အခက်အခဲတွေဟာ ကံဆိုးခြင်းလား
✿✿✿✿✿✿✿✿✿✿✿✿
ဘဝမှာ ဆိုးရွားတယ်ဆိုတဲ့ အဖြစ်အပျက်တွေနဲ့ ခံစားမှုတွေရှိပါတယ်။
ဒီဆိုးရွားမှုတွေကပဲ ကျွန်တော်တို့ကို အားငယ်စေတယ်၊ စိတ်ပျက်စေတယ်၊ အရှုံးပေးချင်စိတ်တွေကို ဖြစ်စေပြီး ဝမ်းနည်းငိုကြွေးစေတယ်။
.
လူတိုင်းဟာ ကိုယ်ကြုံနေရတဲ့ ပြသနာကိုပဲ အခက်အခဲဆုံးလို့
ခံစားတတ်ကြတယ်။ တကယ်တော့ လောကမှာ ကိုယ့်အတိုင်းအတာနဲ့ကိုယ်
ဒုက္ခကိုယ်စီ၊ အခက်အခဲကိုယ်စီ ခံစားနေပါတယ်။ ကျွန်တော်တို့တွေချည်းပဲ
ကွက်ပြီး ကံဆိုးနေတာမဟုတ်ပါဘူး။
(တကယ်တော့ အခက်အခဲဆိုတာ
ကံဆိုးမှုလို့ချည်း မမှတ်ယူသင့်ပါဘူး။ တစ်ခါတစ်လေ
အခက်အခဲတွေကြားမှာ တိုးတက်ခြင်းတွေ၊ ကံကောင်းခြင်းတွေ၊
အခွင့်အရေးတွေ ပါလာတတ်ပါတယ်။)
.
အောင်မြင်တဲ့သူတိုင်းမှာ တူညီတဲ့အခြေအနေတစ်ခုကို
ကိုယ်စီဖြတ်သန်းရပါတယ်။ ဒါကတော့ ခက်ခဲတဲ့အချိန်အခါနဲ့
အခက်အခဲတွေပါပဲ။ ဒီတော့ ကိုယ့်မှာ စိတ်ပျက်စရာ၊ အားငယ်စရာ
သောကအခက်အခဲတွေ ကြုံတဲ့အခါ စိတ်မှာတွေးလိုက်ပါ။
ဒီတောင်တွေကို ဖြတ်သန်းပြီးရင် နောက်မှာ စမ်းရေအေးတွေ
စီးဆင်းနေမယ့် အိုအေစစ်ရှိမယ်လို့။ ကိုယ်က တောင်ပေါ်တက်နေရတဲ့အခါမှာ
တစ်ချို့က ချောက်ထဲကျနေတဲ့အထိလည်း ရုန်းကန်နေရနိုင်ပါတယ်။
အဆိုးများကိုကျော်ဖြတ်ပြီး အကောင်းများကို ဖန်တီးနိုင်ကြပါစေ..
Credit. ; ရွှေညာမောင် (Focus Youth)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။