Nine Nine Sanay @ နိုင်းနိုင်းစနေ
တကယ်လို့ သင့်ဖခင်က မိန်းမအယူမှားခဲ့ရင် သင်ရဲ့ငယ်ဘဝက နာကျင်မွန်းကျပ်မှုတွေနဲ့ပြည့်နေခဲ့မယ်၊
တကယ်လို့ သင် မိန်းမအယူမှားခဲ့ရင် သင်ရဲ့လူလတ်ပိုင်းအရွယ်က နာကျင်မွန်းကျပ်မှုတွေပြည့်နေလိမ့်မယ်၊
တကယ်လို့ သင့်သား မိန်းမအယူမှားခဲ့ရင် သင်ရဲ့နောက်ဆုံးလက်ကျန်ဘဝက အထီးကျန်နာကျင်မှုတွေနဲ့ ပြည့်နေလိမ့်မယ်။

တရုတ်ပြည်က သတင်းတင်ဆက်သူ၊ အစီအစဉ်တင်ဆက်သူ Yang Lanဟာ ဘီဂိတ်လ်ကို အင်တာဗျူးခဲ့တုန်းက ဘီဂိတ်လ်တစ်သက်တာမှာပြုလုပ်ခဲ့...တဲ့ အထူးချွန်အထက်မြက်ဆုံး ဆုံးဖြတ်ချက်က မိုက်ခရိုဆော့ကိုတည်ထောင်ဖို့ ချခဲ့တဲ့ဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် ကြီးကျယ်တဲ့လှူဒါန်းမှုတွေအတွက်လားလို့ မေးခဲ့တယ်။ ဘီဂိတ်လ်က နှစ်ခုစလုံးမဟုတ်ပါဘူး... သင့်တော်တဲ့လူနဲ့ လက်ထပ်ခဲ့ခြင်းကသာ သူရဲ့အထက်မြက်ဆုံး ဆုံးဖြတ်ချက်လို့ ဖြေခဲ့ပါတယ်။
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီး Warren Buffett ကလည်း ငွေတစ်ပြားတစ်ချပ် ရင်းနှီးမြှုပ်နှံဖို့ထက် ဘယ်သူနဲ့လက်ထပ်မယ်ဆိုတာကို ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်က သူ့ဘဝမှာ အရေးအကြီးဆုံးလို့ ဖြေခဲ့ဖူးပါတယ်။
ဘဝဖော်ကို ရွေးချယ်တာဟာ လူတစ်ယောက်ကိုရွေးချယ်ရုံတင်မ ဘဝနေထိုင်မှုတစ်ခုကိုပါ ရွေးချယ်တာဖြစ်ပါတယ်။
မိန်းမတစ်ယောက်ဟာ ရှေ့တစ်မျိုးဆက်ရဲ့ ပျော်ရွှင်ချမ်းမြေ့ခြင်းကို အဆုံးအဖြတ်ပေးသလို ဒီတစ်မျိုးဆက်ရဲ့ ပျော်ရွှင်ချမ်းမြေ့ခြင်းကိုလည်း အဆုံးအဖြတ်ပေးပါတယ်။ အဲဒီအပြင် နောင်တစ်မျိုးဆက်ရဲ့အနာဂတ်ကိုလည်း အဆုံးအဖြတ်ပေးပါတယ်။ မိန်းမကောင်းတစ်ယောက်ကို ရွေးချယ်တာဟာ မျိုးဆက်သုံးဆက်ကို သာယာချမ်းမြေ့စေပါတယ်။
အသိဉာဏ်ရှိတဲ့ယောက်ျားတွေက ကိုယ့်ဘေးကမိန်းမကို တစ်သက်တာသင်ယူမှုတွေနဲ့ ပြည့်နှက်စေသင့်ပါတယ်။ အသိဉာဏ်ရှိတဲ့မိန်းမတွေက ကြီးပြင်းရင့်ကျက်ဖို့ သင်ယူလေ့လာတဲ့သင်ခန်းစာကို တစ်သက်တာသင်ခန်းစာအဖြစ် လေ့လာမှတ်သားရပါတယ်။ မိန်းမဆိုတာ မိသားစုတစ်စုရဲ့ ဘဝနေထိုင်မှုကို အကောင်း/အဆိုး အဆုံးအဖြတ်ပေးပါတယ်။
မိန်းမတစ်ယောက် ယဉ်ကျေးသိမ်မွေ့မှ ဘဝရဲ့လှပကောင်းမွန်ခြင်းတွေကို ရေးသားနိုင်မှာဖြစ်တယ်။
မိန်းမတစ်ယောက်ရဲ့ အကျင့်စရိုက်က စာအုပ်စာပေရဲ့အခိုးအငွေ့ကနေဖြစ်လာခဲ့တယ်။
မိန်းမတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က သီချင်းသံစဉ်တွေ နားထောင်ပြီးဖြစ်လာခဲ့တယ်။
မိန်းမတစ်ယောက်ရဲ့အသိဉာဏ်က ပတ်ဝန်းကျင်ကနေ ပြုစုပျိုးထောင်ပြီးဖြစ်လာခဲ့တယ်။
မိန်းမတစ်ယောက်ရဲ့အလှက အချိန်ကိုရင်းနှီးမြှုပ်နှံ၊ ငွေကြေးနဲ့ပြုပြင်ထိန်းသိမ်းပြီး ဖြစ်လာခဲ့တယ်။
မိန်းမတစ်ယောက်ရဲ့ ကျန်းမာရေးက ကိုယ့်ကိုယ်တိုင်တန်ဖိုးထားပြီးမှဖြစ်လာခဲ့တယ်။
မိန်းမတိုင်း မပြတ်သင်ယူလေ့လာရင်း ကြီးပြင်းရှင်သန်နေသင့်တယ်။ အကြောင်းက သင့်ယောက်ျားရဲ့အမြင့်ဆုံးမှတ်နဲ့ သင့်သားသမီးတွေရဲ့ စမှတ်ကို သင်ကပဲ အဆုံးအဖြတ်ပေးရမှာမို့ပါ...
http://blog.sina.com.cn/s/blog_418b0a030102ekue.html
*** ကြိုက်နှစ်သက်လို့ ဘာသာပြန်မျှဝေပါတယ်။ နိုင်းနိုင်းစနေကရော ဘယ်လိုမိန်းမမျိုးလဲလို့ မေးလာခဲ့ရင် .. ဟုတ်ကဲ့.. နိုင်းနိုင်းစနေ ခြောက်ပစ်ကင်းသူမဟုတ်ပါဘူး၊ အမှားနဲ့ကင်းသူ မဟုတ်ပါဘူး.. ကြီးပြင်းတတ်ဖို့ သင်ယူရင်း ရှေ့ဆက်နေသူတစ်ယောက်ပါလို့...း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။