သက်တန့်ချို
တစ်ခါတုန်းက အဘိုးအိုတစ်ယောက်က အိမ်နီးနားချင်းဖြစ်တဲ့လူတစ်ယောက်ကို သူခိုးဆိုပြီးစွပ်စွဲခဲ့တယ် ။ ရလဒ်အနေနဲ့ အိမ်နီးချင်းဖြစ်သူဟာ အဖမ်းခံခဲ့ရတယ်။ ဒါပေမယ့် ရက်အနည်းငယ်အကြာမှာတော့ အိမ်နီးချင်းဖြစ်သူက သူ့ကိုယ်သူ အပြစ်မရှိကြောင်းရိုးသားသူဖြစ်ကြောင်းပြသနိုင်ခဲ့တယ် ။ သူ အဖမ်းခံနေရာကနေပြန်လွတ်လာတဲ့အခါ အဖိုးအိုကို မဟုတ်မမှန်စွပ်စွဲတဲ့အတွက် တရား ပြန်စွဲခဲ့တယ် ။
တရားရုံးမှာ အဖိုးအိုက တရားသူကြီးကိုပြောတယ် “ အ...ဖိုးက ထင်မြင်ယုံသာ ပြောခဲ့တာပါ ဘယ်သူ့ကိုမှမထိခိုက်စေခဲ့ပါဘူး ” ဒီတော့တရားသူကြီးက အဖိုးအိုကိုပြောတယ် ။
“ အဖိုးရဲ့အိမ်နီးချင်းကိုပြောတဲ့စကားတွေအားလုံးကို စာရွက်တစ်ရွက်ပေါ်မှာချရေးလိုက်ပါ ပြီးတော့ အားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်ဆုပ်ဖြဲလိုက်ပါ ပြီးတော့ အိမ်ကိုပြန်တဲ့လမ်းတလျောက်မှာ ချပစ်ခဲ့ပါ မနက်ဖြန် ကျရင် အမိန့်ချမှတ်ပါ့မယ် တရားရုံးကိုပြန်လာခဲ့ပါ ” တဲ့ ။
နောက်တစ်ရက်ရောက်တဲ့အခါ တရားရုံးမှာ တရားသူကြီးက အဖိုးအိုကိုပြောတယ် “ အမိန့်မချမှတ်ခင်မှာ အဖိုးအပြင်ကိုထွက်ပြီးမ နေ့က အိမ်ပြန်လမ်းမှာ ပစ်ချခဲ့တဲ့စက္ကူ အပိုင်းအစတွေကို ကောက်ယူခဲ့ပေးပါ ”
အဖိုးအိုကပြန်ပြောတယ် “ ကောက်ယူလို့မရနိုင်ပါဘူး လေတိုက်လို့စက္ကူတွေအာလုံး လေနဲ့အတူပါသွားပါပြီ ဘယ်လိုရှာရမှန်းငါမသိဘူး ” ဒီတော့တရားသူကြီးက အဖိုးအိုကိုပြောလိုက်တယ် ။
“ ဒီလိုပါပဲ အဖိုးရယ် ဘာရယ်မဟုတ်ဘူး သူများကိုကောက်ချက်ချမိလိုက်တာလေးက လူတစ်ယောက်ကို အတိုင်းအတာတစ်ခုအထိ ဒုက္ခရောက်သွားစေနိုင်ပါတယ် တကယ်တော့လူတစ်ယောက်အကြောင်းကို သေသေချာချာမသိရင် အဲဒီလူအကြောင်း ဘာမှမှတ်ချက်မပေးတာ အကောင်းဆုံးပါပဲ
==========================
ကျွန်တော်တို့အားလုံး ကျွန်တော်တို့ပါးစပ်ပေါက်တွေရဲ့ အရှင်သခင်သာဖြစ်ကြပါစေ
ပါးစပ်ကထွက်လာတဲ့စကားလုံးတွေရဲ့ ကျွန်တွေမဖြစ်ကြပါစေနဲ့ ..။
စကားတစ်ခွန်းရှိပါတယ်
Think before you speak တဲ့ ..
စကားမပြောခင်အရင်စဉ်းစားပါလို့ဆိုတယ် ဘာတွေ စဉ်းစားရမှာလဲဆိုတော့
ကိုယ်ပြောတဲ့စကားက မှန်ရဲ့လား
ကိုယ်ပြောတဲ့စကားက အကူအညီပေးရာရောက်ရဲ့လား
ကိုယ်ပြောတဲ့စကားက တကယ်လိုအပ်ရဲ့လား
ကိုယ်ပြောတဲ့စကားက လမ်းကြောင်းမှန်ရဲ့လား
ကိုယ်ပြောတဲ့စကားက အကျိုးရှိစေရဲ့လား ဆိုတာတွေကိုပေါ့ ။
သက်တန့်ချို
REF : THINK BEFORE YOU SPEAK

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။