Until and Till သုံးစွဲဟန်လေးပဲ ကွာပါတယ်
...................
Until နဲ့ Till ဟာ အဓိပ္ပါယ် အတူတူပဲ ဖြစ်သလို သုံးစွဲပုံလည်းတူပါတယ် ။ Till က informal (နေ့စဉ် အရပ်ထဲက ပြောဆိုရာမှာသုံးတဲ့ ) စကားလုံးဖြစ်တာပဲ ကွာခြားပါတယ် ။ နှစ်ခုလုံးက စကားဆက် အဖြစ်ရော ၀ိဘတ်အဖြစ်ပါ သုံးနိုင်ပါတယ်
These two words mean exactly the same. They can be used both as prepositions and conjunctions. Till is more common in an informal style.
.
(1) Until (conj) တိုင်အောင် ၊ အထိ
.
ဝါကျနှစ်ကြောင်းကို ချိတ်ဆက်ပေးတဲ့ (အကြောင်းအရာနှစ်ခုဟာ သီးခြားစီ ဖြစ်မနေစေဘဲ ဆက်စပ်မှုရှိသွားအောင် ချိတ်ဆက်ပေးလိုက်တဲ့) အလုပ်ကို လုပ်ပါတယ် ၊ ဒါကြောင့် စကားဆက် conjunction အဖြစ် ဆောင်ရွက်ပါတယ်
..
(1.1) I waited (until/till) 6 o’clock and then I went home.
ကျနော် (၆) နာရီအထိ စောင့်နေခဲ့ပါတယ် ၊ နောက်မှ အိမ်ပြန်ခဲ့တာပါ
..
(1.2) Let’s wait until the rain stops.
မိုးတိတ်သည်အထိ (မိုးစဲသည်အထိ) စောင့်ကြပါစို့
..
ကြားဖြတ်ပြီး အကြံပြုချက်တစ်ခုပေးချင်ပါတ ယ် ၊ အထူးသဖြင့် လေ့လာခါစ ညီငယ် ညီမငယ်များအတွက်ပါ ၊ အင်္ဂလိပ်စကားလုံးနဲ့ မြန်မာစကားလုံးကို သတ်မှတ်ချက်အသေ..ဘာသာပြန်ပုံအသေနဲ့
မမှတ်ကြဘဲ “သဘောချင်းတူရာတွေလည်း ရတယ် အကျုံးဝင်တယ်” လို့ မှတ်စေချင်ပါတယ်
..ဥပမာ အခု stop ကို ရပ်သည်လို့ပဲ အသေမှတ်ထားပြီး မိုးရပ်သည်..လို့
ဘာသာပြန်လိုက်လျှင် မြန်မာမဆန်တော့ပါဘူး ။ ပိုဆိုးတာက ..မိုးတိတ်သည်..ကို
အင်္ဂလိပ်လိုရေးချင်တဲ့အခါ တိတ်သည် ဆိုတာကို ဘယ်စာလုံးသုံးရပါ့မလဲ တွေးမရ
ဖြစ်သွားနိုင်ပါတယ်။
.......................... .......................... ...
(2) Until (conj) မ..မချင်း
..
Negative တွေနဲ့တွဲသုံးတဲ့အခါ ဒီသဘောကို ယူပါတယ် ..
.
(2.1) I won’t stop shouting until you let me go. (won’t ပါနေတယ်)
ကျနော့်ကို ထွက်သွားခွင့် မပြုမချင်း အော်နေတာကို ရပ်မှာ မဟုတ်ဘူး
( မ..မချင်း ..ရဲ့ ကြားမှာ verb ရဲ့ အဓိပ္ပါယ်ကို ထည့်ရမှာဖြစ်ပါတယ်)
.
(2.2) Until you change, you can't go out. (can’t ပါနေတယ်)
မင်း မပြောင်းလဲမချင်း အပြင်ကို ထွက်လို့ရနိုင်မှာမဟုတ်ဘူး
.......................... .......................... .......................... ...
(3) Until (prep) မတိုင်မီအထိ
..
(3.1) He won't come until Friday.
သောကြာနေ့ မတိုင်ခင်အထိ သူ လာမှာ မဟုတ်ဘူး
( until ကို before လိုမျိုး ယူရပါတယ် ၊ သောကြာနေ့မှာတော့ လာမယ်လို့ နားလည်နိုင်ပါတယ် ၊ မြန်မာပြန်မှာက အထိ..လို့ပါနေတော့ သောကြာနေ့ ပါလားမပါလားက ဒွိဟပွားစရာဖြစ်နေပါတယ် ၊ အင်္ဂလိပ်လို့မှာက before ဆိုတော့ ရှင်းပါတယ်)
..
ဒီလိုရှင်းထားပါသေးတယ်
If you do something until or till a particular time, you stop doing it at that time.
..
(3.2) I will work until I die.
ကျနော် မသေခင်အထိ အလုပ်လုပ်သွားမှာပါ
.
(3.3) I will work until about 3 pm.
ညနေ (၃) နာရီအတိုင်မီအထိ အလုပ်လုပ်ပါမယ် ( ၃ နာရီထိုးတာနဲ့ ရပ်ပြီ ..ဆိုတဲ့သဘောပါပဲ)
.......................... .......................... .........
(4) သတ်မှတ်ချက်ရှိတဲ့ အချိန်တစ်ခုမတိုင်မီ ဆက်လက်လုပ်ဆောင်နေတဲ့သဘောဖြ စ်ပါတယ် ၊ အချိန်မတိုင်မီမှာ ပြီးဆုံးသွားတယ်ဆိုလျှင် until အစား by ကိုသုံးပါ
Don't use 'until' or 'till' to say that something will have happened before a particular time.
..
အလုပ်က လေးနာရီ မတိုင်မီမှာ ပြီးပါလိမ့်မယ်
Don't say, .. 'The work will be finished until four o'clock'. (ဒီလို မပြောပါနဲ့)
You say, .. 'The work will be finished BY four o'clock'. (ဒီလို ပြောပါ)
.......................... .......................
(5) 'from' နဲ့ until ကိုလည်း တွဲသုံးနိုင်ပါတယ်
From is often used with until or till to say when something finishes and ends.
.
(5.1) They worked FROM dawn TILL dusk.
သူတို့ မိုးလင်းကနေ မိုးချုပ် အလုပ်လုပ်ကြတယ်
..
until/till အစား to ကို သုံးနိုင်သလို အမေရိကန်တွေက through ကိုလည်း သုံးကြပါသတဲ့
You can use to instead of 'until' or 'till'. Some American speakers also use through.
.
(5.2) Open daily FROM 23rd March TO 3rd November.
မတ်လ ၂၃ ရက်ကနေ နိုဝင်္ဘာလ ၃ ရက်အထိ နေစဉ်နေ့တိုင်းဖွင့်ပါတယ်
.
(5.3) I was in college FROM 1985 THROUGH 1990.
၁၉၈၅ ကနေ ၁၉၉၀ အထိ ကျနော်က ကောလိပ်ကျောင်း တက်နေခဲ့ပါတယ်
.......................... ..............
(6) Until နဲ့ till ကို အကွာအဝေးအတွက် မသုံးနိုင်ပါဘူး .. သူတို့အစား as far as ကို သုံးနိုင်ပါတယ်
Until and till both show time. They cannot be used to talk about distance. Instead we use “as far as”.
.
ကျနော်တို့ တောစပ်အထိ လမ်းလျှောက်ကြပါတယ်
We walked AS FAR AS the edge of the forest.
(NOT .. We walked until the edge of the forest.)
.......................... .............
(7) အရေအတွက်ဆိုလျှင် up to ကိုသုံးနိုင်ပါတယ်
To talk about quantity we can use up to.
..
ဒီကားက ၈ ယောက်အထိ စီးနိုင်ပါတယ်
This car can seat up to eight people.
(NOT This car can seat until eight people.)
.......................... .......................... .....
ဘယ်လို Tense တွေနဲ့ သုံးလေ့ရှိသလဲ တွေ့ရှိချက်တွေကတော့..
..
(8) Until နဲ့ till ကို လက်အောက်ခံဝါကျပိုင်း (မှီခိုဝါကျပိုင်း) မှာ simple present tense နဲ့ မကြာခဏ တွဲသုံးလေ့ရှိပါတယ် ( ဒီပုံစံက အသုံးများတယ်လို့ ဆိုလိုတာပါ)
We often use the present simple in the subordinate clause.
..
(8.1) Stay here with me till help comes.
အကူအညီ လာသည်အထိ ကျနော်နဲ့အတူ ဒီမှာနေပါ
.
(8.2) I will wait until he comes.
သူလာသည်အထိ ကျနော်စောင့်ပါမယ်
.
လက်အောက်ခံဝါကျပိုင်းမှာ future form ကို မသုံးပါနဲ့
Don't use a future form in the subordinate clause.
..
(8.3) Don't say, 'Stay here with me till help WILL come' (ဒီလို မသုံးပါနဲ့)
...
အတိတ်က အဖြစ်အပျက်တွေကို ပြောတဲ့အခါ past simple, present perfect, the past perfect တွေကို လက်အောက်ခံဝါကျပိုင်းမှာ သုံးနိုင်ပါတယ်
When you are talking about events in the past, you use the past simple, the present perfect or the past perfect in the subordinate clause.
..
(8.4) The agreement remained secret until it WAS exposed by the press. (past simple)
စာနယ်ဇင်းသတင်းစာတွေက မထုတ်ဖော်မီအထိ သဘောတူစာချုပ်က လျှို့ဝှက်နေခဲ့ပါတယ်
.
(8.5) I'll wait here until you HAVE HAD your breakfast. (present perfect)
ခင်ဗျား မနက်စာစာပြီးသည်အထိ ကျနော် ဒီမှာ စောင့်ပါမယ်
.
(8.6) He continued watching until I HAD DRIVEN off in my car. (past perfect)
ကျနော် ကားကို မောင်းထွက်သွားလိုက်သည်အထိ သူက ဆက်ကြည့်နေခဲ့ပါတယ်
...
သုံးစွဲပုံတွေက နောက်ထပ် ရှိပါသေးတယ် ။ သို့သော်လည်း အခုတောင် တော်တော်ရှုပ်သွားပြီမို့ ပိုပြီးသိချင်သူများ ဆက်လက်လေ့လာပါလို့ပဲ ညွှန်းပါရစေ.. Until မှာ “l” တစ်လုံးပဲ ဆိုတာလည်း သတိထားပြီးရေးပါ ၊ ကျနော်တော့ နှစ်လုံးရေးမိနေလို့ ပြန်ပြန်ဖျက်နေရပါတယ်
..
မေတ္တာဖြင့်
...................
Until နဲ့ Till ဟာ အဓိပ္ပါယ် အတူတူပဲ ဖြစ်သလို သုံးစွဲပုံလည်းတူပါတယ် ။ Till က informal (နေ့စဉ် အရပ်ထဲက ပြောဆိုရာမှာသုံးတဲ့ ) စကားလုံးဖြစ်တာပဲ ကွာခြားပါတယ် ။ နှစ်ခုလုံးက စကားဆက် အဖြစ်ရော ၀ိဘတ်အဖြစ်ပါ သုံးနိုင်ပါတယ်
These two words mean exactly the same. They can be used both as prepositions and conjunctions. Till is more common in an informal style.
.
(1) Until (conj) တိုင်အောင် ၊ အထိ
.
ဝါကျနှစ်ကြောင်းကို ချိတ်ဆက်ပေးတဲ့ (အကြောင်းအရာနှစ်ခုဟာ သီးခြားစီ ဖြစ်မနေစေဘဲ ဆက်စပ်မှုရှိသွားအောင် ချိတ်ဆက်ပေးလိုက်တဲ့) အလုပ်ကို လုပ်ပါတယ် ၊ ဒါကြောင့် စကားဆက် conjunction အဖြစ် ဆောင်ရွက်ပါတယ်
..
(1.1) I waited (until/till) 6 o’clock and then I went home.
ကျနော် (၆) နာရီအထိ စောင့်နေခဲ့ပါတယ် ၊ နောက်မှ အိမ်ပြန်ခဲ့တာပါ
..
(1.2) Let’s wait until the rain stops.
မိုးတိတ်သည်အထိ (မိုးစဲသည်အထိ) စောင့်ကြပါစို့
..
ကြားဖြတ်ပြီး အကြံပြုချက်တစ်ခုပေးချင်ပါတ
..........................
(2) Until (conj) မ..မချင်း
..
Negative တွေနဲ့တွဲသုံးတဲ့အခါ ဒီသဘောကို ယူပါတယ် ..
.
(2.1) I won’t stop shouting until you let me go. (won’t ပါနေတယ်)
ကျနော့်ကို ထွက်သွားခွင့် မပြုမချင်း အော်နေတာကို ရပ်မှာ မဟုတ်ဘူး
( မ..မချင်း ..ရဲ့ ကြားမှာ verb ရဲ့ အဓိပ္ပါယ်ကို ထည့်ရမှာဖြစ်ပါတယ်)
.
(2.2) Until you change, you can't go out. (can’t ပါနေတယ်)
မင်း မပြောင်းလဲမချင်း အပြင်ကို ထွက်လို့ရနိုင်မှာမဟုတ်ဘူး
..........................
(3) Until (prep) မတိုင်မီအထိ
..
(3.1) He won't come until Friday.
သောကြာနေ့ မတိုင်ခင်အထိ သူ လာမှာ မဟုတ်ဘူး
( until ကို before လိုမျိုး ယူရပါတယ် ၊ သောကြာနေ့မှာတော့ လာမယ်လို့ နားလည်နိုင်ပါတယ် ၊ မြန်မာပြန်မှာက အထိ..လို့ပါနေတော့ သောကြာနေ့ ပါလားမပါလားက ဒွိဟပွားစရာဖြစ်နေပါတယ် ၊ အင်္ဂလိပ်လို့မှာက before ဆိုတော့ ရှင်းပါတယ်)
..
ဒီလိုရှင်းထားပါသေးတယ်
If you do something until or till a particular time, you stop doing it at that time.
..
(3.2) I will work until I die.
ကျနော် မသေခင်အထိ အလုပ်လုပ်သွားမှာပါ
.
(3.3) I will work until about 3 pm.
ညနေ (၃) နာရီအတိုင်မီအထိ အလုပ်လုပ်ပါမယ် ( ၃ နာရီထိုးတာနဲ့ ရပ်ပြီ ..ဆိုတဲ့သဘောပါပဲ)
..........................
(4) သတ်မှတ်ချက်ရှိတဲ့ အချိန်တစ်ခုမတိုင်မီ ဆက်လက်လုပ်ဆောင်နေတဲ့သဘောဖြ
Don't use 'until' or 'till' to say that something will have happened before a particular time.
..
အလုပ်က လေးနာရီ မတိုင်မီမှာ ပြီးပါလိမ့်မယ်
Don't say, .. 'The work will be finished until four o'clock'. (ဒီလို မပြောပါနဲ့)
You say, .. 'The work will be finished BY four o'clock'. (ဒီလို ပြောပါ)
..........................
(5) 'from' နဲ့ until ကိုလည်း တွဲသုံးနိုင်ပါတယ်
From is often used with until or till to say when something finishes and ends.
.
(5.1) They worked FROM dawn TILL dusk.
သူတို့ မိုးလင်းကနေ မိုးချုပ် အလုပ်လုပ်ကြတယ်
..
until/till အစား to ကို သုံးနိုင်သလို အမေရိကန်တွေက through ကိုလည်း သုံးကြပါသတဲ့
You can use to instead of 'until' or 'till'. Some American speakers also use through.
.
(5.2) Open daily FROM 23rd March TO 3rd November.
မတ်လ ၂၃ ရက်ကနေ နိုဝင်္ဘာလ ၃ ရက်အထိ နေစဉ်နေ့တိုင်းဖွင့်ပါတယ်
.
(5.3) I was in college FROM 1985 THROUGH 1990.
၁၉၈၅ ကနေ ၁၉၉၀ အထိ ကျနော်က ကောလိပ်ကျောင်း တက်နေခဲ့ပါတယ်
..........................
(6) Until နဲ့ till ကို အကွာအဝေးအတွက် မသုံးနိုင်ပါဘူး .. သူတို့အစား as far as ကို သုံးနိုင်ပါတယ်
Until and till both show time. They cannot be used to talk about distance. Instead we use “as far as”.
.
ကျနော်တို့ တောစပ်အထိ လမ်းလျှောက်ကြပါတယ်
We walked AS FAR AS the edge of the forest.
(NOT .. We walked until the edge of the forest.)
..........................
(7) အရေအတွက်ဆိုလျှင် up to ကိုသုံးနိုင်ပါတယ်
To talk about quantity we can use up to.
..
ဒီကားက ၈ ယောက်အထိ စီးနိုင်ပါတယ်
This car can seat up to eight people.
(NOT This car can seat until eight people.)
..........................
ဘယ်လို Tense တွေနဲ့ သုံးလေ့ရှိသလဲ တွေ့ရှိချက်တွေကတော့..
..
(8) Until နဲ့ till ကို လက်အောက်ခံဝါကျပိုင်း (မှီခိုဝါကျပိုင်း) မှာ simple present tense နဲ့ မကြာခဏ တွဲသုံးလေ့ရှိပါတယ် ( ဒီပုံစံက အသုံးများတယ်လို့ ဆိုလိုတာပါ)
We often use the present simple in the subordinate clause.
..
(8.1) Stay here with me till help comes.
အကူအညီ လာသည်အထိ ကျနော်နဲ့အတူ ဒီမှာနေပါ
.
(8.2) I will wait until he comes.
သူလာသည်အထိ ကျနော်စောင့်ပါမယ်
.
လက်အောက်ခံဝါကျပိုင်းမှာ future form ကို မသုံးပါနဲ့
Don't use a future form in the subordinate clause.
..
(8.3) Don't say, 'Stay here with me till help WILL come' (ဒီလို မသုံးပါနဲ့)
...
အတိတ်က အဖြစ်အပျက်တွေကို ပြောတဲ့အခါ past simple, present perfect, the past perfect တွေကို လက်အောက်ခံဝါကျပိုင်းမှာ သုံးနိုင်ပါတယ်
When you are talking about events in the past, you use the past simple, the present perfect or the past perfect in the subordinate clause.
..
(8.4) The agreement remained secret until it WAS exposed by the press. (past simple)
စာနယ်ဇင်းသတင်းစာတွေက မထုတ်ဖော်မီအထိ သဘောတူစာချုပ်က လျှို့ဝှက်နေခဲ့ပါတယ်
.
(8.5) I'll wait here until you HAVE HAD your breakfast. (present perfect)
ခင်ဗျား မနက်စာစာပြီးသည်အထိ ကျနော် ဒီမှာ စောင့်ပါမယ်
.
(8.6) He continued watching until I HAD DRIVEN off in my car. (past perfect)
ကျနော် ကားကို မောင်းထွက်သွားလိုက်သည်အထိ သူက ဆက်ကြည့်နေခဲ့ပါတယ်
...
သုံးစွဲပုံတွေက နောက်ထပ် ရှိပါသေးတယ် ။ သို့သော်လည်း အခုတောင် တော်တော်ရှုပ်သွားပြီမို့ ပိုပြီးသိချင်သူများ ဆက်လက်လေ့လာပါလို့ပဲ ညွှန်းပါရစေ.. Until မှာ “l” တစ်လုံးပဲ ဆိုတာလည်း သတိထားပြီးရေးပါ ၊ ကျနော်တော့ နှစ်လုံးရေးမိနေလို့ ပြန်ပြန်ဖျက်နေရပါတယ်
..
မေတ္တာဖြင့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။