ဆန်တိုဟူး လုပ်နည်း
မွေးရပ်ဇာတိ တောင်ကြီးမြို့မှ မမေ့နိုင်သော စားစရာလေးများတွင် ထိပ်ဆုံးကပါသည့် ချဉ်ငံစပ်လုပ်ဖို့ အတွက် လိုအပ်သော ဆန်တိုဟူးလေးပါ။ သုပ်တတ်ပြီးသား သူငယ်ချင်းတွေ အဆင်ပြေအောင် ရေးပြီးသွားတဲ့ ဆန်တိုဟူး လုပ်နည်းလေး ဦးဆုံးတင်ပေးလိုက်ပါတယ်။ မစားဖူးသေးတဲ့ သူငယ်ချင်းများအတွက် သုပ်နည်းလေး သပ်သပ်ထပ်တင်ပေးပါ့မယ်။
***... ဆန်တိုဟူး လုပ်ရန် လိုအပ်တာလေးတွေ…
1. ကွမ်းစားထုံး (lime stone) – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (1/4 tsp)
2. ရေ – 3 cups (750 ml)
3. ဆန်မှုန့် (rice flour) – 1 cup (250 ml)
4. ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
ရေ 1 cup (250 ml)ထဲ ထုံး ကို ထည့်ကာ အခဲများမကျန်အောင် ဖိချေဖျော်ပြီး အနည်ထိုင်ခိုင်းကာ ထုံးရည်ကြည်ရအောင် လုပ်ရပါမယ်။ကျွန်မကတော့ မနက်ကျိုမယ်ဆိုရင် ညကတည်းက အနယ်ထိုင်ခိုင်းထားပါတယ်။
အနည်ထိုင်နေသော ထုံးများမပါအောင် အိုးထဲ လောင်းထည့်ထားသည့် ထုံးရည်ကြည်ထဲ ဆန်မှုန့် ထည့်ကာ အဖတ်များ လုံးဝမကျန်အောင် ဖျော်ထားပါ။
ဆန်မှုန့်များပျော်သွားလျှင်
ကျန်သည့်ရေ – 2 cups (500 ml)ကိုထည့်ကာ medium heat ဖြင့် ၁၆ မိနစ်ခန့်
မွှေကျိုပေးပါ။ (အတုံးအခဲများ မဖြစ်အောင် နှင့် အောက်ခြေမကပ်အောင်
မီးဖိုပေါ်တင်သည်နှင့် မွှေပေးဖို့လိုပါတယ်။)
အောက်ပုံပါအတိုင်း ပျစ်လာလျှင် …..
ဆီသုတ်ထားသည့် ခွက်တစ်ခုထဲ လောင်းထည့်ကာ အအေးခံထားပါ။ (လောင်းထည့်ပြီးနောက် မျက်နှာပြင်ညီအောင် ခွက်ကို ကိုင်ပြီး အနည်းငယ် လှုပ်ပေးပါ (သို့) ဇွန်းအောက်ခြေဖြင့် ဖြန့်ပြီး ညှိပေးပါ။)
အေးသွားပြီးနောက် မိမိနှစ်သက်သလို လှီးကာ အရသာရှိလှသော ချဉ်ငံစပ်လေး သုပ်စားနိုင်ပါပြီ။
ရေခဲသေတ္တာ (ခဲသည့်အဆင့်မဟုတ်သည့် fridge)ထဲ ၅ နာရီခန့်ထည့်ပြီးမှ လှီးလျှင် လှီးရတာ ပိုပြီးလွယ်ကူကာ အတုံးလေးတွေ ပိုလှစေပါတယ်။
ကျိုထားသည့်အိုးတွင် ကပ်နေသည့်ချိုး(ဂျိုး)များ သူ့အလိုလို ကွာထွက်လာအောင် နာရီ အတော်ကြာကြာ ရေစိမ်ထားပြီးမှ အိုးကို ဆေးပါ။
မူရင်း = Chaw Su's Food Friends
မွေးရပ်ဇာတိ တောင်ကြီးမြို့မှ မမေ့နိုင်သော စားစရာလေးများတွင် ထိပ်ဆုံးကပါသည့် ချဉ်ငံစပ်လုပ်ဖို့ အတွက် လိုအပ်သော ဆန်တိုဟူးလေးပါ။ သုပ်တတ်ပြီးသား သူငယ်ချင်းတွေ အဆင်ပြေအောင် ရေးပြီးသွားတဲ့ ဆန်တိုဟူး လုပ်နည်းလေး ဦးဆုံးတင်ပေးလိုက်ပါတယ်။ မစားဖူးသေးတဲ့ သူငယ်ချင်းများအတွက် သုပ်နည်းလေး သပ်သပ်ထပ်တင်ပေးပါ့မယ်။
***... ဆန်တိုဟူး လုပ်ရန် လိုအပ်တာလေးတွေ…
1. ကွမ်းစားထုံး (lime stone) – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (1/4 tsp)
2. ရေ – 3 cups (750 ml)
3. ဆန်မှုန့် (rice flour) – 1 cup (250 ml)
4. ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
ရေ 1 cup (250 ml)ထဲ ထုံး ကို ထည့်ကာ အခဲများမကျန်အောင် ဖိချေဖျော်ပြီး အနည်ထိုင်ခိုင်းကာ ထုံးရည်ကြည်ရအောင် လုပ်ရပါမယ်။ကျွန်မကတော့ မနက်ကျိုမယ်ဆိုရင် ညကတည်းက အနယ်ထိုင်ခိုင်းထားပါတယ်။
အနည်ထိုင်နေသော ထုံးများမပါအောင် အိုးထဲ လောင်းထည့်ထားသည့် ထုံးရည်ကြည်ထဲ ဆန်မှုန့် ထည့်ကာ အဖတ်များ လုံးဝမကျန်အောင် ဖျော်ထားပါ။
ဆန်မှုန့်များပျော်သွားလျှင
အောက်ပုံပါအတိုင်း ပျစ်လာလျှင် …..
ဆီသုတ်ထားသည့် ခွက်တစ်ခုထဲ လောင်းထည့်ကာ အအေးခံထားပါ။ (လောင်းထည့်ပြီးနောက် မျက်နှာပြင်ညီအောင် ခွက်ကို ကိုင်ပြီး အနည်းငယ် လှုပ်ပေးပါ (သို့) ဇွန်းအောက်ခြေဖြင့် ဖြန့်ပြီး ညှိပေးပါ။)
အေးသွားပြီးနောက် မိမိနှစ်သက်သလို လှီးကာ အရသာရှိလှသော ချဉ်ငံစပ်လေး သုပ်စားနိုင်ပါပြီ။
ရေခဲသေတ္တာ (ခဲသည့်အဆင့်မဟုတ်သည့် fridge)ထဲ ၅ နာရီခန့်ထည့်ပြီးမှ လှီးလျှင် လှီးရတာ ပိုပြီးလွယ်ကူကာ အတုံးလေးတွေ ပိုလှစေပါတယ်။
ကျိုထားသည့်အိုးတွင် ကပ်နေသည့်ချိုး(ဂျိုး)များ သူ့အလိုလို ကွာထွက်လာအောင် နာရီ အတော်ကြာကြာ ရေစိမ်ထားပြီးမှ အိုးကို ဆေးပါ။
မူရင်း = Chaw Su's Food Friends
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။