Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 21, 2013

ခရီးများ အဆုံးထိ လျှောက်မယ့် အဆိုတော် လင်းလင်း နဲ့ ပြင်ဦးလွင်ပွဲ မတိုင်မီ တွေ့ဆုံခြင်း

 
လင်းလင်း ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲ ကို နိုဝင်ဘာ ၁၇ ရက်နေ့ ပြင်ဦး လွင် မြို့မှာ ကျင်းပ မှာဖြစ်ပါ တယ်။ အဲဒီပွဲ အ တွက် သီချင်း ၂၅ ပုဒ်၊ အပုဒ် ၃ဝ လောက် ပြင် ဆင်ထား တယ် လို့ လင်းလင်းက ပြောပါ တယ်။ သူ့ရဲ့ဖျော်ဖြေပွဲ ကနေ ရရှိတဲ့ အမြတ် ရော၊ အရင်းပါ လူကုန်ကူးခံ ရသူများ အတွက် ကူညီလှူ ဒါန်း မယ်လို့ပြောတဲ့ လင်းလင်း နဲ့ အခုလို တွေ့ဆုံမေးမြန်းဖြစ်ပါ တယ်။
မေး- ကိုလင်းလင်း တစ်ကိုယ် တော်ဖျော်ဖြေပွဲလုပ်တော့ ဖိအား တွေများ ရှိခဲ့မလား။
အမှန်အတိုင်း ပြောရရင် ဖိအား တွေတော့ မရှိဘူးဗျ။ ပေါ့ပေါ့ပါးပါး အကုန် တိုင်ပင်ပြီး ဘယ်အပိုင်း ဘယ်သူ တာဝန်ယူမလဲ ဆိုပြီး လုပ်ကြတယ်။ ကျွန်တော်က ဘာ တာဝန် မှ မယူဘူး။ ဆိုတာ သတ်သတ်ပဲ။ ဘာမှ ခေါင်းထဲ မထည့်ဘဲ ဖျော်ဖြေခဲ့တာပါ။
မေး- အခု ကိုလင်းလင်း ရဲ့ ဖျော်ဖြေ ပွဲက ရလာမယ့် အမြတ်ရော၊ အရင်း ကိုပါ လူကုန်ကူးခံရ သူများ အတွက် ကူညီပေးဖို့ အကုန် လှူမယ်လို့ သိရတယ်။ တခြား ကူညီ လှူဒါန်းစရာ နေရာတွေ ရှိပေမယ့် လူကုန်ကူး ခံရ တဲ့ လူတွေကို ကူညီပေးဖို့ ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါလဲ။
ကျွန်တော်တို့ တိုင်ပင်ကြတယ်။ ဘယ်နေရာတွေ မှာ လှူမလဲပေါ့။ ကျွန်တော်တို့ ဆီမှာ လိုအပ်တဲ့နေရာ တွေ အများကြီး ရှိပါတယ်။ အဲဒါတွေ အကုန်ကို လိုက်လုပ်ရင် နည်းနည်းစီ ဆိုတော့ မထိရောက်နိုင်ဘူး။ ဒါ ကြောင့် ထိထိရောက်ရောက် တစ်ခု လုပ်ဖို့ စဉ်းစား ရွေးချယ်ပြီး ဒီ လူကုန် ကူးမှုနဲ့ ပတ်သက်ပြီး လူကုန်ကူး ခံရတဲ့ လူတွေကို ကူညီပေး ဖို့ ဆုံးဖြတ်လိုက် တာပါ။ လူကုန်ကူး ခံနေရတာတွေက တကယ်တမ်း ပြောရရင် အမျိုးသား နိုင်ငံရေး လုံခြုံမှု၊ အမျိုးသား လုံခြုံရေး နဲ့ပါ ဆိုင်လာတယ်။ လူကုန်ကူး ခံရတဲ့ အမျိုးသမီး အများစုက လိင်ကျွန် ပြုခံရတယ်။ သူတို့တွေ ပြန်လာရင် HIV ပါလာတာ ၈ဝ၊ ၉ဝ ရာခိုင်နှုန်း လောက် ရှိကြတယ်။ သူတို့ လိုအပ် ချက်တွေ ဖြည့်ဆည်းပေးမယ်။ သူတို့ ပြန်လာလို့ တရားတဘောင် ကိစ္စတွေ မှာ တရားစွဲဆိုမယ် ဆိုရင် ရုံးစရိတ် တွေကအစ ကူညီပေးမယ် လို့ စီစဉ် ဆုံးဖြတ်ထား ပါတယ်။
မေး- ကိုလင်းလင်းက လူမှုရေး လုပ်ငန်းတွေမှာ တက်ကြွသလို အမျိုးသား ရေးမှာလည်း တက်ကြွတာ တွေ့ရ တယ်။ဘယ်အချိန်လောက် ကတည်း က လုပ်ဖြစ်ခဲ့တာ လဲ။
ကျွန်တော် ရန်ကုန် သွားပြီး အဆိုတော် မလုပ်ခင်ကတည်းက ဟိုစပ်စပ်၊ ဒီစပ်စပ် အမြဲပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် မန္တလေး မှာနေတဲ့ ၂၇ လမ်း ဆိုလည်း ဆုတောင်းပြည့် ဘုရားထဲမှာပဲနေ၊ အိပ်ခဲ့တာ။ ဘုရားလူငယ်ကို အားကျပြီး လိုအပ်တာတွေကို လိုက်လုပ်ခဲ့ တာ။ ငယ်ငယ်က တည်းက ကိုယ် ဝါသနာပါလို့ လုပ်ဖြစ်ခဲ့ တာပါ။
မေး- ကိုလင်းလင်းနဲ့ ကိုမောင်မောင် ဇော်လတ် တို့က အစ်ကိုတို့ သီချင်းတွေ ရဲ့ ရပိုင်ခွင့်တွေ နဲ့ပတ်သက်ပြီး ကြေညာခဲ့တာ ရှိတယ်။ အဲဒါတွေ တကယ့် လက်တွေ့ မှာရော ရရဲ့လား။
ကျွန်တော်နဲ့ ကိုဇော်လတ် တို့က ကျွန်တော်တို့မှာ ရှေ့နေ ရှိတယ်။ ကျွန်တော်တို့ သီချင်းတွေကို အသိ မပေးဘဲ၊ ဘဘော တူညီမှု မရှိဘဲ ဘာမှ မလုပ်ပါနဲ့၊ တူညီမှု ရပြီးမှ လုပ်ပါလို့ ကြေညာထားတယ်။ တချို့က လာ ဆက်သွယ်တယ်။ တူညီမှုနဲ့ အလုပ် လုပ်တယ်။ တချို့ကတော့ လက်တည့် စမ်းပြီး မယူဘဲလုပ်တာ တွေရှိတယ်။ အဲဒီ အခါမှာ ကျွန်တော်တို့ နှစ်ခု လောက်တော့ တရားစွဲ လိုက်တယ်။ တစ်ခုက နစ်နာကြေး ပေးပြီး ဖြေရှင်းလို့ ပြီးသွားတယ်။ တစ်ခုကတော့ တရားတဘောင် အထိရောက် သွား တယ်။ရ လာတဲ့ရလဒ်က အပေါင်း ဖြစ်တယ်။ ကျွန်တော်တို့က သီချင်း တွေကို ပိတ်ပင်တာ မဟုတ်ဘူး။ တချို့ သီချင်း ပြိုင်ပွဲတွေဆို ကျွန် တော် အလကား ကိုပေးတာ။ ကျွန် တော်တို့က အသိပေးမှု တစ်ခုပဲလို ချင်တာ ။ငွေကြေး ပိုတောင်းချင်လို့ မဟုတ်ဘူး။
မေး- မန္တလေးမြို့ သေဆုံခြင်း သီချင်း ကိုတော့ ရန်ကုန်ပွဲမှာ ဆိုခဲ့တယ်။ ပြင်ဦးလွင်ပွဲမှာ အဲဒီသီချင်း ပြန်ဆို ဖို့ရှိမလား။
အဲဒီ သီချင်းက အခု စီစဉ်ထားတဲ့ အထဲ မှာတော့ မပါဘူး။ ဒါပေမဲ့ တစ်ကိုယ်တော်ရှိုး ခေါင်းစဉ် တပ်ထားပြီး ပရိသတ် ကအောက် က အော် ဟစ် တောင်းဆိုနေ မယ် ဆို ရင်တော့ ဆိုရ မှာပဲ။ မဆိုပါဘူး ဆိုရင် ဘာကြောင့် မဆိုတာလဲ ဆိုတဲ့ အကြောင်းပြချက် ရှိရမယ်။ ပရိသတ် တောင်းဆိုရင် ဆိုမှာပါ။
နေကွန်းထင်
 
မေး- မန္တလေးမြို့သေဆုံခြင်း သီချင်း အပြီးမှာ မန္တလေးနဲ့ပတ်သက်ပြီး သီချင်းထပ်ရေးထားတာရှိလား။
မန္တလေးနဲ့ ပတ်သက်ပြီး သီချင်း ရေးချင်တာ။ အမှန်အတိုင်း ဝန်ခံရရင် မန္တလေးမြို့ သေဆုံခြင်း သီချင်းရေး တုန်းကလည်း ကိုယ့်ကိုမွေးတဲ့ မြို့၊ ကိုယ်ရှင်သန် ကြီးထွား တဲ့ မြို့ ဆိုပြီး အမွှမ်းတင်ပြီး အကောင်းတွေရေး မယ်ဆိုပြီး ရေးတာပဲ။ ဒါပေမဲ့ အဲဒီ လိုမျိုး ကြီးထွက်လာတာ။ ကျွန်တော့် မြို့ရဲ့ သဘာဝ အလှ၊ ရာဇဝင်တွေ နဲ့ ပတ်သက်ပြီး ရေးဖို့ရှိတယ်။ ဒါပေမဲ့ ထွက် မလာဘူး ဖြစ်နေတယ်။ ကျွန်တော် ထင်တယ်၊ အဲဒီလို စာသားတွေ ထွက်လာဖို့ မြို့သစ်ဘက် မှာ သွားနေရမယ် ထင်တယ် (ရယ်လျက်)။ မန္တလေးမြို့ သေဆုံးခြင်း သီချင်း အကြောင်းအရာတွေက စိတ်ထဲမှာ နှစ်များစွာ တည်ပြီး အောင်းနေခဲ့တာပါ။ ရေးတော့ တစ်ထိုင် တည်း ရေးဖြစ် သွား တာပါ။
မေး- ကိုလင်းလင်း အခု နောက်ပိုင်း ရှိုးပွဲတွေမှာ “ခရီးများ အဆုံးထိ” သီချင်းကို ဆို လာတာတွေ့ ရတယ်။ အဲဒီ သီချင်း ဆိုဖြစ်တာ နဲ့ ပတ်သက်ပြီး ကိုလင်းလင်း မှာ ပြော စရာ တစ်ခုခု များရှိမလား။
အဲဒီ သီချင်းက ဘဝနဲ့ပတ်သက် ပြီး အားပေးချင်တဲ့ သီချင်းတစ်ပုဒ်ပါ။ ရှိုးပွဲတွေမှာ နောက်ဆုံးပိတ် ဆိုရင် ပရိသတ် တွေကို ဝန်ပိနေတဲ့ အကြောင်းအရာ တွေ နဲ့ ပွဲပိတ်ပြီး ပရိသတ် ကို မပြန်စေ ချင်ဘူး ။အဲဒါက အဓိက ရည်ရွယ် ချက်။ ပရိသတ်တွေ မှာလည်း ဖိအားမျိုး စုံရှိတယ်။ ပွဲလာကြည့်တဲ့ အခါမှာ ခဏလေးဖြစ်ဖြစ် စိတ် သက်သာပျော် ရွှင်ရတယ် ဆို ကျွန်တော်လည်း ကုသိုလ် ရတယ်။ အဲဒါကြောင့် ပီတိလေး တစ်ခု၊ အပျော်လေး တစ်ခုနဲ့ အိမ်ပြန် ရအောင် ကျွန်တော့် အပိတ် သီချင်း အဖြစ် ခရီး များ အဆုံး ထိလျှောက် သီချင်း ကို ဆို ဖြစ်တာပါ။ ကျန်တာ ဘာမှ မရှိပါဘူး။
မေး- ကိုလင်းလင်း ရဲ့ အခုတစ်ကိုယ် တော်ရှိုးခွေ ကလည်း ခြောက်လ အတွင်း ခွေထွက်မယ် ပြောတယ်။ သံမဏိလိပ် ပြာ ကလည်း ဗီစီဒီ ထွက်လာဖို့ ရှိတော့ ဘယ် အခွေ အရင် ထွက်လာမလဲ။
ဒီရှိုးခွေက အရင် ထွက်မယ်။ သံမဏိ လိပ်ပြာဗီစီဒီက နည်းနည်း ကြာမယ်။ တစ်နှစ်လောက် အဲဒီခွေ ရိုက်ဖို့ အချိန်ယူ ထားတယ် ။အဲဒီခွေနဲ့ ပတ်သက်ပြီး ကိုယ် လုပ်ပြချင် တဲ့အရာ တွေ အကုန်လုံး လုပ်ချင်တာ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ထဲက ရိုက်ပြလို့ ကောင်းမယ့် နေရာတွေကို သွားပြီး ရိုက်ချင်တာပါ။ အခု ရိုက်ကူးမှုတွေ ထဲ မှာ တွေ့ ရခဲတဲ့နေရာတွေ ကို ခရီး ထွက်ပြီး ရိုက်မယ်။
မေး-မန္တလေးမှာ အခု နောက်ပိုင်း မန္တလေး အဆိုတော်တွေ ခွေထွက်လာ ကြတာ တော်တော် များတယ်။ မန္တလေး ဂီတ အသိုင်းအဝိုင်း အပေါ် ကိုလင်း အမြင်ကရော။
ကျွန်တော် အမှန်အတိုင်းပြော ရရင် အားပေးတယ်။ ကျွန်တော်တို့ ဂီတ ဆိုတဲ့ လမ်းပေါ်ရောက်ဖို့ ခက်ခဲ ကျဉ်းမြောင်းတယ်။ ကိုယ့်ရည်ရွယ် ချက် တစ်ခုကို ကြိုးစားမှုနဲ့ ရင်ထဲက ထုတ် မပစ်ခဲ့လို့သာ ဒီလမ်းကြောင်း ပေါ် ရောက်လာတယ်။ ကျွန်တော်တို့ တုန်းကဆို စတူဒီယို ရှားတယ်။ ရှိတဲ့ ဟာကျတော့ ကိုယ်နဲ့ လည်း အဆင် မပြေ၊ ဒိတ်ပေး ဖို့ ဘာဖို့ မတတ်နိုင် တာပေါ့။ အခု လူငယ်တွေ စုပြီး ခွေ တွေပေါင်း တီးကျတာ မျိုးကို ကြိုဆို တယ်။ ကြိုက်တယ်။ အားပေးတယ်။ ကျွန်တော့်ဆီ ရောက်လာတဲ့ လူငယ် တွေ အများကြီး ရှိတယ်။ ကိုယ်ရှေ့ မထွက်ဘဲ နောက်ကွယ် ကနေ အများ ကြီး ပံ့ပိုးကူညီပေးနေပါတယ်။
မေး- ကိုလင်းကို လူငယ်တွေ သီချင်း တွေ လာပြထားတာရှိလား။
ရှိတယ်ဗျ။ ဒါပေမဲ့ အများစုက ကျွန်တော် နဲ့ သိပ်အဆင် မပြေတာများ တယ်။ အဆင်မပြေဘူး ဆိုတာက သီချင်း မကောင်းတာ မဟုတ်ဘူး။ သီချင်း တွေကကောင်း တယ်။ ကိုယ့် ပုံစံနဲ့ မလိုက်တာ မျိုးတွေဖြစ်နေတာများ တယ်။ အမှန်တိုင်း ဝန်ခံရရင် တကယ့် လူငယ်တွေရဲ့ တကယ့် သီချင်း အသစ် တွေကို ဆိုချင်တယ်။ သီချင်းတွေ လာပြရင် ကျွန်တော် အမြဲတမ်း ဂရုတစိုက် နားထောင်တယ်။
မေး- ကြိုးစားဆဲ လူငယ်ဂီတ သမားတွေကို ဘာများပြော ချင်ပါသလဲ။
နောက်လာမယ့် အနာဂတ် ကာလမှာ အဆို တော်တွေကို သီချင်းပြ၊ အဆိုတော်တွေက ဆို ၊ သီချင်းရေးတာလေး နဲ့ ရပ်တည်ဆို တာမျိုးထက် ဘယ်လို ဖြစ်စေချင်လဲ ဆိုတော့ ကိုယ်ရေးထားတဲ့ သီချင်းကို ဆိုမယ့် အဆိုတော် အသစ်၊ တီးမယ့် Player အသစ်နဲ့ Group လိုက် အနုပညာ လမ်းကြောင်းကို ထိုးဖောက် စေချင် တယ်။ နောင် တစ်ချိန်ကျရင် ကိုယ့်အဖွဲ့နဲ့ ကိုယ် ရှေ့ထွက်လာ ကြလိမ့်မယ်။ ရန်ကုန်မှာ ဆိုလည်း ကျွန်တော်တို့ ထက်ဆိုနိုင်၊ တီးနိုင်၊ အနုပညာ ဖန်တီးနိုင်တဲ့ လူငယ် အဖွဲ့ တွေ အများကြီး တွေ့ရတယ်။ သူတို့တွေ အားယူနေ ကြပြီ။ မကြာခင် နှစ်ပိုင်းမှာ သူတို့တွေ ထိုးဖောက် လာလိမ့်မယ်။ မန္တလေးက လူငယ်တွေ ကို လည်း အဲဒီလို အဖွဲ့လေးတွေ နဲ့ ချီတက် စေချင်တယ်။
နေကွန်းထင

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။