အမျိုးသမီးတစ်ယောက်ဟာ အိမ်တံခါးကိုဖွင့်လိုက်တိုင်း
တံခါးဝရှေ့မှာ ငါးအသေတစ်ကောင်ကို တွေ့ရတယ်။ ယင်ကောင်တလောင်းလောင်းနဲ့
ငါးသေကောင်ကြောင့် သူ့စိတ်ညည်းညူလို့ ငါးကို အိတ်ထဲထည့်ပြီး
သူချက်ချင်းပစ်ထုတ်တယ်။ နောက်တစ်နေ့မှာလည်း အဲဒီလိုပဲ ငါးအသေတစ်ကောင်ဟာ
သူ့တံခါးဝရှေ့ရောက်လာပြန်တယ်။ သူပစ်ထုတ်ပြန်တယ်။
.
ငါးအသေကောင်တွေလာလာထားပြီး သူ့စိတ်ရှုပ်အောင်အပျက်လုပ်တဲ့လူကို သူထောင်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုနဲ့ လှေကားအကွယ်မှာရပ်ပြီး တံခါးဝဘက်ဆီ သူစောင့်ကြည့်နေခဲ့တယ်။ သိပ်မကြာပါဘူး.. ကြောင်တစ်ကောင်ဟာ ပါးစပ်မှာ ငါးတစ်ကောင်ကိုက်ပြီးရောက်လာတယ်။
ငါးကို တံခါးဝမှာထားပြီး ကြောင်ဟာ သိပ်မခွာချင်တဲ့ပုံစံနဲ့
အဝေးကိုထွက်သွားတယ်။ ကြောင်ကို သူသေချာကြည့်လိုက်တော့ အဲဒီကြောင်ဟာ
တစ်ချိန်ကသူကယ်ဖူးခဲ့တဲ့ကြောင်ဖြစ်နေတာကို တွေ့လိုက်တယ်။
.
--- သင် နှစ်သက်ချင်မှနှစ်သက်မယ်၊ သင့်အတွက်လိုအပ်ချင်မှ လိုအပ်မယ်ဆိုပေမယ့် အကောင်းဆုံးလို့သူထင်တဲ့ သူ့မှာရှိတဲ့အရာကို သင့်အတွက် သူပေးဆပ်တယ်။
.
မိဘဆိုတာကလည်း အဲဒီလိုပါပဲ.. အိမ်မွေးကြက်ဥတစ်ခြင်း၊ ခြံထွက် ငှက်ပျောသီးလေးတစ်ခိုင်၊ ကိုယ်တိုင်ချုပ်ထားတဲ့ အဝတ်တစ်စုံ၊ ကိုယ်တိုင်ကြော်ချက်တဲ့ ငါးပိကြော်တစ်ဗူး၊ ဂရုစိုက်တဲ့စကားတစ်ခွန်း၊ ကျန်းမာပါစေဆိုတဲ့တောင်းဆုတ စ်ခု၊
ဗျစ်တောက်တောက် သတိပေးစကားတစ်ခွန်းကို သင့်အတွက် လက်ဆောင်ပါးလိုက်တယ်။
ဒါတွေဟာ သင့်အတွက် လိုအပ်ချင်မှလိုအပ်မယ်၊ သင်ကြိုက်ချင်မှကြိုက်မယ်…
ဒါပေမယ့် ဒါတွေဟာ သူတို့မှာရှိတဲ့အကောင်းဆုံး အရာတွေဖြစ်တယ်။
.
ဘာမှမတောင်းဆိုချင်ပါဘူး… ကျေးဇူးတရားသိတတ်ဖို့ကိုပဲ ကိုယ့်ကိုယ်ကိုယ်တောင်းဆိုမိတယ်။
.
ငါးအသေကောင်တွေလာလာထားပြီး သူ့စိတ်ရှုပ်အောင်အပျက်လုပ်တ
.
--- သင် နှစ်သက်ချင်မှနှစ်သက်မယ်၊ သင့်အတွက်လိုအပ်ချင်မှ လိုအပ်မယ်ဆိုပေမယ့် အကောင်းဆုံးလို့သူထင်တဲ့ သူ့မှာရှိတဲ့အရာကို သင့်အတွက် သူပေးဆပ်တယ်။
.
မိဘဆိုတာကလည်း အဲဒီလိုပါပဲ.. အိမ်မွေးကြက်ဥတစ်ခြင်း၊ ခြံထွက် ငှက်ပျောသီးလေးတစ်ခိုင်၊ ကိုယ်တိုင်ချုပ်ထားတဲ့ အဝတ်တစ်စုံ၊ ကိုယ်တိုင်ကြော်ချက်တဲ့ ငါးပိကြော်တစ်ဗူး၊ ဂရုစိုက်တဲ့စကားတစ်ခွန်း၊ ကျန်းမာပါစေဆိုတဲ့တောင်းဆုတ
.
ဘာမှမတောင်းဆိုချင်ပါဘူး… ကျေးဇူးတရားသိတတ်ဖို့ကိုပဲ ကိုယ့်ကိုယ်ကိုယ်တောင်းဆိုမ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။