Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 1, 2016

သူငယ်တန်းကလေးတွေ ဘာတတ်မြောက်သင့်သလဲ။

သူငယ်တန်းကလေးတွေ ဘာတတ်မြောက်သင့်သလဲ။

ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ပြည်ထောင်စု Denver Public Schools (ဒင်းဗားအစိုးရကျောင်းများ) က ကိစ္စတော်တော်များများကို ကျနော် ဘာသာပြန်ခဲ့ရပါတယ်။ အကြောင်းကတော့ မြန်မာနယ်စပ်က ဒုက္ခသည်ကလေး အတော်များများ သူတို့ဆီရောက်သွားတော့ ဒီကလေးတွေအရေး ကျောင်းသား-မိဘနဲ့ ကျောင်းဆက်ဆံရေးကိစ္စတွေ လိုအပ်လာပါတယ်။ ဒါနဲ့ သူတို့က ကိစ္စအတော်များများကို ဘာသာပြန်ပစ်ပါတယ်။ အဲသည်တော့ ကျနော်လည်း ဝင်ငွေ ဖြောင့်ပါတယ်။ ကောင်းကျိုးတစ်ခုအနေနဲ့ ကျနော်က အမေရိကန် ပညာရေးစနစ်ကို အနည်းငယ် တီးမိခေါက်မိ ရှိလာခဲ့ပါတယ်။ ဒီကိစ္စတွေကို အသေးစိတ် သိချင်ရင် သူတို့ ဝက်ဘ်ဆိုဒ် Denver Public Schools ဆိုပြီး ဂူးဂဲလ်လုပ် ရှာဖွေကြည့်နိုင် ပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ နည်းနည်းပါးပါးရေးမယ် ကတိရှိထားတော့ကာ၊ သူတို့ဆီက သင်ရိုးညွှန်းတမ်းသဘော၊ ဘယ်အတန်းမှာ ကလေးတွေ ဘာတွေ တတ်မြောက်သင့်တယ် ဆိုတဲ့ကိစ္စတွေ ရှယ်ပေးမယ် စိတ်ကူးမိပါတယ်။ နှိုင်းယှဉ် ကြည့်ရတာပေါ့လေ။

=============================

သူငယ်တန်းကလေးတွေ ဘာတတ်မြောက်သင့်သလဲ။

ဘာသာစကား အနုပညာ (Language Art)
------------------------------------------
အသံနှင့်အတူ စာလုံးကို ယှဉ်တွဲပြခြင်း။ အိုင်ဒီယာများကို ရှင်းလင်းစွာ ဖော်ပြနိုင်ခြင်း။
• အင်္ဂလိပ်စာ စာလုံးကြီးနှင့် စာလုံးသေးကို အမည် ဖော်ပြနိုင်ခြင်း၊ ရေးသားနိုင်ခြင်း။
• အသံနှင့်လိုက်၍ စာလုံးများကို ယှဉ်တွဲဖော်ပြခြင်း၊ စာဖတ်ရာ၊ စာရေးရာတွင် မမြင်မတွေ့ဖူးသည့် စာလုံးများကို မှန်းဆနိုင်ခြင်း။
• ဝေါဟာရအသစ်များ လေ့လာခြင်း၊ အသုံးပြုခြင်း။
• အသံထွက်သည့်အလိုက် ဝေါဟာရများကို ဖော်ပြနိုင်ခြင်း။
• The, of, you, she နှင့် my စသည့် အထွေထွေ ဝေါဟာရများကို ဖတ်နိုင်ခြင်း။
• ဆရာက ဖတ်ပြသည့် ပုံပြင် ဇာတ်လမ်းကို မေးခွန်း မေးနိုင်ခြင်း၊ ဖြေဆိုနိုင်ခြင်း။
• ဇာတ်လမ်းရှိ ဇာတ်ကောင်၊ နောက်ခံအခြေအနေ နှင့် အဓိကဖြစ်ရပ်များကို ဖော်ပြနိုင်ခြင်း။
• နားထောင်၍ ပါဝင်ဆွေးနွေးနိုင်ခြင်း၊ အလှည့်တွင် ပြောဆိုနိုင်ခြင်း။
• မျှဝေဖတ်ရှုမှု၊ ရေးသားမှု၊ သုတေသန စီမံချက်များတွင် ပါဝင်ခြင်း၊
• ထင်မြင်ချက်၊ ခံစားချက်၊ အိုင်ဒီယာများကို ရှင်းလင်းစွာ ဖော်ပြနိုင်ခြင်း။
• ဖြစ်ရပ်ကို ပုံဆွဲ၊ ပြောပြ၊ ရေးသား ပူးတွဲ၍ ဖော်ပြနိုင်ခြင်း။ အကြောင်းအရာကို သတင်း ပေးနိုင်ခြင်း။ ထင်မြင်ချက်ကို ဝေငှဖလှယ်နိုင်ခြင်း။
• ဖော်ပြထားသည့် ရုပ်ပုံများမှ လူပုဂ္ဂိုလ်၊ နေရာ၊ အရာဝတ္ထု၊ အိုင်ဒီယာတို့ကို သိရှိနိုင်ခြင်း။
• အိပ်ယာဝင် နတ်သမီးပုံပြင်များ၊ ရိုးရာဇာတ်လမ်းများကဲ့သို့ ကျွမ်းဝင်ပြီး ပုံဇာတ်လမ်းများတွင် ဇာတ်ကောင်များ၏ စွန့်စားမှုများ၊ အတွေ့အကြုံများကို နှိုင်းယှဉ်နိုင်ခြင်း။
• စာအုပ်၊ သို့မဟုတ် ခေါင်းစဉ်တစ်ခု နှင့် ပတ်သက်၍ ထင်မြင်ချက်၊ ကြိုက်နှစ်သက်မှုကို ပြောပြနိုင်ခြင်း (ဥပမာ- မိမိအနှစ်သက်ဆုံး စာအုပ်သည် ….. )
• မေးခွန်းဝေါဟာရများကို နားလည်ခြင်းနှင့် ဆွေးနွေးရာတွင် အသုံးပြုနိုင်ခြင်း (ဥပမာ- မည်သူ၊ မည်သည့်အရာ၊ မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည်သည့်အတွက်ကြောင့်၊ မည်သို့ မည်ပုံ)

သင်္ချာ
-----------
100 အထိ တစ်ခုချင်းသော်လည်းကောင်း၊ ဆယ်ဂဏန်းသော်လည်းကောင်း ရေတွက်ခြင်း၊ စတင်၍ ပေါင်းခြင်း၊ နှုတ်ခြင်း။
• အရာဝတ္ထုများကို ရေတွက်၍ အုပ်စုတွင် မည်မျှရှိသည်ကို ပြောနိုင်ခြင်း။
• အုပ်စု ၂-ခုကို နှိုင်းယှဉ်ပြနိုင်ခြင်း၊ အကယ်၍ အုပ်စုတစ်ခုက များနေပါက ပြောပြနိုင်ခြင်း။
• အပေါင်း၊ အနှုတ်ပြုနိုင်ခြင်း။ ယင်းတို့ကို ဖော်ပြရန် ပြဿနာကို ဖော်ပြနိုင်ခြင်း၊ ပုံဆွဲပြနိုင်ခြင်း။
• အရေအတွက်ငယ်သည့် အပေါင်း၊ အနှုတ်ကို အရာဝတ္ထုများ၊ လက်ချောင်း၊ ပုံများ၊ သို့မဟုတ် ဝေါဟာရများသုံး၍ တွက်ချက်ပုံ ဗျူဟာကို ပြနိုင်ခြင်း၊ အဖြေပေးနိုင်ခြင်း။
• အရေအတွင်ငယ်သည့် အပေါင်း၊ အနှုတ်ကို လျှင်မြန်စွာ၊ မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်း။ (ဥပမာ- 1+3=4)
• အပေါင်းဆိုသည်မှာ ထပ်၍ ဖြည့်ခြင်း၊ ပေါင်းထည့်ခြင်း နှင့်အနှုတ်ဆိုသည်မှာ ယူထုတ်ခြင်း၊ ယူသွားခြင်း ဆိုသည်ကို နားလည်စေပါ။
• ရေးထားသည့် ကိန်းဂဏန်း ၂-ခုကို နှိုင်းယှဉ်၍ မည်သည်က ပိုများကြောင်း နှိုင်းယှဉ်စေပါ။ (ဥပမာ- “ကျွန်တော်သိတယ်။ 10 က 6 ထက် ပိုများတယ်”)
• အရာဝတ္ထုများကို 20 အထိ ရေတွက်ခိုင်းပါ။ 1-20 ကို ရေးခိုင်းပါ။
• တစ်ရာအထိ တစ်ခုချင်း၊ ဆယ်ခုချင်း ရေတွက်ခိုင်းပါ။
• 10 ထက်ငယ်သည့်၊ သို့မဟုတ် အတူတူကိန်းဂဏန်းများကို နည်းလမ်း တစ်ခုထက်ပို၍ ခွဲခြားပြနိုင်ခြင်း။ (ဥပမာ- 9=6+3 သို့မဟုတ် 9=5+4) p အရာဝတ္ထုများ၊ ပုံများဖြင့် နေရာ တန်ဖိုးကို နားလည်ဖော်ပြရန် ကိန်းဂဏန်း 11-19 အထိ အသုံးပြု နိုင်ခြင်း။
• ပုံသဏ္ဌာန်များကို အမည်ဖော်ပြနိုင်ခြင်း၊ နားလည်ခြင်း (ဥပမာ- စိန်သည် စတုရန်းပုံ ဖြစ်သည်။)

သိပ္ပံ
-------------
နေ၊ အပူနှင့် အလင်းအကြောင်း လေ့လာခြင်း။ မည်သည့်အတွက် အရာဝတ္ထုများ ရွေ့လျားကြသနည်း။
• ရာသီဥတုများကို ဖော်ပြနိုင်ခြင်း။
• နေက ကမ္ဘာကို အပူနှင့် အလင်းကို ပေးကြောင်း သိရှိခြင်း။
• နေ့အလိုက် အပူချိန်ကွာခြားမှုကို နားလည်ခြင်း။ နေ့အခါ နေသာသည့်အခါ နှင့် ညအခါ နေရောင် မရှိသည့်အခါ ကွာခြားမှုများကို သိစေခြင်း။
• အကယ်၍ နေအလင်းရောင်ကို ကွယ်လိုက်သည့်အခါ မည်သို့ ဖြစ်သွားသည်ကို လေ့လာခြင်း။
• အပင်၏ ဖွံ့ဖြိုးမှုအတွက် အပူနှင့် အလင်းရောင်က မည်သို့ သက်ရောက်သည်ကို နားလည်ခြင်း။
• အရာဝတ္ထုများသည် နည်းပေါင်းစုံဖြင့် ရွေ့လျားနိုင်သည်။ ယင်းတို့ကို အလျင်နှင့် ဦးတည်ရာအပေါ် မူတည်၍ ဖော်ပြခြင်း။
• အရာဝတ္ထုတစ်ခု ရွေ့လျားသည့်အခါ မည်မျှမြန်သည်၊ မည်မျှနှေးသည်ကို မည်သည်က ပြောင်းလဲစေကြောင်း ဆွေးနွေးခြင်း။
• လူများက သူတို့၏စက်ဘီး၊ စကိတ် ဘုတ်၊ စကူတာတို့ကို တောင်တက်ရာတွင် မြန်မြန်သွားစေရန် ပိုခက်ခဲစွာ အားထုတ်ရကြောင်း နားလည်ခြင်း။
• အရာဝတ္ထုများကို ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးဖြင့် ခွဲခြားနိုင်ကြောင်း နားလည်စေခြင်း၊ ယင်းတို့ကို လေ့လာခြင်း၊ တိုင်းထွာခြင်း။
• အရာဝတ္ထုများကို အရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်၊ အလေးချိန်၊ ဖွဲ့စည်းထားပုံတို့ဖြင့် ခွဲခြားစေခြင်း။
• သက်ရှိနှင့် သက်မဲ့ အရာဝတ္ထုများ အကြား ကွဲပြားမှုကို နားလည်ခြင်း။
• သက်ရှိအရာများကို နားလည်ခြင်း၊ သက်ရှိအရာဝတ္ထုများတွင် အပင်များ၊ တိရိစ္ဆာန်များ ပါဝင်သည်။ သူတို့၏ ရုပ်ပိုင်းအရည်အသွေးများအရ ဖော်ပြခြင်း၊ ခွဲခြားခြင်း။

လူမှုရေး လေ့လာမှု (Social studies)
-------------------------------------
ကျောင်း၊ မြို့၊ နိုင်ငံသားကောင်း စသည့် အခြေခံ သတ်မှတ်ဖော်ပြချက်များ။
• အိမ်လိပ်စာ၊ ကျောင်း၊ မြို့တို့ကို ဖော်ပြခိုင်းပါ။
• အိမ်၊ ကျောင်း၊ ကာဖီတေးရီးယား၊ အားကစားရုံ စသည့် အထွေထွေ နေရာများကို ဖော်ပြခိုင်းပါ။
• ပတ်ဝန်းကျင်ကို ဖော်ပြခိုင်းပါ။ သင့် ပတ်ဝန်းကျင်ရှိ လူများ မည်သည့် အလုပ်လုပ်ကိုင်ကြသနည်း။
• မြေပုံနှင့် ကမ္ဘာလုံး ခြားနားပုံကို သိရှိစေပါ။ ကမ္ဘာပေါ်ရှိ နေရာများကို ရှာဖွေရန် အသုံးချသည့် ကိရိယာဖြစ်ကြောင်း သိရှိစေပါ။
• မတူကွဲပြားသော ဝန်းကျင်တွင် အစားအသောက်၊ အဝတ်အစား၊ အိုးအိမ် အမိုးအကာ ကွဲပြားပုံကို ဆွေးနွေးပါ။
• နေရာ၊ လမ်းညွှန်၊ အကွာအဝေးနှင့် ပတ်သက်သည့် ဝေါဟာရများကို အသုံးပြုပါ။ ဥပမာ- အထက်၊ နောက်မှာ၊ ဝေးကွာသည်။
• လှုပ်ရှားမှုများကို၊ သို့မဟုတ် ဖြစ်စဉ် များ၊ ဝေါဟာရများကို ရှေ့နောက် စီစဉ်ခိုင်းပါ။ ဥပမာ- အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ နေ့များ၊ ရက်သတ္တပတ်၊ လများ၊ ပထမ၊ နောက်ပိုင်း၊ နောက်ဆုံး။
• မိသားစုများနှင့် ရပ်ရွာများ အကြားတွင် မတူကွဲပြားမှုများနှင့် တူညီမှုများကို ဆွေးနွေးပါ။
• မျှတမှု၊ တရားမှု၊ တာဝန်သိမှု၊ ဥပဒေများ .. စသည့် သဘောတရားကို ပြောပြပါ။
• နိုင်ငံသားကောင်းနှင့် အမူအကျင့် ကောင်းတို့ကို ရှင်းပြပါ။ ကျင့်သုံးစေပါ။
• နိုင်ငံတော် နှင့် အမျိုးသား အထိမ်းအမှတ်များ၊ အားလပ်ရက်များကို သိရှိစေပါ။
• လူအများ မတူသော လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ လူများက နေထိုင်ရန် မည်သည့်အတွက် ငွေရှာဖွေကြရကြောင်း ဆွေးနွေးပါ။
• မေးခွန်းများ မေးပါ။ ထင်မြင်ချက် အိုင်ဒီယာများ ဝေငှခိုင်းပါ။ အတိတ် နှင့် ပတ်သက်သည့် အိုင်ဒီယာကို ဆွေးနွေးပါ။
• ဝေါဟာရများ ပြောင်းလဲသုံးပုံကို ရှင်းပြပါ။ ဥပမာ- အတိတ်၊ ပစ္စုပ္ပန်၊ ယခင်က၊ ယခု နှင့် နောက်ပိုင်း၊
• လူအများက ပစ္စည်းများ ပိုင်ဆိုင်ကြကြောင်း အသိအမှတ် ပြုစေပါ။ (ဥပမာ-ကျောပိုးအိတ်၊ ဖိနပ်၊ ကစားစရာများ) p ငွေကြေး၏ ရည်ရွယ်ချက်ကို နားလည်စေပါ။
• အကြွေစေ့များနှင့် ငွေစက္ကူများကို ငွေကြေးအဖြစ် သိရှိ မှတ်မိစေပါ။

နောက်အတန်းများ ဆက်လက်ဖော်ပြပါမည်။

Credit-Aung Thu Nyein

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။