ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးအီနိုင်တဲ့ စာလေးတွေထဲက ကဗျာဆရာ ဟိန်း ရေးတဲ့ကဗျာတစ်ပုဒ်…
___________________
"နတ်မောက်"……။
မင်းဘာမှထပ်မလုပ်နဲ့ ထိန်လင်းကိုငါတို့ဆီပေးပြီက တည်းက ဆယ်ကမ္ဘာစာလောက်တာဝန်ကျေနေပြီ။
ခင်ကြည်………။
ညည်းယောင်္ကျာကိုသေခြာကြည့်ထား သမီးကလေးခမည်းပေးဖို့ ရွှေကလေတစ်ပဲတစ်မှုးတောင် အမေအိုဆီလက်ဖြန့်တဲ့လူသား နိုင်ငံခေါင်းဆောင်ငမွဲကိုည ည်းစိတ်ပျက်ချင်ပျက် သမိုင်းကစိတ်မပျက်စေနဲ့
ဗိုလ်ထွန်းလှ………။
ခင်ဗျားဆရာကိုကြည့်ပြောဦး လမ်းဘေးမှာအကြော်ဝင်စားနေတာ နောင်လူတွေသိရင်မျက်နာမထားတ က်အောင် ရှက်နေရှာဦးမယ်
ဆရာတော်ဦးသောဘိတ……။
ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကိုမရိုတ်ပါနဲ့ ရရင်ရမရချဆိုတာကျွန်တော်တို့ အတွက်ပါဘုရား
ဦးဘဝင်း………။
ခင်ဗျားညီအငယ် ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ သူပြောခိုင်းတဲ့ရည်းစားစကား ပြောပေးလိုက်ပါ စစ်သားကြီးအသည်းကဆေးရုံပေါ်ကျန်ခဲ့ရင် ကျွန်တော်တို့ပဲနစ်နာကြမှာ
ရဲဘော်ကျော်စိန်……
ခင်ဗျားကားမောင်းရင်သတိကိုင ယ်ထိပ်မကပ်ထား ခဗျားတင်မောင်းလာတာကျွန်တော်တို့အတိတ်ကြီး ပစ္စုပ္ပန်ကြီး အနာဂတ်ကြီး
ဟေ့လူ ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ ……
သူ့ဟာသူငါးမူးတန်းကကြည့်ကြည့် တစ်မတ်တန်းကကြည့်ကြည့်သွားမ တားပါနဲ့... သူ့ဘဝမှာအပန်းဖြေနည်းလက်တစ် ဖက်မပြည့်ခဲ့တဲ့သူစိတ်လွတ်ကိုလွတ်ခံစားပါစေဗျ
ဗိုလ်မှူးကြီး ဆူဇူကီး……။
ခင်ဗျားကိုလက်ဆွဲနှတ်ဆက်ရင်း ခင်ဗျားကိုတိုက်သင့်ရင်တိုက်ရမှာပဲလို့ပြောခဲ့တဲ့ အညာသားလေးကိုအဲ့သတ္တိအဲ့စကား ကိုသေခြာမှတ်ထား နှောင်းမြန်မာတွေထဲမှာပြောရဲတာတစ်ယောက်မှမရှိဘူး
အမွိုင်………။
မင်းမြေကိုသူနင်းလိုက်တော့တွန့်မသွားဘူးလား အာရှတိုက်ရဲ့ကြယ်တစ်လုံးကို နှစ်လလောက်ထမ်းထားလိုက်ရတာ အခုထိဂုဏ်ယူမဆုံးမဟုတ်လား
ဦးစော………။
ခင်ဗျားကိုတော့မေ့ထားပါ့မယ် ခွင့်လွှတ်လို့တော့မရသေးဘူး ဒါပေမယ့်မပူပါနဲ့ ဒီနေ့ခေတ်မှာလည်းခင်ဗျားလို လူတွေအများကြီးရယ်
မစ္ဓတာနေရူး……။
ခင်ဗျားသူ့ကိုလောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ အခုကျွန်တော်တို့မှာဒါကြီြး ခုံပြီးနွေးနေရတာ
ပဲခူးဆောင်………။
ခင်ဗျားအခန်းထဲကကြမ်းပိုးတွေမောင်းမထုတ်လိုက်ပါနဲ့စာအု ပ်ပုံကြီးရှင်းမပြစ်လိုက်ပါ နဲ့ မခေါက်ရသေးတဲ့အဝတ်တွေမခေါက် လိုက်ပါနဲ့ သူဇိမ်နဲ့မနေခဲ့လို့ကျွန်တော်တို့ဇိမ်နဲ့နေနေရတာ
ညိုညိုစိန်……။
ညည်းတစ်သက်လုံးမင်းသမီးလုပ် လာတာအနယ်နယ်အရပ်ရပ် ရွှေဘိုညချမ်းကလိုသူရဲကောင်း မျိုးတွေ့ဖူးခဲ့လား တွေ့ဖူးရဲ့လား ကျုပ်မှာ ကာမပိုင်နဲ့ဗျတဲ့ မိန်ကလေးတန်မဲ့လက်ဆွဲကျီစယ် မယ့်ညည်းတောင် ကြက်သီးဖြန်းဖြန်းထသွားရဲ့မ ဟုတ်လား
ဆြာစတက်ဖို့ကရစ်ပ်……။
သူခဗျားအိတ်ကြီးပြဲသွားအောင်ဖောင်တိန်ကိုဆွဲလုလိုက်တာမ အံ့သြပါနဲ့ ၃၂နှစ်နဲ့သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို ဆွဲလုနေတုန်း
ဦးဌေးမြိုင်(သို့)ဒဂုန်တာရာ……။
(ဇွတ်ချစ်မယ်)ဆိုတဲ့အချစ်သီ ချင်းအစား စစ်ချီတက်သီချင်းတွေပဲကြားချင်တယ်ဆို တီးပေးလိုက်ပါဗျ နှလုံးသားမရှိတာမဟုတ်ပါဘူး နှလုံးသားရှိလွန်းလို့ပါ
ဂျူဗလီဟော………။
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မ ထားပါနဲ့ ခင်ဗျားကိုမြင်တိုင်း မျက်ရည်ဝဲရင်း အလေးပြုမိလို့
ရဲဘော် ကလေးတွေ……။
စိတ်မကောင်းမဖြစ်ပါနဲ့မင်းတို့ခေါင်းဆောင်ကြီးကသူ့မင်္ဂလာဆောင်မှာတိုက်တွေကားတွေလက် မဖွဲ့လို့ စိတ်ဆိုးမယ့်လူသားလား ငွေသော်တာရောင်ခြည်ဆိုတော့ အရိုးသားဆုံးအပြုံနဲ့ပျော်ေ နခဲ့တာလေ
ပြည်ထဲရေးဝန်ကြီး ဦးမြ………။
ခင်ဗျားမှားတယ် သူ့ရုံးခန်းရှေ့က တပ်စိတ်ကို သူဘာပြောပြော ပေကပ်ထားရမှာ အခုကျွန်တော်တို့ပြောခွင့်မ ရှိတော့
ကိုကျော့မောင်……။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့ ဆွဲယူလွှတ်ပြစ်လိုက်တာ စိတ်မကောင်းမဖြစ်နဲ့ သူအပင်းပန်းခံသင်းယူခဲ့တဲ့ ပညာတွေ ထဲမှာအဲ့လို အပိုဆားဒါးတွေမပါဘူး
မေမြို့……။
ဝမ်းနည်းစရာတွေကျိတ်မှိတ်ထားလိုက်
နိုင်ငံရေးလောကကထွက်ရင် ခြံစိုက်မယ် စာရေးမယ်ဆိုတဲ့သူ ကျည်းဆံ ၁၃တောင့်
စိုက်သွားပြီး ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ ။
HEINN
စာရေးဆရာ "ဟိန်း"ဖြစ်ပါတယ်…
___________________
"နတ်မောက်"……။
မင်းဘာမှထပ်မလုပ်နဲ့ ထိန်လင်းကိုငါတို့ဆီပေးပြီက
ခင်ကြည်………။
ညည်းယောင်္ကျာကိုသေခြာကြည့်ထာ
ဗိုလ်ထွန်းလှ………။
ခင်ဗျားဆရာကိုကြည့်ပြောဦး လမ်းဘေးမှာအကြော်ဝင်စားနေတာ
ဆရာတော်ဦးသောဘိတ……။
ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကိုမရိုတ်ပါနဲ့ ရရင်ရမရချဆိုတာကျွန်တော်တို
ဦးဘဝင်း………။
ခင်ဗျားညီအငယ် ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ သူပြောခိုင်းတဲ့ရည်းစားစကား
ရဲဘော်ကျော်စိန်……
ခင်ဗျားကားမောင်းရင်သတိကိုင
ဟေ့လူ ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ
သူ့ဟာသူငါးမူးတန်းကကြည့်ကြည
ဗိုလ်မှူးကြီး ဆူဇူကီး……။
ခင်ဗျားကိုလက်ဆွဲနှတ်ဆက်ရင်
အမွိုင်………။
မင်းမြေကိုသူနင်းလိုက်တော့တ
ဦးစော………။
ခင်ဗျားကိုတော့မေ့ထားပါ့မယ်
မစ္ဓတာနေရူး……။
ခင်ဗျားသူ့ကိုလောင်းကုတ်ကြီ
ပဲခူးဆောင်………။
ခင်ဗျားအခန်းထဲကကြမ်းပိုးတေ
ညိုညိုစိန်……။
ညည်းတစ်သက်လုံးမင်းသမီးလုပ်
ဆြာစတက်ဖို့ကရစ်ပ်……။
သူခဗျားအိတ်ကြီးပြဲသွားအောင
ဦးဌေးမြိုင်(သို့)ဒဂုန်တာရ
(ဇွတ်ချစ်မယ်)ဆိုတဲ့အချစ်သီ
ဂျူဗလီဟော………။
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မ
ရဲဘော် ကလေးတွေ……။
စိတ်မကောင်းမဖြစ်ပါနဲ့မင်းတ
ပြည်ထဲရေးဝန်ကြီး ဦးမြ………။
ခင်ဗျားမှားတယ် သူ့ရုံးခန်းရှေ့က တပ်စိတ်ကို သူဘာပြောပြော ပေကပ်ထားရမှာ အခုကျွန်တော်တို့ပြောခွင့်မ
ကိုကျော့မောင်……။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့ ဆွဲယူလွှတ်ပြစ်လိုက်တာ စိတ်မကောင်းမဖြစ်နဲ့ သူအပင်းပန်းခံသင်းယူခဲ့တဲ့ ပညာတွေ ထဲမှာအဲ့လို အပိုဆားဒါးတွေမပါဘူး
မေမြို့……။
ဝမ်းနည်းစရာတွေကျိတ်မှိတ်ထာ
HEINN
စာရေးဆရာ "ဟိန်း"ဖြစ်ပါတယ်…
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။