ဆွီဒင်မှာ သီချင်းသွင်းမယ့် ကျားပေါက် နဲ့ စကားပြောခြင်း
Posted by AsianFame On July 04, 2016 0 Comment
Kyar pout
ဒီတစ်ခေါက် ဆွီဒင်မှာ အသံသွင်းမယ့်ခရီးစဉ်အကြောင်း သိချင်တယ်။
ကျွန်တော် ပထမ တစ်ခေါက်သွားတုန်းက ၆ပုဒ် ပဲပြီးခဲ့တယ်။ အခုကျတော့ Band လိုက်သွားပြီး ကျန်တဲ့သီချင်းတွေ အကုန်တီးမယ်။ ၆ ပုဒ်၊ ၇ ပုဒ်လောက် တော့ တီးဖြစ်မယ်။ အားလုံးသီချင်းအသစ်တွေပဲ။ အင်္ဂလိပ်လိုဆိုမှာ။ မြန်မာလို ၂ ပုဒ် လောက်တော့ပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂလိပ်အခွေမှာ မြန်မာသီချင်း ၂ ပုဒ် လောက်ထည့်ချင်တယ်။ Worldwide ဖြန့်ဖြစ်ခဲ့ရင်လည်း မြန်မာသီချင်းကိုပါစေချင်တယ်။
Worldwide ထိသွားမယ့် ဆွီဒင်မှာသွင်းတဲ့ ဒီစီးရီးထဲက သီချင်းတွေအပေါ်မှာ ဘယ်လောက် Tension ရှိနေလဲ။
Blood Sugar Politic ထဲက ၃ပုဒ်လောက်ပြန်ပါတယ်။ Blood Sugar အနေနဲ့ကလည်း ဆက်မလုပ်ဖြစ်တော့ဘူး။ အဲဒါလေးလည်း တစ်လက်စတည်း ပြောပြမယ်။ အဲဒီတုန်းက ၂ဝ၁ဝကာလ။ လွတ်လပ်သလိုလို၊ မလွတ်လပ်သလိုလို ဖြစ်နေတဲ့ အချိန်ဆိုတော့ Blood Sugar နဲ့လုပ်လိုက်ခြင်းအားဖြင့် တစ်ခုခု ဖြစ်လို့ ပိတ်လိုက်တာတို့ ဘာတို့ဖြစ်ရင် Big Bag ကို မထိခိုက်စေချင်ဘူး။ အခုကျတော့ Blood Sugar အနေနဲ့ လောလော ဆယ်သွားစရာအကြောင်း မရှိသေးဘူး။ Big Bag မှာလည်း ကျွန်တော်လုပ်ချင်တာ အကုန်လုံးနီးပါးလုပ်နေရပြီဆိုတော့ အခု Blood Sugar ထဲက သီချင်းတွေ ငှားသုံးလိုက်တဲ့သဘောပေါ့။
ဒါဆို Blood Sugar က Big Bag အနေနဲ့ လုပ်လို့မရနိုင်မယ့် ပုံစံမျိုးတွေအတွက် အဲဒီကာလက အရန်အနေနဲ့ ထားရှိခဲ့တဲ့ သဘောပေါ့။
အဲဒီတုန်းက တချို့ကျွန်တော်လုပ်ချင်တာေ တွက
ပရိသတ်နဲ့ တစ်ထပ်တည်းမကျတာရှိတယ်။ ပြီးတော့ ဆင်ဆာကိစ္စတွေဘာတွေကလည်း
ကိုယ်အစိုးမရဘူးလေ။ တစ်ခုခုလုပ်လိုက်ရင် အပိတ်ခံရတာတွေ ဘာတွေ ဖြစ်နိုင်တယ်။
အဲဒီအတွက် Blood Sugar ကိုထားတယ်။ အခုတော့ ရပြီလို့ထင်တာပဲ။
အခုတော့ ကျားပေါက်အနေနဲ့လည်း လွတ်လပ်မှုအပေါ်မှာ ယုံကြည်မှုရှိတော့ ကိုယ့်စိတ်ထဲက ခံစားရတဲ့ ဖီလင်တွေ၊ မြင်နေကြားနေတာတွေအပေါ် ဖန်တီးမှုက ပိုလွတ်လပ်သွားပြီလို့ ယူဆတာပေါ့။
Limitation တွေတော့ နည်းသွားတာပေါ့။ အရင်က ထက်စာရင်တော့ ကိုယ်ရေးနိုင်တာ အကုန်လုံးကိုအပိတ်အပင် အတားအဆီးမရှိတော့ဘဲနဲ့ ပွင့်ပွင့်လင်းလင်းရေးလို့ရ ပြီလို့
ထင်မြင်ယူဆရတာပေါ့။ ကျွန်တော် လုပ်တဲ့ အခွေတိုင်းမှာတော့ အဲဒီ ကာလ
အတိုင်းအတာအရ လွတ်လပ်လို့ရသမျှ အကုန်လုပ်တာပဲ။ ဒါပေမဲ့ ခုနကပြောသလို
အရင်ကတော့ တွေးတယ်ဆိုရင်တောင် Pattern တစ်ခုနှစ်ခုလောက်ပဲ တွေးဖို့ရှိတယ်။
အခုကျတော့ ရွေးချယ်စရာများတယ်။
အရင်ကတော့ ဆင်ဆာကို ရှောင်နေရတာနဲ့ပဲ ဖန်တီးမှုတွေက ဘောင်ကျဉ်းခဲ့တယ်။ နောက်ပိုင်းမှာကော ဂီတလောကက အတွေးသစ်အမြင်သစ်တွေနဲ့ ပိုကျယ်ပြန့်လာမယ်လို့ ကိုကျားထင်မိလား။
Freedom of expression သာ ဒီမှာတကယ်ရှိလာရင် ဒီတိုင်းပြည်မှာ တအားကောင်းတဲ့ Band တွေ ထွက်လာမယ်လို့ ကျွန်တော်ထင်ခဲ့တာ။ အခု ကျွန်တော်ထင်ထားတာထက်ကို ပိုမြန်တယ်။ တအား အားရ ဖို့ကောင်းတဲ့ Band တွေ အများကြီး ထွက်လာတယ်။ သဲရောတာနည်းသွားပြီ။ အရင်တုန်းကတော့ အုတ်ရောရော၊ ကျောက်ရော ရောတွေ ရှိတယ်။ အခုကျတော့ ထွက်လာတဲ့လူ တော်တော်များများက ကိုယ်ဘာလုပ်ချင်မှန်း ကောင်းကောင်းသိတယ်။ သူတို့ထွက်ချင်တဲ့ အသံက ဘာဆိုတာ ကောင်းကောင်း သိတယ်။ အခုက ပိုလွယ်လာသလို ပိုခက်လာတယ်။ လွယ်လာတာက Technological အတားအဆီး သိပ်မရှိတော့ဘူး။ စတူဒီယိုအကြီးကြီးတစ်ခုမှာရ တဲ့
Facility လောက်နီးနီးကို ကိုယ့် Laptop ထဲမှာလည်း ရနိုင်တယ်။ ဒါပေမဲ့
ပြဿနာက ဘာလဲဆိုတော့ အဲဒီအခွင့်အရေးက ကိုယ်တစ်ယောက်တည်းဆီမှာရှိတာ မဟုတ်ဘူး။ လူတိုင်းမှာရှိသွားတာ။ အဲဒီအတွက်တိုးရတာပိုခက်လာတယ်။ ဒါပေမဲ့ အဲဒီလိုပွတ်တိုက်ရတာများမှလ ည်း
ကောင်းတဲ့ဘက်ကို ပိုသွားမှာ။ စီးပွားရေးအရကို ကျွန်တော်မပြောဘူး။
အနုပညာအရည်အသွေးကိုပြောတာ။ အခွေတစ်ခွေမှာ အနုပညာ Volume ဘယ်လောက်ပါလဲဆိုရင်
များလာတဲ့အခွေတွေအများကြီးပါ။
ကျွန်တော်တို့ဆီမှာ တစ်ခုရှိတာက အနုပညာ Volume များတဲ့ အခွေတွေက စီးပွားရေးအရမှာ သိပ်မဖြစ်တာ တွေ့ရတယ်။
အဲဒါလည်း မမှန်တော့ဘူးဗျ။ လာပါလိမ့်မယ်။ တော်တော်များများက သီချင်းအသစ်ကိုလက်ခံလာကြ ပြီ။ လက်ခံလောက်တဲ့အထိလည်း ဆွဲဆောင်မှုတော့ ရှိရမယ်ဗျ။ အဲဒီလို ဆွဲဆောင်မှုရှိတဲ့ Band တွေ လည်း များလာတယ်။ အခွေကတော့ ခိုးကူးတွေ၊ Link တွေဘာတွေနဲ့ ရှုပ်ယှက်ခတ်ချင် ခတ်နေလိမ့်မယ်။ ဒါပေမဲ့ Live တွေမှာတော့ တအားအရသာရှိလာမယ်။ Art က ယိုပေါက် တစ်ခုရှိလည်း နောက်တစ်ဖက်မှာ တော့ အစစ်ကိုကြည့်လို့ရနေမှာပဲ။
ဒီမှာက အနုပညာ Volume တအားများရင် အသိုင်းအဝိုင်းတစ်ခုလောက်ကပဲ ရှာရှာဖွေဖွေ လိုလိုချင်ချင် နားထောင်ကြတယ်။ တကယ်အများစု နား ထောင်တာက ပေါက်သီချင်း အများစုပဲပေါ့။ အဲဒီအပေါ်မှာ ကိုကျားဘာ ပြောမလဲ။
တစ်ကမ္ဘာလုံးမှာလည်း အဲဒီအတိုင်းပဲ။ Worldwide Popping တအားဖြစ်တဲ့ Band တွေ ရှိနေတာပေါ့။ သီချင်းကို နEntertainment အတွက် ပေါ့ပေါ့ပါးပါးနားထောင်နိုင်တဲ့
Music တွေလည်း ရှိနေမှာပဲ။ ကိုယ့်ရဲ့ Deep Feeling တွေကို
ဖောက်ခွဲပေးဖို့ကလည်း တစ်လိုင်းရှိနေမှာပဲ။ ရွေးချယ်စရာရှိနေဖို့ လိုတာလေ။
တချို့ကျတော့လည်း တအားခံစားချင်တယ်။ ကိုယ်ခံစားနိုင်ဖို့ Music
တစ်ခုကရှိမနေဘူး။ အခုကတော့လာပြီလေ။ ရွေးချယ်စရာတွေ များလာပြီ။
ကောင်းတယ်လို့ပဲပြောရမှာပဲ။
ရဲရဲ
Popular Journal
Posted by AsianFame On July 04, 2016 0 Comment
Kyar pout
ဒီတစ်ခေါက် ဆွီဒင်မှာ အသံသွင်းမယ့်ခရီးစဉ်အကြောင်
ကျွန်တော် ပထမ တစ်ခေါက်သွားတုန်းက ၆ပုဒ် ပဲပြီးခဲ့တယ်။ အခုကျတော့ Band လိုက်သွားပြီး ကျန်တဲ့သီချင်းတွေ အကုန်တီးမယ်။ ၆ ပုဒ်၊ ၇ ပုဒ်လောက် တော့ တီးဖြစ်မယ်။ အားလုံးသီချင်းအသစ်တွေပဲ။ အင်္ဂလိပ်လိုဆိုမှာ။ မြန်မာလို ၂ ပုဒ် လောက်တော့ပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂလိပ်အခွေမှာ မြန်မာသီချင်း ၂ ပုဒ် လောက်ထည့်ချင်တယ်။ Worldwide ဖြန့်ဖြစ်ခဲ့ရင်လည်း မြန်မာသီချင်းကိုပါစေချင်တယ
Worldwide ထိသွားမယ့် ဆွီဒင်မှာသွင်းတဲ့ ဒီစီးရီးထဲက သီချင်းတွေအပေါ်မှာ ဘယ်လောက် Tension ရှိနေလဲ။
Blood Sugar Politic ထဲက ၃ပုဒ်လောက်ပြန်ပါတယ်။ Blood Sugar အနေနဲ့ကလည်း ဆက်မလုပ်ဖြစ်တော့ဘူး။ အဲဒါလေးလည်း တစ်လက်စတည်း ပြောပြမယ်။ အဲဒီတုန်းက ၂ဝ၁ဝကာလ။ လွတ်လပ်သလိုလို၊ မလွတ်လပ်သလိုလို ဖြစ်နေတဲ့ အချိန်ဆိုတော့ Blood Sugar နဲ့လုပ်လိုက်ခြင်းအားဖြင့် တစ်ခုခု ဖြစ်လို့ ပိတ်လိုက်တာတို့ ဘာတို့ဖြစ်ရင် Big Bag ကို မထိခိုက်စေချင်ဘူး။ အခုကျတော့ Blood Sugar အနေနဲ့ လောလော ဆယ်သွားစရာအကြောင်း မရှိသေးဘူး။ Big Bag မှာလည်း ကျွန်တော်လုပ်ချင်တာ အကုန်လုံးနီးပါးလုပ်နေရပြီဆ
ဒါဆို Blood Sugar က Big Bag အနေနဲ့ လုပ်လို့မရနိုင်မယ့် ပုံစံမျိုးတွေအတွက် အဲဒီကာလက အရန်အနေနဲ့ ထားရှိခဲ့တဲ့ သဘောပေါ့။
အဲဒီတုန်းက တချို့ကျွန်တော်လုပ်ချင်တာေ
အခုတော့ ကျားပေါက်အနေနဲ့လည်း လွတ်လပ်မှုအပေါ်မှာ ယုံကြည်မှုရှိတော့ ကိုယ့်စိတ်ထဲက ခံစားရတဲ့ ဖီလင်တွေ၊ မြင်နေကြားနေတာတွေအပေါ် ဖန်တီးမှုက ပိုလွတ်လပ်သွားပြီလို့ ယူဆတာပေါ့။
Limitation တွေတော့ နည်းသွားတာပေါ့။ အရင်က ထက်စာရင်တော့ ကိုယ်ရေးနိုင်တာ အကုန်လုံးကိုအပိတ်အပင် အတားအဆီးမရှိတော့ဘဲနဲ့ ပွင့်ပွင့်လင်းလင်းရေးလို့ရ
အရင်ကတော့ ဆင်ဆာကို ရှောင်နေရတာနဲ့ပဲ ဖန်တီးမှုတွေက ဘောင်ကျဉ်းခဲ့တယ်။ နောက်ပိုင်းမှာကော ဂီတလောကက အတွေးသစ်အမြင်သစ်တွေနဲ့ ပိုကျယ်ပြန့်လာမယ်လို့ ကိုကျားထင်မိလား။
Freedom of expression သာ ဒီမှာတကယ်ရှိလာရင် ဒီတိုင်းပြည်မှာ တအားကောင်းတဲ့ Band တွေ ထွက်လာမယ်လို့ ကျွန်တော်ထင်ခဲ့တာ။ အခု ကျွန်တော်ထင်ထားတာထက်ကို ပိုမြန်တယ်။ တအား အားရ ဖို့ကောင်းတဲ့ Band တွေ အများကြီး ထွက်လာတယ်။ သဲရောတာနည်းသွားပြီ။ အရင်တုန်းကတော့ အုတ်ရောရော၊ ကျောက်ရော ရောတွေ ရှိတယ်။ အခုကျတော့ ထွက်လာတဲ့လူ တော်တော်များများက ကိုယ်ဘာလုပ်ချင်မှန်း ကောင်းကောင်းသိတယ်။ သူတို့ထွက်ချင်တဲ့ အသံက ဘာဆိုတာ ကောင်းကောင်း သိတယ်။ အခုက ပိုလွယ်လာသလို ပိုခက်လာတယ်။ လွယ်လာတာက Technological အတားအဆီး သိပ်မရှိတော့ဘူး။ စတူဒီယိုအကြီးကြီးတစ်ခုမှာရ
ကျွန်တော်တို့ဆီမှာ တစ်ခုရှိတာက အနုပညာ Volume များတဲ့ အခွေတွေက စီးပွားရေးအရမှာ သိပ်မဖြစ်တာ တွေ့ရတယ်။
အဲဒါလည်း မမှန်တော့ဘူးဗျ။ လာပါလိမ့်မယ်။ တော်တော်များများက သီချင်းအသစ်ကိုလက်ခံလာကြ ပြီ။ လက်ခံလောက်တဲ့အထိလည်း ဆွဲဆောင်မှုတော့ ရှိရမယ်ဗျ။ အဲဒီလို ဆွဲဆောင်မှုရှိတဲ့ Band တွေ လည်း များလာတယ်။ အခွေကတော့ ခိုးကူးတွေ၊ Link တွေဘာတွေနဲ့ ရှုပ်ယှက်ခတ်ချင် ခတ်နေလိမ့်မယ်။ ဒါပေမဲ့ Live တွေမှာတော့ တအားအရသာရှိလာမယ်။ Art က ယိုပေါက် တစ်ခုရှိလည်း နောက်တစ်ဖက်မှာ တော့ အစစ်ကိုကြည့်လို့ရနေမှာပဲ။
ဒီမှာက အနုပညာ Volume တအားများရင် အသိုင်းအဝိုင်းတစ်ခုလောက်ကပ
တစ်ကမ္ဘာလုံးမှာလည်း အဲဒီအတိုင်းပဲ။ Worldwide Popping တအားဖြစ်တဲ့ Band တွေ ရှိနေတာပေါ့။ သီချင်းကို နEntertainment အတွက် ပေါ့ပေါ့ပါးပါးနားထောင်နိုင
ရဲရဲ
Popular Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။