Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Tuesday, July 19, 2016

“ပိုမိုအားေကာင္းလာခဲ့တဲ့ လူသားေတြရဲ႕နည္းပညာတပ္မက္မႈ”

. [Zawgyi]

“ပိုမိုအားေကာင္းလာခဲ့တဲ့ လူသားေတြရဲ႕နည္းပညာတပ္မက္မႈ

ကမၻာႀကီးဟာ အခ်ိန္နဲ႔အမွ်ေျပာင္းလဲတိုးတက္လာတယ္။ ပိုေျပာရမယ္ဆိုရင္ ေတာ့ နည္းပညာပိုင္းအရ ေျပာင္းလဲ တိုးတက္မႈေတြကို ျမင္ေတြ႕လာရတဲ့ ႏွစ္အပိုင္းလုိ႔လည္း ဆိုႏိုင္ပါတယ္။ ေခတ္မီလာတဲ့ နည္းပညာေတြကို လိုက္လံ ေလ့လာ ၿပီးေတာ့ ကြၽမ္းက်င္တတ္ေျမာက္ သြားတဲ့သူေတြရွိသလို၊ နည္းပညာ ေနာက္ကို လိုက္လို႔မမွီဘဲ ေနာက္က် က်န္ခဲ့တဲ့သူေတြလဲ အမ်ားအျပားပါပဲ။ နည္းပညာဆိုတာေကာင္းျခင္း၊ ဆုိးျခင္းႏွစ္ျဖာနဲ႔ လူသားေတြလက္ထဲကို ေရာက္ရွိလာတာျဖစ္တဲ့အတြက္ အေကာင္းဘက္ကေန တီထြင္စမ္းသပ္ၿပီး ေအာင္ျမင္သြား ခဲ့သူေတြရွိသလို၊ အဆိုးဘက္ကေန စမ္းသပ္မႈေတြလုပ္ၿပီး လူသား ေတြကို နည္းလမ္းမ်ဳိးစံုနဲ႔ ဒုကၡေပးေနတဲ့သူေတြလည္း ရွိပါတယ္။ အေကာင္းပဲျဖစ္ျဖစ္ အဆိုးပဲျဖစ္ျဖစ္ နည္းပညာေတြကေတာ့ အမွန္တကယ္ တိုးတက္လာခဲ့ၿပီပဲျဖစ္ပါတယ္ယခင္အခ်ိန္တုန္းက ဆိုရင္ေတာ့ဖုန္းတစ္လံုး ကိုဆက္သြယ္ေရး တစ္ခုေၾကာင့္သာ သံုးစြဲခဲ့ၾကတယ္။ ဘာေၾကာင့္လဲ ဆိုရင္ လူသားေတြ တစ္ေနရာနဲ႔တစ္ေနရာကို အေရးေပၚဆက္သြယ္လိုတဲ့အခါ ဖုန္းတစ္လံုးဟာမရွိမျဖစ္လိုအပ္လာတယ္။ ပံုမွန္သံုးစြဲမႈကေန အရည္အေသြး ျမင့္ ပစၥည္းေတြကိုထပ္မံေတာင့္တလာၾကျပန္တယ္။ Keypad နဲ႔သံုးစြဲရတဲ့ ဖုန္းတစ္လံုးဟာ အဆင္မေျပဘူးလားဆိုေတာ့ အတိုင္းအတာတစ္ခုေလာက္ ထိေတာ့အဆင္ေျပပါတယ္။ ဒါေပမယ့္ အစည္းအေ၀းက်င္းပ ေနတဲ့ အခ်ိန္ ေတြနဲ႔ သင္အနားယူတဲ့ အခ်ိန္ေတြမွာ ၀င္ေရာက္လာတဲ့ Phone အ၀င္ ကိစၥေတြကိုေတာ့ အလံုးစံုတာ၀န္မယူႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ application ေတြထည့္သြင္းသံုးစြဲလို႔မရတဲ့အတြက္ေၾကာင့္ပါ။ ၿပီးေတာ့ စမတ္ဖုန္းတစ္လံုးကေနသာ သီးသန္႔ေပးႏုိင္တဲ့ ၀န္ေဆာင္မႈေတြကလည္း ေပါမ်ားလြန္းလွပါတယ္။ စိတ္ႀကိဳက္႐ိုက္ကူးလိုက္တဲ့ ဓာတ္ပံုေတြကို တစ္ခါ တည္း ျပင္ဆင္တည္းျဖတ္ႏုိင္စြမ္းေတြ၊ Wi-Fi ရတဲ့ေနရာမွာသံုးစြဲႏိုင္တဲ့ free call ေခၚဆိုမႈေတြနဲ႔ အျခားစိတ္၀င္စားဖြယ္ရာလုပ္ေဆာင္ခ်က္ေတြကို စမတ္ဖုန္းဆီကသာ ရရွိမွာျဖစ္တာေၾကာင့္ပါ။

၂၀၁၆ ထဲမွာဆို စမတ္ဖုန္းေတြထြက္လာလိုက္ၾကတာ သူ႕ထက္ငါ အၿပိဳင္ အဆုိင္ပါပဲ။ ကင္မရာအရည္အေသြးျမင့္တဲ့ဖုန္း၊ processor အရမ္းေကာင္း တဲ့ဖုန္း ေတြဆိုတာ မျမင္ခ်င္မွအဆံုးပါပဲ။ အခုဆိုရင္ ဖုန္းေတြဟာ Quad-core အဆင့္ေတာင္မဟုတ္ေတာ့ပါဘူး။ Octa-core (64bit) ျဖစ္ကုန္ၾကပါၿပီ။ ပိုၿပီးပါးလႊာသြားတဲ့ ကိုယ္ထည္၊တသသကိုင္ၾကည့္ရမယ့္ အျပင္အဆင္ ဒီဇိုင္းေတြအျပင္ hardware ပိုင္းအျပည့္အ၀ ေထာက္ပံ့ေပးထားတဲ့ စမတ္ဖုန္း ေတြရဲ႕ၿပိဳင္ဆုိင္မႈဟာ ဘယ္အခ်ိန္မွာ ရပ္တန္႔သြားမွာလဲဆိုတာ စိတ္၀င္စား စရာပါ။စမတ္ဖုန္းေတြပဲဒီအခ်ိန္မွာ မိုးပ်ံေအာင္ ထုတ္ေနသလား ထင္ရင္ မွားသြားလိမ့္မယ္။ tablet ေတြ အရမ္းေကာင္း လာတဲ့အခ်ိန္မွာ လူသားေတြ ဟာ Notebook, netbook laptop ေတြကို ခဏေတာ့ ေမ့ထားမိၾကလိမ့္မယ္။ ဒါကို Laptop ထုတ္လုပ္တဲ့ ကုမၸဏီေတြက သိပ္ၿပီးလက္သင့္ခံခ်င္ပံု မရဘူး။ အဲဒီေတာ့ ဘာလုပ္လိုက္သလဲရွင္းပါတယ္။ ဘာပဲလုပ္လုပ္ apple က စတယ္ လို႔ပဲ ေျပာရမလားေတာင္ ျဖစ္ေနတယ္။ အခုစြမ္းေဆာင္ရည္ျမင့္ ခပ္ပါးပါးနဲ႔ Ultrabook ေတြ ထုတ္ၾကေတာ့လည္း Macbook Air နဲ႔အၿပိဳင္ ထုတ္ၾကျပန္ တာပါပဲ။ ေလးပင္တဲ့ Laptop ကိုင္မလား၊ iPad နဲ႔ ဟန္လုပ္မလား ေမးရင္ ပထမကို ျငင္းၾကမွာေတာ့ က်ိန္းေသတယ္။ အဲဒီအတြက္ ပါးပါးေလးနဲ႔ေပါ့တဲ့ Ultrabook ေတြ ေစ်းကြက္ထဲေရာက္လာတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္း၀န္းက်င္က ထုတ္လုပ္ခဲ့တဲ့ ASUS ထုတ္ကုန္အသစ္ကို ၾကည့္ရင္ေတြ႕ႏုိင္ပါလိမ့္မယ္။ ZenBook Flip UX360CA လို႔ အမည္ေပးထားၿပီး Display ကို ၃၆၀ ဒီဂရီ ေခါက္ခ်ိဳးႏိုင္ပါတယ္။ အဲဒီအတြက္ တက္ဘလက္လိုလည္း သံုးႏုိင္တာျဖစ္ပါ တယ္။ ၁၈၀ ဒီဂရီ ေခါက္ခ်ိဳးထားရင္ စားပြဲေပၚမွာ ေထာင္ၿပီး ႐ုပ္ရွင္၊ ဗီဒီယို မ်ားၾကည့္ႏုိင္ပါတယ္။ Intel Core M Processor ထည့္သြင္း ထားၿပီး ဘက္ထရီ မွာ တစ္ခါအားသြင္းထားလွ်င္ ၁၀ နာရီ အသံုးခံတယ္လို႔ Asus က ေျပာပါ တယ္။ ဆက္သြယ္မႈအပိုင္းမွာ USB-C Port, USB 3.0 Port မ်ား ပါရွိၿပီး လ်င္ျမန္စြာ အားသြင္းႏုိင္တဲ့ Asus Charger + နည္းပညာပါရွိတယ္။
Micro HDMI Connector, SDXC Card Reader တပ္ဆင္ထားပါတယ္။ WiFi, Bluetooth 4.1 မ်ားကို အသံုးျပဳ ႏုိင္ပါတယ္။ MS Precision Touchpad ပါရွိၿပီး တုံ႔ျပန္မႈအား အလြန္ေကာင္းတယ္လို႔ Asus က ေျပာပါတယ္။ စက္ထဲမွာ ပန္ကာတပ္ဆင္ထားျခင္းမရွိဘဲ အလိုအေလ်ာက္ ေအးျမေနတဲ့ နည္းပညာကို ထည့္သြင္းထားပါတယ္။

ကြန္ပ်ဴတာလို မွတ္ဥာဏ္အတုဖန္တီးႏိုင္တဲ့ ပစၥည္းေတြ၀င္လာတဲ့အတြက္ တခ်ဳိ႕ကိစၥေတြဆိုရင္ ကိုယ္တိုင္ဖန္တီး ႏိုင္စြမ္း တျဖည္းျဖည္း ေလ်ာ့ပါး လာပါတယ္။ အဓိကအားျဖင့္ေတာ့ ကြန္ပ်ဴတာနည္းပညာနဲ႔ ဖန္တီးထားတဲ့ စက္႐ုပ္စြမ္းရည္ ေတြက လူသားေနရာကို ၀င္ေရာက္ေနရာ ယူလာတဲ့ အတြက္ပဲျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ လူသားေတြေနရာမွာ အလြန္အကြၽံ သံုးစြဲလာျခင္းေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ဒီလိုသာေရွ႕ဆက္သြားမယ္ဆိုရင္ တျဖည္းျဖည္းနဲ႔ လူသားေတြရဲ႕ အနာဂတ္ ေကာင္းမြန္လာႏုိင္သလား၊ ဆုတ္ယုတ္ပ်က္စီးသြားႏိုင္သလားဆိုတာ အဓိကထားၿပီး သံုးသပ္အေျဖရွာ ရမယ့္ အရာတစ္ခု ျဖစ္လာပါၿပီ။ နည္းပညာေတြတိုးတက္လာတဲ့ ယေန႔ေခတ္ လိုအခ်ိန္မွာ ပညာသင္ၾကားေရးစနစ္ေတြဟာလည္း အလြန္ေကာင္းမြန္ လာပါတယ္။ အဓိကအားျဖင့္ သာမန္သင္ၾကားေရးစနစ္ကေန အြန္လိုင္း သင္ၾကားေရးစနစ္ကို ေျပာင္းလဲလာတာပဲျဖစ္ပါတယ္။ တကယ္တမ္းအြန္လိုင္း သင္ၾကားေရးစနစ္ကို အေကာင္အထည္ေဖာ္တာဟာ အေမရိကန္တကၠသိုလ္ ေတြလို႔ ေျပာလို႔ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းတြင္က်ယ္လာ ပါတယ္။ သင္ၾကားေရးစနစ္ကို လက္ခံတဲ့သူေတြအတြက္ေတာ့ ေကာင္းမြန္ မွန္ကန္တဲ့ေျပာင္းလဲမႈလို႔ဆိုေပမယ့္ တခ်ဳိ႕ ပညာရွင္ေတြကေတာ့ အြန္လိုင္း သင္ၾကားေရးစနစ္ရဲ႕ယိုေပါက္ေတြကို တင္ျပလ်က္ ရွိေနတုန္းပါပဲ။

စာသင္ခန္းႀကီးထဲမွာ ခါးတေညာင္းထုိင္ၿပီး စာသင္ေနတာကို မႏွစ္သက္ တဲ့သူတစ္ေယာက္ဆိုရင္ ဘာလုပ္မယ္စိတ္ကူး လဲ။ ဒီစကားေလးကေတာ့ အြန္လိုင္းသင္ၾကားေရးစနစ္ကို အေကာင္အထည္ေဖာ္ေနတဲ့ သုေတသန ပညာရွင္ေတြ ေမးျမန္း အေျဖရွာေနတဲ့ကိစၥရပ္တစ္္ခုပဲျဖစ္ပါတယ္။ အြန္လိုင္း သင္ၾကားေရးဟာ စာသင္ခန္းတစ္ခုအတြင္းမွာ ေက်ာင္းသားအမ်ားႀကီး ရွိေနတာကိုနည္းသြားေအာင္ျပဳလုပ္တဲ့ နည္းလမ္းတစ္ခုျဖစ္သလို သင္ၾကားေရး ဆရာမလံုေလာက္ျဖစ္ေနတဲ့ စာသင္ေက်ာင္းေတြ အတြက္လည္း ေကာင္းကြက္တစ္ခုလို႔ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ ေတာင္ေကာင္းတဲ့နည္းလမ္းတုိင္းမွာပဲျဖစ္ျဖစ္ ျခြင္းခ်က္တစ္ခု ေတာ့ရွိစၿမဲပါပဲ။ အြန္လိုင္းသင္ၾကားေရးစနစ္ကို အေကာင္အထည္ ေဖာ္တာ ကေတာ့ ဟုတ္ပါၿပီ။ ေက်ာင္းသား ေတြအေနနဲ႔ ေက်ာင္းသင္ခန္းစာေတြ ကိုမွန္ကန္ေအာင္ျပဳလုပ္သလားဆိုတာေတာ့ ေမးစရာျဖစ္လာပါတယ္။ စာသင္ခန္းထဲမွာ၊ ဆရာတစ္ေယာက္လံုးေရွ႕မွာ ရွိတာေတာင္ ပံုမွန္စာလိုက္ မလုပ္တဲ့ေက်ာင္းသားဟာ၊ ဆရာတစ္ေယာက္ရဲ႕ မ်က္ကြယ္မွာစာလုပ္ မယ္မလုပ္ဘူးဆိုတာ ေျပာရခက္ပါတယ္။ တကယ္ေတာ့ အြန္လိုင္း သင္ၾကားေရးဟာ စရိတ္စကသက္သာတယ္ဆိုတာေတာ့ မွန္ပါတယ္။ ေနာက္အခ်ိန္ကုန္လည္းသက္သာေစတယ္ေလ။ အျပင္မွာ လုပ္ငန္းခြင္၀င္ ေနတဲ့ ေက်ာင္းသားတစ္ေယာက္အေနနဲ႔ သူ႕အလုပ္ခ်ိန္ၿပီးဆံုးခ်ိန္မွ အြန္လိုင္း ေပၚတက္သင္ခန္းစာေတြကိုလိုက္လုပ္လို႔ရႏုိင္မွာျဖစ္တဲ့အတြက္ေၾကာင့္လည္းပါပါတယ္။ အြန္လိုင္းသင္ၾကားေရးကို ေအာင္ျမင္ေနတယ္လို႔ ေျပာလို႔ရတဲ့ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမဳိ႕မွာေတာ့ အထက္တန္း ေက်ာင္းတခ်ဳိ႕ဟာ အျပင္ေျဖသင္တန္းသားေတြနဲ႔ အြန္လိုင္းကေနသာ ႀကီးၾကပ္မႈေတြျပဳလုပ္လာ ပါေတာ့တယ္။

နည္းပညာဆိုတာျဖစ္ေပၚလာတဲ့ အခ်ိန္ထဲကေကာင္းျခင္းေတြျဖစ္ေပၚ လာသလိုဆုိးျခင္းေတြကိုလည္း ယူေဆာင္လာ ခဲ့ပါတယ္။ လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀အတြက္နည္းပညာပစၥည္းေတြဟာ မရွိမျဖစ္ျဖစ္ ေပၚလာသလို ဒီလိုနည္းပညာပစၥည္း ေတြေၾကာင့္လည္း လူသားေတြဟာ ကိုယ္စြမ္းရွိသ ေလာက္ မႀကိဳးစားၾကေတာ့ပါဘူး။ အဲဒီအတြက္လူသားေတြရဲ႕ အစြမ္းအစဟာ တျဖည္းျဖည္းနဲ႔ဆုတ္ယုတ္လာပါတယ္။ ဘယ္လိုေနရာမ်ဳိး ကိုပဲၾကည့္လိုက္၊ ၾကည့္လိုက္နည္းပညာပစၥည္းေတြနဲ႔ မလြတ္ သေလာက္ ျဖစ္လာပါၿပီ၊ ဂ်ပန္ ႏိုင္ငံလို စက္မႈထြန္းကားတဲ့ႏိုင္ငံေတြမွာဆို ကုန္ထုတ္ လုပ္ငန္းေတြမွာကအစ စက္႐ုပ္အလုပ္သမားေတြကိုအသံုးျပဳလာတာေတြ႕ေနရပါတယ္။ အဲဒါေၾကာင့္ လူသားေတြ ဘယ္လိုေနရာေတြကိုေရာက္ရွိေနသလဲဆိုတာ ျပန္လည္ဆန္းစစ္ ၾကည့္ဖို႔လိုအပ္လာပါၿပီ။

ပိုင္ေစေသာ၀္

Mobile Guide Journal (Every Monday)
…………

Ref: Mobile Guide Journal

***********************

(Unicode Version)

“ပိုမိုအားကောင်းလာခဲ့တဲ့ လူသားတွေရဲ့နည်းပညာတပ်မက်မှု”

ကမ္ဘာကြီးဟာ အချိန်နဲ့အမျှပြောင်းလဲတိုးတက်လာတယ်။ ပိုပြောရမယ်ဆိုရင် တော့ နည်းပညာပိုင်းအရ ပြောင်းလဲ တိုးတက်မှုတွေကို မြင်တွေ့လာရတဲ့ နှစ်အပိုင်းလို့လည်း ဆိုနိုင်ပါတယ်။ ခေတ်မီလာတဲ့ နည်းပညာတွေကို လိုက်လံ လေ့လာ ပြီးတော့ ကျွမ်းကျင်တတ်မြောက် သွားတဲ့သူတွေရှိသလို၊ နည်းပညာ နောက်ကို လိုက်လို့မမှီဘဲ နောက်ကျ ကျန်ခဲ့တဲ့သူတွေလဲ အများအပြားပါပဲ။ နည်းပညာဆိုတာကောင်းခြင်း၊ ဆိုးခြင်းနှစ်ဖြာနဲ့ လူသားတွေလက်ထဲကို ရောက်ရှိလာတာဖြစ်တဲ့အတွက် အကောင်းဘက်ကနေ တီထွင်စမ်းသပ်ပြီး အောင်မြင်သွား ခဲ့သူတွေရှိသလို၊ အဆိုးဘက်ကနေ စမ်းသပ်မှုတွေလုပ်ပြီး လူသား တွေကို နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့သူတွေလည်း ရှိပါတယ်။ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် နည်းပညာတွေကတော့ အမှန်တကယ် တိုးတက်လာခဲ့ပြီပဲဖြစ်ပါတယ်။ယခင်အချိန်တုန်းက ဆိုရင်တော့ဖုန်းတစ်လုံး ကိုဆက်သွယ်ရေး တစ်ခုကြောင့်သာ သုံးစွဲခဲ့ကြတယ်။ ဘာကြောင့်လဲ ဆိုရင် လူသားတွေ တစ်နေရာနဲ့တစ်နေရာကို အရေးပေါ်ဆက်သွယ်လိုတဲ့အခါ ဖုန်းတစ်လုံးဟာမရှိမဖြစ်လိုအပ်လာတယ်။ ပုံမှန်သုံးစွဲမှုကနေ အရည်အသွေး မြင့် ပစ္စည်းတွေကိုထပ်မံတောင့်တလာကြပြန်တယ်။ Keypad နဲ့သုံးစွဲရတဲ့ ဖုန်းတစ်လုံးဟာ အဆင်မပြေဘူးလားဆိုတော့ အတိုင်းအတာတစ်ခုလောက် ထိတော့အဆင်ပြေပါတယ်။ ဒါပေမယ့် အစည်းအဝေးကျင်းပ နေတဲ့ အချိန် တွေနဲ့ သင်အနားယူတဲ့ အချိန်တွေမှာ ၀င်ရောက်လာတဲ့ Phone အဝင် ကိစ္စတွေကိုတော့ အလုံးစုံတာဝန်မယူနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် application တွေထည့်သွင်းသုံးစွဲလို့မရတဲ့အတွက်ကြောင့်ပါ။ ပြီးတော့ စမတ်ဖုန်းတစ်လုံးကနေသာ သီးသန့်ပေးနိုင်တဲ့ ၀န်ဆောင်မှုတွေကလည်း ပေါများလွန်းလှပါတယ်။ စိတ်ကြိုက်ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကို တစ်ခါ တည်း ပြင်ဆင်တည်းဖြတ်နိုင်စွမ်းတွေ၊ Wi-Fi ရတဲ့နေရာမှာသုံးစွဲနိုင်တဲ့ free call ခေါ်ဆိုမှုတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာလုပ်ဆောင်ချက်တွေကို စမတ်ဖုန်းဆီကသာ ရရှိမှာဖြစ်တာကြောင့်ပါ။

၂၀၁၆ ထဲမှာဆို စမတ်ဖုန်းတွေထွက်လာလိုက်ကြတာ သူ့ထက်ငါ အပြိုင် အဆိုင်ပါပဲ။ ကင်မရာအရည်အသွေးမြင့်တဲ့ဖုန်း၊ processor အရမ်းကောင်း တဲ့ဖုန်း တွေဆိုတာ မမြင်ချင်မှအဆုံးပါပဲ။ အခုဆိုရင် ဖုန်းတွေဟာ Quad-core အဆင့်တောင်မဟုတ်တော့ပါဘူး။ Octa-core (64bit) ဖြစ်ကုန်ကြပါပြီ။ ပိုပြီးပါးလွှာသွားတဲ့ ကိုယ်ထည်၊တသသကိုင်ကြည့်ရမယ့် အပြင်အဆင် ဒီဇိုင်းတွေအပြင် hardware ပိုင်းအပြည့်အဝ ထောက်ပံ့ပေးထားတဲ့ စမတ်ဖုန်း တွေရဲ့ပြိုင်ဆိုင်မှုဟာ ဘယ်အချိန်မှာ ရပ်တန့်သွားမှာလဲဆိုတာ စိတ်ဝင်စား စရာပါ။စမတ်ဖုန်းတွေပဲဒီအချိန်မှာ မိုးပျံအောင် ထုတ်နေသလား ထင်ရင် မှားသွားလိမ့်မယ်။ tablet တွေ အရမ်းကောင်း လာတဲ့အချိန်မှာ လူသားတွေ ဟာ Notebook, netbook laptop တွေကို ခဏတော့ မေ့ထားမိကြလိမ့်မယ်။ ဒါကို Laptop ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သိပ်ပြီးလက်သင့်ခံချင်ပုံ မရဘူး။ အဲဒီတော့ ဘာလုပ်လိုက်သလဲရှင်းပါတယ်။ ဘာပဲလုပ်လုပ် apple က စတယ် လို့ပဲ ပြောရမလားတောင် ဖြစ်နေတယ်။ အခုစွမ်းဆောင်ရည်မြင့် ခပ်ပါးပါးနဲ့ Ultrabook တွေ ထုတ်ကြတော့လည်း Macbook Air နဲ့အပြိုင် ထုတ်ကြပြန် တာပါပဲ။ လေးပင်တဲ့ Laptop ကိုင်မလား၊ iPad နဲ့ ဟန်လုပ်မလား မေးရင် ပထမကို ငြင်းကြမှာတော့ ကျိန်းသေတယ်။ အဲဒီအတွက် ပါးပါးလေးနဲ့ပေါ့တဲ့ Ultrabook တွေ စျေးကွက်ထဲရောက်လာတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းဝန်းကျင်က ထုတ်လုပ်ခဲ့တဲ့ ASUS ထုတ်ကုန်အသစ်ကို ကြည့်ရင်တွေ့နိုင်ပါလိမ့်မယ်။ ZenBook Flip UX360CA လို့ အမည်ပေးထားပြီး Display ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ အဲဒီအတွက် တက်ဘလက်လိုလည်း သုံးနိုင်တာဖြစ်ပါ တယ်။ ၁၈၀ ဒီဂရီ ခေါက်ချိုးထားရင် စားပွဲပေါ်မှာ ထောင်ပြီး ရုပ်ရှင်၊ ဗီဒီယို များကြည့်နိုင်ပါတယ်။ Intel Core M Processor ထည့်သွင်း ထားပြီး ဘက်ထရီ မှာ တစ်ခါအားသွင်းထားလျှင် ၁၀ နာရီ အသုံးခံတယ်လို့ Asus က ပြောပါ တယ်။ ဆက်သွယ်မှုအပိုင်းမှာ USB-C Port, USB 3.0 Port များ ပါရှိပြီး လျင်မြန်စွာ အားသွင်းနိုင်တဲ့ Asus Charger + နည်းပညာပါရှိတယ်။
Micro HDMI Connector, SDXC Card Reader တပ်ဆင်ထားပါတယ်။ WiFi, Bluetooth 4.1 များကို အသုံးပြု နိုင်ပါတယ်။ MS Precision Touchpad ပါရှိပြီး တုံ့ပြန်မှုအား အလွန်ကောင်းတယ်လို့ Asus က ပြောပါတယ်။ စက်ထဲမှာ ပန်ကာတပ်ဆင်ထားခြင်းမရှိဘဲ အလိုအလျောက် အေးမြနေတဲ့ နည်းပညာကို ထည့်သွင်းထားပါတယ်။

ကွန်ပျူတာလို မှတ်ဉာဏ်အတုဖန်တီးနိုင်တဲ့ ပစ္စည်းတွေဝင်လာတဲ့အတွက် တချို့ကိစ္စတွေဆိုရင် ကိုယ်တိုင်ဖန်တီး နိုင်စွမ်း တဖြည်းဖြည်း လျော့ပါး လာပါတယ်။ အဓိကအားဖြင့်တော့ ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးထားတဲ့ စက်ရုပ်စွမ်းရည် တွေက လူသားနေရာကို ၀င်ရောက်နေရာ ယူလာတဲ့ အတွက်ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူသားတွေနေရာမှာ အလွန်အကျွံ သုံးစွဲလာခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုသာရှေ့ဆက်သွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ လူသားတွေရဲ့ အနာဂတ် ကောင်းမွန်လာနိုင်သလား၊ ဆုတ်ယုတ်ပျက်စီးသွားနိုင်သလားဆိုတာ အဓိကထားပြီး သုံးသပ်အဖြေရှာ ရမယ့် အရာတစ်ခု ဖြစ်လာပါပြီ။ နည်းပညာတွေတိုးတက်လာတဲ့ ယနေ့ခေတ် လိုအချိန်မှာ ပညာသင်ကြားရေးစနစ်တွေဟာလည်း အလွန်ကောင်းမွန် လာပါတယ်။ အဓိကအားဖြင့် သာမန်သင်ကြားရေးစနစ်ကနေ အွန်လိုင်း သင်ကြားရေးစနစ်ကို ပြောင်းလဲလာတာပဲဖြစ်ပါတယ်။ တကယ်တမ်းအွန်လိုင်း သင်ကြားရေးစနစ်ကို အကောင်အထည်ဖော်တာဟာ အမေရိကန်တက္ကသိုလ် တွေလို့ ပြောလို့ရပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းတွင်ကျယ်လာ ပါတယ်။ သင်ကြားရေးစနစ်ကို လက်ခံတဲ့သူတွေအတွက်တော့ ကောင်းမွန် မှန်ကန်တဲ့ပြောင်းလဲမှုလို့ဆိုပေမယ့် တချို့ ပညာရှင်တွေကတော့ အွန်လိုင်း သင်ကြားရေးစနစ်ရဲ့ယိုပေါက်တွေကို တင်ပြလျက် ရှိနေတုန်းပါပဲ။

စာသင်ခန်းကြီးထဲမှာ ခါးတညောင်းထိုင်ပြီး စာသင်နေတာကို မနှစ်သက် တဲ့သူတစ်ယောက်ဆိုရင် ဘာလုပ်မယ်စိတ်ကူး လဲ။ ဒီစကားလေးကတော့ အွန်လိုင်းသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်နေတဲ့ သုတေသန ပညာရှင်တွေ မေးမြန်း အဖြေရှာနေတဲ့ကိစ္စရပ်တစ််ခုပဲဖြစ်ပါတယ်။ အွန်လိုင်း သင်ကြားရေးဟာ စာသင်ခန်းတစ်ခုအတွင်းမှာ ကျောင်းသားအများကြီး ရှိနေတာကိုနည်းသွားအောင်ပြုလုပ်တဲ့ နည်းလမ်းတစ်ခုဖြစ်သလို သင်ကြားရေး ဆရာမလုံလောက်ဖြစ်နေတဲ့ စာသင်ကျောင်းတွေ အတွက်လည်း ကောင်းကွက်တစ်ခုလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက် တောင်ကောင်းတဲ့နည်းလမ်းတိုင်းမှာပဲဖြစ်ဖြစ် ခြွင်းချက်တစ်ခု တော့ရှိစမြဲပါပဲ။ အွန်လိုင်းသင်ကြားရေးစနစ်ကို အကောင်အထည် ဖော်တာ ကတော့ ဟုတ်ပါပြီ။ ကျောင်းသား တွေအနေနဲ့ ကျောင်းသင်ခန်းစာတွေ ကိုမှန်ကန်အောင်ပြုလုပ်သလားဆိုတာတော့ မေးစရာဖြစ်လာပါတယ်။ စာသင်ခန်းထဲမှာ၊ ဆရာတစ်ယောက်လုံးရှေ့မှာ ရှိတာတောင် ပုံမှန်စာလိုက် မလုပ်တဲ့ကျောင်းသားဟာ၊ ဆရာတစ်ယောက်ရဲ့ မျက်ကွယ်မှာစာလုပ် မယ်မလုပ်ဘူးဆိုတာ ပြောရခက်ပါတယ်။ တကယ်တော့ အွန်လိုင်း သင်ကြားရေးဟာ စရိတ်စကသက်သာတယ်ဆိုတာတော့ မှန်ပါတယ်။ နောက်အချိန်ကုန်လည်းသက်သာစေတယ်လေ။ အပြင်မှာ လုပ်ငန်းခွင်ဝင် နေတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ သူ့အလုပ်ချိန်ပြီးဆုံးချိန်မှ အွန်လိုင်း ပေါ်တက်သင်ခန်းစာတွေကိုလိုက်လုပ်လို့ရနိုင်မှာဖြစ်တဲ့အတွက်ကြောင့်လည်းပါပါတယ်။ အွန်လိုင်းသင်ကြားရေးကို အောင်မြင်နေတယ်လို့ ပြောလို့ရတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာတော့ အထက်တန်း ကျောင်းတချို့ဟာ အပြင်ဖြေသင်တန်းသားတွေနဲ့ အွန်လိုင်းကနေသာ ကြီးကြပ်မှုတွေပြုလုပ်လာ ပါတော့တယ်။

နည်းပညာဆိုတာဖြစ်ပေါ်လာတဲ့ အချိန်ထဲကကောင်းခြင်းတွေဖြစ်ပေါ် လာသလိုဆိုးခြင်းတွေကိုလည်း ယူဆောင်လာ ခဲ့ပါတယ်။ လူတွေရဲ့ နေ့စဉ် လူနေမှုဘဝအတွက်နည်းပညာပစ္စည်းတွေဟာ မရှိမဖြစ်ဖြစ် ပေါ်လာသလို ဒီလိုနည်းပညာပစ္စည်း တွေကြောင့်လည်း လူသားတွေဟာ ကိုယ်စွမ်းရှိသ လောက် မကြိုးစားကြတော့ပါဘူး။ အဲဒီအတွက်လူသားတွေရဲ့ အစွမ်းအစဟာ တဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာပါတယ်။ ဘယ်လိုနေရာမျိုး ကိုပဲကြည့်လိုက်၊ ကြည့်လိုက်နည်းပညာပစ္စည်းတွေနဲ့ မလွတ် သလောက် ဖြစ်လာပါပြီ၊ ဂျပန် နိုင်ငံလို စက်မှုထွန်းကားတဲ့နိုင်ငံတွေမှာဆို ကုန်ထုတ် လုပ်ငန်းတွေမှာကအစ စက်ရုပ်အလုပ်သမားတွေကိုအသုံးပြုလာတာတွေ့နေရပါတယ်။ အဲဒါကြောင့် လူသားတွေ ဘယ်လိုနေရာတွေကိုရောက်ရှိနေသလဲဆိုတာ ပြန်လည်ဆန်းစစ် ကြည့်ဖို့လိုအပ်လာပါပြီ။

ပိုင်စေသောဝ်

Mobile Guide Journal (Every Monday)

…………

Ref: Mobile Guide Journal

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။