ရှက်တတ်ရင် သေလောက်တယ်
OIC က သူ့ဝဘ်ဆိုက်မှာ ပြောတာက သူတို့ဟာ မွတ်စလင်ပြည်သူတွေရဲ့ စုပေါင်းအသံကို လွှင့်ထုတ်သွားမယ်၊ မြှင့်တင်သွားမယ်တဲ့...
မွတ်စလင်ပြည်သူလို့ ပြောရအောင် OIC ရုံးစိုက်တဲ့ ဆော်ဒီမှာတောင် ပြည်သူတစ်ချို့ အသံထွက်မှားလို့ ကျောက်တုံးထုသတ်ခံရတာ မနည်းဘူး။ သူတို့အဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံအများစုဟာ နိုင်ငံ့အာဏာကို အတင်းလုယူပြီး ပြည်သူတွေရဲ့ သျှာသီးငယ်ကို ဖြတ်ထားတဲ့ နိုင်ငံတွေ။ ပြောစရာတွေက တယ...်များသကိုးဗျို့။
ဖေ့ဘုတ်ပေါ်က လူအများစုကတော့ စာရှည်ရင် သိပ်မကြိုက်ကြဘူး။ ဒါပေမယ့် ရေးစရာတွေက ရှိနေတော့ ရေးချလိုက်ပြီ။ OIC နဲ့ ပြောရဆိုရတဲ့အခါ အချက်အလက်တွေ ရမယ်။ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ထင်ရဲ့။ ---
OIC အဖွဲ့ မြန်မာနိုင်ငံကို ရောက်မယ်။
ပါလာမယ့် နိုင်ငံတွေက အင်ဒိုနီးရှား၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ ဂျီဘောတီ နိုင်ငံတွေ။ လာတာက လူနည်းစု မွတ်တွေ အခွင့်အရေးအတွက်တဲ့။ ပြုံးမိတယ်။ ဩော်... ကိုယ့်မျက်ချီး ကိုယ်မမြင်တဲ့ နိုင်ငံတွေ။ ကိုယ်မှာ ၀ဲတွေ တပြိန်းပြိန်းနဲ့ သူများကို တကိုယ်ရည် သန့်ရှင်းရေး တရား လာဟောနေတဲ့ အဓမ္မ တရားဆရာတွေ။ Irony ဆိုတဲ့ အင်္ဂလိပ်စာလုံး အဓိပ္ပာယ်က သူတို့အဘိဓာန်မှာ ရှိပုံမရ။
အင်ဒိုနီရှား - ပါပူးဝါးနယူးဂီနီတခြမ်းကို မတရားသိမ်း။ ဒေသခံတွေကို သေနတ်ထောက်ပြီး အုပ်ချုပ်။ သန်းချီဒေသခံတွေကို သတ်ထားပြီး။ (အသေးစိတ်ကို ဤဆောင်းပါးတွင် ရှု -
https://www.facebook.com/photo.php?fbid=10100511437591889&set=pb.12821604.-2207520000.1384310256.&type=3&theater) လူနည်းစု ခရစ်ယာန်၊ ဗုဒ္ဓဘာသာဝင်တွေကို အနုနည်းနဲ့ တစ်မျိုး၊ အကြမ်းနည်းနဲ့ တစ်ဖုံ မနေနိုင် မထိုင်နိုင်အောင် နှင်ထုတ်၊ ဘာသာပြောင်းခိုင်း။
တူရကီ - စနစ်တကျ အစုလိုက်အပြုံလိုက်သတ်တဲ့နေရာမှာ တူရကီလူမျိုးတွေလောက် ကျွမ်းတာမရှိဘူး။ လူနည်းစု အာမေးနီးယန်း တစ်သန်းကျော်ကို ပထမကမ္ဘာစစ်အတွင်းနဲ့ စစ်အပြီးမှာ စီမံကိန်းဆွဲပြီး သတ်တာ။ ဒို့မြန်မာတွေထဲက တစ်ချို့က ကုလားကို ပါးစပ်ကနေ ဒီလိုလုပ်ဟ၊ ဟိုလိုလုပ်ဟလို့ ပြောရုံပဲ ရှိတယ်။ ဒီတူရကီတွေကမှ တကယ် လက်တွေ့ သတ်တာ။ နှစ်ဆင့်ခွဲပြီး သတ်တာ။ ပထမအဆင့်အနေနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ ယောက်င်္ကျားတွေကို အစုလိုက်ညှင်းပန်းနှိပ်စက်ပြီး သတ်၊ ဒုတိယအဆင့်ကတော့ မိန်းမတွေ ကလေးတွေ၊ လူကြီးလူအိုမသန်စွမ်းတွေကို ချုပ်နှောင်ပြီး မသေ သေအောင် ဆီးရီးယား သဲကန္တာရဆီကို လမ်းလျှောက်ခိုင်းခဲ့တာ။ လူတွေက ဟစ်တလာ ဂျူးတွေကို သတ်တာလောက်ပဲ သိတယ်။ ဒါက ဂျူးတွေက ရုပ်သံ၊ ရုပ်ရှင် နဲ့ မီဒီယာတွေကို ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ထိန်းနိုင်လိုက်လို့။ အားမေးနီးယန်းတွေကျတော့ သူတို့အတွက် ပြောပေးမဲ့ မီဒီယာ ကောင်းကောင်း မရှိတော့ လူသိနည်းတယ်။ နိုင်ငံတကာ အကြောင်းလေ့လာတဲ့ လူတွေလောက်ပဲ သိကြတာ။ ဒါတောင် အာမေးနီးယားတစ်စုတည်း မဟုတ်ဘူး။ တခြား တိုင်းဦးသားတွေ၊ အဆီရီယာန်၊ ဂရိစတဲ့ ခရစ်ယာန်မျိုးနွယ်စု လူနည်းစုတွေလည်း ခံကြရတာ။ ကဒ့်လူမျိုးတွေလည်း သေတာ မနည်းဘူး။ လူနည်းစုတွေကို ခရစ်ယာန်၊ မွတ်စလင်မခြား စနစ်တကျ သတ်လာတာ တူရကီပေါ့။ ဒါတောင် သူတို့ပါးစပ်က လူ့အခွင့်အရေး၊ လူနည်းစုအရေး ဆိုပြီး ပြောနေကြတာ။
ဆော်ဒီ - ပြောပေါင်းလည်း များပြီ။ သိပ်မပြောချင်တော့ဘူး။ သိချင်ရင် ဒီလင့်မှာပဲ ဖတ်ကြည့်တော့။ (ဆော်ဒီအာရေဗျနှင့် ဘာသာရေးလွတ်လပ်ခွင့်
https://www.facebook.com/photo.php?fbid=10100300279833729&set=pb.12821604.-2207520000.1384314567.&type=3&theater) (လက်ညှိးအထိုးကောင်းသော အိုအိုင်စီ
https://www.facebook.com/photo.php?fbid=10100301571654909&set=pb.12821604.-2207520000.1384314567.&type=3&theater)
အီဂျစ် - ကော့ပ်တိတ် ခရစ်ယာန် (Coptic Christians) တွေဟာ တချိန်တုန်းက အီဂျစ်မှာ လူများစု။ အခုတော့ လူနည်းစု ဖြစ်ကုန်ပြီ။ နဂိုက ကိုယ့်ယဉ်ကျေးမှုကိုယ့်ဘာသာနဲ့ ရှိနေရာကနေ အာရပ်တွေ သိမ်းပိုက်အပြီးမှာတော့ မွတ်စလင်တွေရဲ့ အနိုင်ကျင့်မှုတွေကို တရစပ်ခံခဲ့ရတယ်။ မွတ်စလင် အုပ်ချုပ်မှုအောက်မှာ ဒုတိယတန်းစား နိုင်ငံသားအဖြစ် သတ်မှတ်ပြီး အထူးအခွန်အခတွေကို မတရား ပေးခဲ့ရတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်မရှိခဲ့ဘူး။ ၁၉ ရာစုအစောပိုင်းမှာ အခြေအနေတွေ တိုးတက်လာခဲ့တယ်လို့ ဆိုနိုင်ပေမယ့် သိသိသာသာကြီးတော့ မဟုတ်။ ၁၉၅၂-၁၉၇၀ ကြား Gamal Nasser အာဏာရှိစဉ်တုန်းကဆိုရင် ဥရောပသားတွေကို နှင်ထုတ်၊ ခရစ်ယာန်တွေကို မျက်ကွယ်ပြုနှိပ်စက်မှုတွေ ရှိခဲ့တယ်။ ခရစ်ယာန်တွေပိုင်တဲ့ လယ်ယာမြေတွေကို သိမ်းယူပြီး မွတ်စလင်တွေဆီကို ထိုးအပ်ခဲ့တယ်။ နောက်ပိုင်း အီဂျစ်မှာ မွတ်စလင်ညီအစ်ကိုအဖွဲ့ကြီးတွေ အင်အားကြီးမားလာတော့ ခရစ်ယာန်တွေဟာ အဲဒီအဖွဲ့တွေရဲ့ တာဂတ်ထားခြင်းကို ခံလာကြရတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ခဲ့တယ်။ အမျိုးသမီးတွေကို အတင်းလက်ထပ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အစ္စလာမ်ဘာသာသို့ အတင်းသွတ်သွင်းခြင်းတွေကို လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေကြဆဲ ဖြစ်တယ်။ အင်ဒိုနီးရှားမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်လုဆဲဆဲ ဖြစ်နေသလို အီဂျစ်မှာလည်း ကော့ပ်တိတ်ခရစ်ယာန်တွေ မကွယ်ပျောက်ရအောင် ကြိုးစားနေကြရတယ်။ (စာရေးသူကိုယ်တိုင် အီဂျစ်နိုင်ငံ အလက်ဇန္ဒရီးယားမှာ နေခဲ့သည့် ကော့ပ်တိတ်ခရစ်ယာန်တစ်ယောက်နဲ့ ကျောင်းအတူတူ တက်ခဲ့ဖူးသည်။)
မလေးရှား - မလေးရှားအကြောင်းကိုတော့ ဖေ့ဘုတ်သုံးနေသူများ သိပြီးသားပဲ။ မသိရင် မလေးမှာ နေဖူးသူတွေကိုသာ မေးကြည့်ကြပေတော့။
ဘင်္ဂလားဒေ့ရှ် - သက်၊ မရမာ၊ ရခိုင်စတဲ့ တိုင်းဦးသားလူနည်းစု တွေကို စစ်တကောင်းတောင်တန်းပေါ်က နှင်ချနေတာ ကြာလှပေါ့။ သိချင်ရင် ဒီလင့်ကို ကြည့်နိုင်ပါတယ် - (
https://www.facebook.com/photo.php?fbid=649656995058267&set=a.545844072106227.128567.480837458606889&type=1&theater)
ဂျီဘောတီ - အာဖရိကတိုက်က နိုင်ငံငယ်လေးပါ။ အပေါ်က နိုင်ငံတွေလောက်တော့ မဆိုးဘူး။ ဒါပေမယ့် အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းထားပြီး မွတ်စလင်တွေကို တခြားဘာသာသို့ သိမ်းသွင်းတာကို တားမြစ်ထားတယ်။ နိုင်ငံလူဦးရေရဲ့ ၉၄ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။
ကဲ... ယုံပလား သူတို့ ပြောတဲ့ လူနည်းစု အခွင့်အရေး။
-----
လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က OIC အကြောင်းကို ဖေ့ဘုတ်မိတ်ဆွေတွေနဲ့ စ အင်ထရိုလုပ်တုန်းက ရေးခဲ့တာတွေထဲက တချို့ကို မျှဝေလိုက်ပါတယ်။
"OIC ဟာ ကုလသမဂ္ဂ ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး (Universal Declaration of Human Rights) ဆိုတာကို လက်မခံခဲ့ပါဘူး။ လက်မခံပဲ သူတို့ဟာသူတို့ ကိုင်ရိုအစ်စလာမ်လူ့အခွင့်အရေး ကြေညာစာတမ်း (Cairo Declaration of Human Rights in Islam) ဆိုပြီးတော့ သီးသန့်လုပ်ပါတယ်။ အဲဒါရဲ့ အပိုဒ်ကြီး ၂၄ မှာ ရေးထားတာက "All the rights and freedoms stipulated in this Declaration are subject to the Islamic Shari'ah"လို့ ဆိုထားပါတယ်။ ပြောချင်တာက ဒီကြေညာချက်မှာ ပါတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းတို့ဟာ အစ်စလာမ် ချာရီယာ ဥပဒေရဲ့ အချိန်မရွေးဝင်ရောက် စွတ်ဖက်ခြင်းကို ခံရမယ်လို့ ဆိုလိုတာပါ။ မင်းတို့မှာ ပြောပိုင်ခွင့်ရှိတယ်၊ မတော်ရင် ငါတို့ ကြိုက်တဲ့အချိန် ကျောက်တုံးတွေ ချပြီး ဖိသတ်ချင်သတ်မယ်လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။
နောက်တစ်ကြောင်းက "The Islamic Shari'ah is the only source of reference for the explanation or clarification of any of the articles of this Declaration"လို့ ဆိုထားပြန်ပါတယ်။ ကြေညာစာမ်းပါ အပိုဒ်တွေကို ရှင်းလင်းအဖြေရှာတဲ့အခါမှာ အစ်စလာမ် ချာရီယာ ကိုသာ ကိုးကားရမယ်လို့ ဆိုလိုတာပါ။ ကဲ...ကောင်းကြသေးရဲ့လား... ကြည့်ကြပါအုံး သူတို့ပြောတဲ့ လူ့အခွင့်အရေး...
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။