သင်သိတာကို မျှဝေပါ။
သင် သိထား တတ်ထားသမျှကို မျှဝေပါ။ အဲဒီထက် ပိုတဲ့ အသိပညာ အတတ်ပညာတွေ သင့်ထံ ပြန်လာပါလိမ့်မယ်။
ငယ်ငယ်တုံးက ကျောင်းခန်းထဲမှာ ဆရာမက စာလုပ်ခိုင်းတော့ ဘေးက အတန်းဖေါ် မြင်မှာစိုးလို့ လက်မောင်းနဲ့ ကာပြီး စာရေးခဲ့တဲ့ ကလေးတွေ မြင်ဖူးကြမှာပါ။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း ဖြစ်ချင် ဖြစ်နေခဲ့မှာပါ။
အလုပ်ထဲမှာလဲ ရှိတယ်။ "တခြားလူတွေကို မသိစေနဲ့။ သူတို့သိသွားရင် သူတို့ပဲ နာမည်ယူကြလိမ့်မယ်"တဲ့။ တွေ့ဖူးတယ် မဟုတ်လား။ ဒါမှမဟုတ် သင် ကိုယ်တိုင်လည်း ဖြစ်ချင် ဖြစ်နေမှာပါ။
အဲဒီလို ကိုယ်သိထား တတ်ထားတာကို တခြားသူကို မမျှဝေပဲ တစ်ယောက်ထဲပဲ သိမ်းဆည်းထားရင် မိမိသိထား တတ်ထားတာကနေ ပိုတိုးပြီး တတ်သိဖို့ အခွင့်အလမ်း မရှိတော့ပါဘူး။ အသိဉာဏ်ဟာ အဲဒီလောက်နဲ့ပဲ ရပ်တန့်နေပါလိမ့်မယ်။
မိမိ သိထားတတ်ထားတာကို အကုန် မျှဝေပေးလိုက်ရင် ဘာမှ မကျန်တော့ဘူး။ ဒါဆိုရင် အသိ အတတ် အသစ်တွေ ထပ်မံဖွေရှာဖို့ ကြိုးစားရတော့မယ်။ ရှာတော့လဲ အသစ်အသစ်သော အသိပညာ အတတ်ပညာတွေ ရလာမှာပါ။
တကယ်တော့ မိမိသိထား တတ်ထားတာတွေဟာ မိမိရဲ့ကိုယ်ပိုင်တွေ မဟုတ်ပါဘူး။ သူများဆီက သင်ခဲ့ ဖတ်ခဲ့ နားထောင်ခဲ့လို့ ရခဲ့တာတွေပါ။ ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင်ပစ္စည်းလို သဘောထာပြီး ဆုပ်ကိုင် သိမ်းမထားသင့်ပါဘူး။ မျှဝေပေးပါ။
ဗန်းမော်သိန်းဖေ
၁၉-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။