အလုပ်ချိန်များခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများ
========================== ====
အလုပ်တွေနဲ့ပိပြီး အချိန်အတော်ကြာ ထမင်းမေ့ဟင်းမေ့ ထိုင်ရာကမထ အလုပ်လုပ်မိတဲ့ အချိန်တွေ လူတိုင်းမှာ ရှိဖူးကြမှာပါပဲ။ အဲလိုခဏခဏဖြစ်လာတဲ့အခါ အလုပ်ချိန်တွေ ပိုလုပ်မိလာပြီး ပုံမှန်အလုပ်ချိန်ထက် များလာတာကို အလိုအလျောက် အကျင့်ပါသွားမိတတ် ပါတယ်။ တချို့က အဲဒီဘ၀ကို ခုံမင်လို့လုပ်ကြတာဖြစ်ပြီး တချို့ကတော့ အပိုဝင်ငွေလိုအပ်လို့ (ဒါမှမဟုတ်) အလုပ်သဘောကိုက အလုပ်ချိန်များနေလို့ စတဲ့အကြောင်းရင်းများစွာ ရှိကြပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလုပ်ချိန်များခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိထားခြင်းဟာ ဘ၀နဲ့အလုပ်ကို မျှတအောင် ထိန်းညှိနိုင်ဖို့ အထောက်အပံ့ဖြစ်စေတာမို့ သတိချပ်ဖို့ လိုအပ်တယ်လို့ ထင်မိပါတယ်။
အလုပ်ချိန်များခြင်းရဲ့ ကောင်းကျိုးများ
-------------------------- --------------
အလုပ်ပိခြင်းဒဏ်မှ ကင်းဝေးခြင်း - အလုပ်ကို အချိန်ပိုတွေယူပြီး လုပ်ခြင်းဟာ များပြားလှတဲ့ အလုပ်တာဝန်တွေကို ကျေပွန်နိုင်နင်းစွာ လုပ်နိုင်သွားနိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ အလုပ်တွေ အပြတ်ဖြတ်ပြီးရင် ခွင့်တစ်ရက်ယူပြီးအနားယူနို င်သေးတယ်လေ။
အလုပ်ကို ကိုယ်က နိုင်နင်းနေခြင်းအားဖြင့် အလောသုံးဆယ်လုပ်ရတာတွေ
မရှိတော့ပဲ ဆန်းသစ်တဲ့အကြံဥာဏ်တွေ ပိုထွက်လာပြီး အလုပ်ကို
ပညာသားပါပါလုပ်နိုင်လာစေပါတ ယ်။
သူများတွေ ပြန်သွားပြီးချိန်ထိ ရုံး မှာကျန်ခဲ့ပြီး
အလုပ်လုပ်တတ်သူတွေအနေနဲ့ တိတ်ဆိတ်တဲ့ရုံးခန်းဟာ အာရုံကိုစုစည်းစေနိုင်ပြီး
အလုပ်ကို ပိုမိုပြီးမြောက်စေနိုင်ပါတ ယ်။
အလုပ်ပိုမိုကျွမ်းကျင်လာပြီး တက်လမ်းများလာခြင်း - အလုပ်ကို အချိန်မီပြီးစီးအောင် လုပ်နိုင်တဲ့ အခါ တခြားစွမ်းဆောင်ချက်တွေကိုပါ လုပ်နိုင်လာတဲ့အတွက် အလုပ်ရှင်က သဘောကျကြမှာ အသေအချာပါပဲ။ အရည်အချင်း၊ ကျွမ်းကျင်မှု၊အလုပ်အပေါ်တာဝန်ကျေမှုတွေဟာ
ရာထူးတိုးနိုင် ခြေကို မြင့်တက်စေပြီး လစာလည်းတိုးလာနိုင်မှာ ဖြစ်ပါတယ်။
အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်လာတဲ့ အခါ မိမိကိုယ်ကိုယုံကြည်မှုလည်း
တိုးလာစေပါတယ်။
အပိုဝင်ငွေရရှိခြင်း - အချိန်ပိုအလုပ်လုပ်ခြင်းဟာ တချို့ကုမ္ပဏီတွေမှာ အချိန်ပိုကြေးပေးတာ ကြောင့် အပိုဝင်ငွေရရှိတဲ့နည်းလမ်းတ စ်ခုပါပဲ။ အပိုဝင်ငွေဆိုတော့ စုဆောင်းထားနိုင်တဲ့အပြင် တစ်ခါတရံမှာ အချိန်ပိုကြေးဟာ ပုံမှန်လစာနှုန်းထားထက် နှစ်ဆပိုတတ်ကြပါတယ်။
အလုပ်ချိန်များခြင်းရဲ့ ဆိုးကျိုးများ
-------------------------- -----------------
ပင်ပန်းမှုလွန်ကဲပြီး အရည်အသွေးကျဆင်းခြင်း - ကိုယ်လုပ်တဲ့အလုပ်ထဲ နစ်မျောပြီး မမောနိုင် မပန်းနိုင် လုပ်နေမိတဲ့အခါ အချိန်ကုန်လို့ကုန်သွားမှန်း မသိတာမျိုးရှိတတ်ပါတယ်။ မိမိနှစ်သက်တဲ့အလုပ်ကို ဇွဲကြီးစွာလုပ်တာဟာ
ကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ပင်ပန်းရက်တွေဆက် တိုက်များလာပြီဆိုရင်
တော့ ပင်ပန်းမှုတွေလွန်ကဲလာပြီး အားအင်ကုန်ခမ်းကာ စိတ်တွေပျံ့လွင့် တတ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး ပင်ပန်းလွန်းတာကြောင့် ဆုံးဖြတ်ချက်တွေကို ချတဲ့အခါ ပြတ်ပြတ်သားသားမရွေးချယ်နို င်တော့တာမျိုးအထိ ဖြစ်တတ်ပါ
တယ်။ အလုပ်ပြီးချင်ဇောနဲ့ အကြာကြီးလုပ်ပြီးမှ ရလဒ်ကတလွဲဖြစ်တတ်
တာမို့ဆင်ခြင်ဖို့ သတိချပ်စေလိုပါတယ်။
မိသားစုနဲ့ မိတ်ဆွေတွေနဲ့တွေ့ဆုံချိန်န ည်းသွားခြင်း
- အလုပ်မှာအချိန်ကုန်တာ များလွန်းတဲ့အခါ လူမှုဘ၀ မိသားစုဘ၀အတွက်
အချိန်တွေနည်းသွားတာ သဘာဝပါပဲ။ မိသားစုဝင်တွေလည်း သင့်ကို
တမျှော်မျှော်နဲ့စောင့်
နေကြတဲ့အခါရှိသလို မိတ်ဆွေတွေကလည်း သင့်ကို တွေ့ဆုံဖို့ အချိန်တွေနည်းသွားကြမှာပါပဲ ။ မိသားစုလက်ဆုံထမင်းမစားရတာေ တွ၊ သားသမီးတွေရဲ့ကျောင်း အစည်းအဝေးကို မသွားနိုင်တာတွေ၊ အိမ်ထောင်ဖက်(သို့)ချစ်သူရဲ့  မွေးနေ့ကို လုပ်ပေးဖို့ ပျက်ကွက်တာတွေ
ဖြစ်လာတဲ့အခါ သူတပါးကို စိတ်နာကျင်စေမိတတ်ပါတယ်။ အလုပ်များ
နေတဲ့ အခါ ဒါတွေဟာ သင့်အတွက်အရေးမကြီးသလိုဖြစ် နေတတ်ပြီး သင့်အလုပ်လုပ်တာ မိသားစုအ တွက်ပဲလို့ တွေးကာ မိသားစုကိစ္စကို ပေါ့လျော့တတ်ပါတယ်။ အလုပ်ပြုတ်ရင် နောက်အ
လုပ်တစ် ခုပြန်ရနိုင်ပေမဲ့ မိသားစုရဲ့မေတ္တာကို ဆုံးရှုံးရင်တော့ တခြားနေရာမှာ ပြန်ရှာလို့မလွယ်တာကို သတိပြုစေချင်ပါတယ်။
ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာရေးချို့ယွင်းလာခြင်း - ဗြိတိန်နိုင်ငံမှ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အလုပ်ကို အချိန်ကြာမြင့်စွာ
လုပ်သူတွေဟာ အလုပ်ချိန်ပုံမှန်လုပ်သူတွေ ထက် နှလုံးရောဂါဖြစ်နိုင်
ခြေ ပိုများတယ်လို့ European Heart Journal မှာဖော်ပြထားပါ
တယ်။ ဆယ့်တစ်နှစ်ကြာသုတေသနကာလအပြီးမှာတော့ အလုပ်ချိန်
၇ နာရီ (သို့) ၈ နာရီလုပ်တဲ့သူတွေ ထက် အလုပ်ချိန် ၁၀ နာရီလုပ်
တဲ့သူတွေက နှလုံးရောဂါနဲ့တခြားနှလုံးဆိုင်ရာပြဿနာတွေ ဖြစ်နိုင်
ခြေ ၆၀%ရှိတယ်လို့ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အချိန်ကြာမြင့်စွာ အလုပ်လုပ်သူတွေဟာ အလွယ်တကူစိတ်တိုေ
ဒါသထွက်တတ်ပြီး ပြိုင်ဆိုင်လိုစိတ် များကာ စိတ်တည်ငြိမ်မှုလည်း
နည်းတယ်လို့ သိရပါတယ်။ စိတ်ဓါတ်ကျလွယ်ခြင်း၊ စိတ်ပူပန်လွယ်
ခြင်းတို့ ခံစားရပြီး အိပ်မပျော်တဲ့ရောဂါလည်းရနို င်ပါတယ်။
၇နာရီ (သို့) ၈ နာရီ အလုပ်ချိန်ဟာ ကျန်းမားရေးအတွက် သင့်တော်တဲ့အလုပ်ချိန်လို့ ပညာရှင်များက သတ်မှတ်ထားကြပါတယ်။
Credit:Yangon Life
==========================
အလုပ်တွေနဲ့ပိပြီး အချိန်အတော်ကြာ ထမင်းမေ့ဟင်းမေ့ ထိုင်ရာကမထ အလုပ်လုပ်မိတဲ့ အချိန်တွေ လူတိုင်းမှာ ရှိဖူးကြမှာပါပဲ။ အဲလိုခဏခဏဖြစ်လာတဲ့အခါ အလုပ်ချိန်တွေ ပိုလုပ်မိလာပြီး ပုံမှန်အလုပ်ချိန်ထက် များလာတာကို အလိုအလျောက် အကျင့်ပါသွားမိတတ် ပါတယ်။ တချို့က အဲဒီဘ၀ကို ခုံမင်လို့လုပ်ကြတာဖြစ်ပြီး
အလုပ်ချိန်များခြင်းရဲ့ ကောင်းကျိုးများ
--------------------------
အလုပ်ပိခြင်းဒဏ်မှ ကင်းဝေးခြင်း - အလုပ်ကို အချိန်ပိုတွေယူပြီး လုပ်ခြင်းဟာ များပြားလှတဲ့ အလုပ်တာဝန်တွေကို ကျေပွန်နိုင်နင်းစွာ လုပ်နိုင်သွားနိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပ
အလုပ်ပိုမိုကျွမ်းကျင်လာပြီ
အပိုဝင်ငွေရရှိခြင်း - အချိန်ပိုအလုပ်လုပ်ခြင်းဟာ တချို့ကုမ္ပဏီတွေမှာ အချိန်ပိုကြေးပေးတာ ကြောင့် အပိုဝင်ငွေရရှိတဲ့နည်းလမ်းတ
အလုပ်ချိန်များခြင်းရဲ့ ဆိုးကျိုးများ
--------------------------
ပင်ပန်းမှုလွန်ကဲပြီး အရည်အသွေးကျဆင်းခြင်း - ကိုယ်လုပ်တဲ့အလုပ်ထဲ နစ်မျောပြီး မမောနိုင် မပန်းနိုင် လုပ်နေမိတဲ့အခါ အချိန်ကုန်လို့ကုန်သွားမှန်
ကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ပင်ပန်းရက်တွေဆက် တိုက်များလာပြီဆိုရင်
တော့ ပင်ပန်းမှုတွေလွန်ကဲလာပြီး အားအင်ကုန်ခမ်းကာ စိတ်တွေပျံ့လွင့် တတ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး ပင်ပန်းလွန်းတာကြောင့် ဆုံးဖြတ်ချက်တွေကို ချတဲ့အခါ ပြတ်ပြတ်သားသားမရွေးချယ်နို
တယ်။ အလုပ်ပြီးချင်ဇောနဲ့ အကြာကြီးလုပ်ပြီးမှ ရလဒ်ကတလွဲဖြစ်တတ်
တာမို့ဆင်ခြင်ဖို့ သတိချပ်စေလိုပါတယ်။
မိသားစုနဲ့ မိတ်ဆွေတွေနဲ့တွေ့ဆုံချိန်န
နေကြတဲ့အခါရှိသလို မိတ်ဆွေတွေကလည်း သင့်ကို တွေ့ဆုံဖို့ အချိန်တွေနည်းသွားကြမှာပါပဲ
ဖြစ်လာတဲ့အခါ သူတပါးကို စိတ်နာကျင်စေမိတတ်ပါတယ်။ အလုပ်များ
နေတဲ့ အခါ ဒါတွေဟာ သင့်အတွက်အရေးမကြီးသလိုဖြစ်
လုပ်တစ် ခုပြန်ရနိုင်ပေမဲ့ မိသားစုရဲ့မေတ္တာကို ဆုံးရှုံးရင်တော့ တခြားနေရာမှာ ပြန်ရှာလို့မလွယ်တာကို သတိပြုစေချင်ပါတယ်။
ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာရေးချို့ယွင်းလာခြင်
လုပ်သူတွေဟာ အလုပ်ချိန်ပုံမှန်လုပ်သူတွေ
ခြေ ပိုများတယ်လို့ European Heart Journal မှာဖော်ပြထားပါ
တယ်။ ဆယ့်တစ်နှစ်ကြာသုတေသနကာလအပြ
၇ နာရီ (သို့) ၈ နာရီလုပ်တဲ့သူတွေ ထက် အလုပ်ချိန် ၁၀ နာရီလုပ်
တဲ့သူတွေက နှလုံးရောဂါနဲ့တခြားနှလုံးဆ
ခြေ ၆၀%ရှိတယ်လို့ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အချိန်ကြာမြင့်စွာ အလုပ်လုပ်သူတွေဟာ အလွယ်တကူစိတ်တိုေ
ဒါသထွက်တတ်ပြီး ပြိုင်ဆိုင်လိုစိတ် များကာ စိတ်တည်ငြိမ်မှုလည်း
နည်းတယ်လို့ သိရပါတယ်။ စိတ်ဓါတ်ကျလွယ်ခြင်း၊ စိတ်ပူပန်လွယ်
ခြင်းတို့ ခံစားရပြီး အိပ်မပျော်တဲ့ရောဂါလည်းရနို
၇နာရီ (သို့) ၈ နာရီ အလုပ်ချိန်ဟာ ကျန်းမားရေးအတွက် သင့်တော်တဲ့အလုပ်ချိန်လို့ ပညာရှင်များက သတ်မှတ်ထားကြပါတယ်။
Credit:Yangon Life
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။