စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ညွန့်နှင့် တွေ့ဆုံခြင်း
========================== =================
အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) သည် ဒီဇင်ဘာ ၃၁ မှ စတင်အသက်ဝင်ခဲ့ပြီဖြစ်သည်။ ယင်းနှင့်အတူ AEC နှင့်ပတ်သက်သည့်အကောင်းမြင် မှုများ၊ စိုးရိမ်ပူပန်မှုများကလည်း ကျယ်ကျယ်လောင်လောင်ဆက်လက်ထွ က်ပေါ်နေပါသည်။ အထူးသဖြင့် မြန်မာအပါအဝင် ဖွံ့ ဖြိုးဆဲ အာဆီယံနိုင်ငံများတွင် စိုးရိမ်ပူပန်မှုများပိုရှိေ နသည်။
သို့ဆိုရာ AEC သဘောတူညီမှုနှင့် လက်ရှိအကောင်အထည်ဖော်နေသည်များ၊ မြန်မာပြည်အနေဖြင့် AEC မှမည်သို့အခွင့်အလမ်းယူသင့် သည်များကို အာဆီယံ-သြစတြေးလျဖွံ့ ဖြိုးတိုးတက်မှုပူးပေါင်းဆော က်ရွက်ရေးပရိုဂရမ်(၂)၏အကြီး တန်းစီးပွားရေးပညာရှင်ဒေါက် တာခင်မောင်ညွန့်နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဆရာမင်္ဂလာပါ။ ဆရာက အာဆီယံ-သြစတြေးလျဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရေးပ ရိုဂရမ်- ၂ မှာတာဝန်ယူနေတော့ အာဆီယံအကြောင်းနဲ့ပဲစလိုက်ချင်ပါတယ်။ အခုမြန်မာနိုင်ငံက အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) နဲ့ပတ်သက်လို့ အကောင် အထည်ဖော်နေတာ ၉ဝရာခိုင်နှုန်းလောက်ပြီးနြေ ပီလို့ပြောတယ်။အဲဒီတော့ ဘယ်အပိုင်းတွေက အကောင်အထည်ဖော်လို့ပြီးသွား တယ်ဆိုတာနဲ့ ဘယ်အပိုင်းတွေကအကောင်အထည်ဖော်ဖို့ကျန်နေသေးတာလဲ သိပါရစေ။
အာဆီယံစီးပွားရေးအသိုက်အဝန်းကို
မဏ္ဍိုင်လေးခု (Four Pillars) အပေါ်အခြေခံထားပါတယ်။ ပထမမဏ္ဍိုင်က Single Market
and Production Base ပေါ့။ ဒုတိယမဏ္ဍိုင်က Competitive Economic Region
ပေါ့။ တတိယမဏ္ဍိုင်ကတော့ Equitable Economic Development။ စတုတ္ထ
မဏ္ဍိုင်ကIntegration into The Global Economy ဆိုပြီးမဏ္ဍိုင်လေးခုရှိပါတယ် ။ အဲဒီမှာအကောင်အထည်ဖော်ဖို့ နောက်ဆုံး ၂ဝ၁၅ ခုနှစ်အစီရင်ခံစာအရ ၉၂.၇ ရာခိုင်နှုန်းပြီးသွားတဲ့အနေ အထားရှိပါတယ်။ အဲဒီမှာပြီးပြီဆိုတာကလည်း လိုအပ်တဲ့
Commitment ကို နိုင်ငံအားလုံးသဘောတူလက်မှတ်ထိုးပြီးခြင်း၊ဒါမှမဟုတ် တချို့ဆောင်ရွက်ဖို့လုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နေတာကိုေ ပြာတာဖြစ်တယ်။
အထက်ပါမဏ္ဍိုင်လေးခု အကောင်အထည်ဖော်ပြီးစီးတာ ပြောရရင် ပထမမဏ္ဍိုင်မှာ ၉၂.၄ ရာခိုင်နှုန်း၊ ဒုတိယမဏ္ဍိုင်မှာ ၉ဝ.၅ ရာခိုင်နှုန်း၊ တတိယနဲ့ စတုတ္ထမဏ္ဍိုင်တွေမှာ အထူးပြုဆောင်ရွက်ဖို့ ၁ဝဝ ရာခိုင်နှုန်းပြီးပြီဖြစ်ပါတ ယ်။
AEC က၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ မှာစခဲ့ပြီဆိုတော့ အခုအာဆီယံဆယ်နိုင်ငံကြားမှာ ဘာတွေအဓိကစအကောင်အထည်ပေါ်နြေ ပီလဲဆရာ။
အဓိကအောင်မြင်မှုရလဒ်တွေ (Key Achievements)ကို ကဏ္ဍရှစ်ခုနဲ့ပြောရင်ပိုရှင်း ပါမယ်။ အဲဒါတွေက ၁- ကုန်သွယ်မှုလွတ်လပ်စွာဆောင်ရွက်ခြင်း၊ ၂- ကုန်သွယ်မှုကိုပံ့ပိုးအထောက် အပံ့များလုပ်ဆောင်ခြင်း၊ ၃- ရင်းနှီးမြှုပ်နှံမှု လွတ်လပ်စွာလုပ်ဆောင်ခြင်း၊ ၄- အပြန်အလှန်အသိအမှတ်ပြုသောကျွမ်းကျင်သောအသက်မွေးဝမ်းကျောင်းဝန်ထမ်းများ အာဆီယံနိုင်ငံများတွင်ပြောင်းရွှေ့လုပ်နိုင်ခွင့်ဆောင်ရွက်ခြင်း၊ ၅- ဒေသဆိုင်ရာဘဏ္ဍာရေးပူးပေါင်းေ ဆာင်ရွက်မှု၊ ၆- ဆက်သွယ်မှုလုပ်ငန်းများတိုးတ က်ရန်လုပ်ဆောင်ခြင်း၊ ရ- အသေးစားနှင့်အလတ်စားစက်မှုလု ပ်ငန်းများတိုးတက်မှုလုပ်ဆော င်ခြင်းနဲ့ ၈- ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပါတယ်။ ပထမကဏ္ဍအရပြောမယ်ဆိုရင် သွင်းကုန်ခွန် (Tarrif)နဲ့ပတ်သက်တဲ့ သွင်းကုန်ခွန် သုညရာခိုင်နှုန်းသို့လျှော့ချရေး လုပ်ပြီးသွားပြီ။ အာဆီယံခြောက်နိုင်ငံမှာ သုညရာခိုင်နှုန်းဖြစ်သွားပြီ ။ CLMV(ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်) ကျ တော့ ၂ဝ၁၈ ခုနှစ်ပေါ့။ နောက်တစ်ခုက အဖွဲ့ဝင်နိုင်ငံချင်းကုန်သွ ယ်ရာ မှာ မိမိနိုင်ငံ၏ပြည်တွင်းဖြစ်ထွက်ကုန်များကိုတင်ပို့လျှင် အထူးအခွင့်အရေးပေးပြီး အခွန်လျှော့ချရန်သဘောတူထားေ သာစည်းမျဉ်း (Rules of OriginROO)မှာလည်းစတင်သုံးေ နပြီဖြစ်ပါတယ်။အဲဒီကုန်တွေR OOနဲ့အကျုံးဝင်ကြောင်းပုံစံ ဃ(FormD)ကိုသုံးရမယ်။အဲဒီပုံစံဃကိုသုံးပြီးဖော်ပြထားတဲ့ ပို့ကုန်တွေROOနဲ့ကိုက်ညီေ ကြာင်း၊မိမိကိုယ်တိုင်တာဝန် ယူကြောင်းစနစ်(Selfcertific ation)ကိုလည်းရှေ့ပြေးစမ်းသ ပ်မှုတွေနဲ့စမ်းသပ်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။
ဒုတိယကဏ္ဍထဲမှာပြီးသွားတာက Trade Facilitationပေါ့။ Trade Facilitation မှာ
အဓိကကတော့ ASEAN SingleWindow (ASW) ပေါ့။ အဲဒါက CLMV
တော်တော်များများမပြီးသေးဘူး။ နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ သက်ဆိုင်ရာနှစ်နိုင်ငံကအကော က်ခွန်အရာရှိတွေ နိုင်ငံတစ်ခုရှိတစ်နေရာတည်း ၊ တစ်ရုံးတည်းကအကောက်ခွန်ဌာနတ စ်ခုတည်းအဖြစ် ပူးပေါင်းစစ်ဆေးခြင်းဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု အချိန်သက်သာစွာ မြန်ဆန်စွာဆောင်ရွက်ဖို့ဖြစ်ပါတယ်။ASW အကောင်အထည်ဖော်ရေးဥပဒေက ၂ဝ၁၅ မှာရေးထိုးပြီးပြီ။ အကောင်အထည်အထည်ဖော်ဖို့ကျန် သေးတယ်။အဲဒီမှာ အကောက်ခွန်မဟုတ်သောအတိုင်းအ တာများ (Non-tariff Measues-NTM)အကောက်ခွန်မဟုတ်သောကုန်သွယ်မှုအဟန့်အတားများ (Non-tariff Barrier-NTB)တွေကိုလည်းလျော့ နည်းသွားဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ နိုင်ငံအချင်းချင်း အပြန်အလှန်အသိအမှတ်ပြုသောသေ ဘာတူညီချက်အစီအစဉ် (Mutual Recognition Arrangements-MRA)ကိုလည်း ထုတ်လုပ်မှုကဏ္ဍသုံးခုဖြစ်တဲ့ ၁- လျှပ်စစ်နှင့်အီလက်ထရွန်နစ် ၊ ၂- အလှကုန်ပစ္စည်းနှင့်ဆေးဝါးဆိုင်ရာထုတ်ကုန်၊ ၃-အခြားပစ္စည်း (စားကုန်၊ ကားနှင့် ဆောက်လုပ်ရေးပစ္စည်း) တွေအရည်အသွေးစံသတ်မှတ်မှုကို MRA အရလုပ်နေပါပြီ။
AEC အကောင်အထည်ဖော်တာ တတိယကဏ္ဍအဖြစ်ပြောလိုတာက 'အာဆီယံ၏ပြည့်စုံသောရင်းနှီးမြှုပ်နှံမှုသဘောတူ ညီချက်' (ASEAN Comprehensive Investment Agree-ment-ACIA) အရဆောင်ရွက်ပြီးနဲ့ ဆောင်ရွက်ဆဲလုပ်ငန်းတွေ
အကြောင်းဖြစ်ပါတယ်။ ACIA ကို အဆင့်သုံးဆင့်နဲ့အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ အဲဒီအဆင့်သုံးဆင့်ကတော့ ၁-ရင်းနှီးမြှုပ်နှံမှုလွတ်လ ပ်စွာလုပ်ဆောင်ခြင်း (Investment Liberalization)၊၂- အထောက်အပံ့ပံ့ပိုးပေးခြင်း (Facilitation)
နဲ့၃-တိုးပွားစေရန်ဆောင်ရွက်ခြင်း(Promotion)တို့ဖြစ်ပါတယ်။InvestmentLibralizati onကျတော့InvestmentLawတွေကိုLibralizeလုပ်ဖို့လိုတယ်။L ibralizeကဘာလဲဆိုရင်နိုင်ငံ ခြားပိုင်ဆိုင်မှုရှယ်ယာကြို မှင့်ပေးဖို့နဲ့ရင်းနှီးမြှုပ်နှံမှုဥပဒေကိုအပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီပြုပြင်ပြောင်းလဲ
ခြင်း (Reform) ဖြစ်တယ်။
အခုမြန်မာပြည်က နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေမှာJoint Ventureကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၄၉ ရာခိုင်နှုန်းနဲ့ ပြည်တွင်းက၅၁ ရာခိုင်နှုန်းဆိုပြီးခွင့်ပြုထားတာက အကျုံးဝင်ပြီးသားဖြစ်တာ
ပေါ့။
မြန်မာကအာဆီယံဥက္ကဋ္ဌလုပ်တဲ့နှ စ် ၂ဝ၁၄ မှာ ရင်းနှီးမြှုပ်နှံမှုတွေမှာ မြန်မာနိုင်ငံရဲ့တချို့ကဏ္ဍတွေမှာ
နိုင်ငံခြားပိုင်ဆိုင်မှု ၁ဝဝ ရာခိုင်နှုန်းပေးထားတယ်။ အာဆီယံနိုင်ငံတွေက
ရ၅ရာခိုင်နှုန်း Foreign Ownership ခွင့်ပြုဖို့ သဘောတူထားတယ်။
နောက်ဆုံး Foreign Ownership က ရ၅ ရာခိုင်နှုန်းပါ။စတုတ္ထကဏ္ဍအဖြစ်ပြောလိုတာက အသက်မွေးဝမ်းကျောင်းပညာဝန်ထ မ်းတွေ (Professionals) အာဆီယံနိုင်ငံတွေအတွင်း ပြောင်းရွှေ့လုပ်ကိုင်ခွင့် (Skills Mobility) ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။ အဲဒီအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာဝန်ဆောင်မှုService ရှစ်မျိုးကို အပြန်အလှန်အသိအမှတ်ပြုခြင်း အစီအစဉ် (Mutual Recognition Arrangements-MRA)သဘောတူဆော င်ရွက်နေပြီဖြစ်ပါတယ်။
အဲဒီMRA ရှစ်ခုမှာ အင်ဂျင်နီယာ၊ သူနာပြု၊ ဗိသုကာ (Architecture)၊
မြေတိုင်း (Surveying)၊ ဆေးဘက်ဆိုင်ရာဆရာဝန်၊သွားဆရာဝန်(Dentist)၊ စာရင်းကိုင်နဲ့ခရီးသွားလုပ် ငန်း (Tourism)ဆိုင်ရာကျွမ်းကျင် သူတွေပါဝင်ပါတယ်။ပ ဉ္စမကဏ္ဍအဖြစ် အကောင်အထည်ဖော်နေတာက ဒေသဆိုင်ရာဘဏ္ဍာရေးစနစ်ပူးပေါ င်းရေး (Financial Integration)ဖြစ်ပါတယ်။ ဒါကို အဆင့်သုံးဆင့်နဲ့အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ အဲဒီအဆင့်သုံးဆင့်က ၁- ဘဏ္ဍာရေးလုပ်ငန်းများပို၍လွတ် လပ်စွာလုပ်ကိုင်နိုင်မှု၊ ၂- နိုင်ငံခြားငွေ ငွေလုံးငွေရင်းစာရင်းစနစ်နဲ့  ၃- တစ်နိုင်ငံနှင့်တစ်နိုင်ငံအ ချိတ်အဆက်ရနေသည့်ငွေကြေးဈေးကွက် တွေနဲ့ဆောင်ရွက်နေတာတွေဖြစ် ပါတယ်။အဲဒီအတွက် အာဆီယံနိုင်ငံဘဏ်များစနစ်ပူးပေါင်းလုပ်ရေးဆောင်ဘောင်
(ASEAN Bank Integration Framework)ကို ၂ဝ၁၄ မှာစတင်ခဲ့တယ်။
အာဆီယံအရည်အချင်းသတ်မှတ်မီ သောဘဏ်များ (Qualified ASEAN Banks-QAB) ဆက်
သွယ်တဲ့ကွန်ရက် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အာဆီယံငွေကြေးဈေးကွက် (ASEAN
Capital Markets) ဖြစ်လာရေးအတွက်အာဆီယံစတော့အိတ်ချိန်းကို စတင်အကောင်အထည်ဖော်မှုအဖြစ်စ င်ကာပူ၊မလေးရှား၊ထိုင်း၊အင် ဒိုနီးရှား၊ဖိလစ်ပိုင်နဲ့ဗီ ယက်နမ်နိုင်ငံတွေ'ကုန်သွယ်မှုလမ်းဆက်'(TradeLink)အကောင် အထည်ဖော်နေပြီဖြစ်တယ်။ဆဋ္ဌမကဏ္ဍ အဖြစ်သယ်ယူပို့ဆောင်ရေးဆက်သွယ်ရေးအကောင်အထည်ဖော်မှုဖြစ် ပါတယ်။ အာဆီယံအမြန်လမ်းမကြီးမှာပါေ နတဲ့လမ်းတွေ လာအိုနဲ့မြန်မာမှာ အတန်းအစား ၃ အဖြစ်အဆင့်မြှင့်ဆောင်ရွက်ြ ခင်း၊ အာဆီယံ-ကူမင်းမီးရထားလမ်းမြ ကီးအာဆီယံလေကြောင်းပျံသန်းမှုဈေးကွက် (ASEAN Single Aviation Market) အတွက် ASEAN Open Sky ပေါ်လစီတွေနဲ့လုပ်ဆောင်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်စွာ အကောင်အထည်ဖော်ပြီဖြစ်ပါတယ် ။ သတင်းဆက်သွယ်ရေးနဲ့ နည်းပညာတည်ဆောက်မှုမှာလည်း စီးပွားရေးလုပ်ငန်းတွေကိုအေ ထာက်အကူအားပေးစေမယ့်အခြေအနေ မျိုး ဦးစားပေးဆောင်ရွက်နေပါတယ်။
သတ္တမကဏ္ဍအဖြစ် အသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့လု ပ်ငန်းတွေဖြစ်ပါတယ်။ SME သင်ရိုးညွှန်းတမ်းများပြဋ္ဌာန်းခြင်း၊ SME အထောက်အပံ့ဌာနများဖွင့်လှစ် ခြင်း၊ လုပ်ငန်းများနှင့်လုပ်ထုံးလုပ်နည်းဥပဒေများ အပြည်ပြည်ဆိုင်ရာအဆင့်မီပြင်ဆင်ခြင်း၊ှနြ ပေါ်လစီညွှန်းကိန်းများချမှတ် ၍ဆောင်ရွက်ခြင်း၊ လုပ်ငန်းချေးငွေလိုအပ်မှုအကဲ ဖြတ်မှုနည်းလမ်းများ(SME Credit Rating Methodology)
ချမှတ်၍အကောင်အထည်ဖော်ခြင်း စတာတွေလုပ်ဆောင်နေပြီဖြစ်ပါ တယ်။နောက်ဆုံးကဏ္ဍအဖြစ် အကောင်အထည်ဖော်နေဆဲဖြစ်တာက' ကမ္ဘာနှင့်ဆက်သွယ်ထားသောအာဆီ ယံ'(GloballyEngagedASEAN)ေ ဆာင်ရွက်ချက်တွေဖြစ်ပါတယ်။
အဲဒါတွေက အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ
လွတ်လပ်စွာကုန်သွယ်မှု(Free Trade Area-FTA) ဧရိယာဖြစ်ပါတယ်။ အဲဒါတွေက
ASEAN+1FTA ဆောင်ရွက်ခြင်းနဲ့ ပြည့်စုံသည့်စီးပွားရေး
တွဲဖက်လုပ်ဆောင်ဖို့သဘောတူညီချက် (Comprehensive Economic Partnership-CEPAgreement)အ ရ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။အဲ ဒီ CEPနိုင်ငံတွေမှာ တရုတ်နိုင်ငံတွေမှာ တရုတ်၊ဂျပန်၊တောင်ကိုရီးယား ၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေဖြစ်ပါတ ယ်။နောက်ဆုံးတစ်ခုကတော့ 'ဒေသဆိုင်ရာပြည့်စုံသည့်စီး ပွားရေးတွဲဖက်လုပ်ဆောင်မှု'
((Regional Comprehensive Economic Partnership-RCEP) ဖြစ်ပါတယ်။RCEP
မှာအာဆီယံဆယ်နိုင်ငံအပြင် CEP ခြောက်နိုင်ငံနဲ့ စုစုပေါင်း
၁၆နိုင်ငံသဘောတူပူးတွဲလုပ်င န်းတွေလုပ်ဆောင်ဖို့ သဘောတူညီချက်ကို ၂ဝ၁၅ မှာ လက်မှတ်ထိုးပြီးဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးခြောက်နိုင်ငံ (စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ ဘရူနိုင်း) မှာကကော ပူးပေါင်းဆောင်ရွက်မှုအခြေအေ နကဘယ်လိုရှိနေပြီလဲ။
အထက်ကပြောခဲ့တဲ့ AEC အကောင်အထည်ဖော်မှုကဏ္ဍရှစ်ခုအရ ပြောရရင် အဲဒီခြောက်နိုင်ငံမှာ အားလုံးနီးပါးလိုအပ်ချက်တွေ အကောင်အထည်ဖော်ပြနိုင်ပါတယ် ။ ဘရူနိုင်းအနေ
နဲ့ 'ဘဏ္ဍာရေးစနစ်ပူးပေါင်းရေးကဏ္ဍ' မှာ CLMVလိုကြိုးပမ်းနေရတာတွေ့ရ ပါတယ်။ ဒီကဏ္ဍအကောင်အထည်ဖော်ရာမှာ BCLMV အစီအစဉ်နဲ့ ဘဏ်ဝန်ထမ်းကျွမ်းကျင်မှုမြှင့်တင်ရေးအစီအစဉ် (Capacity Building) မှာပါဝင်တာတွေ့ရပါတယ်။အာဆီယံစတော့အိတ်ချိန်းမှာလည်း ဘရူနိုင်းကမပါဝင်နိုင်သေးပါ ဘူး။ နိုင်ငံတွေအားလုံးလိုနေတာက NTM နဲ့ NTB လျှော့ချရေး၊ASW/ NSW
အကောင်အထည်ဖော်ရေးနဲ့ Connectivity လုပ်ငန်းတွေကျန်ပါတယ်။ Skill Mobility
လုပ်နေပါပြီ။ Visa Exemption။ ကျန်တဲ့ဟာတွေမှာလည်း အဲဒီလိုပဲ။ Movement of
Skill Labour မှာလည်း နှစ်နိုင်ငံချင်းက သဘောတူတယ်ဆိုရင်
အကောင်အထည်ဖော်နိုင်တယ်။ နောက်တစ်ခုကလည်းကုမ္ပဏီတွေရဲ့လက်ခံမှုပေါ့။
သူတို့ကနေခန့်ဖို့ သဘောတူညီတယ်ဆိုရင်လည်းပြီးသွားတယ်။ အဲဒီလိုမျိုးဆိုတော့ နည်းနည်းလေး ကန့်သတ်ထားတာတော့ရှိတယ်။ နိုင်ငံတစ်ခုချင်းစီမှာအရည် အချင်း
ကန့်သတ်ချက်၊ လုပ်သက်ကန့်သတ်ချက်၊ အတွေ့အကြုံကန့်သတ်ချက်တွေ သတ်မှတ်ပုံ အနည်းနဲ့အများမတူသေးတဲ့အတွက်ဖြစ်ပါတယ်။CMLV နဲ့အပြန်အလှန်ဖွင့်ပေးရတဲ့ေ နရာမှာလည်း ဒီကျွမ်းကျင်
လုပ်သားကိစ္စက ကြန့်ကြာဦးမယ်ထင်တယ်။ သူတို့က လွတ်လွတ်လပ်လပ်ဖွင့်ပေးလိုက်ရင် ဒီဘက်က ဝုန်းခနဲဝင်နိုင်တာဆိုတော့။ အသက်မွေးပညာဝန်ထမ်း ပြည်ပမှာအလုပ်လုပ်တာ။
အမှန်ကတော့ အခုလည်း AEC မစခင်ကတည်းကလုပ်နေတာပါပဲ။ ဥပမာ- မြန်မာအင်ဂျင်နီယာနဲ့ ကွန်ပျူတာပညာရှင်တွေစင်ကာပူ မှာလုပ်တယ်တို့ရှိပြီးသားပါ ။ အခုဟာက အာဆီယံဘောင်
မူနဲ့ ကျယ်ပြန့်စွာလုပ်တဲ့သဘောနဲ့ ပါ။ အဲဒါ ပထမတစ်ဆင့်ကဒီအင်ဂျင်နီယာဆိုရင် ဒီနိုင်ငံထဲမှာ ASEAN Engineering Association ဆိုတာရှိတယ်။ သူ့ကိုမှတ်ပုံတင်ရမယ်။ အဲဒီတော့မှသူက မှတ်ပုံတင်ထားတဲ့အင်ဂျင်နီယာ
လက်မှတ်ပေးလိုက်မယ်။ Qualification Requirment တွေပြည့်ရင်ရပြီပေါ့။
ပြည်တွင်းကရပြီဆိုရင် ASEAN မှာလည်း အဲဒီအဖွဲ့အစည်းဖွဲ့ထားတာရှိ တယ်။
အဲဒီမှာတင်ပေါ့။ ဒါပေမဲ့ ကိုယ့်နိုင်ငံက ပြီးသွားရင်
ဟိုမှာဆက်ပြီးအတည်ပြုဖို့ လက်ခံဖို့ လျှောက်ရမှာဖြစ်ပါတယ်။ အဲဒီဝန်ထမ်းတွေက
အာဆီယံမှာ အထူးလိုအပ်တဲ့အလုပ်သမားတြွေ ဖစ်လို့ နိုင်ငံတွေအတွက် အားလုံးအကျိုးဖြစ်ထွန်းတာပါ ။
အာဆီယံက စီးပွားရေးနဲ့ပတ်သက်လို့ တရုတ်နဲ့တော်တော်လေးပူးပေါင်းဆောင်ရွက်နေတာရှိတယ်။ ဆရာဆိုရင် သြစတြေးလျ-အာဆီယံပူးပေါင်းေ ဆာင်ရွက်မှုပရိုဂရမ်မှာ တာဝန်ယူနေတယ်။ နောက်အလားတူ တခြားနိုင်ငံ၊ တခြားဒေသတွေနဲ့ပူးပေါင်းဆော င်ရွက်မှုတွေလည်းရှိနေပါတယ်။ အဲဒီတော့ အာဆီယံရဲ့အနာဂတ်က ဘယ် ကိုရွေ့နေလဲ၊ စီးပွားရေးပူးပေါင်းဆောင်ရွ က်မှုအနေနဲ့ ဘယ်နိုင်ငံ၊ဘယ်ဒေသတွေက အဓိကမိတ်ဖက်တွေဖြစ်လာနိုင်လဲ။အထက်က ကဏ္ဍရှစ်ခုမှာဖော်ပြခဲ့တဲ့အတိုင်း ASEAN & China FTA က ၂ဝ၁ဝ မှာလက်မှတ်ထိုးပြီး အကောင် အထည်ဖော်နေတယ်။ တရုတ်နိုင်ငံအာဆီယံမှာရင်းနှီးထားတဲ့ FDI က ၂ဝ၁၃ ခုနှစ်မှာ ၈.၆ ဘီလီယံထိတိုးလာတယ်။ သူကကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ Property နဲ့ စက်မှုလုပ်ငန်းလေးခုမှာအများ ဆုံးမြှုပ်နှံတာတွေ့ရပါတယ်။ ကုန်သွယ်ရေးမှာ အာဆီယံနဲ့တရုတ်နဲ့က ပိုများတယ်။ဘာဖြစ်လို့လဲဆို တော့ အာဆီယံကုမ္ပဏီတွေကိုယ်တိုင်က တရုတ်မှာ သွားပြီးထောင်ထားရင်းနဲ့ သွားတာဆိုတော့ Values of SupplyChain မှာအဆက်အစပ်ရနေတယ်။ နဂိုကတည်းက သမိုင်းကြောင်းအရလည်းတရုတ်နဲ့ကများနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင်တော့အီးယူက တရုတ်ထက်သုံးဆပိုများတယ်။EU နိုင်ငံများဧရိယာအကျပ်အတည်း (Euro Area Crisis) ဖြစ်သွားတဲ့ ၂ဝဝ၉ ခုနှစ်က ဘယ်လိုဖြစ်သွားသလဲဆိုတော့ အီးယူဈေးကွက်ကိုအပို့ကျဆင်းတော့ အာဆီယံအချင်းချင်းပြန်ပို့ရ တယ်၊တရုတ်ကိုပြန်ပို့ရတယ်။ အဲဒီလိုမျိုးဆိုတော့ တရုတ်နဲ့ကုန်သွယ်ရေး
ပိုများလာတယ်။CLMV က တရုတ်နဲ့များတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှားလိုဟာမျိုးကတော့ အီးယူတို့၊ ယူအက်စ်တို့၊ ကမ္ဘောဒီးယားဆိုရင်လည်း ယူအက်စ်နဲ့များတယ်။ Historical Connection လို့ခေါ်မှာပေါ့။ ကမ္ဘောဒီးယားက ယူအက်စ်နဲ့ကုန်သွယ်မှုက နဂိုကတည်းကရှိပုံရတယ်။ မြန်မာရဲ့ကုန်သွယ်ရေးက အာဆီယံနိုင်ငံနဲ့ပိုများတယ် ။ အနာဂတ် ၂ဝ၁၅ နောက်ပိုင်းမှာတော့ အထက်ကပြောခဲ့တဲ့ CEP နိုင်ငံနဲ့လုပ်ငန်းတွေ၊ RCEP ထဲက ၁၆ နိုင်ငံနဲ့
ပါဝင်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေ တိုးတက်လုပ်နိုင်မှာဖြစ်ပါတ ယ်။
AEC နဲ့ပတ်သက်လို့ နည်းနည်းမေးချင်ပါတယ်ဆရာ။ ကိုယ့်ပြည်တွင်းမှာကြားရသလောက် AEC နဲ့ပတ်သက်ရင် လုပ်ငန်းရှင်တွေကအကာအကွယ်ပေးမှု Protectionism ကိုအော်နေကြတယ်။သူတို့ကို အစိုးရကအကာအကွယ်ပေးပါပေါ့။ ဒါပေမဲ့ အစိုးရကတော့ အာဆီယံရဲ့သဘောတူညီမှုအတိုင်း ဆောင်ရွက်နေရတာပေါ့။အဲဒီတော့ တခြားအာဆီယံနိုင်ငံတွေမှာေ ကာ ဒါနဲ့ပတ်သက်လို့ ဘယ်လိုပြောကြဆိုကြလဲ။
စီးပွားရေးကို လွတ်လပ်စွာလုပ်ကိုင်တဲ့စနစ်
(Liberalization)က အကာအကွယ်ပေးခြင်းစနစ် (Protectionism)ထက် ထုတ်လုပ်ရေး၊
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်စတဲ့အခွင့်အလမ်း ပိုများစေလို့ Liberalization ကိုလုပ်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းမှန်ကန်ဖို့ လိုအပ်ပါတယ်။ အရေးကြီးပါတယ်။အာဆီယံနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုမှာ နှစ်မျိုးတွေ့ရပါလိမ့်မယ်။ ၁- တိုးတက်ပြီး အာဆီယံခြောက်နိုင်ငံနဲ့ CLMV ပြိုင်
ဆိုင် မှု၊ ၂- အာဆီယံဆယ်နိုင်ငံနဲ့ CEP နိုင်ငံတွေ၊EU နဲ့ အမေရိကန် စတဲ့ ကမ္ဘာနဲ့ပြိုင်ဆိုင်ရေး တွေ့ရလိမ့်မယ်။အာဆီယံရဲ့လုပ်ထုံးလုပ်နည်းလည်း ယေဘုယျအနေနဲ့နှစ်ရပ်တွေ့ရလိ မ့်မယ်။ ၁- အာဆီယံခြောက်နိုင်ငံက CLMV
ကူညီခြင်း၊ ဖွံ့ဖြိုးမှုနိမ့်မြင့်ကွာတာ နည်းပါးရေး၊
၂- အာဆီယံဆယ်နိုင်ငံနဲ့ တခြားနိုင်ငံတွေ အပြိုင်ပဲဖြစ်ဖြစ်၊
တွဲဖက်ပြီးပဲဖြစ်ဖြစ် သတို့လုပ်ရတယ်။ လုပ်ငန်းရှင်တွေက
နိုင်ငံရေးသမားတွေကို မဲထည့်ထားတာတို့၊ ဘဏ္ဍာရေးထည့်ထားတာ
အဲဒါမျိုးရှိတော့လုပ်ငန်းရှ င်တွေဘက်ကို ပြန်ကြည့်တာမျိုးလည်းပါမယ်။ အင်ဒိုနီးရှားမှာအစပိုင်းကရှိတယ်။ ပြီးခဲ့တဲ့အစိုးရလက်လက်မှာ။ အချို့လုပ်ငန်းတွေမှာ ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်ပြီး အခက်အခဲရှိတာပေါ့။ သူတို့က မပြတ်သားဘူးဆိုပြီး ရင်းနှီးမြှုပ်နှံသူတွေကမြင်တယ်။ဒါပေမဲ့ နောက်လာတဲ့အစိုးရကတော့ အထူးသဖြင့်တော့ စီးပွားရေးမှာအဟန့်အတားဖြစ် တဲ့ ပေါ်လစီတွေ၊ ဥပမာ- အစိုးရက ဓာတ်ဆီ၊
လောင်စာဆီတွေကိုအထောက်အပံ့ေ ပးနေတဲ့(SubsidyPolicy)နြဲ့ ပည်တွင်းလုပ်ငန်းတွေအကွယ်ပေးထားတဲ့ပေါ်လစီကိုထုတ်လိုက်တ ယ်။အဲဒီလိုရပ်ပြီးLiberaliz ationလုပ်တာကစီးပွားရေးစနစ် ကြီးတစ်ခုလုံးပိုမိုထိရောက် ရှင်သန်စေလို့ပဲဖြစ်ပါတယ်။ေ နာက်တစ်ခုကလည်း ကျွန်တော်တို့အမြင်အရကျွန်ေ တ်ာတို့နိုင်ငံမှာ အမြန်လုပ်လိုက်လို့ပေါ့လေ။ Liberalizeလုပ်တယ်ဆိုတာ အရင်ဆုံးကိုယ့်နိုင်ငံကလုပ် ငန်းရှင်တွေ ပထမဆုံး၊ငွေ၊ နည်းပညာနဲ့ အားပေးမြေတောင်မြှောက်ရမယ်။ ပြီးတော့မှ
ပြိုင်နိုင်ပြီဆိုတော့မှ ဒုတိယအဆင့်အဖြစ် ဟိုဘက်နိုင်ငံခြားကိုဖွင့်ေ ပး။ အဲဒီလိုမျိုးနှစ်ဆင့်လောက်လုပ်ရမှာပေါ့။
National Single Window (NSW) မှာ မြန်မာက ဘာကြောင့်မပြီးတာလဲ။ ဘယ်အပိုင်းတွေ အဓိကကျန်နေတာလဲ။
NSW စတင်အသုံးပြုခြင်းကို အာဆီယံခုနစ်နိုင်ငံမှာ၂ဝ၁၅ ခုနှစ်အတွင်းစတင်နိုင်ခဲ့ပါ တယ်။ ကျန်သုံးနိုင်ငံ CLMကလည်း လိုအပ်ချက်တွေပြင်ဆင်ပြီးလု ပ်ဆောင်နေပါတယ်။ မပြီးသေးရတဲ့အဓိကအကြောင်းရင်းတွေက ၁- ဥပဒေအသစ်များပြဋ္ဌာန်းရန်လိုအ ပ်ချက်များရှိခြင်းနှင့် တည်ရှိပြီးဥပဒေနှင့်လုပ်ထုံးလုပ်နည်းများပြင်ရန်လိုခြင်း၊ ၂- အီလက်ထရွန်နစ်အကောက်ခွန်စနစ်ကျယ်ပြန့်စွာမသုံးနိုင်သေး ခြင်း၊ ၃- နည်းပညာဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုလိုနေခြင်း၊ ဥပမာ- အကောက်ခွန်အမျိုးအမည်သတ်မှတ်မှု၊ အကောက်ခွန်ပစ္စည်းတန်ဖိုးဖြတ်မှု၊ ၄- အကောက်ခွန်လုပ်ငန်းခေတ်မီကိ ရိယာနည်းလမ်းမသုံးနိုင်မှု၊ ဥပမာ- အကြီးစားကုန်တင်ယာဉ်ကားကြီး များ အလိုအလျောက်စက်ဖြင့်စစ်ဆေးေ သာ
စနစ် (Cargo/ Vehicle
Inspection System) မသုံးနိုင်သေးခြင်း။ နယ်စပ် NSW မှာ
နှစ်နိုင်ငံကရှိတဲ့ Officer တွေ တစ်ရုံးတည်းမှာထိုင်ရမယ်။ ဥပမာ-
မြန်မာပြည်ကဥပဒေက မြန်မာပြည်က အရာရှိက တခြားတိုင်းပြည်မှာသွားလုပ်လို့မရဘူး။ ဥပဒေကို
ပြင်ဖို့လိုတယ်။ ကွန်တိန်နာကြီးတွေလာတဲ့အခါကျတော့ ScreeningMachineကြီးတွေလို တယ်။ အဲဒါတွေမှာလည်းအခက်အခဲရှိတယ်။Technicalပိုင်းမှာလည်းလိုလာတယ်။ပို့ကုန်၊ သွင်းကုန်ပုံစံတွေကွန်ပျူတာ စနစ်သုံးရမယ်။အဲဒါအတွက်ပုဂ္ဂ လိက ကုမ္ပဏီတွေNSW
မှာပါဝင်ဖို့လုပ်ပေးရမယ်။ဒါ မှ အဆင့်ဆင့်Processလျော့သွားမ ယ်၊အချိန်လည်းလျော့သွားမယ်။
AEC ၊ AFTA ဆို ကြားတာနဲ့တော်တော်များများက လန့်နေတယ်။တစ်ဖက်မှာလည်း ပုဂ္ဂလိကကဏ္ဍကဦးဆောင်သူတွေ၊ ပညာရှင်တွေကအာဆီယံရဲ့သန်ြးေ ခာက်ရာဈေးကွက်ကို အခွင့်အလမ်းအနေနဲ့အသုံးချလို့ရတယ်လို့ တိုက်တွန်းနေကြတာရှိတယ်။ အဲဒီတော့ဆရာ့အမြင်အရဆိုရင်ေ ကာ ဒီအာဆီယံချိတ်ဆက်မှုက မြန်မာအပါအဝင် CMLVအတွက် အခွင့်အလမ်းနဲ့စိန်ခေါ်မှု ဘယ်ဘက်ကပိုအလေးသာမယ်လို့မြင်လဲ။
AFTA မှာ သွင်းကုန်ခွန်မရှိဘဲ ပြိုင်ဆိုင်မှုကိုအခြေခံထားတ ယ်။ ပြင်ဆင်ထားတာနဲ့ ယှဉ်ပြိုင်နိုင်မှုနည်းတာပေါ့ ။ ဒါကြောင့်လည်း CLMV ကို ၂ဝ၁၈ ဆို ပြီးနောက်ဆုတ်ပေးတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေစိုးရိမ် တာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံ မှစိုးရိမ်တာမဟုတ်ဘူး။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာလည်း စိုးရိမ်နေကြတာပေါ့။ ကိုယ့်လုပ်ငန်းပျက်မလားဆြို ပီး။ ဘာကြောင့်စိုးရိမ်နေကြတာလဲဆိုတော့
တရုတ်ကုန်ပစ္စည်းတွေက ဝင်လာတယ်။CLMV ရဲ့ထုတ်ကုန်တွေထက် ဈေးသက်သာတယ်။
အရည်အသွေးကောင်းတယ်။ ခေတ်မီလူကြိုက်များတယ်။ အကြောင်းကခေတ်မီနည်းပညာတွေနဲ့ထုတ်လုပ်နိုင်လို့ဖြစ်တယ် ။ အဲဒီလိုပဲအာဆီယံခြောက်နိုင် ငံနဲ့ CEP နိုင်ငံတွေ၊ အီးယူနဲ့ အမေရိကန်ထုတ်ကုန်တွေမှာလည်း အရည်အသွေးကောင်းတယ်။ လူကြိုက်များတယ်။ ဈေးလည်းသိပ်မကြီးဘူး။ အကြောင်းကတော့ အရေအတွက်များများထုတ်နိုင်ြ ပီး ပစ္စည်းတစ်ခုရဲ့ထုတ်လုပ်စရိတ်နည်းလို့ဖြစ်ပါတယ်။ အဲဒါတွေက CLMV ကိုစိန်ခေါ်မှုလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ AFTA ကြောင့် CLMV မှာ အခွင့်အလမ်းပွင့်ပြီးအကျိုး ရှိတယ်။ ဘာဖြစ်လို့တရုတ်ကုန်ပစ္စည်းက ဝင်တာလဲဆိုတော့ လုပ်အားခသက်သာတဲ့အခြေအနေ အမြဲမရရှိနိုင်ဘူး။ရန်ကုန်မှာလည်းကြည့်ပေါ့။ လုပ်အားခသက်သာတယ်ဆိုပြီး စက်ရုံ
တွေဝင်လာပြီးတော့ အခုလုပ်အားခကပြန်တက်သွားပြန်ရော။ ပြောချင်တာက ၁- တရုတ်နိုင်ငံလုပ်ခနိမ့်ပြီး ထုတ်လုပ်စရိတ်သက်သာပေမဲ့ တစ်ချိန်မှာတက်ပြီး CLMV ရဲ့လုပ်ခထက်မြင့်ပါမယ်။ တစ်
ချိန်တည်းမှာ Product တင်မကဘူး။Technology ပါပါလာတာကိုး။ အဲဒါကိုကျွန်တော်တို့ကသင်ယူ ပြီး Technology ရအောင် လုပ်ရင် အဲဒါအကျိုးအမြတ်ပဲလေ။ ချက်ချင်းဒီမှာ စက်အသစ်တွေသုံးနိုင်တဲ့အခါကျတော့ထုတ်လို့ရတယ်လေ။ ကျွန်တော်တို့ဆီမှာ
လိုတာက အရင်းအနှီးပဲလိုတာ။ လူတိုင်းလုပ်တတ်သွားပြီ။ AutoMachine တွေအကျိုးကျေးဇူးပေါ့။ ၃- နောက်အကျိုးကျေးဇူးကတော့ လောလောဆယ်မပြိုင်နိုင်တော့R egional ProductionNetwork ဆိုတာ ကျွန်တော်တို့က ထုတ်ကုန်ရဲ့အစိတ်အပိုင်းတွေ
(Spare Parts) ရောင်းတဲ့အဆင့်မှာရှိမယ်လော လောဆယ်။
ဘာလို့လဲဆိုတော့ သူက Image Hit ဖြစ်နေတယ်လေ။ အဲဒီအစိတ်အပိုင်းတွေကလည်း
အာဆီယံမှာ Growing Industry ဖြစ်နေတော့ အဲဒါနဲ့လည်း ကျွန်တော်တို့က
အခွင့်အရေးအဖြစ်ဝင်ပြိုင်
နိုင်တယ်။ မဟုတ်ရင် ကျွန်တော်တို့က ရောင်းပေးမယ့်လူရှာနေရတယ်။ အခုဟာက Supplier က သူ့ Network နဲ့သူရှိပြီးသားဆိုတော့ မာလ်တီနေရှင်နယ် ကုမ္ပဏီတွေနဲ့တွဲနိုင်တဲ့အတွ က်
အခွင့်အရေးရတယ်။ နောက်ထပ်ဆယ်နှစ်၊ ၁၅ နှစ်ကြာလာရင်
အဲဒီနည်းပညာနဲ့လုပ်ပေါ့။ ဒါပေမဲ့ ကိုယ့်ပြည်တွင်းမှာ Joint Venture ဖြစ်စေ၊
Auto Mobile အလုံးလိုက်ဖြစ်စေဝင်လာနိုင် တယ်။ လောလောဆယ်ကတော့ ပြည်တွင်းလုပ်ငန်းတွေပြုတ်မ သွားအောင်အစိုးရရဲ့ပေါ်လစီနဲ့  ငွေကြေး၊ နည်းပညာ စတဲ့ပံ့ပိုးမှုတွေပေးပြီးပြည်တွင်းလုပ်ငန်းတွေပြိုင်ဆို င်စေနိုင်မယ့်အခွင့်အလမ်းတွေလုပ်ပေးဖို့လိုပါတယ်။ ၄- အလုပ်အကိုင်အခွင့်အလမ်းတွေ CLMVမှာတိုးလာနိုင်ပါတယ်။ လခတွေလည်းတိုးရလာပါမယ်။ ၅- အလုပ်
သမားတွေရဲ့နည်းပညာတတ်ကျွမ်း မှုတိုးလာစေမယ်။ ၆- အလုပ်ကလူမှုဖူလုံမှုရန်ပုံငွေ စတာတွေစုဆောင်းရရှိလာနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကစိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်တယ်။ နောက် မွေးမြူရေးအထိုက်အလျောက်ရှိ တယ်။
Manufacturing ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍက တော်တော်အားနည်းနေသေးတယ်။
ဒီလိုအခြေအနေမှာ မြန်မာအနေနဲ့ AEC ၊ AFTA ကနေ ဘာတွေအကျိုးကျေးဇူးရအောင်လု ပ်သင့်လဲ။
အမှန်တော့ Comparative Advantage ကနေ CompetitiveAdvantageရတဲ့လု ပ်ငန်းကို ထပ်တိုးချဲ့ဖို့လိုတာပေါ့။C omparative Advantage ဆိုတာ ကိုယ့်မှာရှိတဲ့ Natural Resources ပေါ့။ Water Resources က တခြားနိုင်ငံတွေမှာရှားတယ်။ ကျွန်တော်တို့ဆီမှာတော့ Natural Resources က ဧရာဝတီမြစ်
==========================
အာဆီယံစီးပွားရေးအသိုက်အဝန်
သို့ဆိုရာ AEC သဘောတူညီမှုနှင့် လက်ရှိအကောင်အထည်ဖော်နေသည်မ
ဆရာမင်္ဂလာပါ။ ဆရာက အာဆီယံ-သြစတြေးလျဖွံ့ဖြိုးတ
အာဆီယံစီးပွားရေးအသိုက်အဝန်
မဏ္ဍိုင်ကIntegration into The Global Economy ဆိုပြီးမဏ္ဍိုင်လေးခုရှိပါတယ်
Commitment ကို နိုင်ငံအားလုံးသဘောတူလက်မှတ
အထက်ပါမဏ္ဍိုင်လေးခု အကောင်အထည်ဖော်ပြီးစီးတာ ပြောရရင် ပထမမဏ္ဍိုင်မှာ ၉၂.၄ ရာခိုင်နှုန်း၊ ဒုတိယမဏ္ဍိုင်မှာ ၉ဝ.၅ ရာခိုင်နှုန်း၊ တတိယနဲ့ စတုတ္ထမဏ္ဍိုင်တွေမှာ အထူးပြုဆောင်ရွက်ဖို့ ၁ဝဝ ရာခိုင်နှုန်းပြီးပြီဖြစ်ပါတ
AEC က၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ မှာစခဲ့ပြီဆိုတော့ အခုအာဆီယံဆယ်နိုင်ငံကြားမှာ
အဓိကအောင်မြင်မှုရလဒ်တွေ (Key Achievements)ကို ကဏ္ဍရှစ်ခုနဲ့ပြောရင်ပိုရှင်း
AEC အကောင်အထည်ဖော်တာ တတိယကဏ္ဍအဖြစ်ပြောလိုတာက 'အာဆီယံ၏ပြည့်စုံသောရင်းနှီ
အကြောင်းဖြစ်ပါတယ်။ ACIA ကို အဆင့်သုံးဆင့်နဲ့အကောင်အထည်
နဲ့၃-တိုးပွားစေရန်ဆောင်ရွက
ခြင်း (Reform) ဖြစ်တယ်။
အခုမြန်မာပြည်က နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေမှာJoint Ventureကိုနိုင်ငံခြားရင်းန
ပေါ့။
မြန်မာကအာဆီယံဥက္ကဋ္ဌလုပ်တဲ့နှ
နောက်ဆုံး Foreign Ownership က ရ၅ ရာခိုင်နှုန်းပါ။စတုတ္ထကဏ္ဍအဖြစ
သတ္တမကဏ္ဍအဖြစ် အသေးစားနှင့်အလတ်စားစီးပွား
ချမှတ်၍အကောင်အထည်ဖော်ခြင်း
ဖွံ့ဖြိုးပြီးခြောက်နိုင်ငံ
အထက်ကပြောခဲ့တဲ့ AEC အကောင်အထည်ဖော်မှုကဏ္ဍရှစ်ခုအရ
နဲ့ 'ဘဏ္ဍာရေးစနစ်ပူးပေါင်းရေးကဏ္ဍ'
ကန့်သတ်ချက်၊ လုပ်သက်ကန့်သတ်ချက်၊ အတွေ့အကြုံကန့်သတ်ချက်တွေ သတ်မှတ်ပုံ အနည်းနဲ့အများမတူသေးတဲ့အတွက
လုပ်သားကိစ္စက ကြန့်ကြာဦးမယ်ထင်တယ်။ သူတို့က လွတ်လွတ်လပ်လပ်ဖွင့်ပေးလိုက
အမှန်ကတော့ အခုလည်း AEC မစခင်ကတည်းကလုပ်နေတာပါပဲ။ ဥပမာ- မြန်မာအင်ဂျင်နီယာနဲ့ ကွန်ပျူတာပညာရှင်တွေစင်ကာပူ
မူနဲ့ ကျယ်ပြန့်စွာလုပ်တဲ့သဘောနဲ့
အာဆီယံက စီးပွားရေးနဲ့ပတ်သက်လို့ တရုတ်နဲ့တော်တော်လေးပူးပေါင
ပိုများလာတယ်။CLMV က တရုတ်နဲ့များတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှားလိုဟာမျိုးကတော့ အီးယူတို့၊ ယူအက်စ်တို့၊ ကမ္ဘောဒီးယားဆိုရင်လည်း ယူအက်စ်နဲ့များတယ်။ Historical Connection လို့ခေါ်မှာပေါ့။ ကမ္ဘောဒီးယားက ယူအက်စ်နဲ့ကုန်သွယ်မှုက နဂိုကတည်းကရှိပုံရတယ်။ မြန်မာရဲ့ကုန်သွယ်ရေးက အာဆီယံနိုင်ငံနဲ့ပိုများတယ်
ပါဝင်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေ တိုးတက်လုပ်နိုင်မှာဖြစ်ပါတ
AEC နဲ့ပတ်သက်လို့ နည်းနည်းမေးချင်ပါတယ်ဆရာ။ ကိုယ့်ပြည်တွင်းမှာကြားရသလေ
စီးပွားရေးကို လွတ်လပ်စွာလုပ်ကိုင်တဲ့စနစ်
ဆိုင် မှု၊ ၂- အာဆီယံဆယ်နိုင်ငံနဲ့ CEP နိုင်ငံတွေ၊EU နဲ့ အမေရိကန် စတဲ့ ကမ္ဘာနဲ့ပြိုင်ဆိုင်ရေး တွေ့ရလိမ့်မယ်။အာဆီယံရဲ့လုပ
ကူညီခြင်း၊ ဖွံ့ဖြိုးမှုနိမ့်မြင့်ကွာတာ
လောင်စာဆီတွေကိုအထောက်အပံ့ေ
ပြိုင်နိုင်ပြီဆိုတော့မှ ဒုတိယအဆင့်အဖြစ် ဟိုဘက်နိုင်ငံခြားကိုဖွင့်ေ
National Single Window (NSW) မှာ မြန်မာက ဘာကြောင့်မပြီးတာလဲ။ ဘယ်အပိုင်းတွေ အဓိကကျန်နေတာလဲ။
NSW စတင်အသုံးပြုခြင်းကို အာဆီယံခုနစ်နိုင်ငံမှာ၂ဝ၁၅ ခုနှစ်အတွင်းစတင်နိုင်ခဲ့ပါ
စနစ် (Cargo/
ပြင်ဖို့လိုတယ်။ ကွန်တိန်နာကြီးတွေလာတဲ့အခါက
မှာပါဝင်ဖို့လုပ်ပေးရမယ်။ဒါ
AEC ၊ AFTA ဆို ကြားတာနဲ့တော်တော်များများက
AFTA မှာ သွင်းကုန်ခွန်မရှိဘဲ ပြိုင်ဆိုင်မှုကိုအခြေခံထားတ
တွေဝင်လာပြီးတော့ အခုလုပ်အားခကပြန်တက်သွားပြန
ချိန်တည်းမှာ Product တင်မကဘူး။Technology ပါပါလာတာကိုး။ အဲဒါကိုကျွန်တော်တို့ကသင်ယူ
လိုတာက အရင်းအနှီးပဲလိုတာ။ လူတိုင်းလုပ်တတ်သွားပြီ။ AutoMachine တွေအကျိုးကျေးဇူးပေါ့။ ၃- နောက်အကျိုးကျေးဇူးကတော့ လောလောဆယ်မပြိုင်နိုင်တော့R
(Spare Parts) ရောင်းတဲ့အဆင့်မှာရှိမယ်လော
နိုင်တယ်။ မဟုတ်ရင် ကျွန်တော်တို့က ရောင်းပေးမယ့်လူရှာနေရတယ်။ အခုဟာက Supplier က သူ့ Network နဲ့သူရှိပြီးသားဆိုတော့ မာလ်တီနေရှင်နယ် ကုမ္ပဏီတွေနဲ့တွဲနိုင်တဲ့အတွ
သမားတွေရဲ့နည်းပညာတတ်ကျွမ်း
မြန်မာနိုင်ငံကစိုက်ပျိုးရေ
အမှန်တော့ Comparative Advantage ကနေ CompetitiveAdvantageရတဲ့လု
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။