Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 1, 2017

ပြည်သူ့အချစ်တော် ကျန်ကျောင်းမင်းသား


何家劲 (He Jia Jin) ဟော်ကျားကျင့်
အင်္ဂလိပ်နာမည် Kenny Ho လို့ အမည်ရတဲ့ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က မိန်းမလေးတွေ ရင်ထဲအသဲစွဲခဲ့ရတဲ့ မင်းသားကြီး ကျန်ကျောင်းကို ၁၉၅၉ ခုနှစ် ၁၂ လပိုင်း ၂၉ ရက်နေ့၌ ဟောင်ကောင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သားသမီး ၃ ဦးထဲမှာ အငယ်ဆုံးဖြစ်ပြီး အစ်ကိုတစ်ယောက် အစ်မတစ်ယောက် ရှိပါတယ်။ B သွေး ပိုင်ရှင်ဖြစ်ပြီး အရပ်အမြင့် 177 cm ရှိပါတယ်။
၁၉၈၁ ခုနှစ်မှာ အာရှရုပ်ရှင်အဖွဲ့အစည်းက ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်းကို တက်ရောက်ခဲ့ပြီး ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် သင်တန်းဆင်းပြီး အာရှရုပ်ရှင်အဖွဲ့အစည်းနဲ့ စာချုပ်ချုပ်ဆိုကာ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ 《大将军》 စစ်သေနာပတိ ကိုရိုက်ကူးခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာတော့ ဟော်ကျားကျင့် ကို ကမ္ဘာကျော်စေမယ့် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ 《包青天》 ပြည်သူ့တရားရှင်ကို ရိုက်ကူးခဲ့ကာ ထုတ်လွှင့်တာနဲ့ တပြိုင်နက် ကျန်ကျောင်းရယ်လို့ နာမည်ကျော်ခဲ့ပြီး မိန်းမပျိုလေးတို့အသဲစွဲ ဖြစ်လာခဲ့ပါတယ်။ တခေတ်တခါက မြန်မာပြည်မှာ ကြွတ်ကြွတ်အိတ်တွေ ဗလာစာအုပ် မျက်နှာဖုံးတွေမှာ ကျန်ကျောင်းက နေရာယူခဲ့ပါသေးတယ်။ ယခုလည်းအိတ်ပေါ်မှာသာသူ့ပုံမပါတော့ပေမယ့် အားလုံးကကျန်ကျောင်းအိတ်ရယ်လို့ခေါ်ဝေါ်နေဆဲပါပဲ။
ဒီလိုသရုပ်ဆောင်အဖြစ်နဲ့ နာမည်ကြီးလိမ့်မယ်လို့ သူကိုယ်တိုင်တောင် ထင်မိမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျန်ကျောင်းရဲ့ ဘဝအိပ်မက်က ဘောလုံးသမားတစ်ယောက် ဖြစ်ဖို့ပါ။ အရင်က ဟောင်ကောင်လူငယ် ဘောလုံးအသင်းမှာ ဝင်ရောက်ကစားခဲ့ပြီး အသင်းကို အဆင့် A ရောက်အောင်တောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ နောက်တော့ အင်္ဂလန်နိုင်ငံသို့ ပညာတော်သင်ထွက်သွားခဲ့ပြီး ကြော်ငြာဒီဇိုင်းပညာဘွဲ့ ရယူခဲ့ပါတယ်။ ဘွဲ့ယူပြီး ဟောင်ကောင်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သရုပ်ဆောင်လောကဟာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အလုပ်လို့ ယူဆပြီး သင်ယူလာသမျှပညာကို စွန့်ကာ အသက် ၂၅ နှစ်မှာ အနုပညာလောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကြော်ငြာဒီဇိုင်းမေဂျာနဲ့ ကျောင်းပြီးခဲ့တာမို့ ပန်းချီပညာမှာ အရမ်းထူးချွန်ပြီး ဂီတာတီးလဲကျွမ်းကျင်သူမို့ ထိုအရာတွေက သူ့ကို အနုပညာလမ်းကြောင်းပေါ်မှာ များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ဟော်ကျားကျင့် ( Kenny Ho) ရိုက်ကူးခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များ
၁၉၈၃ ခုနှစ်မှာ The Final Verdict 1 & 2
၁၉၈၈ ခုနှစ်မှာ 8000 li of cloud and moon ဇာတ်ကားမှာ သစုန့်စစ်သူကြီး ယွဲ့ဖေး နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၈၉ ခုနှစ်မှာ မင်းသမီး ကျင်းဆုမေ နဲ့ Unending love ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ ရာဇဝင်သိုင်းဇာတ်လမ်းတွဲ ရွှေဓားတစ်ချောင်းရဲ့ ရာဇဝင် ရိုက်ကူးခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာတော့ Chinese Hero နဲ့ Whampoa Blues ရုပ်ရှင်များ ရိုက်ကူးခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ လူငယ်ကျန်းစန်းဖုန်း ဇာတ်လမ်းတွဲမှာ ကျန်းစန်းဖုန်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၉၂ ခုနှစ်မှာ တရုတ်ပြည်ရဲ့ နာမည်ကျော်စာရေးဆရာကြီး ကျင်းရုံး ရေးသားခဲ့တဲ့ စာအုပ်နဲ့ဓားကြားက ရန်ငြိုးမှတ်တမ်း ဆိုတဲ့ ဂန္တဝင်ဝတ္ထုရှည်ကို ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးခဲ့ရာ ချန်ကျားလော့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၉၃ ခုနှစ်မှာတော့ ဟော်ကျားကျင့်ကို ကမ္ဘာကျော်စေမယ့် ရုပ်သံဇာတ်လမ်းတွဲ ပြည်သူ့တရားရှင်ကို ရိုက်ကူးခဲ့ပြီး ထုတ်လွှင့်တာနဲ့ကို တနိုင်ငံလုံးမှာ ထင်မှတ်မထားရလောက်အောင် စံချိန်တင် အောင်မြင်ခဲ့ပါတယ်။ ပြည်သူ့တရားရှင်ကို အတွဲ ၄၁တွဲ (၂၃၆ ပိုင်း) ရိုက်ကူးခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာ Family affairs နဲ့ Red Wolf ရုပ်ရှင် ရိုက်ကူးခဲ့ပြီး ဟောင်ကောင်မြို့မှာ ပထမဆုံး ပေးအပ်တဲ့ နာမည်အကျော်ကြားဆုံး အနုပညာရှင်ဆု ရရှိခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာ The Beggar King Legend ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ မင်မင်းဆက်ကို တည်ထောင်သူ ဘုရင် ကျူးယွမ်ကျန်း နေရာက ပါဝင်ထားပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ ကိုးရွှင် ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိခဲ့ပြန်ပါတယ်။
၁၉၉၈ ခုနှစ်မှာ မာယုံကျန်း ဆိုတဲ့ သူရဲကောင်းဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးအောင်မြင်ခဲ့ပြန်ပါတယ်။
၂၀၀၀ ခုနှစ်မှာတော့ Super Hero Zheng Cheng Gong ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင် ကျန့်ချန်ကုန်း နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
၂၀၀၂ ခုနှစ်မှာ < Yu Ye Jing Qing > & <
၂၀၀၃ ခုနှစ်မှာ &
၂၀၀၄ ခုနှစ်မှာ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီး တစ်ဖက်မှာလည်း ပေကျင်းတက္ကသိုလ်မှာ နိုင်ငံရေးဘာသာရပ် မဟာဘွဲ့နဲ့ ကျောင်းပြီးခဲ့ပါတယ်။
၂၀၀၉ နှစ်ကုန်ပိုင်းလောက်မှာ ပြည်သူ့တရားရှင် Qi Xia Wu Yi
၂၀၁၀ ခုနှစ်မှာ ပြည်သူ့တရားရှင် Bi Xue Dan Xin
၂၀၁၁ ခုနှစ်မှာ ပြည်သူ့တရားရှင် Kai Feng Qi An အစရှိတဲ့ တရားရှင်ဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ Treasure Inn ဇာတ်လမ်းတွဲမှာ ဇာတ်ပို့ Wu Qing နေရာက ပါဝင်ထားပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ လီစန်း နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
၂၀၁၄ ခုနှစ်မှာ ဟွေ့ကျိုးခရိုင်ရဲ့ ခရီးသွားသံတမန် အဖြစ် စတင်တာဝန်ထမ်းရွက်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ကားရိုက်နားထားခဲ့တဲ့ Kenny Ho ခေါ် မင်းသားကြီးကျန်ကျောင်းဟာ စီးပွားရေးဘက်ကို ခြေဦးလှည့်နေပြီး လုပ်ငန်းများ အောင်မြင်နေတယ်လို့ သိရပါတယ်။ အင်တာဗျူးတစ်ခုမှာ ဘဝမှာ ဘာလို့ဒီလိုအောင်မြင်နေတာလဲလို့ မေးတဲ့အခါ Kenny Ho က ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတစ်ဦးပါ။ ဟိုးအရင် ရုပ်ရှင်တွေ စတင်ရိုက်ကူးစဉ်ကတည်းက ရုပ်ရှင်တစ်ကားပြီးတိုင်း ရလာတဲ့ အနုပညာကြေးတွေထဲက တချို့ကိုဖယ်ပြီး လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပါတယ်။ အခုထိလည်း ဒီလိုပါပဲ။ ဒါဟာ ကျွန်တော့်အတွက် အနုပညာလောကမှာ သိပ်အခက်ခဲမဖြစ်စေတဲ့ အကြောင်းရင်းများလားလို့တော့ နောက်ပိုင်းမှာ တွေးမိပါတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။
ယခုဆိုရင် အသက် ၆၀ နားကို နီးကပ်လာပြီဖြစ်တဲ့ မင်းသားကြီး ကျန်ကျောင်းကို သတင်းထောက်တစ်ယောက်က : အနုပညာလောကဆိုတာ အတက်အကျ အနိမ့်အမြင့် ကြမ်းတယ်။ အဲ့တော့ ကိုယ်တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး တဖြည်းဖြည်း အဲ့အောင်မြင်မှုက မှေးမှိန်လာတဲ့အခါ ကိုယ့်ကို စိတ်ဖိစီးမှုတွေ မဖြစ်စေဘူးလား။ ဒါကို ဘယ်လိုကျော်ဖြတ်ပါသလဲလို့ မေးတဲ့အခါမှာတော့ Keeny Ho က မှန်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုက အမြဲတမ်း ဖြစ်ပေါ်မနေပါဘူး။ တချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့ပေမယ့် အချိန်တွေကြာလာတဲ့အခါ လူတွေက မေ့မေ့ပျောက်ပျောက် ဖြစ်လာကြတယ်။ ဒါက အနုပညာလောကရဲ့ သဘောသဘာဝပါပဲ။ ကျွန်တော်ကတော့ ကိုယ့်မျက်စိရှေ့ရောက်လာတဲ့ အောင်မြင်နိုင်တဲ့ အခွင့်အရေးမှန်သမျှတော့ မိမိရရ ဖမ်းဆုပ်နိုင်ခဲ့တယ်လို့ ထင်တာပဲ။ ကိုယ့်ဆီပေးလာတဲ့ အခွင့်အရေးကို ကိုယ်က 100% ကြိုးစားအားထုတ် အသုံးချနိုင်ဖို့ပဲ လိုပါတယ်။ အခွင့်အရေးမလာတဲ့ အခါတော့ ဒီလိုပဲစိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရတာပေါ့။ ဒါပေမယ့် ဘာမှမလုပ်ပဲနဲ့တော့ အခွင့်ကောင်းက ရောက်မလာနိုင်ဘူး။ အဲ့တော့ အခွင့်ကောင်းရောက်လာအောင် ကိုယ့်ဘက်က ပြင်ဆင်နေရမယ် ကြိုးစားနေရမယ် လို့ ထင်ပါတယ်။ လက်ရှိအချိန်တွေက အရေးကြီးဆုံးပါပဲ။ လက်ရှိအချိန်မှာ ပျော်အောင်နေတတ်ဖို့လည်း လိုပါတယ်။ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေထိုင်မှ အခွင့်ကောင်းကလည်း ကိုယ့်ဆီလာလည်မှာပေါ့။ ကျွန်တော်ကတော့ စိတ်ညစ်စရာ သိပ်မတွေးတတ်ပါဘူး။ အချိန်တိုင်းကို ပျော်အောင်နေပါတယ်။ ကျွန်တော်စံပြထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆရာတော်ကျန့်ရန် ရေးသားတဲ့ စာအုပ်တွေကိုလည်း အမြဲဖတ်ဖြစ်ပါတယ်။ အဲ့တော့ စိတ်ညစ်စရာတွေ သိပ်မတွေးဖြစ်ပဲ ပေါ့ပေါ့ပါးပါးနေနိုင်တာ ဖြစ်မယ်လို့ ဖြေကြားခဲ့ပါတယ်။
Kenny Ho ရဲ့အချစ်ရေး
ကျန်ကျောင်းမင်းသား Kenny Ho ဟာ ပေါင်ချိန် ဇာတ်လမ်းတွဲထဲက ကျန်ကျောင်းလိုပဲ အချစ်ရေးမှာ သစ္စာကြီးသူလဲ ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်မှာ Kenny Ho ဟာ ရုပ်ရှင်ရိုက်ကူးရင်း မင်းသမီး ကျင်းဆုမေ နဲ့ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ ကျင်းဆုမေဟာ Kenny Ho ရှိရာ ဟောင်ကောင်သို့ လိုက်ပါနေထိုင်ရင်း Kenny Ho ရဲ့ အောင်မြင်မှုအတွက် ပံ့ပိုးမှုတွေ တော်တော်များများ ပေးခဲ့ပါတယ်။ သို့ပေမယ့် ၁၉၉၃ ခုနှစ် ပြည်သူ့တရားရှင် ဇာတ်လမ်းတွဲရိုက်ကူးဖို့ Kenny Ho ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီး ဇာတ်လမ်းတွဲကလည်း ၄၁ တွဲစာ ရိုက်ကူးရတာမို့ ချစ်သူနှစ်ဦးဝေးကွာမှုက ကြာရှည်ခဲ့ရပါတယ်။ ဒီကြားထဲမှာ ကျင်းဆုမေကို မင်းသား ကောင်းမင်ကျွင့်ကလည်း ချစ်ခွင့်ပန်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်တော့ ပြည်သူ့တရားရှင် ဇာတ်လမ်းတွဲဟာ Kenny Ho ကို ကျန်ကျောင်း အဖြစ်နဲ့ အနုပညာလောကမှာ ခိုင်ခိုင်မာမာနေရာတစ်ခုကို ရရှိစေခဲ့ပြီး အောင်မြင်မှုတွေ သိမ်းပိုက်နိုင်စေခဲ့ပေမယ့်လို့ သူမနဲ့လမ်းခွဲဖို့ ဖြစ်သွားခဲ့ရပါတယ်။ သို့ပေမယ့် Kenny Ho ဟာ မင်းသမီးအပေါ်မှာ စိတ်ကူးယဉ်ဆန်တဲ့ ကတိတစ်ခု ထားရှိခဲ့ပါတယ်။ ဒါကတော့ သူ့အသက် ၆၀ ပြည့်သည်အထိ အိမ်ထောင်မပြုသေးဘူးဆိုရင် အသက် ၆၀ မှာ ပြန်လည်ပေါင်းစည်းကြမယ် လို့ ကတိသစ္စာ ထားခဲ့ကြပါတယ်။ ဒါဟာ Kenny Ho ခေါ် မင်းသားကြီးကျန်ကျောင်းရဲ့ ယနေ့အချိန်ထိ လူပျိုကြီးဖြစ်နေရတဲ့ အကြောင်းအရင်းပါပဲ။
၂၀၁၂ ခုနှစ်က တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ Kenny Ho က သူ့ဘဝဟာ ကျင်းဆုမေ ဆိုတဲ့ အမျိုးသမီးကို ချစ်ဖို့ဖြစ်လာတာပါ။ အသက် ၆၀ အထိ သူမကို စောင့်စားရင်း ကုန်ဆုံးသွားမှာပါ လို့ ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် ကျင်းဆုမေ ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး နှုတ်ဆိတ်နေခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းဟာ Happy ending ဖြစ်မလား ဆိုတာကိုတော့ လာမယ့် ၂၀၁၉ ခုနှစ် Kenny Ho ရဲ့ အသက် ၆၀ ပြည့်မွေးနေ့မှာ တွေ့မြင်ရမယ်လို့ ထင်မြင်မိပါတယ်။ တဘဝလုံးမှာ တစ်ဦးထဲသာ ချစ်ခဲ့တဲ့ ချစ်နေဆဲဖြစ်တဲ့ Kenny Ho တစ်ယောက် အချစ်ကံကောင်းပါစေလို့ ဆုတောင်းပေးရင်း မင်းသားကြီးကျန်ကျောင်းရဲ့ ဘဝအကြောင်း တစေ့တစောင်း ကျွန်မတို့ 天下第一 Page က တင်ပြလိုက်ရပါတယ်။
Credit: ZinSnow(天下第一)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။