[Zawgyi]
ကျေးဇူးသိတက်သူ ခရစ္စတီယာနို ရော်နယ်ဒို
- - - - - - - - - - - - - - - - - - - - - - - - - - - -
အင်တာဗျုးတစ်ခုမှာ ရော်နယ်ဒိုဟာ ငယ်ဘဝက ကစားဖော်သူငယ်ချင်း အဲလ်ဘတ် (Albert Fantrau) သူ့ရဲ့ကျေးဇူးရှင်ဖြစ်ကြောင်း
ဆိုခဲ့ပါတယ်။ ရိုနယ်ဒိုဟာ “ ကျွန်တော် အောင်မြင်မှုတွေ ကြုံလာတိုင်း
ကျွန်တော့်ရဲ့ သူငယ်ချင်း အဲလ်ဘတ်ကို အမြဲသတိရတယ်ဗျာ။
ကျွန်တော်တို့နှစ်ယောက်ဟာ ၁၈နှစ်အောက် ကစားပွဲတစ်ခုမှာ Nacional မှာ
အတူကစားခဲ့ရကြတဲ့သူတွေလေ။ တစ်နေ့ ပွဲတစ်ပွဲမကစားခင်
စပို့တင်းလစ္စဘွန်းအသင်းမန်ေ နဂျာက ကျွန်တော်တို့နှစ်ယောက်ကိုေ တွ့ဆုံပြီး
ဒီပွဲမှာ ဂိုးပိုသွင်းနိုင်သူဟက အသင်းရဲ့လူငယ်အကယ်ဒမီမှာ
ကစားခွင့်ပေးမယ်လို့ ပြောပါတယ်။ ဒီပွဲမှာ ကျွန်တော်က ပထမအဖွင့်ဂိုး
စသွင်းခဲ့တယ်။ အဲနောက် အဲလ်ဘတ်က လှလှပပခေါင်းတိုက်ဂိုးသွင်း ခဲ့ပြီး ဒုတိယဂိုးသွင်းခဲ့တယ်ဗျ။ ပိုဂိုးသွင်းနိုင်တဲ့သူက စပို့တင်းလစ္စဘွန်းအကယ်ဒမီမှ ကစားခွင့်ရမှာဆိုတော့ တတိယဂိုးက ကျွန်တော်တို့နှစ်ယောက်ဘဝအတွက် အရေးကြီးလာပြီလေ။ အဲလ်ဘတ်က ပြိုင်ဘက်ဂိုးသမားနှင့်တစ်ေ ယာက်ချင်း
တွေ့ခဲ့တယ်။ အဲလ်ဘတ်ရဲ့ လှပတဲ့စွမ်းရည်နဲ့ ဂိုးသမားကို လိမ်ခေါက်ပြီး
သွင်းယူရမှာပါ။ ဒါပေမယ့် အဲလ်ဘတ်က နောက်ကလိုက်လာတဲ့ ကျွန်တော့်ကို
ဘောလုံးခင်းပေးခဲ့တယ်။ ကျွန်တော် တတိယဂိုးသွင်းနိုင်ခဲ့တာပေါ့ ။ ဒါကြောင့် ကျွန်တော် စပို့တင်းလစ္စဘွန်းအကယ်ဒမီမှာ
တက်ရောက်နိုင်ခဲ့တာပေါ့။ ပွဲပြီးတော့ ကျွန်တော် အဲလ်ဘတ်ကို
သွားတွေ့ခဲ့တယ်။ မင်း ဂိုးသွင်းလို့ရရဲ့သားနဲ့ ဘာလို့ဂိုးမသွင်းခဲ့သလဲဆိုတာကိုပေါ့။ မင်းက ပိုကောင်းတဲ့ကစားသမားမို့ပါ လို့ အဲလ်ဘတ်က ပြန်ဖြေခဲ့တယ်ဗျာ။ အဲလ်ဘတ်သာ အခွင့်အရေးမပေးခဲ့ဘူးဆိုရင်
ရော်နယ်ဒိုဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူးဗျာ။ ကျွန်တော် အဲလ်ဘတ်ကို
အမြဲကျေးဇူးတင်မိတယ်။ ကျွန်တော့်သူငယ်ချင်း အဲလ်ဘတ်ကတော့ ကစားသမားဘဝကို
အစောကြီး အဆုံးသတ်ခဲ့ပါတယ်။” လို့ဆိုပါတယ်။
ထိုအခါ ဂျာနယ်လစ်သည် အဲလ်ဘတ်ကို သွားရောက်တွေ့ဆုံပြီး ဒီဖြစ်ရပ်ဟာ အမှန်တကယ်လားဆိုပြီး သွားရောက်မေးမြန်းခဲ့ပါသည်။
အဲလ်ဘတ်က တကယ်ဖြစ်ကြောင်း ဖြေခဲ့ပါတယ်။ ဒါပေမယ့် ဂျာနယ်လစ်တစ်ခု
သတိပြုမိသွားတယ်။ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ အဲလ်ဘတ်တစ်ယောက်
အိမ်မြေခြံကားတွေနဲ့ ဘာလို့ပြည့်ပြည့်စုံစုံ နေနိုင်သလဲဆိုတာကိုပေါ့။
ဂျာနယ်လစ်က ခင်ဗျား အခုလိုပြည့်ပြည့်စုံစုံနေနိုင်ဖို့ ဘယ်လိုပိုက်ဆံရှာသလဲဆိုတာကိုပေါ့။ အဲလ်ဘတ်ရဲ့အဖြေကြောင့် ဂျာနယ်လစ် အံ့အားသင့်သွားရပါတယ်။
“It is all because of Ronaldo ဒါတွေအားလုံးဟာ ရော်နယ်ဒိုဖန်ဆင်းပေးတာတွေေ လ” တဲ့။
ကျော်စိုးအောင် (Myanmar Knowledge Bank)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကျေးဇူးသိတက်သူ ခရစ္စတီယာနို ရော်နယ်ဒို
- - - - - - - - - - - - - - - - - - - - - - - - - - - -
အင်တာဗျုးတစ်ခုမှာ ရော်နယ်ဒိုဟာ ငယ်ဘဝက ကစားဖော်သူငယ်ချင်း အဲလ်ဘတ် (Albert Fantrau) သူ့ရဲ့ကျေးဇူးရှင်ဖြစ်ကြောင
ထိုအခါ ဂျာနယ်လစ်သည် အဲလ်ဘတ်ကို သွားရောက်တွေ့ဆုံပြီး ဒီဖြစ်ရပ်ဟာ အမှန်တကယ်လားဆိုပြီး သွားရောက်မေးမြန်းခဲ့ပါသည်။
“It is all because of Ronaldo ဒါတွေအားလုံးဟာ ရော်နယ်ဒိုဖန်ဆင်းပေးတာတွေေ
ကျော်စိုးအောင် (Myanmar Knowledge Bank)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။