Aung Ko U
နေ့စဉ်ပြောကြား အင်္ဂလိပ်စကား (၂၇)
နေ့စဉ်စကားပြောရာတွင် ပြောဆိုလေ့ရှိသည့် ကောင်လေး၊ ကောင်မလေးများ တစ်ယောက် အကြောင်း တစ်ယောက် ပြောဆိုကြရာတွင် စကားပြော ပုံစံများကို ဆက်လက် ရေးသားပါမည်၊ ယခုတစ်ပတ်တွင် မိန်းကလေးများ အကြောင်းကို ပြောဆိုရာတွင် ပြောဆိုသုံးနှုန်းသော ပုံစံများကို ရေးသား လိုက်ပါသည်။
“မိန်းကလေးများ အကြောင်း ပြောခြင်း”
“မိန်းကလေးများ အကြောင်း ပြောခြင်း”
- Did you see that girl?
မင်း ဟို မိန်းကလေးကို တွေ့လား?
- Wow. She was hot.
ဝိုး ၊ သူ(မ)က ဟော့တယ်နော်၊
- Check her out. Over there by the payphone.
သူ(မ)ကို အကဲခတ်ကြည့်ပါ၊ ဟို ဖုန်းဆိုင်လေး ဘေးနားမှာလေ
- Look at her cleavage.
သူ(မ)ရဲ့ ကောက်ကြောင်းကို ကြည့်စမ်း
- Her legs are so fine.
သူ(မ)ရဲ့ ခြေထောက်တွေက သိပ်မိုက်တယ်။
“မိမိကြိုက်နှစ်သစ်သော မိန်းကလေးပုံစံကို ဖော်ပြခြင်း”
- I like a girl with a lot of curves.
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ မိန်းကလေးမျိုးကို သဘောကျတယ်။
- I like all girls with a great body.
ခန္ဓာကိုယ်ထွားကြိုင်းတဲ့ မိန်းကလေးတိုင်းကို သဘောကျတယ်။
- I like skinny girls.
သေးသေးသွယ်သွယ် ကောင်မလေးကို သဘောကျတယ်။
- I like a girl with smooth skin.
အသားအရည် ချောမွေ့တဲ့ ကောင်မလေးကို သဘောကျတယ်။
- I like all pretty girls.
ချောမောလှပတဲ့ ကောင်းမလေတွေ အားလုံးကို သဘောကျတယ်။
- I want a girl who is going to take care of me.
ကိုယ့်အပေါ်ကို ဂရုစိုက်မယ့် ကောင်မလေးကိုပဲ လိုချင်တယ်။
- I want a working girl so I can stay at home all day.
အလုပ်ကောင်းတဲ့ ကောင်မလေးကိုပဲ လိုတယ်၊ ဒါဆိုအိမ်မှာ တစ်နေကုန်နေလို့ရတယ်။
- I want to meet a rich girl so I don't have to worry about money.
ပိုက်ဆံချမ်းသာတဲ့ ကောင်မလေးနဲ့ပဲ ဆုံချင်တယ်၊ ဒါမှ ပိုက်ဆံအတွက် ပူစရာ မလိုတော့ဘူး။
“မိမိ မကြိုက်နှစ်သစ်သော မိန်းကလေးပုံစံကို ဖော်ပြခြင်း”
- I hate stuck up girls.
သွေးကြီးတဲ့၊ မောက်မာတဲ့ ကောင်မလေးတွေကို သဘောမကျဘူး။
- Stay away from nagging girls.
နားပူနားဆာ၊ တကျည်ကျည်လုပ်တတ်တဲ့ ကောင်မလေးတွေကို ဝေးဝေးရှောင်ပါ။
- I don't like fat girls.
ဝတဲ့ကောင်မလေးတွေကို မကြိုက်ဘူး။
- I don't like skinny girls who are like toothpicks.
သွားကြားထိုးတံလို ပိန်လှီနေတဲ့ ကောင်မလေးတွေကို သဘောမကျဘူး။
မိမိ ချစ်ကျွမ်းဝင်သော မိန်းကလေးပုံစံကို ဖော်ပြခြင်း
- She is perfect. Her voice is sweet and her skin is so soft.
သူ(မ)ကတော့ အပြစ်ပြောစရာကို မရှိဘူး၊ အသံလေးကလည်းချိုသာတယ်၊ အသားအရည်ကလည်း ချောမွေ့နေတာပဲ။
- I think I'm in love. She is absolutely beautiful and her personality is perfect.
ကျွန်တော် ချစ်မိနေပြီထင်တယ်၊ သူ(မ)ကတကယ်ကိုလှတယ်၊ ကိုယ်ရည်ကိုယ်သွေးကလည်း ပြောစရာမရှိဘူး။
- We talked on the phone for 6 hours. We connected so well.
ကျွန်တော်တို့ ၆-နာရီလောက် ဖုန်းပြောဖြစ်တယ်၊ ဆက်ဆံရေးကတော့ တော်တော်ကောင်းနေပြီ။
အောင်ကိုဦး (UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။