Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 22, 2013

"အချစ်လှေကားထစ်"

Nine Nine Sanay @ နိုင်းနိုင်းစနေ
ဒီအကြောင်းကို "အချစ်လှေကားထစ်"ဆိုတဲ့ခေါင်းစဉ်နဲ့ ဘလော့မှာ ၂ဝဝ၈ ခုနှစ်က တင်ခဲ့ဖူးပါတယ်။ ရှေ့ရက်တွေတုန်းက youtubeပေါ် လျှောက်မွှေရင်း ဒီအကြောင်းကို ရုပ်ရှင်ရိုက်ထားတာတွေ့မိလို့ ကြည့်ချင်သူတွေ ကြည့်ရအောင် ဘလော့မှာရေးခဲ့ဖူးတဲ့ ဇာတ်လမ်းအကျဉ်းနဲ့ ရုပ်ရှင်လင့်ကို မျှဝေလိုက်ပါတယ်။

http://www.youtube.com/watch?v=MWU9ctBQ9Oc

တရုတ်စကားပြော အင်္ဂလိပ်စာတမ်းထိုးပါတယ်။

သူ ၆နှစ်မှာ သူမ ၁၆နှစ် အိမ်ထောင်ကျစ
သူ ၁၆နှစ်မှာ သူမ ၂၆နှစ် လင်ယောက်ျားကွယ်လွန်ပြီး မုဆိုးမဘ၀ကို ရောက်ခဲ့တယ်။ သူ ၁၉နှစ်မှာ သူမ ၂၉နှစ်.. နှစ်ယောက်သား လူသူနဲ့ဝေးရာ တောနက်ထဲ ရောက်ခဲ့ကြတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောနက်ထဲမှာ သူမ အသွားအလာ အဆင်ပြေဖို့အတွက် မတ်စောက်တဲ့ တောင်ကုန်းတွေ၊ တောနက်တွေထဲမှာ လှေကားထစ်ပေါင်း ၆ဝဝဝ ကျော်ကို သူ့လက်နဲ့ ထွင်းထုပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်၅ဝတုန်းက တရုတ်ပြည် ChongQing မြို့နယ်ရဲ့ ရွာလေးတစ်ရွာမှာ ၁၉နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ သူ့ထက်အသက် ၁ဝနှစ်ကြီးတဲ့ မုဆိုးမတစ်ယောက်ကိုချစ်ခဲ့မိတယ်။ အဲဒီခေတ်အခါတုန်းက ကိုယ့်ထက် အသက်ကြီးတဲ့မိန်းမကိုယူရင် ပတ်ဝန်းကျင်က ကဲ့ရဲ့တတ်လို့ ကောင်လေးဟာ ကောင်မလေးကိုခေါ်ပြီး လူတွေနဲ့ဝေးရာ တောနက်ထဲ သွားရောက်နေထိုင်ခဲ့တယ်။

လူတွေနဲ့ဝေးရာတောနက်မှာ နှစ်ယောက်တစ်ကမ္ဘာဖွဲ့ပြီးနေလာခဲ့တာ သားသမီး၇ယောက် ထွန်းကားခဲ့တဲ့ အထိပါပဲ။ ၂ဝဝ၁ ခုနှစ်မှာ မိန်းမအတွက် သူ့ကိုယ်တိုင်လက်နဲ့ဖောက်ထားတဲ့ လှေကားထစ်တွေကို တောင်တက်သမားတချို့တွေ့ရှိပြီး ခြေရာခံခဲ့မှ သူတို့အကြောင်းကို လူတွေသိခဲ့ရပါတယ်။ လူတွေ၊ ပတ်ဝန်းကျင်တွေနဲ့ ကင်းကွာနေတာ ကြာပြီဖြစ်တဲ့အတွက် တောင်တက်သမားတွေက သူတို့ကိုစစတွေ့ချင်း “လူရိုင်း” လို့ ထင်ခဲ့ကြတယ်။ သူတို့ကလည်း သတင်းတွေနဲ့ ကင်းကွာနေတဲ့အတွက် တောင်တက်သမားတွေကို တွေ့တာနဲ့ “မော်စီတုန်း နေကောင်းရဲ့လား” လို့ မေးခဲ့တယ်။

တောင်တက်သမားတွေ တောင်အောက်ရောက်တော့ သတင်းတွေ ပြန့်ကုန်တယ်။ သတင်းငှာနတချို့က သတင်းထောက်တွေ သူတို့နေရာကို အရောက်လာပြီး သူတို့အကြောင်းကို စုံစမ်းမေးမြန်းခဲ့ကြပြီး တီဗွီတွေမှာ လွှင့်ခဲ့ကြတယ်။ သူတို့အကြောင်းကိုလည်း ဗီဒီယိုရိုက်ပြီး လွှင့်ခဲ့ကြတယ်။

သူတို့နှစ်ယောက်အကြောင်းကို စပြောရရင် ၁၉၄၂ ခုနှစ် ဇွန်လရဲ့ နေ့တစ်နေ့မှာ တောရွာတစ်ရွာက မင်္ဂလာပွဲတစ်ပွဲကျင်းပခဲ့တယ်။ အဲဒီအချိန်တုန်းက ၆နှစ်အရွယ်ပဲရှိသေးတဲ့ သူဟာ အဖော်တစ်သိုက်နဲ့ သတို့သမီးရဲ့ထမ်းစင်ဘေးမှာ စနောက်ပြီး လိုက်ပါလာခဲ့ကြတယ်။ “သွား”လဲတဲ့အရွယ် ရောက်နေပြီဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ရက်အနည်းက သူ့အံသွားတစ်ချောင်း ကျိုးသွားခဲ့တယ်။ သွားကျိုးသွားတဲ့နေရာကို သတို့သမီးအကိုင်ခံရရင် သွားအပေါက်မြန်တယ်လို့ အယူရှိတာကြောင့် ဒီသတို့သမီးကို အခြားလူထက် သူပိုမြင်ချင်ခဲ့တယ်။

လူကြီးတွေခေါ်ဆောင်ရာနောက် သူလိုက်ပါပြီး သတို့သမီးရဲ့ ထမ်းစင်ရှေ့ သူရောက်လာခဲ့တယ်။ သွယ်ပျောင်းတဲ့လက်တစ်ဖက်က ထမ်းစင်လိုက်ကာထဲကနေ ထွက်လာပြီး သူ့သွားကိုကိုင်ဖို့ ရောက်လာချိန်မှာ သူမထိန်းနိုင်ဘဲ တံထွေးတွေ ယိုကျမိတယ်။ တံထွေးကို ကြောက်အားလန့်အား သူမျိုချလိုက်စဉ်မှာ သတို့သမီးရဲ့လက်ကို အမှတ်မထင် သူကိုက်မိလိုက်တယ်။ သတို့သမီးက ကျန်လက်တစ်ဖက်နဲ့ လိုက်ကာကို ပင့်ပြီးကြည့်လိုက်တယ်။ နတ်သမီးသမျှလှပတဲ့ သတို့သမီးက သူ့ကို အံကြိတ်ပြီး ကြည့်နေတာကို သူမြင်လိုက်မိတယ်။ ထမ်းစင်ဝေးသွားတဲ့အထိ သူနေရာမှာတင် ရပ်ပြီး ကြောင်နေမိတယ်။

“ကြောင်ကြည့်မနေနဲ့ နင်ကြီးလာရင်လဲ အဲလို လှတဲ့ကောင်မလေးကိုယူ” လို့ ဘေးက မိန်းမကြီးတွေက သူ့ကို စနောက်ခဲ့ကြတယ်။

တကယ်ပဲ သူ၁၉ နှစ်မှာ သူ့ထက် ၁ဝနှစ်ကြီးတဲ့ ကလေး၎ယောက်အမေ မုဆိုးမ၊ သူ၆နှစ်သားအရွယ်မှာတွေ့ခဲ့ဖူးတဲ့ မင်္ဂလာထမ်းစင်ထဲက"သူမ"ကို သူလက်ထပ်ယူခဲ့ပါတယ်။

၂ဝဝ၆ခုနှစ် မတ်လရဲ့ ဗုဒ္ဓဟူးနေ့တစ်နေ့မှာ အသက် ၇၂ နှစ်နဲ့ သူ ကွယ်လွန်သွားခဲ့ပါပြီ။ မကွယ်လွန်ခင်တုန်းက သတင်းထောက်တွေကို “ကျွန်တော်တို့ ကြိုတင်စီစဉ်ထားပြီးသားပါ။ ဘယ်သူအရင်သေသေ သေတဲ့သူကို ကျန်ရစ်တဲ့သူက ဒီတောင်ပေါ်မှာပဲ သဂြိင်္ုလ်ခဲ့ပြီး တောင်အောက်မှာ သားသမီးတွေနဲ့ သွားနေမယ်။ ကျန်ခဲ့တဲ့တစ်ယောက် သေရင်လည်း တောင်ပေါ်မှာပဲ သဂြိင်္ုလ်ဖို့ ကလေးတွေကို မှာထားပြီးသားပါ။ ကလေးတွေလည်း ကြီးကုန်ပြီဆိုတော့ ကျွန်တော်တို့ စိတ်မချစရာအကြောင်း မရှိတော့ဘူး။ သေပြီးရင်လည်း ဒီတောင်ပေါ်မှာ အတူမြုပ်နှံရရင် တော်ပါပြီ” လို့ ပြောခဲ့တယ်။

ရှိတ်စပီးယားရဲ့ “ရိုမီယိုနဲ့ ဂျူးလီယက်” အချစ်ဇာတ်လမ်းကို သူတို့ မကြားဖူးခဲ့ပါဘူး။ ဒါပေမယ့် အချစ်လှေကားထစ်တွေနဲ့ ထာဝရတည်တံ့တဲ့ ဘဝတစ်ခုဆီ သူတို့အရောက်လှမ်းခဲ့ကြတယ်။ ဒါဟာ တကယ့်အဖြစ်အပျက် ဖြစ်နိုင်ပါ့မလားလို့ အခုခေတ်လူတွေက သံသယဖြစ်ကောင်း ဖြစ်ကြမှာပါ။ ဒါတွေက တကယ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုခေတ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၅ဝ ကျော်တုန်းကပေါ့။

နိုင်းနိုင်းစနေ (Saturday, March 22, 2008)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။