ဟိုမရောက် ဒီမရောက် Ought (to) ..တစ်ယောက်လူနဲ့အတွေ့မှာ
.......................... .......................... .......................... .........................
Ought to ကို ဘာဖြစ်လို့ ဟိုမရောက် ဒီမရောက်လို့ ပြောရတာလည်းဆိုတော့ .. သူ့ကို သုံးရမယ့်သဘောတရားမှာရော ဖွဲ့စည်းပုံမှာပါ ကြားကျနေလို့ပါ ။ dictionary တွေမှာပါတဲ့ သုံးစွဲပုံအညွှန်းတွေအရ ပြောတာဖြစ်ပါတယ် .. ဆက်ဖတ်ပေးလိုက်ပါ ။
.
Ought is used for saying what is the right or sensible thing to do . It is not as forceful as “must”, but it is stronger than “should”.
Ought to ကို အသိညာဏ်အရ စဉ်းစားချင့်ချိန်ပြီး မှန်ကန်တဲ့အရာ လုပ်ထိုက်တဲ့အရာတွေ ကို ပြောဆိုဖို့သုံးပါတယ် ၊ must လိုမျိုး အတင်းအကြပ်လုပ်ရမယ်လို့ မဟုတ်သလို ၊ လုပ်သင့်ပါတယ် ဆိုတဲ့ should ထက်လည်း ပိုပြီး အားပြင်းပါတယ် ။ ကျနော်ကတော့ ought ကို “ထိုက်သည် ၊ ဖို့ကောင်းသည် ၊ စေချင်သည်” လို့ယူချင်ပါတယ် ။ သို့သော် သူဟာ must နဲ့ should ကြားမှာဖြစ်နေတဲ့အတွက် တစ်ခါတရံမှာ must ဖက်ကို ယိမ်းသွားတဲ့ အဓိပ္ပါယ်လေးတွေ ရှိသလို ၊ should ရဲ့ နယ်နိမိတ်ထဲကနေ ကပ်ပြီးဖြတ်သွားတာမျိုးလေးေ တွလည်း ရှိပါလိမ့်မယ် ။
...
Ought to is a semi-modal verb because it is in some ways like a modal verb and in some ways like a main verb. For example, unlike modal verbs, it is followed by to, but like modal verbs, it does not change form for person:
Ought to ဟာ semi-modal verb (တစ်ဝက်ပဲကိုက်ညီတဲ့ modal verb) ဖြစ်ပါတယ် ၊ (တချို့ဆရာတွေက modal verb ထဲမှာ စာရင်းသွင်းပြီး တချို့ကတော့ သီးခြားထားပါတယ်) ။ Modal verb တွေနဲ့ မတူညီတဲ့အချက်ကတော့ Modal verb တွေနောက်မှာ to မလိုက်ရပေမယ့် သူ့နောက်မှာ to လိုက်ရပါတယ် ။ တူညီတဲ့အချက်ကတော့ အာလုံးရဲ့ နောက်မှာ infinitive(V1) လိုက်ပါတယ် ။
.......................... ..........................
Ought to ရဲ့ သုံးစွဲပုံတွေကို dictionary တွေကနေ စုပေါင်းလိုက်တဲ့အခါ ဒီလိုတွေ သုံးနိုင်တယ်လို့ ထွက်လာပါတယ် ..
.
(1) တာဝန် ၀တ္တရားရှိတယ် ဆိုတာကိုဖေါ်ပြဖို့ သုံးနိုင်ပါတယ်
.
You ought to work harder than that. (Duty)
ခင်ဗျား အဲဒီထက် ပိုပြီးကြိုးကြိုးစားစား လုပ်ဖို့ကောင်းပါတယ်
.......................... ....
(2) အကြံညာဏ်ပေးချက်ဖေါ်ပြဖို့ သုံးနိုင်ပါတယ်
.
You ought to wear a raincoat. (Advice)
ခင်ဗျား မိုးကာ ၀တ်သွားဖို့ကောင်းတယ်နော်
.......................... .................
(3) အနာဂါတ်ကာလကိုရည်ညွှန်းတဲ့ အချိန်ပြပုဒ် များနဲ့အတူ မျှော်မှန်းချက်များကို ဖေါ်ပြနိုင်ပါတယ် (usually with reference to future time)
.
You ought to finish this work BY FRIDAY. (Expectation)
ခင်ဗျား ဒီအလုပ်ကို သောကြာနေ့မတိုင်ခင် ပြီးစေချင်ပါတယ်
.......................... .......................
(4) လိုအပ်ချက်တွေ အတွက်လည်း သုံးနိုင်ပါတယ်
.
We ought to help the poor. (Necessity)
ကျနော်တို့တွေက မရှိဆင်းရဲသားတွေကို ကူညီထိုက်တယ်
.......................... .......................... .
(5) လူ့ကျင့်ဝတ်စည်းကမ်းတွေအရ လုပ်ထိုက်တဲ့ တာဝန် ၀တ္တရားတွေကိုလည်း ဖေးပြနိုင်ပါတယ်
.
Children ought to respect their parents. (Moral obligation)
ကလေးတွေဟာ သူတို့ရဲ့မိဘတွေကို ရိုသေလေးစားထိုက်ပါတယ်
.......................... .......................... .........
(6) စိတ်ရဲ့ဆန္ဒတွေ အာသီသ တွေအတွက်လည်း သုံးနိုင်ပါတယ်
.
You ought to come next week. (Desire or wish)
ခင်ဗျား နောက်တစ်ပတ်ကျလျှင် လာစေချင်ပါတယ်
.......................... .......................... .......
(7) တရားမျှတမှုသဘောအရ လူ့ကျင့်ဝတ်စည်းကမ်းအရ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ယူဆတဲ့ အရာများအတွက်လည်း သုံးနိုင်ပါတယ်
..
He ought to be punished. (Justice or moral rightness)
သူက အပြစ်ပေးခံရထိုက်ပါတယ် ၊ အပြစ်နဲ့ ထိုက်တန်ပါတယ် ...စသည်ဖြင့် သုံးနိုင်ပါတယ် ။
.......................... .......................... ..............
(8)အငြင်းပြုလုပ်တဲ့အခါမှာေ တာ့ not ကို ought နောက်မှာကပ်လျှက်ထားပါတယ်
..
(8.1) Such things ought NOT to be allowed.
ဒီလိုမျိုးကိစ္စတွေကို ခွင့်မပြုထိုက်ပါဘူး
..
တချို့က အငြင်းဝါကျမှာ to ကို ဖြုတ်ရမယ်လို့ဆိုပါတယ် ၊ Oxford, Cambridge, .. စတဲ့ နာမည်ရှိပြီး dictionary တွေအားလုံးမှာတော့ to မဖြုတ်ပါဘူး
.
(8.2) You ought not smoke so much.
ခင်ဗျားဆေးလိပ်တွေ အရမ်းကြီး မသောက်သင့်ပါဘူးဗျာ
.......................... .......................... ............
တကယ်တော့လေ အဲဒါတွေကို လိုက်မှတ်နေရတာ ဆန်စင်ရာကျည်ပွေ့လိုက်နေရသလို
ညတာရှည်ပြီး အိပ်မက်များလှပါတယ် ၊ ဟိုးအထက်ဆုံးမှာတုန်းက ရေးခဲ့သလိုပဲ ..
“စဉ်းစားချင့်ချိန်တဲ့ အသိညာဏ်အရ လုပ်ထိုက်တဲ့အရာ” ဆိုလျှင် ought to
ကိုသုံးလို့ရတယ်ဆိုပြီး မှတ်လိုက်လျှင် တစ်ချက်တည်းနဲ့ ကိစ္စပြတ်ပါတယ် ။
သြော်..အမျိုးအမျိုးပါလားကွီးရယ်လို့
မထင်လိုက်ပါနဲ့ ၊ မှတ်သားရတဲ့အလုပ် ၀န်ထုပ်မဖြစ်စေချင်လို့ လွယ်အောင်
ချုပ်ပေးချင်ခဲ့တာ စေတနာရယ်ပါ ။ အိုက်(စ်) .. စွန်းမိုက်သွားပြီ လေ ..နော ။
.
(9) မေးခွန်းပြောင်းလျှင်လည်း ought ကို ရှေ့ထုတ်လိုက်ရုံပါပဲ ၊ to က ရှေ့ထိ ပါမလာတော့ဘူးဆိုတာကို သတိရပါ ။
Ought I to write thank you in the comment session?
မှတ်ချက်ရေးရတဲ့နေရာမှာ ကျေးဇူးတင်ပါတယ်လို့ ကျနော်က ရေးထိုက်ပါရဲ့လား
.
(10) အငြင်းပုံစံနဲ့မေးခွန်း (Negative question) လုပ်မယ်ဆိုလျှင်တော့ not က ought ရဲ့ နောက်ကို လာကပ်ပါတယ် ၊ to ရှေ့မှာနေလို့မရတော့ပါဘူး
.
Oughtn’t I to write thank you in the comment session?
မှတ်ချက်ရေးရတဲ့နေရာမှာ ကျေးဇူးတင်ပါတယ်လို့ ကျနော်က မရေးထိုက်ဘူးလား
.......................... .......................... ..............
(11) Ought generally points to present and future time. It can point to past time when it is followed by the perfect infinitive (have + past participle).
ယေဘူယျအားဖြင့် Ought to ဟာ ပစ္စုပ္ပုန် နဲ့ အနာဂါတ်ကာလကို ညွှန်းဆိုပါတယ် ၊ သို့သော်လည်း
(ought to + have + past participle(V3)) ပုံစံနဲ့ အတိတ်ကာလကို ရည်ညွှန်းပြောဆိုနိုင်ပါတယ် ..
..
You ought to have helped him. (It was your duty to help him but you didn’t.)
ခင်ဗျားသူ့ကို ကူညီခဲ့ဖို့ သင့်ပါတယ် (လုပ်သင့်လုပ်ထိုက်တာဖြစ်ပေ မယ့် မကူညီဖြစ်ခဲ့ဘူးလို့ ဆိုလိုပါတယ်)
.......................... .......................... .....
အတော်လေးတော့ ရေရေရာရာ သေသေချာချာနဲ့ ဝေေ၀ဆာဆာ လေးဖြစ်သွားပြီ ထင်ပါရဲ့ ၊ ဒါဆို မှတ်မိအောင် လုပ်လိုက်ဖို့ တစ်ခုပဲ လိုတော့တာပေါ့နော်..
..
မေတ္တာဖြင့်
..........................
Ought to ကို ဘာဖြစ်လို့ ဟိုမရောက် ဒီမရောက်လို့ ပြောရတာလည်းဆိုတော့ .. သူ့ကို သုံးရမယ့်သဘောတရားမှာရော ဖွဲ့စည်းပုံမှာပါ ကြားကျနေလို့ပါ ။ dictionary တွေမှာပါတဲ့ သုံးစွဲပုံအညွှန်းတွေအရ ပြောတာဖြစ်ပါတယ် .. ဆက်ဖတ်ပေးလိုက်ပါ ။
.
Ought is used for saying what is the right or sensible thing to do . It is not as forceful as “must”, but it is stronger than “should”.
Ought to ကို အသိညာဏ်အရ စဉ်းစားချင့်ချိန်ပြီး မှန်ကန်တဲ့အရာ လုပ်ထိုက်တဲ့အရာတွေ ကို ပြောဆိုဖို့သုံးပါတယ် ၊ must လိုမျိုး အတင်းအကြပ်လုပ်ရမယ်လို့ မဟုတ်သလို ၊ လုပ်သင့်ပါတယ် ဆိုတဲ့ should ထက်လည်း ပိုပြီး အားပြင်းပါတယ် ။ ကျနော်ကတော့ ought ကို “ထိုက်သည် ၊ ဖို့ကောင်းသည် ၊ စေချင်သည်” လို့ယူချင်ပါတယ် ။ သို့သော် သူဟာ must နဲ့ should ကြားမှာဖြစ်နေတဲ့အတွက် တစ်ခါတရံမှာ must ဖက်ကို ယိမ်းသွားတဲ့ အဓိပ္ပါယ်လေးတွေ ရှိသလို ၊ should ရဲ့ နယ်နိမိတ်ထဲကနေ ကပ်ပြီးဖြတ်သွားတာမျိုးလေးေ
...
Ought to is a semi-modal verb because it is in some ways like a modal verb and in some ways like a main verb. For example, unlike modal verbs, it is followed by to, but like modal verbs, it does not change form for person:
Ought to ဟာ semi-modal verb (တစ်ဝက်ပဲကိုက်ညီတဲ့ modal verb) ဖြစ်ပါတယ် ၊ (တချို့ဆရာတွေက modal verb ထဲမှာ စာရင်းသွင်းပြီး တချို့ကတော့ သီးခြားထားပါတယ်) ။ Modal verb တွေနဲ့ မတူညီတဲ့အချက်ကတော့ Modal verb တွေနောက်မှာ to မလိုက်ရပေမယ့် သူ့နောက်မှာ to လိုက်ရပါတယ် ။ တူညီတဲ့အချက်ကတော့ အာလုံးရဲ့ နောက်မှာ infinitive(V1) လိုက်ပါတယ် ။
..........................
Ought to ရဲ့ သုံးစွဲပုံတွေကို dictionary တွေကနေ စုပေါင်းလိုက်တဲ့အခါ ဒီလိုတွေ သုံးနိုင်တယ်လို့ ထွက်လာပါတယ် ..
.
(1) တာဝန် ၀တ္တရားရှိတယ် ဆိုတာကိုဖေါ်ပြဖို့ သုံးနိုင်ပါတယ်
.
You ought to work harder than that. (Duty)
ခင်ဗျား အဲဒီထက် ပိုပြီးကြိုးကြိုးစားစား လုပ်ဖို့ကောင်းပါတယ်
..........................
(2) အကြံညာဏ်ပေးချက်ဖေါ်ပြဖို့ သုံးနိုင်ပါတယ်
.
You ought to wear a raincoat. (Advice)
ခင်ဗျား မိုးကာ ၀တ်သွားဖို့ကောင်းတယ်နော်
..........................
(3) အနာဂါတ်ကာလကိုရည်ညွှန်းတဲ့ အချိန်ပြပုဒ် များနဲ့အတူ မျှော်မှန်းချက်များကို ဖေါ်ပြနိုင်ပါတယ် (usually with reference to future time)
.
You ought to finish this work BY FRIDAY. (Expectation)
ခင်ဗျား ဒီအလုပ်ကို သောကြာနေ့မတိုင်ခင် ပြီးစေချင်ပါတယ်
..........................
(4) လိုအပ်ချက်တွေ အတွက်လည်း သုံးနိုင်ပါတယ်
.
We ought to help the poor. (Necessity)
ကျနော်တို့တွေက မရှိဆင်းရဲသားတွေကို ကူညီထိုက်တယ်
..........................
(5) လူ့ကျင့်ဝတ်စည်းကမ်းတွေအရ လုပ်ထိုက်တဲ့ တာဝန် ၀တ္တရားတွေကိုလည်း ဖေးပြနိုင်ပါတယ်
.
Children ought to respect their parents. (Moral obligation)
ကလေးတွေဟာ သူတို့ရဲ့မိဘတွေကို ရိုသေလေးစားထိုက်ပါတယ်
..........................
(6) စိတ်ရဲ့ဆန္ဒတွေ အာသီသ တွေအတွက်လည်း သုံးနိုင်ပါတယ်
.
You ought to come next week. (Desire or wish)
ခင်ဗျား နောက်တစ်ပတ်ကျလျှင် လာစေချင်ပါတယ်
..........................
(7) တရားမျှတမှုသဘောအရ လူ့ကျင့်ဝတ်စည်းကမ်းအရ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ယူဆတဲ့ အရာများအတွက်လည်း သုံးနိုင်ပါတယ်
..
He ought to be punished. (Justice or moral rightness)
သူက အပြစ်ပေးခံရထိုက်ပါတယ် ၊ အပြစ်နဲ့ ထိုက်တန်ပါတယ် ...စသည်ဖြင့် သုံးနိုင်ပါတယ် ။
..........................
(8)အငြင်းပြုလုပ်တဲ့အခါမှာေ
..
(8.1) Such things ought NOT to be allowed.
ဒီလိုမျိုးကိစ္စတွေကို ခွင့်မပြုထိုက်ပါဘူး
..
တချို့က အငြင်းဝါကျမှာ to ကို ဖြုတ်ရမယ်လို့ဆိုပါတယ် ၊ Oxford, Cambridge, .. စတဲ့ နာမည်ရှိပြီး dictionary တွေအားလုံးမှာတော့ to မဖြုတ်ပါဘူး
.
(8.2) You ought not smoke so much.
ခင်ဗျားဆေးလိပ်တွေ အရမ်းကြီး မသောက်သင့်ပါဘူးဗျာ
..........................
တကယ်တော့လေ အဲဒါတွေကို လိုက်မှတ်နေရတာ ဆန်စင်ရာကျည်ပွေ့လိုက်နေရသလ
.
(9) မေးခွန်းပြောင်းလျှင်လည်း ought ကို ရှေ့ထုတ်လိုက်ရုံပါပဲ ၊ to က ရှေ့ထိ ပါမလာတော့ဘူးဆိုတာကို သတိရပါ ။
Ought I to write thank you in the comment session?
မှတ်ချက်ရေးရတဲ့နေရာမှာ ကျေးဇူးတင်ပါတယ်လို့ ကျနော်က ရေးထိုက်ပါရဲ့လား
.
(10) အငြင်းပုံစံနဲ့မေးခွန်း (Negative question) လုပ်မယ်ဆိုလျှင်တော့ not က ought ရဲ့ နောက်ကို လာကပ်ပါတယ် ၊ to ရှေ့မှာနေလို့မရတော့ပါဘူး
.
Oughtn’t I to write thank you in the comment session?
မှတ်ချက်ရေးရတဲ့နေရာမှာ ကျေးဇူးတင်ပါတယ်လို့ ကျနော်က မရေးထိုက်ဘူးလား
..........................
(11) Ought generally points to present and future time. It can point to past time when it is followed by the perfect infinitive (have + past participle).
ယေဘူယျအားဖြင့် Ought to ဟာ ပစ္စုပ္ပုန် နဲ့ အနာဂါတ်ကာလကို ညွှန်းဆိုပါတယ် ၊ သို့သော်လည်း
(ought to + have + past participle(V3)) ပုံစံနဲ့ အတိတ်ကာလကို ရည်ညွှန်းပြောဆိုနိုင်ပါတယ် ..
..
You ought to have helped him. (It was your duty to help him but you didn’t.)
ခင်ဗျားသူ့ကို ကူညီခဲ့ဖို့ သင့်ပါတယ် (လုပ်သင့်လုပ်ထိုက်တာဖြစ်ပေ
..........................
အတော်လေးတော့ ရေရေရာရာ သေသေချာချာနဲ့ ဝေေ၀ဆာဆာ လေးဖြစ်သွားပြီ ထင်ပါရဲ့ ၊ ဒါဆို မှတ်မိအောင် လုပ်လိုက်ဖို့ တစ်ခုပဲ လိုတော့တာပေါ့နော်..
..
မေတ္တာဖြင့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။