Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 25, 2013

တိုင်းပြည်ကို ဖျက်ဆီးကြသူတွေ

Miraculous Master For English Language
Monday, 25 November 2013 11:16
တိုင်းပြည်ကို ဖျက်ဆီးကြသူတွေ
Written by လွင်အောင်စိုး

“ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသယံဇာတ၊ မြေသယံဇာတ၊ သစ်တောသတ္တုသယံဇာတ၊ သား ငါးသယံဇာတများမပျက်စီးအောင် ထိန်းသိမ်းရေးဟာ အလွန်အရေးကြီးပါတယ်။ သယံဇာတများကို ဖျက် ဆီးသူဟာ တိုင်းပြည်ကို ဖျက်ဆီးသူ ဖြစ်ပါတယ်”

မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံး ဖြစ်သည့်အလျှောက် ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ ကျဆင်းအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ...။

(နိုင်ငံတော်သမ္မတဦးသိန်းစိန် အမျိုးသားအဆင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်အလုပ် ရုံ ဆွေးနွေးပွဲ၊ နေပြည်တော် ၁၈-၁၁-၂၀၁၃)

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ ပကတိအရှိတရားကိုပွင့်လင်းစွာဝန်ခံပြီး ပြုပြင်ပေးချင်တဲ့သမ္မတလို့ ဆိုရပါမယ်။ ဒါ့အပြင် သမ္မတတစ်ဦးအနေနဲ့ နိုင်ငံအတွက်လုပ်သင့်တာကို အမြော်အမြင် ကြီးမားစွာလုပ် ရဲတဲ့ သမ္မတလို့လည်း ပြောချင် ပြောနိုင်ပါတယ်။

ဆင်းရဲနေတဲ့တိုင်းပြည်မှာ အစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို ဦးစားပေးလုပ်ဆောင်တာဟာ လုပ်သင့်လုပ်ထိုက်တာကို မဖြစ်မနေအောင်မြင်အောင်လုပ်ပေးရတဲ့ အစီအစဉ်ဖြစ်ပါတယ်။ တော်တဲ့ အစိုးရတွေကတော့ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို ကြိုးပမ်းကြရာမှာ တိုင်းပြည်ဘဏ္ဍာအမြောက်အမြား ရင်းနှီးပြီး မဟာဗျူဟာကိုစနစ်တကျရေးဆွဲကာ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေဖော်ထုတ်ပေးဖို့ စီမံပေးကြပါတယ်။

ဘယ်တိုင်းသူပြည်သားမှ ဆင်းဆင်းရဲရဲငတ်တစ်လှည့်ပြတ်တစ်လှည့် မနေချင်ကြပါဘူး။ ဆင်းရဲရတဲ့အထဲ ဟိုလူဒီလူက နှိမ်ချင်စော်ကားချင်တာလည်း ရှိတတ်ပါတယ်။ အဆင့်အတန်းခွဲခံရတဲ့ဘ၀၊ မလုံခြုံတဲ့ ဘ၀၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့ ဘ၀တွေပါပဲ။ တကယ်လို့များအလုပ်လုပ်နိုင်ဖို့ အခွင့်အလမ်း တွေသာရှိနေရင် သူ့နည်းသူ့ဟန်ရှာဖွေလုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ခွင့်မရှိဘူး။ လုပ်စရာ အလုပ်မရှိဘူးဆိုရင် မလိုလားအပ်တဲ့ ပြဿနာပေါင်းများစွာထွက်ပေါ်လာပါမယ်။ အဲဒီအခါမှာ အစိုးရအ နေနဲ့ပိုပြီးဖြေရှင်းရ ခက်ခဲနိုင်ပါတယ်။ ဒီတော့လူတွေဆင်းရဲရခြင်းအတွက် အစိုးရမှာတာဝန်ရှိလာရပါ တယ်။

နိုင်ငံပိုင် သယံဇာတတွေဟာ နိုင်ငံအကျိုးပြုဖို့သာ ဖြစ်ရပါမယ်။ နိုင်ငံပိုင် သယံဇာတတွေကို ဖျက်ဆီးသူ လို့ဆိုရာမှာ မတော်မတရားပုဂ္ဂလိကကိုယ်ကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဂရုမစိုက်ဘဲ သယံဇာတတွေကို အရမ်းကာရောရနိုင်သမျှမြူမှုန်မကျန်တူးဖော်ထုတ်လုပ်ပြီး စီးပွားရှာတာ ကိုဆိုလိုပါတယ်။

ဝိသမ လောဘသားတွေဟာ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာကြည့်ပြီး တူးဖော်ထုတ်လုပ်ကြတာဖြစ် လို့သဘာဝပတ်ဝန်းကျင် ပျက်စီးသွားနိုင်မယ့်အရေးကို ဂရုမစိုက်တတ်ကြပါဘူး။ ခေတ်ပေါ်စက်ပစ္စည်း ကိရိယာတွေနဲ့ တူးဖော်ထုတ်လုပ်တာကြောင့်လည်း တောင်တစ်လုံးဟာအချိန်တိုအတွင်း ချိုမ့်ဝှမ်းကြီး တခုဖြစ်သွားရပါတယ်။ သဘာဝအတိုင်းတည်ရှိနေတဲ့ တောင်တစ်လုံးဟာ အဖျက်ဆီးမခံရသရွေ့ နှစ် ပေါင်းများစွာ အကျိုးကျေးဇူးများစွာ ရှိပါတယ်။

ဒီလိုပဲ မြစ်တစ်စင်းဟာ လူသားတွေကိုနှစ်ပေါင်းများစွာ အကျိုးပြုနိုင်ပေမယ့် လူတွေရဲ့မဆင်မခြင် လော ဘဇောတက်မှုကြောင့် အချိန်တိုအတွင်းခမ်းခြောက် တိမ်ကောသွားနိုင်ပါတယ်။ မြစ်တစ်စင်းပျောက်ဆုံး သွားခြင်းကြောင့် အဲဒီမြစ်ရေကိုအမှီပြုနေရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လောက်ထိခိုက် ဆုံးရှုံး သွားမလဲ အလွယ်တကူတွေးဆလို့ရပါတယ်။

တောတွေ၊ တောင်တွေ၊ ပင်လယ်နဲ့ မြစ်ချောင်းအင်းအိုင်တွေ ပျက်စီးသွားခြင်းဟာ ရာသီဥတုကို ဖောက် ပြန်စေပါတယ်။ အပူရှိန်ပြင်းထန်မယ်၊ အအေးလွန်မယ်၊ မိုးခေါင်ရေရှားဖြစ်မယ်၊ မုန်တိုင်းဝင်မယ်၊ မိုးကြီး မယ်၊ ရေကြီးမယ်၊ တောင်ပြိုမယ်၊ လမ်းပန်းဆက်သွယ်ရေးတွေပျက်စီးမယ်ဆိုရင် လူသားတွေပဲဒုက္ခ ရောက်ကြရပါတယ်။

ဒါတွေကိုကြည့်ရင် သဘာဝပတ်ဝန်းကျင်တွေပျက်ဆီးမှုဟာ အမှန်တကယ်တမ်းမှာတော့ တိုးတက်ဖွံ့ဖြိုး မှုကို နှေးကွေးစေပြီး လူတွေကိုဆင်းရဲတွင်းက ရုန်းမထွက်နိုင်အောင်ဖိနှိပ်ထားသလိုဖြစ်နေတာ ထင်ရှားပါ တယ်။ တိုင်းပြည်ကိုလည်း ဆင်းရဲတွင်းမှာ နစ်သထက်နစ်စေပါတယ်။

တိုင်းပြည်ရဲ့ သယံဇာတွေအပေါ်မှာ မမှန်မကန်မရိုးမသား ကိုယ်ကျိုးစီးပွားရှာသူတွေရှိလာတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်တွေ ပျက်ဆီးသွားရတဲ့အတွက်ကြောင့် သူတို့ဟာတိုင်းပြည်ကိုဖျက်ဆီးသူဖြစ်သွား ပါတယ်။

သဘာဝ ရေမြေတောတောင် သယံဇာတတွေဟာတန်ဖိုးကောင်းကို ဖြစ်စေသလို လူသားအရင်းအမြစ် (Human resources) တွေဟာလည်း သယံဇာတလိုပဲ တန်ဖိုးကောင်းဖြစ်ပါတယ်။ တိုင်းပြည် တိုးတက် ကြီးပွားဖို့ အဓိကအကျဆုံးကတော့လူသားအရင်းအမြစ်သာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ သဘာဝသယံ ဇာတအားကောင်းနေသည့်တိုင်အောင် တူးဖော်ထုတ်လုပ်သူတွေက အရည်အချင်းညံ့ဖျင်းရင်အကျိုးမ များလှပါဘူး။ တော်တဲ့စီမံခန့်ခွဲသူတွေရှိနေမှ ဥပဒေစည်းမျဉ်းကောင်းတွေကို ရေးဆွဲပြဋ္ဌာန်းပြီး စနစ်တကျ အကျိုးရှိရှိ လုပ်ဆောင်နိုင်ပါမယ်။ ကိုယ့်နိုင်ငံသား ပညာရှင်တွေရှိနေမှ ကိုယ့်ခြေထောက်ပေါ် ရပ်တည် နိုင်တဲ့နိုင်ငံ ဖြစ်ပါမယ်။ နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပွင့်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တော်လှန်ရေးကောင်စီခေတ်ရောက်တော့ အင်္ဂလိပ်ဘာသာနဲ့သင်တဲ့ ပုဂ္ဂလိကကျောင်း တွေကို ပြည်သူပိုင်ဆိုပြီး သိမ်းလိုက်ပါတယ်။ အဲဒီကအစပြုလို့ ပညာရေးစနစ်ကို လက်တည့်စမ်းပြောင်း လိုက်ချိန်မှာ မြန်မာ့ပညာရေးဟာ စတင်နိမ့်ကျခဲ့ရပါတော့တယ်။ တာဝန်ရှိသူ အသီးသီးတို့ဟာ ဆေးမြီး တိုအမျိုးမျိုးနဲ့ မယောင်ရာဆီလူးနေခဲ့ကြတာဖြစ်လို့ အဲဒီကတည်းက နိမ့်ဆင်းသွားလိုက်တဲ့ပညာရေးဟာ ကနေ့ထက်တိုင် နာလန်မထူနိုင်အောင် ဖြစ်နေရပါတယ်။ နှစ်ပေါင်း ၅၀ လုံးလုံး ပညာရေး နိမ့်ကျခဲ့ရတဲ့ တိုင်းပြည်ဟာကနေ့အခါမှာ ဘယ်လောက်ရုန်းကန်နေရသလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

တိုင်းပြည်အတွက် လူတော်လူကောင်းလူရည်ချွန်တွေကို ပြုစုပျိုးထောင်မွေးထုတ်ပေးတဲ့နေရာကတော့ ပညာရေးလောကပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးရှာ ၀ါဒမှိုင်းရိုက်သွင်းပေးတာတွေအပြင် လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီကိုတန်ဖိုးမထားတဲ့ ပညာရေးစနစ်နဲ့သင်ကြားသူတွေဟာ တကယ်တော့မလိုတမာစိတ်နဲ့ တိုင်း ပြည်ကို မျိုးစေ့ကနေဖျက်ဆီးသူတွေလို့ ဆိုရပါမယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။