မြင်းတစ်ကောင်ရဲ့အိပ်မက်ဆိုး
++++++++++++++++++++
တစ်ခါက...အင်မတန် သန်မာပြီး အပြေးမြန်တဲ့ "လျှပ်စီး" အမည်ရတဲ့ မြင်းကောင်းတစ်စီးရှိပါသတဲ့ ..။ သူဟာ ဘုရင့်မြင်းဇောင်းထဲက အကောင်းဆုံးသော မြင်းတစ်စီးလည်းဖြစ်ပြန်တယ် ..။ ဘုရင်ကြီးရဲ့ တိုက်ပွဲပေါင်းများစွာမှာပါ ၀င်တိုက်ခိုက်ခဲ့တဲ့ လက်ရွေးစင်မြင်းကောင်းတစ်စီးလည်းဖြစ်ပြန်တယ်..။
တစ်နေ့မှာတော့ လျှပ်စီးဟာ..အိပ်မက်တစ်ခုမက်တယ်..။ အိပ်မက်ထဲမှာတော့ သူဟာ..အလွန်မတ်စောက်တဲ့ ချောက်ကမ်းပါးတစ်ခုကနေ ဒလိမ့်ခေါက်ခွေးပြုတ်ကျခဲ့တ ယ်.။
အဲဒီလိုပြုတ်ကျတဲ့အတွက် သူ့ရဲ့ ခြေထောက်တစ်ချောင်းဟာ ကျိုးသွားခဲ့ရတယ်..။
သူဟာ လဲကျရာကနေထပြီး ပြေးဖို့ကြိုးစားပေမယ့် ကျိုးနေတဲ့ခြေထောက်ရဲ့
နာကျင်မှုကြောင့်.. မပြေးနိုင်ဖြစ်ခဲ့ရတယ်..။ လျှပ်စီးဟာ
စိတ်ခြောက်ခြားစွာနဲ့. အိပ်မက်ကနေ လန့်နိုးလာခဲ့တယ်..။ အိပ်မက်ဟာ
သူ့ရဲ့စိတ်ကို ချောက်ခြားစေခဲ့တယ်..။ နောက်တစ်နေ့မနက်မှာတော့ သူ့စိတ်ထဲမှာ
ခြေထောက်ကျိုးတဲ့ကိစ္စကိုပဲ ထိတ်လန့်တကြားပြန်လည် အမှတ်ရနေခဲ့ပြန်တယ်..။
လျှပ်စီးဟာ အဲဒီနေ့ကစပြီး သူ့ခြေထောက်ကျိုးမှာကိုစိုး ရိမ်လာတယ်..။ တကယ်လို့များ ခါတိုင်းလိုသူခပ်မြန်မြန်နဲ့ 
ပြေးရင်း မတော်တဆထိခိုက်မိမှာကို စိုးရိမ်လာပြန်တယ်..။ သူ့ရဲ့
သန်မာတဲ့ခြေထောက်တွေ ထိခိုက်ကျိုးပဲ့ပြီး မပြေးနိုင်တော့မှာကို
ကြောက်လန့်လာပြန်တယ်....။
အဲဒါကြောင့်လည်းသူဟာ ဘယ်တော့မှမပြေးဘူးလို့ ဆုံးဖြတ်ခဲ့တယ်..။
နောက်တစ်နေ့မှာ..မြင်းထိန်း ဟာ လျှပ်စီးကိုလာရောက်ခေါ်ဆောင် ပြီး..
ကွင်းပြင်မှာ လွှတ်ကျောင်းခဲ့ပြန်တယ်..။ ဒါပေမယ့်လည်း လျှပ်စီးဟာ..
ခါတိုင်းလို ပြေးလွှားပျော်မြူးခြင်း မရှိတော့ဘဲ.. တစ်နေရာမှာသာ
မှိုင်တွေလို့နေတယ်..။ နောက်နေ့တွေ မှာလည်း သူဟာ ပြေးလွှားခြင်းမရှိတော့ဘဲ
သူ့ရဲ့အိပ်မက်အကြောင်းကိုသာ
ပြန်လည်သတိရမိနေပြန်တယ်..။ အဲဒီလိုနဲ့သူဟာ.. ဘုရင့်လက်ရွေးစင်
မြင်းတစ်ကောင်အဖြစ်ကနေ မပြေးနိုင်တဲ့ ညံ့ဖျဉ်းတဲ့မြင်းတစ်ကောင်
ဖြစ်လာခဲ့တယ်..။
မြင်းထိန်းဟာ.. လျှပ်စီးရဲ့အဖြစ်ကို.. တိရစ္ဆာန်လေ့ကျင့်ထိန်းကျောင်းရာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ကို ပြောပြတိုင်ပင်ခဲ့တယ်..။ အဲဒီအခါ တိရစ္ဆန်လေ့ကျင့်ပေးသူက ဒီလိုအကြံပေးတယ်..
"လျှပ်စီးကို.. အခြားမြင်း ဆယ်ကောင်လောက်နဲ့ အတူတူ အပြေးပြိုင်ခိုင်းရမယ်..။ အမှတ်စဉ် ရေတွက်ပြီး.. တာလွှတ်တာနဲ့. .အခြားမြင်းတွေကို.. ကြာပွတ်နဲ့ရိုက်ပြီးပြေးခို င်းလိုက်..။ အခြားမြင်းတွေ ပြေးတာကို မြင်ရတဲ့အခါ.. သူစိတ်ထက်သန်လာပြီး.. ခါတိုင်းလို ပြန်ပြေးလိမ့်မယ်"
မြင်းထိန်းဟာ.. တိရစ္ဆာန်ဆရာရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လံပြုလုပ်တယ်.. အခြားသော မြင်းဆယ်ကောင်နဲ့အတူ.. အပြေးပြိုင်စေခဲ့တယ်..။ တာလွှတ်ပြီဆိုတာနဲ့ အခြားသောမြင်းတွေဟာ.. တရစပ် ဒုန်းစိုင်းပြီးပြေးကြတယ်.. ။ အဲဒီလို.. အားမာန်တက်ကြွစွာပြေးနေကြတဲ့ 
အခြားသောမြင်းတွေကို တွေ့တဲ့အခါမှာတော့.. လျှပ်စီးဟာ အိပ်မက်ကနေ
နိုးထလာခဲ့ပြန်တယ်..။ သူလည်းပဲ အခြားသော မြင်းတွေနဲ့အတူ
ပျော်ရွှင်မြူးထူးစွာလိုက်ပါ ပြီး လျှင်မြန်စွာ ပြေးတော့တယ်..။ အဲဒီလိုနဲ့ လျှပ်စီးဟာ မပြေးနိုင်တဲ့ ညံ့ဖျဉ်းတဲ့မြင်းတစ်ကောင်ဘ၀ ကနေ ဘုရင့်လက်ရွေးစဉ် မြင်းတစ်ကောင် ပြန်လည်ဖြစ်လာတယ်..။
ဒီပုံပြင်လေးက.. ကျနော်တို့ကိုပြောပြထားတာတွေရှိတယ်..။ တကယ်တော့ ကျနော်တို့ဟာ လျှပ်စီးနဲ့တူသူများပဲဖြစ်တ ယ်..။ လျှပ်စီးဟာ အိပ်မက်ကိုတွေးတောကြောက်လန့် ရင်း.. ရှိရင်းစွဲအရည်အသွေးဖြစ်တဲ့ "လျှင်မြန်စွာပြေးနိုင်ခြင်း"
ကို စွန့်လွှတ်လိုက်ရတယ်..။ ကျနော်တို့တွေဟာလည်း.. လျှပ်စီးရဲ့
အိပ်မက်နဲ့တူတဲ့ အခြားသူတွေရဲ့ ဝေဖန်ရှုံ့ချခြင်းတွေကို ဂရုစိုက်ရင်းနဲ့ပဲ..
ကိုယ့်ရဲ့အရည်အချင်း၊ အရည်အသွေးတွေကို ပြသဖို့ မယုံမရဲ နဲ့
ယုံကြည်ချက်မဲ့လာတတ်ကြတယ်လို့ဆိုတယ်..။
တကယ်တော့ လူတိုင်းလူတိုင်းဟာ မတူညီတဲ့ အရည်အသွေး တွေရှိနေကြမှာပဲဖြစ်တယ်..။ ကိုယ်ဟာ ဘယ်လိုအရာတွေမှာ ထူးချွန်လည်း ဘယ်နေရာတွေမှာအားနည်းလည်းဆိုတာကိုလည်း..
သိနေကြသေးတယ်လို့ဆိုတယ်..။ ဒါပေမယ့်လည်း.. ပတ်ဝန်းကျင်ရဲ့ချီးကျူး၊
ကဲ့ရဲ့ခြင်းတွေကို ကြားရတဲ့အခါ..၊ ဂရုစိုက်မိတဲ့အခါမှာတော့..
ကိုယ့်အရည်အချင်း ကိုယ့်အားနည်းချက်တွေဟာ ကိုယ်ထင်သလို. "ဟုတ်မှ
ဟုတ်ပါ့မလား" ဆိုပြီး သံသယတွေဖြစ်လာကြပြန်တယ်..။ ယုံကြည်ချက်တွေ
ပျောက်ဆုံးကုန်ကြပြန်တယ်..။ အဲဒီလို ယုံကြည်ချက်တွေ ပျောက်ဆုံးကုန်တဲ့အခါ ကိုယ့်ရဲ့ဘ၀ရဲ့ လမ်းကြောင်းကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ခွ င့်၊ ကိုယ့်အရည်အသွေးကို ကိုယ်တိုင်ထုတ်ဖော်ပြသခွင့် တဲ့ မွေးရာပါအခွင့်အရေးတွေကိုတောင်မှ လက်လွတ်ဆုံးရှုံးကြရပြန်တယ်. .။ တစ်နည်းအားဖြင့် "ပါးစပ်လမ်းဆုံး"သွားကြရတယ် .။ ကိုယ့်ကိုယ်ကို Define လုပ်နိုင်ခြင်း (မိမိကိုယ်ကိုပြဌာန်းခြင်း)
မရှိတော့ဘဲ အခြားသူတွေရဲ့ စကားတွေကသာ ကိုယ့်ရဲ့အရည်အချင်းပဲလို့
မှတ်ယူလိုက်ကြတော့တယ်..။ အဲဒီအဖြစ်မျိုးကို တကယ်တော့ "လူညွန့်တုံး"
တယ်လို့တောင် ပြောနိုင်တယ်..။
ကျနော်တို့တွေဟာ အခြားသော မြင်းတွေနဲ့ အပြေးပြိုင်သလို.. competitive ဖြစ်လွန်းတဲ့၊ အများနဲ့ပြိုင်ဆိုင်ရတဲ့ လောကကြီးမှာ ပြိုင်ဆိုင်နေကြရတယ်..။ အဲဒီလို ရုန်းကန်ပြိုင်ဆိုင်နေရင်းက နေ.. မြင်းရဲ့အိပ်မက်နဲ့တူတဲ့ ကိုယ့်အပေါ်ဝေဖန်ရှုံ့ချခြင်း တွေကို ကြုံဆုံလာရတဲ့အခါ.. စိတ်ပျက်အားငယ်စွာနဲ့ မှိုင်တွေရပ်တန့်နေတတ်ကြတယ်. .။ အဲဒီလို မှိုင်တွေရပ်တန့်နေတဲ့အခိုက် အတန့်မှာပဲ
အခြားသူတွေဟာ ကိုယ့်ထက် သာလွန်အောင် အလျင်အမြန် ပြေးသွားနေကြတယ်ဆိုတာကို
သတိထားသင့်လှတယ်..။ အဲဒီလို ယုံကြည်မှုတွေပျောက်ဆုံးပြီး
စိတ်အားငယ်လာတဲ့အခါ..၊ ရပ်တန့်မိတဲ့အခါမှာတော့ ကန္တာရရဲ့
ရေကြည်တစ်ပေါက်နဲ့တူတဲ့ စိတ်ခွန်အား စာပေတွေ၊ မိဘ၊ ဆရာ၊ မိတ်ဆွေ တွေရဲ့
အားပေးစကားတွေကို ဖတ်ရှု ၊ နားဆင်သင့်လှတယ်..။ အဲဒီအရာတွေနဲ့အတူ..
အိပ်မက်ဆိုးတွေကနေ ရုန်းထွက်ပြီး.. ယုံကြည်မှုကိုပြန်လည်တည်ဆောက်သင့်လှတယ်..
Control Your Own Destiny or Someone Else Will.
ဆိုတဲ့စကားလို ကိုယ့်ဘ၀၊ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်မောင်း နှင်မလား။ အခြားသူတွေ ထိန်းချုပ် စေခိုင်းတာ ခံမလားဆိုတာကို.. ဆင်ခြင်သင့်တယ်လို့ဆိုတယ်.. ။
တစ်နည်းအားဖြင့်.. ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်တိုင်သက်သေပြမလား၊
အခြားသူတွေရဲ့ ပါးစပ်မှာ လမ်းဆုံးမလားဆိုတာကို တွေးတောဆင်ခြင်သင့်တယ်လို့
ဆိုလိုရင်းသာဖြစ်တယ်..။
အိပ်မက်ဆိုးမှ နိုးထနိုင်ကြပါစေ..
(ဖြိုးသုတ)
P.S ဒီပုံပြင်လေးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးလိုက်ပါတယ်..။ လွတ်လပ်စွာ share နိုင်ကြပါတယ်..။ အားလုံးပျော်ရွှင်ကြပါစေဗျာ
++++++++++++++++++++
တစ်ခါက...အင်မတန် သန်မာပြီး အပြေးမြန်တဲ့ "လျှပ်စီး" အမည်ရတဲ့ မြင်းကောင်းတစ်စီးရှိပါသတဲ့
တစ်နေ့မှာတော့ လျှပ်စီးဟာ..အိပ်မက်တစ်ခုမက
လျှပ်စီးဟာ အဲဒီနေ့ကစပြီး သူ့ခြေထောက်ကျိုးမှာကိုစိုး
အဲဒါကြောင့်လည်းသူဟာ ဘယ်တော့မှမပြေးဘူးလို့ ဆုံးဖြတ်ခဲ့တယ်..။
နောက်တစ်နေ့မှာ..မြင်းထိန်း
မြင်းထိန်းဟာ.. လျှပ်စီးရဲ့အဖြစ်ကို.. တိရစ္ဆာန်လေ့ကျင့်ထိန်းကျောင
"လျှပ်စီးကို.. အခြားမြင်း ဆယ်ကောင်လောက်နဲ့ အတူတူ အပြေးပြိုင်ခိုင်းရမယ်..။ အမှတ်စဉ် ရေတွက်ပြီး.. တာလွှတ်တာနဲ့. .အခြားမြင်းတွေကို.. ကြာပွတ်နဲ့ရိုက်ပြီးပြေးခို
မြင်းထိန်းဟာ.. တိရစ္ဆာန်ဆရာရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လံပြုလုပ်တယ်.. အခြားသော မြင်းဆယ်ကောင်နဲ့အတူ.. အပြေးပြိုင်စေခဲ့တယ်..။ တာလွှတ်ပြီဆိုတာနဲ့ အခြားသောမြင်းတွေဟာ.. တရစပ် ဒုန်းစိုင်းပြီးပြေးကြတယ်..
ဒီပုံပြင်လေးက.. ကျနော်တို့ကိုပြောပြထားတာတေ
တကယ်တော့ လူတိုင်းလူတိုင်းဟာ မတူညီတဲ့ အရည်အသွေး တွေရှိနေကြမှာပဲဖြစ်တယ်..။ ကိုယ်ဟာ ဘယ်လိုအရာတွေမှာ ထူးချွန်လည်း ဘယ်နေရာတွေမှာအားနည်းလည်းဆိ
ကျနော်တို့တွေဟာ အခြားသော မြင်းတွေနဲ့ အပြေးပြိုင်သလို.. competitive ဖြစ်လွန်းတဲ့၊ အများနဲ့ပြိုင်ဆိုင်ရတဲ့ လောကကြီးမှာ ပြိုင်ဆိုင်နေကြရတယ်..။ အဲဒီလို ရုန်းကန်ပြိုင်ဆိုင်နေရင်းက
Control Your Own Destiny or Someone Else Will.
ဆိုတဲ့စကားလို ကိုယ့်ဘ၀၊ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်မောင်း
အိပ်မက်ဆိုးမှ နိုးထနိုင်ကြပါစေ..
(ဖြိုးသုတ)
P.S ဒီပုံပြင်လေးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးလိုက်ပါတယ်..။ လွတ်လပ်စွာ share နိုင်ကြပါတယ်..။ အားလုံးပျော်ရွှင်ကြပါစေဗျာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။