Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 1, 2017

ငတက်ပြား(သူခိုးကြီး)

ငတက်ပြား(သူခိုးကြီး)

မြန်မာသက္ကရာဇ် ၇၆၂-ခုနှစ် အင်းဝကို တည်၍ နန်းတက်သော သတိုးမင်းဖျား လက်ထက်တွင် ‘ငတက်ပြား’အမည်ရှိ သူခိုးကြီးတစ်ယောက် ရှိခဲ့ဖူးကြောင်း မှန်နန်း ရာဇ၀င်၌ ပါရှိလေသည်။ သူက စစ်ကိုင်း ရေ၀န်းသားဖြစ် ၏။ ရေ၀န်း ဆိုသည်မှာ ယခု စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်နှင့် စိန်ကုန်းရပ်ကွက် အကြားရှိ ရပ်ကွက်ကလေးတခုပင် ဖြစ်သည်။ “သတိုးမင်းဖျား ငါ့ကိုရလျှင်သော် သတ်အံ့။ မရသော်ကား အသူရအံ့နည်း” ဟု ငတက်ပြားက ကြုံးဝါးလိုက်သည်။ ငတက်ပြား၏ ကြုံးဝါးသံကို ဘုရင်ကြားသောအခါ သူကိုယ်တိုင် ဖမ်းမည်ဟု သတိုးမင်းဖျားက စိတ်ထဲ တေးထားလိုက်သည်။

ငတက်ပြားသည် စစ်ကိုင်းကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီးနောက် အင်းဝမြို့ သို့သွား၍ လူချမ်းသာများဆီကနေ ခိုးယူနေခြင်းဖြစ်သည်။ သူက ဆင်းရဲသူများ ထံမှ လုံးဝမခိုး။ သူနေထိုင်ရာ စစ်ကိုင်းတွင်လည်း မခိုးဟု ဆို၏။ ညတညမှာ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး နောက် အင်းဝဘက်ခြမ်းသို့ရောက်ေ သ်ာအခါ မြစ် ဆိပ်တွင် လူတယောက်ကို တွေ့လိုက်ရသည်။ လှေပေါ်က မဆင်းသေးဘဲ အဘယ်သူနည်း လှမ်းမေးလိုက်သည်။ သူခိုးတစ်ယောက်ပါ။ ဆရာကြီးထံ တပည့်ခံလို၍ စောင့်နေခြင်းဖြစ်ကြောင်း ဆိုလေသော် တပည့် အဖြစ်လက်ခံ ၍ မြို့ထဲသို့ဝင်ကြ၏။ အတားအဆီး၊ ခြံစည်းရိုးစသည်တို့ကို ငတက်ပြား ခုန်လျှင် သတိုးမင်းဖျားလည်း လိုက်ခုန်၏။ ငတက်ပြား ပြေးလျှင်လည်း ထပ်ကြပ်မကွာ လိုက်ပြေးနိုင်၏။ သူ့အရည်အချင်းကို မီသူဖြစ်၍ ငတက်ပြား သဘောကျသွား သည်။ ခိုးတဲ့နေရာမှာတော့ မင်းအရည်အချင်းက မသေးဘူးပဲဟု ငတက်ပြားက ချီးမွမ်းသည်။ “နန်းတော်သို့ဝင်၍ ဘုရင့်ပစ္စည်းများ ခိုးကြရအောင်”ဟု သတိုးမင်းဖျားက တိုင်ပင်သော အခါ ငတက်ပြားက “ငါ့တပည့်၊ ငါတို့က မရှိလို့ ခိုးစားသည်မှန်သော်လည်း ဘုရင် ပစ္စည်းကိုတော့ မခိုးသင့်။ ဘုရင့်ပစ္စည်းဟု ဆိုသော်လည်း တိုင်းပြည်အရေးကြုံလျှင် ပြည်သူတွေအတွက် အသုံးပြုရန် အလို့ငှာသာလျှင် ဘုရင်က ခေတ္တခဏ သူ့ဆီမှာသိမ်း ထားသည့် သဘောဖြစ် သည်။ ဘုရင့်ပစ္စည်းသည် တိုင်းပြည်ပစ္စည်းဖြစ်သည်။ မခိုးချင်ပါနှင့်၊ ဘယ်တော့မှ မခိုးလေနှင့်”ဟု တပည့်ဖြစ်သူကို ဆုံးမလေသည်။ သတိုးမင်းဖျား သဘောကျသွားသည်။ အင်းဝမြို့ရှိ သူဋ္ဌေးသူကြွယ်များအိမ်မှ ပစ္စည်းများကို ခိုးယူပြီးနောက် မြို့တံခါးအနီး မီးသွေးတိုက်သို့ ပြန်လာကြသည်။

သတိုးမင်းဖျားက ငတက်ပြားကို ဖျားယောင်း၍ အရက်မူးအောင် တိုက်လေ သည်။ ထို့နောက် ခြေချင်း ခတ်၍ မီးသွေးတိုက်ထဲတွင် သော့ခတ်ထားခဲ့လေ သည်။ နံနက်မိုးလင်းသောအခါ ငတက်ပြားကို ရှေ့တော်သို့ ခေါ်ပြီးနောက် ဓား လှံ လက်နက်အမျိုးမျိုးပြ၍ “ယခု သင့်ကို ဖမ်းမိလေပြီ။ သင့်ကိုသတ်မည်။ ကြိုက်ရာလက်နက်ကို ရွေးပါ”ဟု ဘုရင်က ပြောလေ သော် “အရှင်မင်းကြီး ကျနော်မျိုး ကြိုက်တာကို တောင်းရလျှင်ဖြင့် မိဖုရားကြီး စောဥမ္မာ ကိုသာ အလိုရှိပါသည်”ဟု ပြန်ပြောလေ၏။ ငတက်ပြား၏ ရဲဝံ့မှုကိုကြည့်၍ သည်လို သတ္တိရှိသည့်ယောကျာ်းတယောက်ကို အကြောင်းမဲ့ မသေစေကောင်း။ နောင် တိုက်ပွဲ ရှိသောအခါ အမှုတော်ထမ်းစေဟု အမိန့်ချလေ၏။
လေးကိုချစ်သောယောက်ျားသည် မြားကိုချစ်သကဲ့သို့ ပြည်ထဲရေးကို ချစ်သောကြောင့် လည်းကောင်း၊ ငါးကိုလိုသော တံငါသည်သည် ကွန်ကိုချစ်သကဲ့သို့ ပြည်ထဲစီးပွါးကို ချစ်သောကြောင့်လည်းကောင်း သူခိုးငတက်ပြားကို မသတ်ဘဲ အမှုတော်ထမ်းစေသည်။ နောင်တွင် တောင် တွင်းမြို့စားက ပုန်ကန်သောအခါ ငတက်ပြားအကူအညီဖြင့် အဓိက ရုဏ်းငြိမ်းခဲ့ဖူးသည်ဟု မှန်နန်းရာဇ၀င်က ဆိုပါသည်။ သတိုးမင်းဖျားက ငတက်ပြားကို ရွှေတိုက်စိုးရာထူးပေးပြီး ဘုရင့်ဘဏ္ဍာများကို ထိန်းသိမ်းစောင့်ေ ရှာက်စေသည်။ ထိုမှ “သူခိုးကိုရွှေတိုက်စိုးခန့်သည်”ဟူသော စကားဖြစ်ပေါ်လာသည်ဟုလည်း ဆိုကြသည်။ သူက ရွှေတိုက်စိုးရာ ထူးယူပြီးနောက် မခိုးတော့။ သူခိုးဇာတိကို စွန့်နိုင်သူဖြစ်သည်။

မြို့ထဲဘက်မှအထွက် စစ်ကိုင်းတောင်အတက်တွင်ရှိသော ‘မရှိခဏ’ဘုရားကို ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်။ ထို’မရှိခဏ’ဘုရားကို သူခိုးကြီးငတက်ပြား တည်ခဲ့သည်ဟု အဆိုရှိ ပါသည်။ ဘုရားတည်စဉ်က ငွေလို ငွေမရှိလျှင်လည်း ခဏသာဖြစ်သည်။ ငတက်ပြား သွားခိုးလိုက်လျှင် ခဏလေးဖြင့်ပင် ရလာေ သာကြောင့် မရှိခဏ ဘုရားဟုအမည် တွင်ကြောင်း ဆိုသည်။ သို့သော ကျေးဇူးရှင်သီတဂူဆရာတော်ဘုရားကြီးကတော့ ‘မဟိယင်္ဂဏ’ကနေ ‘မရှိခဏ’ အဖြစ် ပြောင်းလဲလာသည်။ ‘မရှိခဏ’မဟုတ်။ ‘မဟိယင်္ဂဏ’ ဖြစ်သည်ဟု အမိန့်ရှိဘူးပါသည်။

မည်သို့ဆိုစေ သူခိုးကြီး ငတက်ပြားကတော့ အင်းဝခေတ်တွင် အမှန်တကယ် ပင် ရှိခဲ့ဖူးပါသည်။ ငတက်ပြားလို သူခိုးမျိုးကတော့ဖြင့် ရှားမှရှားပင်ဖြစ်သည်။ သူ့ရဲ့ သူခိုး သက်တမ်းတလျှောက်မှာ ဆင်းရဲသားတွေ ဆီကနေ ဘယ်တုန်းကမှ မခိုးယူခဲ့ဘူးဖူးတဲ့။ သူ့နေထိုင်ရာအရပ်ဒေသမှာလည်း မခိုးခဲ့ဘူးတဲ့။ ဓား လှံလက်နက်ပြ၍ သူ့ကိုသတ်မည်။ ကြိုက်ရာရွေးပါဟု ဆိုလာသောအခါ သူတောင်းဆိုလိုက်သည်က မိဖုရားစောဥမ္မာ ဖြစ်သည်။ သူခိုးပင်ဖြစ်လင့်ကစား သစ္စာ သတ္တိ စာနာမှုနဲ့ ချစ်ခြင်းမေတ္တာကို သူ့သန္တာန် မှာ မြင်တွေ့ရသေးသည်။ အင်းဝဘုရင် သတိုးမင်းဖျားက ပြည်ထဲရေးကို ချစ်သော ကြောင့် ငတက်ပြားကို အပြစ်မယူရက်၊ မသတ်ရက်ဘဲ အမှုထမ်းစေခဲ့သည်။

မြန်မာပြည်သည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် တိုင်းပြည်ဖြစ်ကြောင်း အထူး ပြောစရာ မလိုပါတော့။ ယခုတော့ မြန်မာပြည် အရပ်ရပ်ရှိ ဓာတ်ငွေ့တွေ၊ သစ်တွေ၊ တွင်းထွက်သယံဇာတတွေ ကုန်သွားသည်။ သစ်တောတွေ၊ တောင်တွေသာ ပြောင်သွား သည်။ ပြည်သူတွေရဲ့ ဘ၀တွေ က တောက်တောက်ပြောင်ပြောင် ဖြစ်မလာခဲ့။ မြန်မာ နိုင်ငံ၏ ဆင်းရဲနွမ်းပါး မှုနှုန်းမှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများတွင် ဆင်းရဲမှုနှုန်း အမြင့်မားဆုံးနိုင်ငံတနိုင်ငံဖြစ်သည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုပါ သည်။ မွေးကင်းစကလေးနှင့် ကလေးသူငယ်သေဆုံးမှုတွင် ကျနော်တို့ချစ်ရ ပါသော မြန်မာနိုင်ငံက ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်နေသည်။ ကျနော်တို့ ကိုယ့်ကိုယ်ကို အမှန် အတိုင်းသိမြင်ပြီး ဒီထက်ခြေလှမ်းတွေ အများကြီးလှမ်းဖို့ လိုပါသည်။

တချို့သော ပြည်သူ့လခစား ၀န်ထမ်းတချို့က ပြည်သူကို မျက်နှာမမူချင်ကြ။ ပြည်သူကို အလုပ်အကျွေး မပြုလိုကြ။ အင်တင်တင် လုပ်နေကြသည်။ အရင်အချိန်တွေကိုပဲ မျှော်မှန်းတမ်းတနေကြသူတွေ ရှိနေသေး တာကို တွေ့မြင်နေရပါသည်။ ပြစ်တင်ဝေဘန်မှုတွေမှာတင် လမ်းဆုံးနေ၍ မဖြစ်။ အားလုံးက ဒီထက်ပိုပြီး ၀ိုင်းတွန်းကြရပါမည်။ ပြည်ထဲရေး ကိုချစ်လို့ ကိုယ့်ကိုယ်ဆက်ပြီး အမှုထမ်းစေခဲ့တယ်ဆိုတာကို နားလည်သဘောပေါက် လျှင် ပြည်သူ့လခစားနေကြသည့် ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပြည်သူကို မျက်နှာမူ ထားစေချင်ပါသည်။ ပြည်သူတွေကိုအလုပ်အကျွေး ပြုစေ ချင်ပါသည်။

#credit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။