#Cancer နှင့် မြန်မာ#
-------------------------- ---
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကင်ဆာဖြစ်ပွားသည့် အများဆုံးသော နိုင်ငံထဲတွင် ပါဝင်သည်။ ထိုဖြစ်ပွားမှုများမှ ရာခိုင်နှုန်းတော်တော်များများမှာ အခြေခံလူတန်းစားအများစုဖြစ် ပါသည်။
တစ်နေ့ဝင်ငွေ ၄၆၀၀ကျပ်သာ ရ၇ှိသော အခြေခံလူတန်းစားများ အနေဖြင့်
ဈေးနှုန်းကြီးမြင့်သော ကင်ဆားဆေးအများစုကို မတတ်နိုင်ကြချေ။ကင်ဆာဆေးအား လုံးမှာ မြန်မာငွေသောင်းဂဏန်းအထက်သာ ဖြစ်သည်။ ထို့ကြောင့်
ကင်ဆာရောဂါဖြစ်ပွားလာပါက အများစုမှာ ကံတရား၏ စေစားရာသို့သာ
လိုက်ကြရတော့သည်။ထိုအတွက် အစိုးရဆေးရုံများမှ ဆေးဝါးများ
အခမဲ့ထောက်ပံ့ပေးသော်လည်း ဖြစ်ပွားလူဦးရေနှင့် လုံလောက်မှုမရှိပါ။
ထပ်ဆောင်းရသော် ဆေးဆိုသည်တိုင်းလည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှ
ဆေးဝါးအတုဈေးကွက်တွင် တရုတ်ပြီးလျင် ဒုတိယလိုက်သေးသည်။
ပြန်ဆက်သော် မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများအဖို့ နေ့စဉ်ဖြေရှင်းရသည်မှာ စားရေးကိစ္စပင်ဖြစ်သည်။ အခြေခံဝင်ငွေနည်းပါးသည့်အတွ က်
ဈေးသက်သာသော စားသောက်ကုန်များနှင့်သာ ၀မ်းရေးကိစ္စကို
နေ့စဉ်ဖြေ၇ှင်းနေရသည်က ယနေ့ခေတ်တွင် ကင်ဆာရောဂါကို ဖိတ်ခေါ်နေသကဲ့သိုပင်။
မနက်အိပ်ယာထမှသည် ဖော်မလင်ပါသော မုန့်ဟင်းခါး၊ စားအုန်းဆီနှင့်ဆိုးဆေးပါသော လက်ဖက်ရည်၊ ပလတ်စတစ်နှင့်ကြော်ထားသော အီကြာကွေး၊ ပြန်သုံးဆီအတုနှင့်ကြော်ထား သော ကြက်ဥ အစရှိသည် ဓာတုဗေဒပြီးသော စားသောက်ကုန်များကို စားသောက်ပြီး လုပ်ငန်းခွင်သို့ သွားကြရသည်။
လုပ်ငန်းခွင်သို့ရောက်သော်လ ည်း
အများစုမှာ လုပ်ငန်းခွင်လုံခြုံမှု အားနည်းကြသည်။ လက်အိတ် ၊
နှာခေါင်းစည်း၊ ၀တ်စုံများကို မ၀တ်ဆင်ကြသည်ကများသည်။ အများစုပြော
ကြသည်မှာပူသည်၊ ရှုပ်သည် ဟူရ်သာ။ သို့သော် ထိုမှတဆင့် Chemical များ၊
အမှုန်များသည် လေထုထဲမှ၊ အရေပြားမှတဆင့် ခန္ဓာတွင်းသို့
နေ့စဉ်ဝင်ရောက်နေတော့သည်။ နေ့လည်ဖက် ထမင်းစားပြန်တော့ မပါမပြီးသည်က
ယူရီးယားစိမ်ထားသော မြန်မာလူမျိုးတို့၏ သည်းခြေကြိုက် ငပိရည်၊
ပိုးသတ်ဆေးမစင်သေးသော တို့စရာ၊ ဆေးစိမ်ထားသော လက်ဖက်ချဉ်၊ မှိုတက်နေသော
Ready Made ငရုတ်သီးခြောက်ကြော် နှင့်ဝမ်းရေးကိစ္စဖြေရှင်းကြ ရသည်။ အချို့ဆိုလျင် ဆေးလိပ်၊ ကွမ်းကိစ္စကလည်း ပါလိုက်ကြသေးသည်။
ညနေ လုပ်ငန်းခွင်မှပြန်သော် မိသားစုအတွက် ဟင်းစားဝယ်ပြန်ကြရသည်။ ဈေးသက်သာသော ဟင်းစားများသာ အများစုဝယ်ဖြစ်သည်။ အချို့ကလည်း အချိန်မပေးနိုင်သည့်အတ့က် ၀ယ်စားကြသည်။ အချိုသည်လည်း အကင်ဖြင့်သာ အဆင်ပြေသလို စားသောက်လိုက်ကြသည်။ အသားကင်ရာမှ ဖြစ်ပေါ်လာသော ဓါတုပစ္စည်းများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသည်။ တော်သေးသည်က ပလတ်စတစ် ဆန်အတုများသည် ဈေးနှုန်းသက်သာသော ဆန်ထဲတွင် မရှိသည်က ကြံဖန်ကျေးဇူးတင်စရာ။ သက်သာသော ဈေးနှုန်း၏နောက်ကွယ်မှ မမြင်ရသော သက်တမ်းလွန်ပစ္စည်းများနှင့် Ready made ပစ္စည်းများပါဝင်နေမှု။ မရောင်းနှင့်ဟု ပြောဖို့ကလည်းမနေသာ။
ထိုဈေးနှင့်ကိုက်အောင်ရောင်းပေးနေရသော ရောင်းချသူများရှိရ်သာ မိသားစုအများစု အဆင်ပြေနေကြချည်းသာ ဖြစ်သည်။ တလောက ကင်ဆာဆရာဝန်ကြီးတစ်ဦးနှင့်
Ward ထဲတွင်စကားပြောရင်း၊ သူပြောသွားသည်က “Ready Made,များများစား
မြန်မြန်သေ” ဟူသောစကားသည်ကား မှတ်သားစရာ။ ပူပူလောင်လောင်နှင့်
အချိုမှုန့်နိုင်းချင်းပါဝင်သော
ဟင်းရည်သောက်အား ပလတ်စတစ်အိပ်တွင်းသို့ ထည့်ဆောင်ရ် မိသားစုအိမ်တွင်
ပျော်ရွှင်စွာ စားသောက်ကြလေတော့သည်။ အချို့ဆိုလျင် အလုပ်သွားသူ အိမ်ဦးနတ်
အိမ်အပြန်ငွေမပါပဲ၊ ယမကာဆိုင်တွင်သာ ကျန်ခဲ့သဖြင့်
အိမ်တွင်းရေးကမောက်ကမဖြစ်ကြ ၇သည်။
နှစ်အချို့ကြာလတ်သော် အဆိုပါအကြောင်းအရာတို့သည် ကြောက်မက်ဖွယ်ကောင်းသော ကင်ဆာရောဂါအဖြစ်သို့ ကူးပြောင်းသွားလေတော့သည်။ လုပ်ငန်းခွင်မှလည်း နားမကျန်းသည့်အတွက် ဆေးကုစရိတ်အချို့ထုတ်ပေးပြီး အလုပ်မှထုတ်ပယ်လိုက်လေတော့သ ည်။
ဆေးကုသရန်အတွက်ကလည်း လူမှုဖူလုံရေးစနစ်ကလည်း ပြည်တွင်းတွင်မရှိသေးပါ။
ဝင်ငွေမရှိသောသောကြောင့် နေ့စဉ်စားသောက်ရေး နှင့် နေရေးအတွက်ပင်
အနိုင်နိုင်၊ ရောဂါဖြစ်ပွားလာသောအခါ ကုသစရိတ်ကြီးမြင့်မှုတို့ြေ ကာင့် ပရဟိတဆေးခန်းလေးများတွင်ဆေး ကုသရင်း ဘ၀ကုန်ခမ်းသွားကြရလေတော့သည် ။ ကျန်ရစ်လေသော မိသားစုတို့သည်….။
အချို့သော မျိုးရီုးဗီဇကြောင့်ဖြစ်သော ကင်ဆာရောဂါမှတပါး၊ အခြားသော ကင်ဆာရောဂါတော်တော်များများ ကို %တော်တော်များများ ကြိုတင်ကာကွယ်ဟန့်တားလို့ရပါသည်။ သို့သော် အခြေခံလစာနည်းပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ကျန်းမာရေးဗဟုသုတအားနည်းမှု ၊ ၀ိသမနှင့်စီးပွားရှာမှု၊ ကျန်းမာရေးစနစ်အားနည်းမှုတို့သည် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ရန် မြန်မာနေပြည်သူလူထုအတွက် ပုံပြင်တစ်ပုဒ်အဖြစ်သာ ဆက်ရ်ရှိနေမည်ဖြစ်ပါတော့သည် ။
လေးစားစွာဖြင့်...
Dr.Zin Lin Maung
(www.EntrepreneurSME.com)
--------------------------
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကင်ဆာဖြစ်ပွားသည့် အများဆုံးသော နိုင်ငံထဲတွင် ပါဝင်သည်။ ထိုဖြစ်ပွားမှုများမှ ရာခိုင်နှုန်းတော်တော်များမ
ပြန်ဆက်သော် မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများအဖို့ နေ့စဉ်ဖြေရှင်းရသည်မှာ စားရေးကိစ္စပင်ဖြစ်သည်။ အခြေခံဝင်ငွေနည်းပါးသည့်အတွ
လုပ်ငန်းခွင်သို့ရောက်သော်လ
ညနေ လုပ်ငန်းခွင်မှပြန်သော် မိသားစုအတွက် ဟင်းစားဝယ်ပြန်ကြရသည်။ ဈေးသက်သာသော ဟင်းစားများသာ အများစုဝယ်ဖြစ်သည်။ အချို့ကလည်း အချိန်မပေးနိုင်သည့်အတ့က် ၀ယ်စားကြသည်။ အချိုသည်လည်း အကင်ဖြင့်သာ အဆင်ပြေသလို စားသောက်လိုက်ကြသည်။ အသားကင်ရာမှ ဖြစ်ပေါ်လာသော ဓါတုပစ္စည်းများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသည်။ တော်သေးသည်က ပလတ်စတစ် ဆန်အတုများသည် ဈေးနှုန်းသက်သာသော ဆန်ထဲတွင် မရှိသည်က ကြံဖန်ကျေးဇူးတင်စရာ။ သက်သာသော ဈေးနှုန်း၏နောက်ကွယ်မှ မမြင်ရသော သက်တမ်းလွန်ပစ္စည်းများနှင့်
ထိုဈေးနှင့်ကိုက်အောင်ရောင
နှစ်အချို့ကြာလတ်သော် အဆိုပါအကြောင်းအရာတို့သည် ကြောက်မက်ဖွယ်ကောင်းသော ကင်ဆာရောဂါအဖြစ်သို့ ကူးပြောင်းသွားလေတော့သည်။ လုပ်ငန်းခွင်မှလည်း နားမကျန်းသည့်အတွက် ဆေးကုစရိတ်အချို့ထုတ်ပေးပြီ
အချို့သော မျိုးရီုးဗီဇကြောင့်ဖြစ်သော
လေးစားစွာဖြင့်...
Dr.Zin Lin Maung
(www.EntrepreneurSME.com)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။