"ဒီနေ့ဟာ အကောင်းဆုံး နေ့တစ်နေ့"
**************************
ဒီနေ့မနက်အိပ်ရာထ မျက်လုံးနှစ်လုံး ဖွင့်တဲ့အချိန်ကစပြီး တို့တွေ ကိုယ့်ကိုယ်ကို ပြောရမှာက
"ဒီနေ့ဟာ အကောင်းဆုံးနေ့တစ်နေ့ ဆိုတာပါပဲ"
မနေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အားလုံးဟာ ပြီးသွားပြီပဲ ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကို သတိပေးရမှာက "မနေ့က ဦးနှောက်ခြောက်စရာ ဖြစ်ရပ်တွေက ဒီနေ့ရဲ့ ကောင်းမွန်လှပတဲ့ စိတ်နှလုံးကို မထိခိုက်စေဖို့ပါပဲ"
အရာအားလုံး အစက ပြန်စကြစို့
ဖြူစင်အလှပဆုံး စိတ်ထားလေးနဲ့အတူ တို့တွေရဲ့ နေ့ရက်တိုင်းကို လက်ကမ်း ကြိုဆိုလိုက်ကြစို့်။
အလုပ်လုပ်တဲ့အခါမှာလဲ အလုပ် ဘယ်လောက်များများ၊ စိတ်ဖိစီးမှု ဘယ်လောက်ကြီးကြီး ဘာကိုမှ စောဒက မတက်ပါနဲ့ ဒေါသလဲ မသယ်ဆောင်လာပါနဲ့။
နေ့သစ်ရဲ့ အလုပ်ကို စိတ်သစ်လူသစ်နဲ့ စတင်လိုက်ပါ။
နေ့သစ်ရဲ့ သာယာမှုလေး ပျောက်ဆုံးသွားမှာ စိုးလို့ပါ။
ဒီလိုမှလဲ သင့်ရဲ့တနေ့တာ စိတ်ကလေးက ကောင်းကောင်းမွန်မွန်နဲ့ နေ့စဉ်ဘ၀မှာ ရောင်ပြန်ဟပ်နိုင်တဲ့အတွက် ကိုယ့်အလုပ်ကို တလှမ်းချင်း ချီတက်ရင်း အောင်မြင်မှုကို ရယူနိုင်စေမှာပါ။
ဒီလို ဘ၀မှာ ကြုံတဲ့ စိတ်ဖိစီးမှုတွေကို စိတ်ထား အေးအေးလေးနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် အောင်မြင်မှု ကြီးကြီးမားမား ဆွတ်ယူနိုင်တာပါပဲ။
အစက စိတ်ရှုပ် ခေါင်းရှုပ်စရာလို့ ထင်ထားတဲ့ အရာလေးတွေဟာအေးမြကြည်လင်တဲ့
စိတ်ထားလေးကြောင့် မသိမသာ တိတ်တဆိတ် ပျောက်ကွယ်သွားပါတယ်။
နောက်ပြီးတော့ မှတ်ထားပါ။ သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါမှလဲ ဘ၀ဟာ အေးဆေးသက်သာမှာပေါ့။
တကယ်လို့ အကြောင်းအရာတခုနဲ့ ပတ်သက်ပြီး သူများတကာနဲ့ ယှဉ်ပြိုင်လိုက်တာနဲ့ ဘ၀မှာ ပင်ပန်းတော့မှာပါပဲ။
လူတယောက် တကယ်ပြိုင်ရမှာက သူကိုယ်တိုင်ပါပဲ။ သူများနဲ့ပြိုင်တာက ကိုယ့်ကိုယ်ကို ပြိုင်တာနဲ့ မတူပါဘူး။ ကိုယ့်ဘာသာပြိုင်ဆိုင်မှသာအ သိတရားတခုကို ကိုယ်တိုင်ရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေမှာ မလွဲပါဘူး။
ပြီးတော့ သူများတွေရဲ့ စံသတ်မှတ်ချက်တွေ အတိုင်းလဲ မလုပ်ပါနဲ့။ ကိုယ့်ရဲ့စံချိန်ကို ကိုယ်ချိုးနိုင်အောင်သာ ကြိုးစားပါ။
တကယ်လို့ မတရားစွပ်စွဲ ပြောဆိုခံရမယ်ဆိုရင်လဲ ကိုယ့်ရဲ့ဂုဏ် မထိခိုက်ဘူးဆိုရင် သူပြောချင်တာ ပြောစမ်းပါစေ။ လူအမျိုးမျိုး စိတ်အထွေထွေ အသက်တစ်ရာမနေရ အမှုတစ်ရာ တွေ့ရတာ လူ့သဘာဝပါပဲ။ ပုံမှန်စိတ်ထားလေးနဲ့ ရှေ့ဆက်လိုက်ပါ။
တကယ်လို့ အမှန်ပြောတယ်ဆိုရင်တော့ သူငယ်ချင်းအနေနဲ့ အမြင်ရှင်းရှင်းကြည့်ပြီး လက်ခံပေးလိုက်ပါ။ အဖိုးတန်ပါတယ်။
မဟုတ်တာ ပြောမယ်ဆိုရင်တော့ မသိချင်ယောင် ဆောင်နေလိုက်ပါ။ စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့။ စိတ်ဒဏ်ရာရစေပါတယ်။
ဒီလောကကြီးမှာ လူလူချင်း မျက်စောင်းထိုးနေကြမယ်ဆိုရင် ဘယ်လို စိတ်ချမ်းသာကြမလဲ။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ အကောင်းမြင်စိတ်ထားလေးနဲ့ လက်ခံမှုပါပဲ။
ဒီလိုမျိုး ကြုံရမယ်ဆိုရင် စိတ်ညစ် စိတ်တိုနေမဲ့အစား ၀ါသနာပါရာ အလုပ်လေးကို လုပ်နေလိုက်ပါ။
ဥပမာ....သီချင်းဆိုပြီးကတာ၊ အင်တာနက်ဝင်ပြီး မိတ်ဆွေတွေနဲ့ ချက်တင်ပြောတာ၊ စာဖတ်တာ စတဲ့ ၀ါသနာပါရာ အလုပ်လေးတွေက သင့်ရဲ့ စိတ်ကို အေးချမ်းစေမှာပါ။
နောက်တခုမှာချင်တာကတော့ ပိုက်ဆံဆိုတာကို ဘ၀ရဲ့ အရေးကြီးဆုံးအနေနဲ့ မသတ်မှတ်ဖို့ပါပဲ။ ဘ၀ရှင်သန်နေသရွေ့ ပိုက်ဆံကို ၀ယ်ယူနိုင်ပေမဲ့ ပိုက်ဆံနဲ့တော့ ဘ၀ကို ၀ယ်ဖို့ မဖြစ်နိုင်ပါဘူး။
လူဟာ စိတ်ထားလေးကောင်းမွန်မှသာ
ဘ၀မှာ အေးအေးဆေးဆေးနဲ့ နေ့သစ်တွေကို ဖြတ်သန်းနိုင်မှာပါ။
ငိုတာလဲ တစ်နေ့တာဖြစ်နိုင်သလို
ရယ်မောတာလဲ တစ်ရက်တာလုံး ဖြစ်နိုင်ပါတယ်။ ဘယ်ရက်ကို ရွေးချယ်မှာလဲ?
အဓိကကတော့ ကိုယ်တိုင် လှပတဲ့ စိတ်ထားလေးနဲ့ အကောင်းဆုံး နေ့ရက်သစ်တွေကို
ဖြတ်သန်းနိုင်ဖို့သာ လိုပါတယ်။
Credit; Ko Zay Yar
**************************
ဒီနေ့မနက်အိပ်ရာထ မျက်လုံးနှစ်လုံး ဖွင့်တဲ့အချိန်ကစပြီး တို့တွေ ကိုယ့်ကိုယ်ကို ပြောရမှာက
"ဒီနေ့ဟာ အကောင်းဆုံးနေ့တစ်နေ့ ဆိုတာပါပဲ"
မနေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အားလုံးဟာ ပြီးသွားပြီပဲ ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကို သတိပေးရမှာက "မနေ့က ဦးနှောက်ခြောက်စရာ ဖြစ်ရပ်တွေက ဒီနေ့ရဲ့ ကောင်းမွန်လှပတဲ့ စိတ်နှလုံးကို မထိခိုက်စေဖို့ပါပဲ"
အရာအားလုံး အစက ပြန်စကြစို့
ဖြူစင်အလှပဆုံး စိတ်ထားလေးနဲ့အတူ တို့တွေရဲ့ နေ့ရက်တိုင်းကို လက်ကမ်း ကြိုဆိုလိုက်ကြစို့်။
အလုပ်လုပ်တဲ့အခါမှာလဲ အလုပ် ဘယ်လောက်များများ၊ စိတ်ဖိစီးမှု ဘယ်လောက်ကြီးကြီး ဘာကိုမှ စောဒက မတက်ပါနဲ့ ဒေါသလဲ မသယ်ဆောင်လာပါနဲ့။
နေ့သစ်ရဲ့ အလုပ်ကို စိတ်သစ်လူသစ်နဲ့ စတင်လိုက်ပါ။
နေ့သစ်ရဲ့ သာယာမှုလေး ပျောက်ဆုံးသွားမှာ စိုးလို့ပါ။
ဒီလိုမှလဲ သင့်ရဲ့တနေ့တာ စိတ်ကလေးက ကောင်းကောင်းမွန်မွန်နဲ့ နေ့စဉ်ဘ၀မှာ ရောင်ပြန်ဟပ်နိုင်တဲ့အတွက် ကိုယ့်အလုပ်ကို တလှမ်းချင်း ချီတက်ရင်း အောင်မြင်မှုကို ရယူနိုင်စေမှာပါ။
ဒီလို ဘ၀မှာ ကြုံတဲ့ စိတ်ဖိစီးမှုတွေကို စိတ်ထား အေးအေးလေးနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် အောင်မြင်မှု ကြီးကြီးမားမား ဆွတ်ယူနိုင်တာပါပဲ။
အစက စိတ်ရှုပ် ခေါင်းရှုပ်စရာလို့ ထင်ထားတဲ့ အရာလေးတွေဟာအေးမြကြည်လင်တဲ့
စိတ်ထားလေးကြောင့် မသိမသာ တိတ်တဆိတ် ပျောက်ကွယ်သွားပါတယ်။
နောက်ပြီးတော့ မှတ်ထားပါ။ သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါမှလဲ ဘ၀ဟာ အေးဆေးသက်သာမှာပေါ့။
တကယ်လို့ အကြောင်းအရာတခုနဲ့ ပတ်သက်ပြီး သူများတကာနဲ့ ယှဉ်ပြိုင်လိုက်တာနဲ့ ဘ၀မှာ ပင်ပန်းတော့မှာပါပဲ။
လူတယောက် တကယ်ပြိုင်ရမှာက သူကိုယ်တိုင်ပါပဲ။ သူများနဲ့ပြိုင်တာက ကိုယ့်ကိုယ်ကို ပြိုင်တာနဲ့ မတူပါဘူး။ ကိုယ့်ဘာသာပြိုင်ဆိုင်မှသာအ
ပြီးတော့ သူများတွေရဲ့ စံသတ်မှတ်ချက်တွေ အတိုင်းလဲ မလုပ်ပါနဲ့။ ကိုယ့်ရဲ့စံချိန်ကို ကိုယ်ချိုးနိုင်အောင်သာ ကြိုးစားပါ။
တကယ်လို့ မတရားစွပ်စွဲ ပြောဆိုခံရမယ်ဆိုရင်လဲ ကိုယ့်ရဲ့ဂုဏ် မထိခိုက်ဘူးဆိုရင် သူပြောချင်တာ ပြောစမ်းပါစေ။ လူအမျိုးမျိုး စိတ်အထွေထွေ အသက်တစ်ရာမနေရ အမှုတစ်ရာ တွေ့ရတာ လူ့သဘာဝပါပဲ။ ပုံမှန်စိတ်ထားလေးနဲ့ ရှေ့ဆက်လိုက်ပါ။
တကယ်လို့ အမှန်ပြောတယ်ဆိုရင်တော့ သူငယ်ချင်းအနေနဲ့ အမြင်ရှင်းရှင်းကြည့်ပြီး လက်ခံပေးလိုက်ပါ။ အဖိုးတန်ပါတယ်။
မဟုတ်တာ ပြောမယ်ဆိုရင်တော့ မသိချင်ယောင် ဆောင်နေလိုက်ပါ။ စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့။ စိတ်ဒဏ်ရာရစေပါတယ်။
ဒီလောကကြီးမှာ လူလူချင်း မျက်စောင်းထိုးနေကြမယ်ဆိုရင
ဒီလိုမျိုး ကြုံရမယ်ဆိုရင် စိတ်ညစ် စိတ်တိုနေမဲ့အစား ၀ါသနာပါရာ အလုပ်လေးကို လုပ်နေလိုက်ပါ။
ဥပမာ....သီချင်းဆိုပြီးကတာ၊
နောက်တခုမှာချင်တာကတော့ ပိုက်ဆံဆိုတာကို ဘ၀ရဲ့ အရေးကြီးဆုံးအနေနဲ့ မသတ်မှတ်ဖို့ပါပဲ။ ဘ၀ရှင်သန်နေသရွေ့ ပိုက်ဆံကို ၀ယ်ယူနိုင်ပေမဲ့ ပိုက်ဆံနဲ့တော့ ဘ၀ကို ၀ယ်ဖို့ မဖြစ်နိုင်ပါဘူး။
လူဟာ စိတ်ထားလေးကောင်းမွန်မှသာ
ဘ၀မှာ အေးအေးဆေးဆေးနဲ့ နေ့သစ်တွေကို ဖြတ်သန်းနိုင်မှာပါ။
ငိုတာလဲ တစ်နေ့တာဖြစ်နိုင်သလို
ရယ်မောတာလဲ တစ်ရက်တာလုံး ဖြစ်နိုင်ပါတယ်။ ဘယ်ရက်ကို ရွေးချယ်မှာလဲ?
အဓိကကတော့ ကိုယ်တိုင် လှပတဲ့ စိတ်ထားလေးနဲ့ အကောင်းဆုံး နေ့ရက်သစ်တွေကို
ဖြတ်သန်းနိုင်ဖို့သာ လိုပါတယ်။
Credit; Ko Zay Yar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။