Guide Magazine
ချို့ယွင်းချက်များကို ကိုယ်တိုင်ပြင်ဆင်နိုင်ပြီး ကြာရှည်အသုံးခံနိုင်တဲ့ ဘတ်ထရီတစ်မျိုး တီထွင်အောင်မြင်
================================
MTZT
================================
MTZT
ဖုန်းဘတ်ထရီတွေဟာ အချိန်အတိုင်းအတာတစ်ခုထိ ကြာရှည်အသုံး ခံနိုင်ပေမယ့် ဓာတ်အားသွင်းမှု အကြိမ်ရေများလာပါက အချိန်တိုတွင်း ပျက်စီးသွားနိုင်ပါတယ်။
Stanford University ကသုတေသီများက ချို့ယွင်းချက်များကို ကိုယ်တိုင်
ပြင်ဆင်နိုင်ပြီး ကြာရှည်အသုံးခံနိုင်တဲ့ မျိုးဆက်သစ် ဘတ်ထရီတစ်မျိုးကို
အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ electrode တွေရဲ့အပေါ်မှာ ပိုလီမာဒြပ်ပေါင်းတစ်မျိုးကို ဖုံးအုပ်ကာ အဆိုပါဘတ်ထရီကို ဖန်တီးထားတယ် လို့ဆိုပါတယ်။
ဘတ်ထရီများဟာ အားသွင်းမှုပြုပါများလာပါက electrode အကျုံ့အကျယ်ဖြစ် တတ်ပြီး ဒြပ်ပေါင်းများကို ပြိုကွဲပျက်စီးစေတတ်ပါတယ်။ electrode အပေါ်မှာ ဖုံးအုပ်ထားတဲ့ Carbon အမှုန်သေးသေးလေးများနဲ့ ဖွဲ့စည်းထားသည့် ပိုလီမာဒြပ်ပေါင်းက ထိုသို့ပြိုကွဲသွားတဲ့ ဒြပ်ပေါင်းများကို နာရီအနည်းငယ် အတွင်း ပြန်လည်ကောင်းလာနိုင်အောင် စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်ကာကွယ်နိုင်စွမ်းရှိခြင်းက သက်ရှိသတ္တဝါများနဲ့အပင်များအတွက် အလွန်အရေးပါတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီဖြစ်စဉ်နိယာမအတိုင်း lithium ion ဘတ်ထရီကို ပေါင်းစပ်ပေးခြင်းအားဖြင့် ဘတ်ထရီကိုပိုပြီးကြာရှည်စွာ အသုံးခံနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဘတ်ထရီနည်းပညာသစ်ကို စမတ်ဖုန်း များတွင် အဓိကထားအသုံးပြုနိုင်ရန် ရည်ရွယ်ကြောင်း သိရှိရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။