Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 12, 2016

မမီလိုက်ပေမယ့် သိခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦး ဘချို၏မြေး ပြောပြသည့် အာဇာနည်အဘိုးအကြောင်း

 News for News သတင်းများအတွက်သတင်း added 4 new photos.

Ref: MOI Webportal Myanmar
________________
မမီလိုက်ပေမယ့် သိခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦး ဘချို၏မြေး ပြောပြသည့် အာဇာနည်အဘိုးအကြောင်း
သတင်းဆောင်းပါး - မင်းသစ်(သတင်းစဉ်)၊ ဇော်ကြီး(ပဏီတ)
ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန် ဇူလိုင် ၁၁
''ချင်းတောင်ကို အဘိုး ချစ်ကြည်ရေးသွားတုန်းက လက်ဆောင်ရခဲ့တဲ့ ချင်းဓားနဲ့ ချင်းပလိုင်းကို ငါးနှစ်သားအရွယ်ကစပြီး သတိထားမိတာပေါ့၊ ကလေးဆိုတော့ စိတ်ဝင် စားပြီးမေးတော့ အဘွားနဲ့အမေက အဘိုးအကြောင်း ပြောပြတယ်။ အဲဒီမှာ စွဲစွဲ ထင်ထင် အဘိုးအကြောင်း သိရတယ်။ နောက်ပြီး အဘွားက ကျွန်တော်တို့ မောင်နှမ တွေကို ငယ်ငယ်ကတည်းက အာဇာနည်နေ့ရောက်တိုင်း အာဇာနည်ကုန်းကို အမြဲခေါ် သွားတယ်''ဟု ဒီးဒုတ်ဦးဘချို၏ မြေးဖြစ်သူ ဦးသန့်စင်ချိုက ပြောသည်။

''အဘိုးက ဖြောင့်တယ်၊မှန်တယ်၊ နိုင်ငံရေးကိုလည်း တိုင်းပြည်လွတ်လပ်ရေး အတွက် လုပ်နေတာ။ တိုင်းပြည်လွတ်လပ်ရေးရပြီးသွားရင် နိုင်ငံရေးမလုပ်တော့ဘူး။ ဝါသနာပါတဲ့ သတင်းစာအလုပ်ကိုလုပ်ပြီး အသက်မွေးတော့မယ်လို့ အဘွားက ပြောပြ တယ်''ဟု ဦးသန့်စင်ချိုက ဆိုသည်။
ဒီးဒုတ်ဦးဘချိုကွယ်လွန်ချိန်တွင် ဇနီးဒေါ်လှမေနှင့် သမီးခြောက်ယောက် ကျန်ရစ်ခဲ့ပြီး လွတ်လပ်ရေးရရှိချိန်တွင် သမီးနှစ်ယောက်သာကျန်ရှိကြောင်း၊ ယခုအခါ အားလုံးကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဒီးဒုတ်ဦးဘချို၏ သမီးအငယ်ဆုံးမှ မွေးဖွား သည့် မြေးဖြစ်သူ ဦးသန့်စင်ချိုက ပြောသည်။
''အဘိုးက အကျင့်စာရိတ္တပိုင်းကို အစွန်းအထင်းမခံဘူး၊ အကျင့်စာရိတ္တက အရေး ကြီးတယ်လို့ ပြောတယ်။ အဘိုးက စကောလားရှစ် ရခဲ့တာ။
သမီးတွေ မြေးတွေကို အဘိုးလိုကြိုးစားဖို့ အဘွားက အမြဲတမ်းဆုံးမတယ်''ဟု အဘိုးဖြစ်သူ ဒီးဒုတ် ဦးဘချို နှင့်စပ်လျဉ်းပြီး ဦးသန့်စင်ချိုက ဆိုသည်။
ဒီးဒုတ်ဦးဘချို ကွယ်လွန်သွားပြီးနောက်ပိုင်း ဖဆပလ ခေတ်တွင် ကျန်ရစ်သူ မိသားစုများအား ဒီးဒုတ်ဦးဘချိုနှင့်လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ဝန်ကြီးချုပ် ဦးနု၊ ဦးကျော်ငြိမ်းတို့က ဂရုတစိုက်စောင့်ရှောက်ခဲ့ကြောင်း၊ ခံစားခွင့်များလည်း ရရှိခဲ့ ကြောင်း သိရသည်။ ဒီးဒုတ်ဦးဘချိုသည် အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ၊ အမျိုးသား ပညာရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေးတို့အတွက် ၁၉၂၅ ခုနှစ်တွင် ကိုယ်ပိုင် ဒီးဒုတ်ဂျာနယ်ကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အမှတ် ၈၄ နေအိမ်တွင် ထုတ်ဝေခဲ့ပြီး တစ်ဖက်တွင်လည်း စာပေများရေးသားခဲ့သည်။
''အဘိုးရေးခဲ့တဲ့ စာအုပ်ထဲမှာတော့ ဘွေသီဟာဝတ္ထုစာအုပ်ကို အကြိုက်ဆုံးပဲ၊ ငယ်ငယ်တုန်းကလည်း ဖတ်တယ်။ အခုထိ စွဲလမ်းတုန်းပဲ၊ အရေးအသား၊ အဖွဲ့အနွဲ့ ကအစ ကောင်းတယ်''ဟု ဦးသန့်စင်ချိုက ပြောပြသည်။
ထို့ပြင် ဒီးဒုတ်ဦးဘချို တီးခတ်ခဲ့သည့် စောင်း၊ ရေးသားခဲ့သည် စာအုပ်စာပေ များကို မြေးဖြစ်သူ ဒေါက်တာ ဒေါ်ခင်လှချို၏နေအိမ်၌ သမိုင်းမှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ ယနေ့ထိတိုင် ရှိနေသေးသည်။
''အင်္ဂလိပ်ခေတ်မှာ သခင်တွေက အဘိုးတို့အိမ်မှာ စားအိမ်၊သောက်အိမ်ပေါ့။ တစ်ခါတလေ မိုးချုပ်မှလာရင် အဘွားကမရှိ ရှိတာရှာကြံ ချက်ကျွေးရတယ်။ တစ်ခါ တလေ သခင်တွေ ထမင်းဆိုင်မှာ ထမင်းစားပြီး ရှင်းစရာငွေမရှိရင် အဘလုပ်ပါဦးလို့ စာရေးပြီး အဘိုးဆီကိုလွှတ်တယ်။ အဘိုးက အိမ်က တူ၊ တူမလေးတွေလွှတ်ပြီး ဒီကောင်တွေ လုပ်ပြန်ပြီကွာဆိုပြီး ပါးစပ်ကပြောလည်းပြော သတင်းစာဖိုးထဲက ပိုက်ဆံကို ထုတ်ပေးတယ်''ဟု လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် သခင်လူငယ် များအပေါ် ဒီးဒုတ်ဦးဘချိုထားသည့် စိတ်နေစိတ်ထားကို အဘွားဖြစ်သူ၏ ပြောပြချက် အရ သိရကြောင်း ဦးသန့်စင်ချိုက ပြောသည်။
''အဘိုးဆုံးပြီး အဘိုးမိတ်ဆွေအပေါင်းအသင်းတွေက သတင်းစာလုပ်ငန်းကို ဝိုင်းလုပ်ပေးကြတယ်။ အထူးသဖြင့် ရန်ကုန်သတင်းစာက ဦးအောင်မြင့်ပေါ့၊ ဆရာ ဇဝနလည်း ဝိုင်းကူပါတယ်။ နောက်ပိုင်းစိုက်ထားတဲ့ ငွေတွေပြန်မရတော့ သတင်းစာ ကို ရပ်လိုက်ပြီး အဘွားက ဆက်မလုပ်တော့ဘူး''ဟု ပြောသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက်ပိုင်း မိသားစုဝင်များအား အဆင်ပြေစွာ လုပ်ကိုင်စားသောက်နိုင်ရန် BOC ကုမ္ပဏီက ဓာတ်ဆီဆိုင်ပါမစ်များကို ချပေးရာတွင် ဒီးဒုတ်ဦးဘချို၏ ဇနီးဖြစ်သူလည်း ဆီဆိုင်ပါမစ်ရရှိခဲ့ကြောင်း၊ ပြည်သူ ပိုင်မသိမ်းခင် ဆီဆိုင်ပါမစ်ကို ကုမ္ပဏီသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
''ဆီဆိုင်ပါမစ်ကို အဘွားကမလုပ်နိုင်တော့လို့ ကုမ္ပဏီပြန်အပ်လိုက်တယ်။ ပြည်သူ ပိုင်သိမ်းတော့ ဆိုင်ပါမသွားဘူး၊ တချို့ပြည်သူပိုင်သိမ်းတဲ့အထဲ အဆောက်အအုံတွေ ပါသွားတယ်။ အဘိုးကို ဝန်ကြီးတာဝန်ပေးအပ်ခံရစဉ် စီးဖို့ပေးထားတဲ့ ဝစ္စလီကား တစ်စီးရှိတယ်။ အဲဒီကားကို နိုင်ငံခြားသားတစ်ယောက်ပိုင်တဲ့ ဂိုဒေါင်မှာသွားထား တာ၊ ပြည်သူပိုင်သိမ်းတော့ အဲဒီကားပါသွားတယ်။ တော်တော်ကြာမှ ကားထဲအပင် တွေ ပေါက်နေပြီး ပျက်စီးနေတော့မှ ပြန်ရတယ်''ဟု ဦးသန့်စင်ချိုက ပြောသည်။
''အာဇာနည်နေ့နဲ့ပတ်သက်ပြီး မှေးမှိန်လာတော့ အာဇာနည်မိသားစုဝင်တွေအနေ နဲ့ သတိထားမိကြတယ်။
ဒါပေမယ့် ခေတ်အခြေအနေအရဖြစ်လာတာ ဘာတတ်နိုင် မှာလဲ၊ စိတ်ထဲကတော့ ခံစားမှုရှိတာပေါ့၊ ဒီမိုကရေစီခေတ်မှာ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အလေးထားပြီး လုပ်လာတာတွေ့ရတော့ မိသားစုအနေနဲ့ ဝမ်းသာတာ ပေါ့''ဟု ဦးသန့်စင်ချိုက ပြောသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း ဒီးဒုတ်ဦးဘချိုအတွက် ကောင်းမှုကုသိုလ်အဖြစ် ဗိုလ်ချုပ်လမ်းနေအိမ် ဒီးဒုတ်တိုက် ၌ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ရာမှ နောက်ပိုင်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၌သာ အလှူပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အဘိုးဖြစ်သူ ဒီးဒုတ်ဦးဘချိုအတွက် မြေးများက နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သံဃာတော်များ အား ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
……
Ref: MOI Webportal Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။