ကိုယ့်အလုပ်ကိုယ်လုပ် ၊ ကိုယ့်တာဝန်ကိုယ်ကျေ
ကျော်ကျော်စိုး (ဂျပန်)
ဒီမနက် အလုပ်အသွား ဘူတာမှာ ရထားလက်မှတ်ကဒ်ထဲ ငွေဖြည့်နေတုန်း ဘေးမှာ မူလတန်းအရွယ်ကလေး တစ်ယောက်ကို ဘူတာဝန်ထမ်းက ရထားလက်မှတ်ဝယ်တာနဲ့ သွားမယ့်ခရီးကို စိတ်ရှည်လက်ရှည်နဲ့ စကားလုံးနူးနူးညံ့ညံ့သုံးပြီး ပြောဆိုရှင်းပြနေတာကို မြင်ရကြားလိုက်ရတယ်။
ကလေးရဲ့လက်ထဲမှာ အိမ်ကလူကြီးတစ်ယောက်ယောက် ရေးပေးလိုက်တဲ့ ရထားပြောင်းစီးရမယ့်ဘူတာနဲ့ ဆင်းရမယ့်ဘူတာတွေကို ရေးထားတာကိုပါ တွေ့ရတယ်။
အဲဒီကလေးဆီမှာ ကျောပိုးအိတ်အကြီးတစ်လုံးပါ တယ်။ ကြည့်ရတာ အားကစားပွဲတစ်ခုခုဆီသွားမယ့် ပုံပဲ။
ဘူတာဝန်ထမ်းက နံရံအပေါ်မှာ ချိတ်ကပ်ထားတဲ့ ရထားလမ်းဘူတာပြမြေပုံကို လက်ညှိုးညွှန်ပြပြီး "ဆင်းရမယ့်ဘူတာက အဲဒီဘူတာဟုတ်တယ် မဟုတ်လား၊ ဒီတော့ ပြောင်းစီးရမယ့် ရထားလိုင်းနဲ့ ပြောင်းစီးရမယ့်ဘူတာက ဒီဘူတာနော်" ဆိုပြီး ရှင်းပြတယ်။ ကလေးကလည်း အဲဒီလိုရှင်းပြတာကို နားထောင်ရင်း လက်ထဲကစာရွက်ပေါ်မှာ ရေးထားတာနဲ့ တိုက်ကြည့်တယ်။
အဲဒီနောက် ဘူတာဝန်ထမ်းက " ရထားခက ယန်း ၃၈၀ ကျတယ်၊ အဲဒါက လူကြီးအတွက်ဖြစ်တယ် ၊ ကလေးအတွက်ဆိုရင် ကိုဒိုးမို(kodomo) ခလုပ်ကိုနှိပ်" ဆိုပြီး ပြောတယ်။ ကလေးက အဲဒီခလုပ်ကိုနှိပ်လိုက်တော့ လက်မှတ်ရောင်းစက်ရဲ့ ဖန်သားမျက်နှာပြင်ပေါ်က ရထားခကျသင့်ငွေစာရင်းက ပြောင်းသွားတယ်။
ဘူတာဝန်ထမ်းက "ကလေးခက ယန်း ၂၀၀ ကျတယ်" ဆိုတော့ ကလေးက ယန်း ၅၀၀ စေ့ကိုစက်ထဲထည့်လိုက်ပြီး ၂၀၀ ကိုပြတဲ့နေရာကိုနှိပ်လိုက်တ ယ်။ လက်မှတ်နဲ့ ပြန်အမ်းငွေအကြွေစေ့တွေကို ယူလိုက်ပြီး ဘူတာဝန်ထမ်းကို မော့ကြည့်ပြီး "အာရိဂတ်တိုး"(ကျေးဇူးတင်ပါ တယ်)လို့ပြောလိုက်တယ်။ ဘူတာဝန်ထမ်းက "ဟိုက်"(ကောင်းပါပြီ) လို့ပြောရင်း "ကိယို့စုကေ့တေ့နဲ" (သတိထားသွားနော်) လို့ ဆိုလိုက်တယ်။
အဒီနောက် ကလေးက သူ့ရဲ့ကျောပိုးအိပ်ကို ကောက်လွယ်လိုက်တယ်၊ သူ့အရွယ်နဲ့သူ့အတွက်တော့ လေးတဲ့ပုံပဲ။ ကျနော်လည်း ကလေးနောက်ကလိုက်ပြီး လက်မှတ်ဖြတ်စက်ကနေ ဝင်လိုက်တယ်။ အဲဒီကလေးဟာ ဘူတာဝန်ထမ်းကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ဘူတာဝန်ထမ်းအမျိုးသမီးက ကလေးကို လှည့်မကြည့်ပဲ ရုံးခန်းထဲဝင်သွားတယ်။
အမှန်တော့ ဘူတာဝန်ထမ်းဟာ သူရဲ့အလုပ်ကို သူလုပ်တာပါပဲ။ ကလေးကို လေးလေးစားစားနဲ့ နူးနူးညံ့ညံ့နဲ့ စိတ်ရှည်လက်ရှည် ပြောပြတယ်။ အဲဒါက သူ့တာဝန်လေ။ မသိနားမလည်နဲ့ ရထားစီးမယ့်ခရီးသည်တွေကို ရှင်းပြ ပြောပြရမယ့်တာဝန်ကို ထမ်းတာဖြစ်တယ်။
ကလေးဖြစ်တဲ့သူက သူ့ကို တလေးတစား ဂရုတစိုက်နဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတာကို ကိုယ်တိုင်လက်တွေ့ရရှိခံစား လိုက်ရတယ်။
အဲဒါက ရှေ့လျှောက်သူ့ဘဝမှာ အဲဒီလိုမျိုး တာဝန်သိသိနဲ့ ယဉ်ယဉ်ကျေးကျေးနဲ့
ပြောဆိုလုပ်ကိုင်တတ်စေဖို့ အများကြီး အထောက်အကူဖြစ်စေမယ်လို့ တွေးမိတယ်။
လူကြီးတွေအနေနဲ့ ဒါမျိုးတွေကို သတိထားပြီး လုပ်သင့်တယ်။ ကလေးဆိုတာက အတုမြင်
အတတ်သင် တတ်ကြတယ် မဟုတ်လား။
လူမှုအသိုင်းအဝိုင်းအတွင်းမှာ
လူတွေဟာ ကိုယ့်အလုပ်ကို သိနားလည်ပြီး တာဝန်သိသိ နဲ့ တာဝန်ကျေကျေ
လုပ်ကြမယ်ဆိုရင် ၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အသိအမှတ်ပြု
အပြန်အလှန်လေးစားမှုတွေနဲ့ ဆက်ဆံကြမယ်ဆိုရင် အခက်အခဲပြဿနာ နည်းလိမ့်မယ်လို့
ဒီမနက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကနေတ ဆင့် ဆင်ခြင်မိတာပါပဲ။
ကျော်ကျော်စိုး (ဂျပန်)
၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်
ကျော်ကျော်စိုး (ဂျပန်)
ဒီမနက် အလုပ်အသွား ဘူတာမှာ ရထားလက်မှတ်ကဒ်ထဲ ငွေဖြည့်နေတုန်း ဘေးမှာ မူလတန်းအရွယ်ကလေး တစ်ယောက်ကို ဘူတာဝန်ထမ်းက ရထားလက်မှတ်ဝယ်တာနဲ့ သွားမယ့်ခရီးကို စိတ်ရှည်လက်ရှည်နဲ့ စကားလုံးနူးနူးညံ့ညံ့သုံးပြ
ကလေးရဲ့လက်ထဲမှာ အိမ်ကလူကြီးတစ်ယောက်ယောက် ရေးပေးလိုက်တဲ့ ရထားပြောင်းစီးရမယ့်ဘူတာနဲ့
အဲဒီကလေးဆီမှာ ကျောပိုးအိတ်အကြီးတစ်လုံးပါ
ဘူတာဝန်ထမ်းက နံရံအပေါ်မှာ ချိတ်ကပ်ထားတဲ့ ရထားလမ်းဘူတာပြမြေပုံကို လက်ညှိုးညွှန်ပြပြီး "ဆင်းရမယ့်ဘူတာက အဲဒီဘူတာဟုတ်တယ် မဟုတ်လား၊ ဒီတော့ ပြောင်းစီးရမယ့် ရထားလိုင်းနဲ့ ပြောင်းစီးရမယ့်ဘူတာက ဒီဘူတာနော်" ဆိုပြီး ရှင်းပြတယ်။ ကလေးကလည်း အဲဒီလိုရှင်းပြတာကို နားထောင်ရင်း လက်ထဲကစာရွက်ပေါ်မှာ ရေးထားတာနဲ့ တိုက်ကြည့်တယ်။
အဲဒီနောက် ဘူတာဝန်ထမ်းက " ရထားခက ယန်း ၃၈၀ ကျတယ်၊ အဲဒါက လူကြီးအတွက်ဖြစ်တယ် ၊ ကလေးအတွက်ဆိုရင် ကိုဒိုးမို(kodomo) ခလုပ်ကိုနှိပ်" ဆိုပြီး ပြောတယ်။ ကလေးက အဲဒီခလုပ်ကိုနှိပ်လိုက်တော့
ဘူတာဝန်ထမ်းက "ကလေးခက ယန်း ၂၀၀ ကျတယ်" ဆိုတော့ ကလေးက ယန်း ၅၀၀ စေ့ကိုစက်ထဲထည့်လိုက်ပြီး ၂၀၀ ကိုပြတဲ့နေရာကိုနှိပ်လိုက်တ
အဒီနောက် ကလေးက သူ့ရဲ့ကျောပိုးအိပ်ကို ကောက်လွယ်လိုက်တယ်၊ သူ့အရွယ်နဲ့သူ့အတွက်တော့ လေးတဲ့ပုံပဲ။ ကျနော်လည်း ကလေးနောက်ကလိုက်ပြီး လက်မှတ်ဖြတ်စက်ကနေ ဝင်လိုက်တယ်။ အဲဒီကလေးဟာ ဘူတာဝန်ထမ်းကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ဘူတာဝန်ထမ်းအမျိုးသမီးက ကလေးကို လှည့်မကြည့်ပဲ ရုံးခန်းထဲဝင်သွားတယ်။
အမှန်တော့ ဘူတာဝန်ထမ်းဟာ သူရဲ့အလုပ်ကို သူလုပ်တာပါပဲ။ ကလေးကို လေးလေးစားစားနဲ့ နူးနူးညံ့ညံ့နဲ့ စိတ်ရှည်လက်ရှည် ပြောပြတယ်။ အဲဒါက သူ့တာဝန်လေ။ မသိနားမလည်နဲ့ ရထားစီးမယ့်ခရီးသည်တွေကို ရှင်းပြ ပြောပြရမယ့်တာဝန်ကို ထမ်းတာဖြစ်တယ်။
ကလေးဖြစ်တဲ့သူက သူ့ကို တလေးတစား ဂရုတစိုက်နဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတာကို ကိုယ်တိုင်လက်တွေ့ရရှိခံစား
လူမှုအသိုင်းအဝိုင်းအတွင်းမှ
ကျော်ကျော်စိုး (ဂျပန်)
၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။