီတောင်းပေါ့။ သူများတွေ ထက် ပိုပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်။ တစ်ယောက် ဒုက္ခရောက်ရင် တစ်ယောက်က ဝိုင်းပြီး ခံစားပေးတယ်ပေါ့။ အောင်မြင်တယ် ဆိုလည်း အတူတူပေါ့။
► ခင်မောင်တိုးရဲ့ မိသားစုအကြောင်းက ရော။
အသေးစိတ်တော့ မသိဘူး။ ခုနပြောသ လိုပေါ့။ မောင်နှမတွေများတယ်။ ခင်မောင်တိုး အဖေလည်း တရားသူကြီးပဲ။ တို့အဖေလည်း တရားသူကြီးပဲ။ ကျောထောက်နောက်ခံချင်း တူတယ်။ နောက် ပြီး သူ့မိသားစုက ဗုဒ္ဓဘာသာ တွေ၊ တို့မိသားစုက ခရစ်ယာန်တွေ အဲဒါကွာ တာပေါ့။ သူငယ်ချင်းအချင်းချင်းတွေ့တဲ့အခါ ကိုယ်ကလည်း ကိုယ့်ဘဝကိုယ် စိတ်ပျက်နေ တော့ သူတို့ဘာကိုးကွယ် လည်း သိချင်တယ်။ ဗုဒ္ဓဘာသာအကြောင်းသိချင်လာတယ်။ အဲဒီ မှာ ကိုမောင်မောင်က ဗုဒ္ဓစာအုပ်၊ ဓမ္မစာအုပ် တွေပေးတယ်။ အဲဒါတွေဖတ်ပြီး နားမလည်ရင် သူတို့ကို မေးပေါ့။ အဲဒီမှာ ဗုဒ္ဓဘာသာနဲ့ ရတနာသုံးပါးကို ယုံကြည်လာတယ်။ ဂစ်တာ တီးပြီး သီချင်းလုပ်တာက တစ်ပိုင်း၊ အားရင် ဓမ္မစာအုပ်တွေဖတ်နေတာပဲ။ နှစ်နှစ်ကျော် ကျော်လောက်ကြာတော့ ကိုယ်လည်း ဗုဒ္ဓဘာ သာကို တော်ေ တ်ာသဘောပေါက်လာတယ်။ ယုံကြည်လက်ခံလာတယ်။ ကိုယ့်မိသားစုကို လည်း ပြန်ပြောလာနိုင်တယ်ပေါ့။ ခင်မောင် တိုးကြောင့်လည်း ဗုဒ္ဓဘာသာကို ပိုပြီးနား လည်လာတာပေါ့နော်။ သူ့မိ သားစုကလည်း ကိုယ့်ကို သူတို့မိသားစုလိုပဲ သဘောထားကြ တယ်လေ။
► ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်ဆိုရင် ခင်မောင်တိုး ကွယ်လွန်တာ တစ်နှစ်ပြည့်ပြီ နော်။ အဲဒီအတွက် ဦးအနေနဲ့ ဘာများအမှတ် တရပြောချင်ပါလဲ။
သူမဆုံးခင်ကတည်းက သူနဲ့ လူချင်းမ တွေ့ဖြစ်တာ။ ကိုယ်က အမေရိကားရောက်နေ၊ သူက စင်ကာပူမှာ ဆေးကုနေပေါ့။ သူဆုံးသွား တော့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားတဲ့ အတွက် စိတ် ထဲက ဝမ်းနည်းတယ်။ သူဆုံးသွား ပေမယ့် သူ့ရဲ့ သီချင်းတွေက အခုအချိန်ထိ နောက်Generation တွေအတွက် ရှင်သန် နေတုန်းပဲလေ။ ‘ပန်းရဲ့လမ်း’ မှာဆိုလည်း သူ့ ရဲ့ သီချင်းတွေက အမြဲတမ်း ဆိုဖြစ်နေတာပဲ။ အဲဒါကြောင့် သူ့ကို တစ်ရက်မှ မေ့လို့မရဘူး။ စိတ်ထဲမှာ မသေဘူးပေါ့နော်။ သူ့ကို သတိရ တာနဲ့ သူ့ကို မေတ္တာပွားတာပေါ့။ ကိုယ်က မေတ္တာပွားတော့ သူလည်း ခံစားရမယ်ထင်ပါ တယ်။
ဂီတလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ‘ခင်မောင်တိုး’ ကွယ်လွန်ခဲ့တာ အခုလဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။ သူကွယ်လွန်သွားခဲ့တာဟာ ဆိုရင် ဂီတလောကအတွက် တန်ဖိုးမဖြတ်နိုင် တဲ့ ဆုံးရှုံး မှုဖြစ်သလို ဂီတသမားများနဲ့အတူ သူ့ရဲ့ ဂီတပရိသတ်အတွက်လည်း အစားပြန် မရနိုင်တဲ့ ဆုံးရှုံးမှုပဲဖြစ်ပါတယ်။ ခင်မောင်တိုး ကွယ်လွန်သွားခဲ့ပေမယ့် သူဖန်တီးခဲ့တဲ့ အနုပ ညာ၊ သူသီဆိုခဲ့ တဲ့ တေးသီချင်းတွေကတော့ ဂီတပရိသတ်ရဲ့ရင်ကို အစဉ်အမြဲ ဆွဲကိုင်လှုပ် ခတ်စေမည်သာ…
ဖြူ
http://www.mrfashionmagazine.com/?p=1145

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။