For နဲ့ Since ကို အချိန်အတွက် သုံးတဲ့အခါ .. For ကို Tense အမျိုးမျိုးမှာသုံးပါ
...................................................................................................
For နဲ့ since ကို Perfect Tense တွေမှာ သုံးတယ်လို့ သိထားတတ်ကြပါတယ် ၊ အဲလို သိထားတာ မှန်ပါတယ် ။ သို့သော် for ကိုကျတော့ perfect tense မှာပဲ ရတယ်လို့ ကန့်သတ်ပြီး မှတ်သားထားမိမှာ စိုးပါတယ် ။ အဲဒါကြောင့်ပဲ for နဲ့ since အကြောင်း တစေ့တစောင်းကို ထပ်လောင်း တင်ပြလိုက်ရကြောင်းပါခင်ဗျာ ..
..
(1) For
..............
For ကို Tense အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်
For can be used with all tenses.
..
သုံးစွဲပုံကတော့ >> for + ကြာမြင့်ချိန် .. ဖြစ်ပါတယ်
for + a specific period of time (or duration)
..
for ကို အချိန်အတွက် သုံးတဲ့အခါ ..ကြာကြာ ၊ တိုင်တိုင် ၊ အထိ ၊ တိုင်အောင် ..စသည်ဖြင့် အဓိပ္ပါယ်ယူနိုင်ပြီး သူဟာ tense အပေါ်မှာဘာမှ လွှမ်းမိုးမှု မရှိပဲ သူ့အဓိပ္ပါယ်နဲ့ သင့်တော်ရာ မည်သည့် Tense မှာမဆို သုံးနိုင်ပါတယ်
..
(1.1) They study for two hours every day. (Present Simple)
သူတို့ နေတိုင်း နှစ်နာရီကြာ လေ့လာကြပါတယ်
.
(1.2) They are studying for three hours today. (Present Continuous)
ဒီကနေ့မှာ သူတို့ နှစ်နာရီကြာ လေ့လာနေကြပါတယ်
.
(1.3) He has lived in Bangkok for a long time. (Present Perfect)
သူက ဘန်ကောက်မြို့မှာ နေတာ အချိန်အကြာကြီး ရှိပါပြီ
.
(1.4) He has been living in Paris for three months. (Present Perfect Continuous)
သူ ပဲရစ်မြို့မှာနေလာတာ သုံးလကြာပါပြီ
.
(1.5) I worked at that bank for five years. (Past Simple)
ကျနော် အဲဒီ ဘဏ်မှာ ၅ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်
.
(1.6) Will the universe continue for ever? (Future)
စင်္ကြ၀ဠာကြီးက အမြဲထာဝရ ဆက်ရှိနေမှာလား ...စသည်ဖြင့်
...............................................................
(2) Since
.................
Since ကိုတော့ သာမန်အားဖြင့် perfect tense များနဲ့ သုံးပါတယ်
Since is normally used with perfect tenses:
..
သုံးစွဲပုံကတော့ >> since + စတင်သည့်အချိန် ..ဖြစ်ပါတယ်
since + the starting point of a period of time (continues to now).
.
since ကိုတော့ အချိန်အတွက် သုံးတဲ့အခါ ..ကတည်းက (တိုင်အောင်) ၊ ကစ၍ (အထိ)..စသည်ဖြင့် အဓိပ္ပါယ်ယူနိုင်ပါတယ် ။ နောက်က ကွင်းစကွင်းပိတ်ထဲက သဘောတရားလေးတွေကိုပါ မှတ်စေချင်ပါတယ်
.
(2.1) John HAS HELPED me since 10:00 this morning. (Present Perfect)
ဂျွန်က ဒီမနက် ၁၀ နာရီကတည်းက ကျနော့်ကို ကူညီနေခဲ့ပါတယ်
( present perfect ဖြစ်လို့ ဒီမနက် ၁၀ နာရီကတည်းကနေ (အခုထိ) ..ဆိုတဲ့ သဘောဖြစ်ပါတယ်)
..
(2.2) I was very sorry when the factory closed. I HAD WORKED there since I left school. (Past Perfect)
စက်ရုံက ပိတ်သွားတဲ့အချိန်မှာ ကျနော် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ် ၊ ကျနော် ကျောင်းထွက် ကတည်းက အဲဒီမှာ လုပ်ခဲ့တာပါ
(Past perfect ဖြစ်ခြင်းကြောင့် ကျောင်းထွက် ကတည်းကနေ (စက်ရုံပိတ်သည်အထိ) ..လို့ ယူရပါမယ်)
.
(2.3) I HAVE BEEN STUDYING English since 1993. (Present Perfect Continuous)
ကျနော် အင်္ဂလိပ်စာကို 1993 ခုနှစ်ကတည်းက လေ့လာနေခဲ့တာပါ
(၁၉၉၃ ကတည်းကနေ ဆက်တိုက် လေ့လာနေတာ အခုထိပဲ)
.
(2.4) I HAD BEEN WATCHING that program every week since it started, but I missed the last episode. (Past Perfect Continuous)
ကျနော်က အဲဒီအစီအစဉ်ကို စကတည်းကနေ အပတ်တိုင်း ကြည့်ရှုနေခဲ့တာပါ ၊ ဒါပေမယ့် နောက်ဆုံးဇတ်လမ်းတွဲ တစ်ခုတော့ လွတ်သွားတယ် ..
(အဲဒီဇတ်လမ်းတွဲ စပြီးပြကတည်းကနေ နောက်ဆုံးရဲ့ရှေ့လမ်းတွဲ အထိ ..အကျုံးဝင်ပါတယ်)
.
since ဟာ အချိန်ရဲ့ စမှတ်ကနေ ဆုံးမှတ်အထိ အကျုံးဝင်ပါတယ် ၊ အစမှတ်ကို since နောက်မှာကပ်လျှက် ဖေါ်ပြထားပေမယ့် ဆုံးမှတ်ကိုတော့ ၀ါကျကနေ ထုတ်ယူနားလည်ရမှာဖြစ်ပါတယ် ၊ ဒါကြောင့် သဘောတရားလေးတွေကို ကွင်းစကွင်းပိတ် ကလေးနဲ့ ကျနော်က ဖြည့်စွက်ရခြင်းပါ ။
...............
တစ်ခုခုကို နားလည်ပြီး မှတ်သားရတာက သြော် ဒီလိုပါလား ၊ ဒါကြောင့်ကိုး ..စသည်ဖြင့် ဘ၀င်ကျကျေနပ်စေပါတယ် ။ သုံးတဲ့အခါကျတော့လည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ သဘောတရားပါ အံကိုက်ကျအောင် အသုံးချတတ်စေပါတယ် ။ အသေမှတ်တာတွေဟာ ကျနော်တို့ရဲ့ တွေးတောစဉ်းစားတတ်တဲ့ အသိညာဏ်ကို ကိုယ့်ဖာသာဘောင်ခတ်လိုက်သလို ဖြစ်သွားတတ်ပါတယ် ၊ ဒါကြောင့် မှတ်လည်းမှတ်ပါ နားလည်အောင်လည်း လုပ်ပါလို့ တိုက်တွန်းရင်း ..
.
မေတ္တာဖြင့်
..........................
For နဲ့ since ကို Perfect Tense တွေမှာ သုံးတယ်လို့ သိထားတတ်ကြပါတယ် ၊ အဲလို သိထားတာ မှန်ပါတယ် ။ သို့သော် for ကိုကျတော့ perfect tense မှာပဲ ရတယ်လို့ ကန့်သတ်ပြီး မှတ်သားထားမိမှာ စိုးပါတယ် ။ အဲဒါကြောင့်ပဲ for နဲ့ since အကြောင်း တစေ့တစောင်းကို ထပ်လောင်း တင်ပြလိုက်ရကြောင်းပါခင်ဗျာ
..
(1) For
..............
For ကို Tense အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်
For can be used with all tenses.
..
သုံးစွဲပုံကတော့ >> for + ကြာမြင့်ချိန် .. ဖြစ်ပါတယ်
for + a specific period of time (or duration)
..
for ကို အချိန်အတွက် သုံးတဲ့အခါ ..ကြာကြာ ၊ တိုင်တိုင် ၊ အထိ ၊ တိုင်အောင် ..စသည်ဖြင့် အဓိပ္ပါယ်ယူနိုင်ပြီး သူဟာ tense အပေါ်မှာဘာမှ လွှမ်းမိုးမှု မရှိပဲ သူ့အဓိပ္ပါယ်နဲ့ သင့်တော်ရာ မည်သည့် Tense မှာမဆို သုံးနိုင်ပါတယ်
..
(1.1) They study for two hours every day. (Present Simple)
သူတို့ နေတိုင်း နှစ်နာရီကြာ လေ့လာကြပါတယ်
.
(1.2) They are studying for three hours today. (Present Continuous)
ဒီကနေ့မှာ သူတို့ နှစ်နာရီကြာ လေ့လာနေကြပါတယ်
.
(1.3) He has lived in Bangkok for a long time. (Present Perfect)
သူက ဘန်ကောက်မြို့မှာ နေတာ အချိန်အကြာကြီး ရှိပါပြီ
.
(1.4) He has been living in Paris for three months. (Present Perfect Continuous)
သူ ပဲရစ်မြို့မှာနေလာတာ သုံးလကြာပါပြီ
.
(1.5) I worked at that bank for five years. (Past Simple)
ကျနော် အဲဒီ ဘဏ်မှာ ၅ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်
.
(1.6) Will the universe continue for ever? (Future)
စင်္ကြ၀ဠာကြီးက အမြဲထာဝရ ဆက်ရှိနေမှာလား ...စသည်ဖြင့်
..........................
(2) Since
.................
Since ကိုတော့ သာမန်အားဖြင့် perfect tense များနဲ့ သုံးပါတယ်
Since is normally used with perfect tenses:
..
သုံးစွဲပုံကတော့ >> since + စတင်သည့်အချိန် ..ဖြစ်ပါတယ်
since + the starting point of a period of time (continues to now).
.
since ကိုတော့ အချိန်အတွက် သုံးတဲ့အခါ ..ကတည်းက (တိုင်အောင်) ၊ ကစ၍ (အထိ)..စသည်ဖြင့် အဓိပ္ပါယ်ယူနိုင်ပါတယ် ။ နောက်က ကွင်းစကွင်းပိတ်ထဲက သဘောတရားလေးတွေကိုပါ မှတ်စေချင်ပါတယ်
.
(2.1) John HAS HELPED me since 10:00 this morning. (Present Perfect)
ဂျွန်က ဒီမနက် ၁၀ နာရီကတည်းက ကျနော့်ကို ကူညီနေခဲ့ပါတယ်
( present perfect ဖြစ်လို့ ဒီမနက် ၁၀ နာရီကတည်းကနေ (အခုထိ) ..ဆိုတဲ့ သဘောဖြစ်ပါတယ်)
..
(2.2) I was very sorry when the factory closed. I HAD WORKED there since I left school. (Past Perfect)
စက်ရုံက ပိတ်သွားတဲ့အချိန်မှာ ကျနော် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ် ၊ ကျနော် ကျောင်းထွက် ကတည်းက အဲဒီမှာ လုပ်ခဲ့တာပါ
(Past perfect ဖြစ်ခြင်းကြောင့် ကျောင်းထွက် ကတည်းကနေ (စက်ရုံပိတ်သည်အထိ) ..လို့ ယူရပါမယ်)
.
(2.3) I HAVE BEEN STUDYING English since 1993. (Present Perfect Continuous)
ကျနော် အင်္ဂလိပ်စာကို 1993 ခုနှစ်ကတည်းက လေ့လာနေခဲ့တာပါ
(၁၉၉၃ ကတည်းကနေ ဆက်တိုက် လေ့လာနေတာ အခုထိပဲ)
.
(2.4) I HAD BEEN WATCHING that program every week since it started, but I missed the last episode. (Past Perfect Continuous)
ကျနော်က အဲဒီအစီအစဉ်ကို စကတည်းကနေ အပတ်တိုင်း ကြည့်ရှုနေခဲ့တာပါ ၊ ဒါပေမယ့် နောက်ဆုံးဇတ်လမ်းတွဲ တစ်ခုတော့ လွတ်သွားတယ် ..
(အဲဒီဇတ်လမ်းတွဲ စပြီးပြကတည်းကနေ နောက်ဆုံးရဲ့ရှေ့လမ်းတွဲ အထိ ..အကျုံးဝင်ပါတယ်)
.
since ဟာ အချိန်ရဲ့ စမှတ်ကနေ ဆုံးမှတ်အထိ အကျုံးဝင်ပါတယ် ၊ အစမှတ်ကို since နောက်မှာကပ်လျှက် ဖေါ်ပြထားပေမယ့် ဆုံးမှတ်ကိုတော့ ၀ါကျကနေ ထုတ်ယူနားလည်ရမှာဖြစ်ပါတယ် ၊ ဒါကြောင့် သဘောတရားလေးတွေကို ကွင်းစကွင်းပိတ် ကလေးနဲ့ ကျနော်က ဖြည့်စွက်ရခြင်းပါ ။
...............
တစ်ခုခုကို နားလည်ပြီး မှတ်သားရတာက သြော် ဒီလိုပါလား ၊ ဒါကြောင့်ကိုး ..စသည်ဖြင့် ဘ၀င်ကျကျေနပ်စေပါတယ် ။ သုံးတဲ့အခါကျတော့လည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ သဘောတရားပါ အံကိုက်ကျအောင် အသုံးချတတ်စေပါတယ် ။ အသေမှတ်တာတွေဟာ ကျနော်တို့ရဲ့ တွေးတောစဉ်းစားတတ်တဲ့ အသိညာဏ်ကို ကိုယ့်ဖာသာဘောင်ခတ်လိုက်သလ
.
မေတ္တာဖြင့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။