Golden Land Myanmar
အလုပ်ကို စေတနာ ထားပြီး လုပ်တဲ့ အတွက် ပရိသတ်က ကိုယ့်ကို လက်ခံ တဲ့ သဘောပဲ - ချမ်းချမ်း
လူသန်း ပေါင်း ၆၀ ထဲမှာ အောင်မြင် ကျော်ကြားတဲ့ လူဖြစ်ဖို့ ဆိုတာက တကယ် ကို မလွယ် လှတဲ့ ကိစ္စ ရပ် ပါ။ အောင် မြင် ကျော်ကြား သူတွေမှာ ဘယ်လို ကိုယ် ရည် ကိုယ်သွေးတွေ ပိုင်ဆိုင် ထားလဲ၊ သူတို့ ကဘယ်လို အကြောင်းအရာ တွေပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင် ထားလဲ ဆိုတာ စိတ်ဝင် စားစ ရာပါပဲ။
ကိုယ့်ကိုယ် ကို ဘာဖြစ်လို့ အောင်မြင် လာတယ...် လို့ ထင်လဲ

အစ်မထင် တာ အောင်မြင်မှု ရယ်လို့ မဟုတ် ဘူး။ ကိုယ် ခံယူရင် ခံယူတတ် သလိုပေါ့။ အစ်မ က အလုပ် တစ်ခုကို အကောင်းဆုံး စေတ နာ ထားပြီး လုပ်ပေးတဲ့ အတွက် ပရိ သတ် က ကိုယ့်ကို လက်ခံတဲ့ သဘော ပါပဲ။ အရမ်းကြီး ကြီးကြီးကျယ် ကျယ် ဘာမှ မရှိပါဘူး။
ကိုယ့်ကို ပရိသတ်က ဘာဖြစ်လို့ ကြိုက်ကြ တယ်လို့ ထင်လဲ
အဲဒါလည်း အစ်မ သူတို့နဲ့ ခံ စားချက် တူညီတဲ့ သီချင်းလေး တွေ ဆိုပေးလို့ အစ်မ သီချင်းတွေက ပရိ သတ် နဲ့ ခံစားချက် တူတဲ့ သီချင်း တွေ ဖြစ်နေလို့ နေမှာပါ။ အစ်မ ကဘာပဲ လုပ်လုပ် စေတနာ ထားပြီး လုပ်တော့ သူတို့ ဘက် ကလည်း အဲဒီ စေတနာ ကို တုံ့ပြန် တဲ့ သဘောပါပဲ။
တေးရေး ဆရာ တစ်ယောက် က သီချင်း တစ်ပုဒ်ကို ချပေးတဲ့ အခါမှာ လွယ်လွယ် ကူကူ ရတတ် တဲ့သူလား
အစ်မကို နှစ်ခေါက်၊ အလွန် ဆုံးသုံး ခေါက် လောက် ဆိုပြရင် ရ တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ အ လုပ် တစ်ခု လုပ်တော့မယ် ဆိုရင် အဲဒီ အလုပ် ကို အရမ်း အာရုံ စိုက်ပြီး လုပ်တဲ့ အတွက်ကြောင့် ဆယ်ခေါက် လောက် နားထောင် စရာ မလိုဘူး။ ဒါပေမဲ့ အရမ်း ခက်တဲ့ အလိုက်မျိုး ဆို ရင်တော့ လေးခေါက်၊ ငါးခေါက် လောက် အိမ်မှာ ပြန် နားထောင် ဖြစ်တယ်။ အဲဒီလို မဟုတ် ဘဲ ဒီ အတိုင်း လက်တန်း ချရင်တော့ နှစ် ခေါက် လောက် နဲ့ရပါတယ်။
တစ်ယောက်တည်း နေရင် ဘာလုပ်လဲ
အစ်မ တစ်ယောက်တည်း ရှိနေ ရင် ဈေးဝယ်ထွက်တယ်။ တစ်ခါ တလေ အိမ်သန့်ရှင်းရေး လုပ်တယ်။
MTV ရိုက်တဲ့ အခါမှာ ရှုတင် မိတ်ကပ် လိမ်းရတာ ကို ကြိုက်လား
တစ်နေကုန် ကျ တော့လည်း ရှုတင် မိတ်ကပ် လိမ်းထားတာ ငြီးငွေ့ တာပေါ့။ ဒါပေမဲ့ အစ်မ တို့ရဲ့ အ လုပ်ပဲ။ သာမန် လို ဝတ်စား နေလို့ မရ ဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ပရိသတ် တွေက ကိုယ့်ကို လာအားပေး တာ။ ကိုယ့်ကို အနု ပညာ သမားတစ် ယောက် အနေနဲ့ မြင်ဖို့ အတွက် အ ဆောင် အယောင်တွေ ဝတ်ရ တယ်။ အကျီ အဝတ်အစား တွေ ဝတ်ရတယ်။ Accessories တွေ ဝတ်ရတယ်။ ဒါပေမဲ့ ပေါ့ပေါ့ ပါးပါး ပွဲလေး တွေ ဆို အရမ်းကြီး မပြင် ဖြစ်ဘူး။ VCD ဆိုရင် တော့ ကင်မရာ ထဲမှာ ကြည့် ကောင်းအောင် ပြင်ရ တယ်။
အောင်မြင်မှု တိုင်းမှာ လျှို့ဝှက်ချက် ရှိတယ် ဆိုတဲ့ စကား အပေါ် အစ်မ အနေနဲ့ ဘယ်လို မြင်မိလဲ
အစ်မက ရိုးရိုး သားသားနဲ့ အ လုပ် ပေါ်မှာ သစ္စာ ရှိရှိ လုပ်တယ်။ ပြီး တော့ အောင်မြင် ဖို့ထက် အလုပ် ကို ကောင်းအောင် ပဲ လုပ် တတ် တယ်။ အောင်မြင် တာက အလုပ် ကောင်း မှ ကိုယ့်နောက် က လိုက်လာ မှာလေ။
မိုးထက်ကျော်
8 Days

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။