ကို စိန်သန်း
ဖေ့စ်ဘုတ်အစ ရိုမန်အင်ပါယာက ...
( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
ရိုမန်အင်ပါယာက ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ကဲ့သို့ ကွန်ရက်တခု ကို တီထွင်ခဲ့ကြောင်း လွန်ခဲ့သည့်နှစ်များစွာက ရှိခဲ့သော မှတ်တမ်းများကို ဆန်းစစ်ကာ ဒေးလီးမေးလ် သတင်းစာ၏ ဂျာနယ်လစ် စာရေးဆရာ တွမ်ဆန်တန်ဒစ်မှ လေ့လာတွေ့ရှိခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က တည်ရှိခဲ့သော အဆိုပါ ရောမအင်ပါယာခေတ်က တွေ့ရှိခဲ့ သည် ဆိုသည့်အရာမှာ ဂရစ်ဖီတီဟု ခေါ်ဆိုသည့် နံရံပန်းချီအတတ်ပညာဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ဆက် သွယ်ရာတွင် ယခု လူမှုကွန်ရက်ကဲ့သို့ အလုပ်လုပ်ခဲ့ ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဖေ့စ်ဘွတ်၏ နာမည် ကျော် " Wall " ကဲ့သို့ ၎င်းတို့တွင်လည်း ဂူနံရံတည်ရှိပြီး တစ်ဦး၏ ခံစားချက်ကို ဖော်ပြခြင်းဖြင့် ဂရစ်ဖီတီ ရေးဆွဲသည်မှာလည်း ယခု ဖေ့စ်ဘွတ်တွင် ဓာတ်ပုံတင်ခြင်း၊ စိတ်ခံစားမှု ပုံရိပ်ကလေးများ ပို့လွှတ်ခြင်းနှင့် ဆင်တူပြီး ပိုမို ထင်ယောင်ထင်မှားဖြစ်သည့်အချက်က "Photo Comment" " Comment War" တို့နှင့် အလားသဏ္ဍာန်တူ ထပ်တူညီ ရုပ်ပြောင်ရေးဆွဲမှုများ လေ့လာတွေ့ရှိ ခဲ့ကြောင်း စာရေးဆရာ ဆန်တန် ဒစ်မှ ပြောကြားခဲ့သည်။
“အရေးကြီးဆုံး ကြီးမားတဲ့အချက်က ဒါတွေဟာ (ဒီ ရုပ်ပြောင်၊ သင်္ကေတနဲ့ သရုပ်ဖော်မှုမျိုးစုံ) တစ်ဦး နဲ့တစ်ဦး ဆက်သွယ်တဲ့အရာတွေ ဖြစ်နေတာပါပဲ။ အဖွဲ့ တစ်ဖွဲ့ဟာ နေရာတစ်နေရာ ရောက်ရင် ဂူနံရံ (Wall) ကို အရင်ဆုံးကြည့်တတ်တာလည်း မိုးလင်းတိုင်း ဖေ့စ်ဘွတ်ဖွင့်တဲ့ ကျွန်တော်တို့ ထုံးစံလိုပါပဲ” ဟု စာရေး ဆရာက ရှင်းပြခဲ့ပါသည်။
ရောမခေတ်အတွင်း နံရံပေါ်တွင် တဦးနှင့်တစ်ဦး ဆက်သွယ်အသိပေးခြင်း အထိမ်းအမှတ်တစ်ခု ရှိခဲ့ ကြောင်း အီကောနောမစ်မှ အယ်ဒီတာတစ်ဦး ဖြစ်သူက ရေးသားခဲ့ပြီး ရောမခေတ်တွင် ယခုခေတ်လိုမျိုး လူမှုကွန်ရက်တစ်ခု တည်ထောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရေးသားခဲ့ဖူးသည်။ စာရေးဆရာ ဆန်တန်ဒစ် သည် "Victorian internet" စာအုပ် ဖြင့် နာမည်ကြီးလာသူဖြစ်ပြီး ရှေးခေတ်ဟောင်း အနုပညာနှင့် ခေတ်သစ်အတတ် တို့ကို ပေါင်းစပ်ရေးသားရာတွင် နာမည် ကျော်တစ်ဦးဖြစ်သည်။
Ref: DailyMail

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။