“ပင်လယ်ထဲသို့ စီးဝင်ခြင်း”
“ဟေ့…ဖြူလုံး။ နင်က ဘယ်ပျောက်နေတာတုန်း။ ငါ့ဖြင့် လိုက်ရှာလိုက်ရတာ။ မောလိုက်တာဟ။ နင့်ကျောင်းကို တကူးတက လာလည်တဲ့ ငါ့ကို မုန့်လိုက်ကျွေးဦး။”
ကြည့်…လုပ်ပြီ။ လူကိုများ သူငယ်ချင်းတွေရှေ့မှာ ဖြူလုံးတဲ့။ နာမည်ကို ဖျက်ပစ်တယ်။ ဖြူလုံးဆိုတဲ့ နာမည်ကိုလည်း သူပဲ စပြီးခေါ်တာ။ ကိုယ့်ပုံစံက ဖြူဖြူ၀၀နဲ့ လုံးလုံးလေးမို့တဲ့လေ။ သူလုပ်မှ ဆေးကျောင်းက သူငယ်ချင်းတွေ အားလုံးက ကိုယ့်ရဲ့ နာမည်ပြောင်ကို သိကုန်ပြီ။ အဲဒါကြောင့်မို့ ကြည့်မရတာ။ အမြင်ကတ်လို့ အော်ထုတ်၊ ငေါက်ထုတ်လည်း ခဏပဲ။ သိပ်မကြာဘူး။ ပြန်ရောက်လာတာပဲ။ အဲဒီလို လူကို လေးလေးနက်နက်မထားလို့ ကြည့်မရတာလည်းပါတယ်။ ငယ်ငယ်ကတည်းက ခင်လာတဲ့ သံယောဇဉ်ကြောင့်သာ အကြာကြီး စိတ်မဆိုးဖြစ်တာ။ တစ်ခါလောက်တော့ မှတ်လောက်သားလောက်အောင် ပညာပေး လိုက်ဦးမယ်။ အဲဒီတော့မှသာ ကိုယ့်ကို နောက်တစ်ခါဆို အပြောင်အပျက် သဘောမထားရဲဘဲ အလေးအနက်ထားမှာ။ မဟုတ်လို့ ကတော့ ကိုယ်လည်း သူ့ပါးစပ်ထဲရောက်ရင် အရုပ်ကိုဖြစ်လို့။
မှတ်မိသေးတယ်။ ခုနှစ်တန်း နှစ်တုန်းကပေါ့။ ကိုယ်တို့ကျောင်းမှာ အာစရိယပူဇော်ပွဲ ကျင်းပတော့ အတန်းတစ်တန်းကို အကတစ်မျိုး တင်ဆက်ရမယ်ဖြစ်ရော။ အဲဒီမှာ သူက ဘာမပြော၊ ညာမပြောနဲ့ သူနဲ့ကိုယ်နဲ့ “မောင်ရွှေရိုးနဲ့ချစ်စပယ်”က မယ်ဆိုပြီး
အတန်းပိုင် ဆရာမကို ပြောလိုက်ပါလေရော။ ကိုယ်က အချိန်မီ
လှမ်းတားလိုက်ပေမယ့် ဆရာမကလည်း “လုပ်လိုက်ပါ သမီးရယ် အတန်းထဲမှာလည်း
မြန်မာအက,ကတတ်တာဆိုလို့ သမီးပဲ ရှိတာမို့ပါ”ဆိုတာနဲ့ ဆရာမကို အားနာတာမို့
ခေါင်းညှိတ်လိုက်ရတယ်။ သူက စပ်ဖြဲဖြဲနဲ့ “ဟဲ့…ဖြူလုံး…နင့်လို
ရုပ်ဆိုးဆိုးက ငါ့လို မော်ဒယ်လ်ဘွိုင်း ဖြစ်မယ့်သူ ကောင်လေးချောချောနဲ့
တွဲကခွင့်ရတာ ဘယ်လောက် ကံကောင်းသလဲ”ဆိုပြီး ကိုယ့်ကို စိတ်မဆိုး,ဆိုးအောင်
တမင်ကို လိုက်စနေသေးတယ်။ အတန်းထဲက သူငယ်ချင်းတွေကလည်း
ဝိုင်းပြီးအားပေးကြတာနဲ့ ကိုယ်လည်း သူနဲ့ တွဲကဖြစ်သွားတယ်။
ကိုယ့်မေမေက အနုပညာကျောင်းဆင်းတစ်ဦးလေ။ မေမေက မြန်မာအသံ၊ မြန်မာအကကို ကောင်းကောင်းပိုင်နိုင်တယ်။
သူ့ခေတ် သူ့အခါက ရေဒီယိုအစီအစဉ်တွေမှာ မြန်မာသံစဉ်တွေနဲ့ နာမည်တစ်ခု
အထိုက်အလျောက် ရရှိခဲ့သူပါ။ အမှတ်တရလည်းဖြစ်၊ ကျောင်းကိုလည်း ကူညီတဲ့အနေနဲ့
ကိုယ်နဲ့သူ တွဲကမယ့်အစီအစဉ်ကို မေမေကလည်း ၀မ်းပန်းတသာပဲ လက်ခံတယ်။
“မောင်ကျော်လင်းက ပျော်ပျော်နေတတ်တာပါ သမီးရယ်၊ သမီးကို ခင်လို့မင်လို့
စတာပါ”ဆိုပြီး သူ့ဘက်ကတောင် ရှေ့နေ လိုက်ပေး နေသေးတယ်။ ကိုယ်နဲ့သူ တွဲကမယ့်
အစီအစဉ်မှာ မေမေက ကိုယ်တို့နှစ်ယောက်ကို ဘယ်လိုကရမယ်၊ ဘယ်လို အမူအရာနဲ့
သရုပ်ဆောင်ရမယ်ဆိုပြီး သင်ပေးတယ်။ အစမ်းလေ့ကျင့်တုန်းကတော့ သူ့ဘက်က
အဆင်ပြေပြေပဲ။ မေမေ ပြောသလိုပဲ နားထောင်တယ်။ ပွဲနေ့မှာ တကယ်လည်း ကရော
ကိုဟိုဒင်းရယ်က သူ့ဗီဇကို ပြပါလေရော။
“စိတ်ကူးယဉ် အိပ်ရာထဲမှာ ဖိတ်စာလည်းပါ… ခုတင် ခြင်ထောင်စုံစွာ…သနပ်ခါး ကျောက်ပျဉ် သူ့အတွက် မကျန်ပါ… (စေတနာတွေပေါ့ဗျာ) ခိုးရာပဲလိုက်လိုက်…ကြိုက်သ လိုပဲပြုပြု…ခုကစလို့ မင်းသမီးအမေကို ယောက္ခမတော်ချင်တာ ကျွန်တော် ပါဗျာ့…”
အဲဒီ သီချင်းစာသား အပိုဒ်လဲရောက်ရော မေမေသင်ပေးထားတဲ့အတိုင်း မကတော့ဘဲ ကိုယ့်လက်ကိုဆွဲပြီး စင်ပေါ်ပတ်ပြေး ပါလေရော။ တော်ရုံနဲ့လည်းမလွှတ်ဘူး။ ပရိတ်သတ်ကလည်း တ၀ါးဝါး၊ တဟားဟားနဲ့။ ကိုယ်လည်း စိတ်ဆိုးဆိုးနဲ့ မျက်နှာကို မိုင်ကုန်အောင် စူပုပ်ထားပစ်လိုက်တယ်။ သူကတော့ သူ့စတိုင်အတိုင်း စပ်ဖြဲဖြဲပဲလေ။ ကိုယ့်ကိုဆို သူ့အတွက် ကစားစရာ အရုပ်တစ်ခုလို့ပဲ သတ်မှတ်ထားလေရော့သလား။ ကိုယ့်မျက်နှာကြီး စူပုပ်ထားလွန်းလို့ မေမေ့အဆူတောင် ခံလိုက်ရသေးတယ်။
“ညည်းကလည်းအေ…ဖြစ်နေလိုက်တာ ။ အပျော်ကကြတာပဲ။ တကယ်အတည်မှ မဟုတ်တာ။ နည်းနည်းပါးပါး ပြုံးပြုံးရွှင်ရွှင် နေပါဦး။”
မေမေက ကိုယ့်ကိုဆူမှ သူကပိုတောင် ကဲလာသေးတယ်။ “တွေ့လား…နင့်ဘက်က ဘယ်သူမှ မရှိဘူးဆိုတဲ့ ပုံစံနဲ့” ကိုယ့်ကို ပြုံးစိစိ လာကြည့်တာလောက် အမြင်ကတ်စရာကောင်းတာ မရှိဘူး။ ကျောင်းကပွဲပြီးတဲ့ နောက်ပိုင်းကတည်းက ကိုယ်ကတော့ သူ့ကို အတတ်နိုင်ဆုံး ခပ်တည်တည်ပဲ ဆက်ဆံတော့တယ်။ ဘာလို့လဲဆိုတော့ ကလေးအရွယ်ဆိုပေမယ့်လည်း သူများပြောစရာ ဖြစ်လာရင် မကောင်းဘူးလေ။ ဒါကြောင့် ကိုယ့်ဘက်ကတော့ အနေအထိုင်ကို အတတ်နိုင်ဆုံး ဆင်ခြင်တော့တယ်။ အတန်းဖော် သူငယ်ချင်းတွေ စကြ၊နောက်ပြောင်ကြမှာ စိုးရိမ်တာလည်း ပါတာပေါ့။
ဆယ်တန်းအောင်တော့ သူက သူ့ဝါသနာအတိုင်း ပညာရေးဘက် မလိုက်စားတော့ဘူး။ ဥာဏ်ကောင်းပြီးသားမို့ သိပ်မကြိုးစားလိုက်ရဘဲ ကိုယ့်လိုပဲ ဂုဏ်ထူးတွေအများကြီးနဲ့ အောင်တယ်။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကောင်းကောင်း တစ်ခုကိုတက်ဖို့ အမှတ်မီလျက်နဲ့ မတက်တော့ဘဲ မော်ဒယ်လ်သင်တန်းတွေပဲ တက်နေတော့တယ်။ ဟိုပြိုင်ပွဲဝင်လိုက်၊ ဒီပြိုင်ပွဲဝင်လိုက်နဲ့ပေါ့ ။
သူဝင်ပြိုင်တဲ့ မော်ဒယ်လ် ပြိုင်ပွဲတွေအကြောင်း၊ သူရတဲ့ဆုတွေ
အကြောင်းတွေကို မကြာခဏ လာလာပြောပြနေတော့ သူနဲ့ကိုယ်နဲ့ အဆက်သွယ်တော့
အရမ်းကြီး မပြတ်ဘူးဆိုပါတော့။ ဒီလိုနဲ့ ကိုယ်ဆေးတက္ကသိုလ်
ပြီးခါးနီးလောက်မှာတော့ သူ့ရဲ့ ကံဇာတာတက်လာပြီးပဲ ပြောရမယ်ထင်တယ်။
မော်ဒယ်လ် လောကမှာ နာမည်တစ်လုံးရပြီး ထင်ထင်ရှားရှားဖြစ်လာတယ်။
ကိုယ်ဆေးကျောင်းတက်စဉ် ကာလတစ်လျှောက်မှာလည်း အမြဲလိုလို ကိုယ့်ဆီလာပြီး
သူတို့အနုပညာ လောကသားတွေအကြောင်း၊ သူ့နားလိုက်ကပ်တဲ့
ကောင်မလေးတွေအကြောင်းကို လာလာပြောပြတတ်သေးတယ်။
“ဟဲ့…ငကျော်…နင်…နောက်တစ်ယောက် ပြောင်းသွားပြန်ပြီပေါ့လေ။ ဟုတ်လား။ ဒါကြောင့် ငါ့ဘက်ကိုတောင် ခြေဦးလှည့်ဖို့ မေ့နေပြီ မဟုတ်လား။”
တစ်နေ့ သူနဲ့ လမ်းမှာတွေ့တယ်။ သူ့ဘေးမှာ ကောင်မလေးတစ်ယောက်နဲ့။ ပြောင်းသွားပြန်ပြီ နောက်တစ်ယောက်။ ကောင်မလေးက ကိုရီးယားမင်းသမီးလို ပုံစံမျိုးလေး။ အမိုက်စားလေးပေါ့။ သူတွဲတွဲလာတဲ့ ကောင်မလေးတွေက အမိုက်စားလေးတွေ များပါတယ်။ သူလည်း ချောတာပဲ။ ကိုယ်နဲ့တွေ့ရင် အပြောင်အပျက် နေလို့သာ ကိုယ်က ကြည့်မရ ဖြစ်နေတာ။ သိပ်မကြာခင်ကမှ တွဲလာတဲ့ တစ်ယောက်တုန်းကလည်း မော်ဒယ်လ်လို့ ပြောတာပဲ။ အခုကောင်မလေး ထက်တောင် ချောသေးတယ်။ သူကတော့ သူ့ပုံစံအတိုင်း ဘာကိုမှ အလေးအနက်မထားတဲ့ စတိုင်ပေါ့။ ကောင်မလေးကတော့ မဏ္ဍပ်တိုင် တက်ပြချင်နေပုံရတယ်။ ဒါပေမယ့် သူက ကိုယ့်ကို သူ့ရည်းစားလို့လည်း မိတ်မဆက်ပေးဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ စကားလမ်းကြောင်း လွှဲပစ်လိုက်တယ်။
“ဖြူလုံး… နင်ဘာလို့ ငါမွေးနေ့ကို မလာတာတုန်း။ ကျန်တဲ့သူတွေ မလာတာထက် နင်မလာတာကို ငါ ပိုစိတ်မကောင်း ဖြစ်မိတယ်။”
ကြည့်ပါလား။ သူနဲ့ကိုယ်နဲ့ ဟိုလိုလို၊ ဒီလိုလို ဖြစ်နေသလိုမျိုးကြီး။ တကယ်ဆို သူ့ရည်စားရှေ့မှာ ဒီလိုစကားမျိုး ပြောသင့်လား။ ကောင်မလေးရဲ့ မျက်နှာက ချက်ချင်းပဲ တင်းခနဲ ဖြစ်သွားတယ်။ သူကတော့ အေးဆေးပဲ။ ဘာမှမဖြစ်တဲ့ ပုံစံမျိုးနဲ့။ မကြိုက်ပါဘူး။ အဲဒီလိုလုပ်တဲ့ အကျင့်ကိုတော့။ ချစ်သူ မိန်းကလေးကို အဲဒီလိုလုပ်တဲ့ ယောင်္ကျားမျိုးကိုတော့ ကိုယ့်အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ကိုယ်သာဆို မျက်နှာတင်းရုံတင် မဟုတ်ဘူး။ ပါးကိုတောင် ရှစ်စိတ်ကွဲအောင် ချမိမလား မသိဘူး။ တကယ့်ကို တမင်ခံရခက်အောင် လုပ်နေသလိုမျိုးကြီး။ အမြင်ကတ်စရာ ကောင်းလိုက်တာ။
“ဖြူလုံးရ…သူတို့က ငါ့ကို တကယ်ချစ်တာ မဟုတ်ဘူးဟ။ ငါ့ရဲ့ ရုပ်ရည်၊ ကျော်ကြားမှုနဲ့ ငွေကိုကြည့်ပြီး ချစ်ကြတာ။ ငါ အရင်က တွဲခဲ့တဲ့ ကောင်မလေးတွေကရော ငါနဲ့ လမ်းခွဲသွားလို့ ၀မ်းနည်းနေကြမယ်လို့ နင် ထင်နေသလား။ တစ်ပတ်တောင် မပြည့်ဘူး။ နောက်ထပ် ရေခပ်လျှံလျှံ ကောင်လေးတွေနဲ့ ထပ်တွဲတာပဲ။ ဒီတစ်ယောက်နဲ့ အဆင်မပြေလည်း အေးဆေးပဲ။ နောက်တစ်ယောက် ပြောင်းသွားကြတာပဲ။ လူရှေ့သူရှေ့မို့ ဟန်ဆောင်ပန်ဆောင် စိတ်ကောက် ပြနေကြတာ။ နင်က ကျောင်းနဲ့စာ၊ စာနဲ့ဆေးရုံမို့ ခေတ်နောက်ကျပြီး လက်မခံနိုင် ဖြစ်နေတာ။ လောကကြီးနဲ့ သိပ်အဆက်မပြတ်နဲ့ ဒေါက်တာမကြီးရေ။ တော်ကြာနေ ဘိုးဘွား ရိပ်သာကို လိုက်ပို့မယ့် အဖော်တောင် အနားမရှိဖြစ်နေဦးမယ်။ ရည်းစားလေး ဘာလေးထားဖို့ စိတ်ကူးတော့။”
လူကိုများ ကြိုက်မယ့်သူ မရှိဘူးများ မှတ်နေလား မသိဘူး။ ပြောပုံကြီးကိုက မုန်းစရာ ကောင်းလိုက်တာ။ သူပြောချင်ရာတွေ ပြောပြီး ထွက်သွားတယ်။ ကိုယ့်ဖို့ဆိုပြီး မုန့်တွေကိုလည်း ကိုယ့်လက်ထဲ အတင်းထိုးထည့်ပြီး ထွက်သွားလေရဲ့။ ကိုယ်နဲ့ ပါလာတဲ့ သူငယ်ချင်းတွေကတောင် သူနဲ့ကိုယ်နဲ့ကို တစ်မျိုးတစ်မည်ထင်နေကြပြီ။ ကိုယ့်ကျောင်းကို လာလွန်းလို့လေ။ ကိုယ့်ဆီ လာတိုင်းလည်း သူ့ဘေးက ကောင်မလေးတွေက အမြဲပြောင်းတယ်။ ဘယ်တော့များမှ တစ်ဦးတစ်ယောက်ကို အတည်တကျ တွဲမလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကိုလည်း မိန်းကလေးတစ်ယောက်ယောက်နဲ့ အတည်တကျ ဖြစ်စေချင်တယ်။ သူပြော သလိုမျိုးလည်း ဖြစ်နိုင်တာပဲလေ။ ဝေးဝေးမကြည့်နဲ့။ ကိုယ်နဲ့ဆေးကျောင်း တစ်ကျောင်းတည်း အတူတက်နေတဲ့ “ကလျာ”ကို ပဲကြည့်။ တော်ကြာနေ စီးပွားရေးသမားနဲ့တွဲလိုက်။ သိပ်မကြားခင်မှာပဲ ဗိုလ်ကြီးနဲ့တွဲလိုက်။
“ဟေ့…ဖြူလုံး…နင် အချိန်ရလား။ ငါ စကားနည်းနည်း ပြောချင်လို့ဟ။”
အိပ်တော့မယ် ပြင်ခါနီးမှ သူ့ဆီက ဖုန်းက ၀င်လာတယ်။ ဒီလိုပါပဲ။ သူ့ဆီက ဖုန်းလာရင်တော့ အမြဲတမ်းလို အလောတကြီးပဲ။ အဟုတ်မှတ်လို့ နားထောင်ရင်တော့ ရွှတ်နောက်နောက်တွေပြောကာ သူကပဲ “ငါမအားတော့ဘူး”လို့ ဦးအောင်ပြောပြီး ဖုန်းချသွားပြန်ရော။ စိတ်ဆိုးရအခက်။ ဒေါသထွက်ရအခက်။ နောက်နေ့ ပြန်ဆက်ရင်တော့ ဘာမှမသိသလို ပုံစံမျိုးပဲ။ ကိုယ့်ဘက်ကသာ ဒေါသတွေ အလိပ်လိုက် ထွက်ရတာ။ တစ်ခါတစ်ခါလည်း အူကြောင်ကြောင် မေးခွန်းတွေကို ဖုန်းဆက်မေးပြီး အဖြေရှာခိုင်သေးတယ်။ ကိုယ်စိတ်ဆိုးလို့ အော်ထည့်လိုက်ပြီဆိုရင်တော့ “နင်ပျင်းနေမှာ စိုးလို့ဟ”ဆိုပြီး ဖုန်းချသွားလေရော။ ကိုယ် ဘာပြောပြော စိတ်တော့ မဆိုးတတ်ဘူး။ အမြဲတမ်း ရယ်ကျဲကျဲပဲ။
“တကယ်တော့ ၀တ္ထုတွေထဲမှာ ရေးကြသလို မိန်းမအချို့ဟာ ပင်လယ်နဲ့တူတယ်ဆိုတာ ငါလက်ခံသွားပြီ။ ကျန်တာတော့ ငါမပြောတတ်ဘူး။ အစွမ်းသတ္တိတစ်ခုခုနဲ့ ဆွဲငင်အားကောင်းတာတော့ ငါလက်ခံတယ်။ ငါကတော့ တကယ့်ဆွဲငင်အားကောင်းပြီး ပင်လယ်နဲ့တူတဲ့ မိန်းမတစ်ယောက်ရဲ့ ဆွဲငင်အားထဲ တစ်ချိန်ချိန်မှာ ပျော်ဝင်မိတော့မှာ သေချာတယ်။ နင်ရော ငါပြောတာကို လက်ခံလား။”
သြော်…ခက်ပါဘိ။ အိပ်ချင်နေပါပြီဆို ဘာတွေလာမေးနေမှန်း မသိဘူး။ ပင်လယ်တွေရော။ ဆွဲငင်အားတွေရော။ ပျော်ဝင်တာ တွေရော။ လူက ပင်ပန်းရတဲ့ အထဲ။ သူ့ရဲ့ အူကြောင်ကြောင် မေးခွန်းကိုတောင် အဖြေထုတ်ပေး ရမယ့်ပုံစံမျိုး။ တစ်နေ့ခင်းလုံး ဆေးခန်းမှာ လူနာတွေနဲ့ နပမ်းလုံးနေရလို့ ပင်ပန်းလိုက်တာ သေတော့မယ်။ ထမင်းတောင် မစားချင်တော့လို့ ခေါက်ဆွဲပြုတ်ပဲ စားပြီး အိမ်ရာထဲ လှဲနေတာ။ သူက ဖုန်းဆက်ပြီး နှောင့်ယှက်နေသေးတယ်။ စိတ်ရှိလက်ရှိသာ ဆွဲအော်ပစ်လိုက်ရရင် တစ်ရပ်ကွက်လုံးတောင် လိပ်ပြာလွင့်ပြီး ထွက်ပြေးကုန်မလား မသိဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်နားနေချိန်မှာ အေးအေးဆေးဆေးပဲ နေချင်တယ်။ စကားတွေပြောရမှာ စိုးလို့တောင် အိမ်ရောက်ကတည်းက ကိုယ်လက်သန့်စင်ပြီးတာနဲ့ အိပ်ခန်းထဲ တန်းဝင်တော့တာ။ သူ့ဖုန်းမို့သာ လက်ခံပြီး စကားပြောနေမိတာ။ ကိုယ်ကလည်း ဘာဖြစ်နေလည်း မသိဘူး။ သူ့ဖုန်းဆို စိတ်ကသာ ဆိုးတာ။ မကိုင်ဘဲနဲ့လည်း မနေနိုင်ပြန်ဘူး။ ကိုယ့်စိတ်ကိုတောင် ကိုယ်တိုင်နားမလည်နိုင်တော့ ဘူး။
“ဖြူလုံးရေ…ငါ ရုပ်ရှင်ကားကြီး ရိုက်ရပြီးဟ။ မနက်ဖြန် ဇာတ်ကားကန်တော့ပွဲ ရှိတယ်။ နင့်ကို လာကြိုမယ်။”
သူ့ဆီက တကယ့်ကို ပျော်ရွှင်နေတဲ့ အသံ။ ဖုန်းထဲမှာတောင် ဒီလောက် အူမြူးနေတာ။ အပြင်မှာသာဆို ဘယ်လောက်တောင် ဂနာမငြိမ် ဖြစ်နေလဲ မသိဘူး။ ကိုယ်လည်း တကယ်ဝမ်းသာပါတယ်။ ကိုယ့်ငယ်သူချင်းတစ်ယောက်ရဲ့ 
အောင်မြင်မှုအတွက် ဂုဏ်လည်းယူမိတယ်။ သူနဲ့ ပြဿနာတက်တာလည်း တက်တာပါပဲ။
ဖြစ်ပြီးလည်း ခဏပါပဲ။ ပြီးရင် နှစ်ယောက်စလုံး မခေါ်ဘဲ မနေနိုင်ကြပြန်ဘူး။
သူကပဲ အမြဲလိုလို စခေါ်တာများပါတယ်။ တကယ်တမ်း ပြောရရင် ကိုယ့်မှာလည်း
သူ့လောက် ရင်းနှီးတဲ့ သူငယ်ချင်း မရှိဘူး။ သူ့မှာလည်း ကိုယ့်ထက်ပိုပြီး
ရင်းနှီးတဲ့သူ မရှိဘူးလို့ အမြဲတမ်း ပြောပြတတ်တယ်။ ဘ၀မှာ ယုံကြည်ရတဲ့
သူငယ်ချင်းဆိုလို့ ကိုယ့်အတွက်တော့ သူပဲရှိတယ်။ သူ့အတွက်လည်း ကိုယ်ပဲလို့
ထင်တာပါပဲ။
“ဒါလေ…ကျွန်တော့် သူငယ်ချင်း ဒေါက်တာဖြူလုံး။ အဲ…ဟုတ်ပါဘူး ဒေါက်တာနှင်းပွင့်ဖြူ။ ဖြူဖြူလုံးလုံးလေးနဲ့ ချစ်စရာ ကောင်းတယ် မဟုတ်လား။ ကြိုက်မယ့်သူလည်း မရှိသေးတာနဲ့ ဒီပွဲမှာ ကံပါရင် အစွံထုတ်နိုင်အောင်လို့ ခေါ်လာလိုက်တာ။ လိုချင်တဲ့သူရှိရင် လက်ညှိုးထောင်ဟေ့။”
ကဲ…ကိုယ်က ဘယ်လောက်ပဲ သူ့အပေါ် အလေးအနက်ထားထား သူကတော့ ကိုယ့်ကိုဆို အရုပ်တစ်ရုပ်လိုပဲ ဆက်ဆံတယ်။ မနာတတ်၊ မကြင်တတ်၊ စိတ်မဆိုးတတ်တဲ့ အတိုင်းပဲ။ အထူးသဖြင့် လူရှေ့သူရှေ့မှာ ကိုယ့်ကို အတည်အတန့် ဆက်ဆံစေချင် တယ်။ လူကိုများ ရည်းစားလိုချင်လို့ သူ့ပွဲကိုပဲ လိုက်လာသလိုလို၊ ဘာလိုလို။ အမြင်ကတ်လိုက်တာ။ ဒေါသကို အချောင်းလိုက် ထွက်ရတယ်။ သူ့ပွဲကိုတက်လာတဲ့ မော်ဒယ်လ်ကောင်လေးတွေက ၀ါးခနဲရယ်ပြီး ကိုယ့်ကိုဝိုင်းစကြပါလေရော။ စိတ်တိုလွန်းလို့ သူ့ခြေထောက်ကို သိသိသာသာပဲ ဆောင့်နင်းထည့်ပေးလိုက်တယ်။
ကိုယ်စီးလာတဲ့ ဒေါက်ဖိနပ်ကြောင့် နာသွားပုံရတယ်။ တော်တော်လေး
ဟန်ချက်ပျက်သွားတယ်။ သူတို့လောကအတွက် ဒီလိုနေကြထိုင်ကြတာ အမြင်မဆန်းပေမယ့်
ကိုယ့်အတွက် တော့အဆင်မပြေဘူး။ အတည့်အတံ့မနေဘဲ အပြောင်အပျက်ဆိုတာ နေရာတိုင်း
ကောင်းတာမဟုတ်ဘူးလေ။ ချက်ချက်ပဲ ထပြန်လာခဲ့တယ်။
ညလည်းရောက်ရော သူ့ဆီက ကိုယ့်ကို ဖုန်းဆက်တိုက်ခေါ်တော့တာပဲ။ ကိုယ်လည်း စိတ်ဆိုးလွန်းတာမို့ သူ့ဖုန်းဆို လုံးဝကို မကိုင်ဘဲ နေလိုက်တယ်။ တစ်ပတ်လောက် ကြာတဲ့အထိ သူ့ဆီက အဆက်မပြတ်ခေါ်တယ်။ ကိုယ်လည်း လုံးဝ မကိုင်ဘူး။ ဆယ်ရက်လောက်ကြာတော့ မေမေ့ကို ဖုန်းဆက်ပြီး ကိုယ်က သူ့ဖုန်းကို မကိုင်တဲ့အကြောင်းတွေ လှမ်းပြောတယ်။ ပြီးတော့ မေမေကနေတစ်ဆင့် တောင်းပန်တယ်။ ဒီတစ်ခါတော့ ကိုယ်တကယ် စိတ်ဆိုးသွားပြီမှန်းသိလို့ သူလည်းကိုယ့်ဆီ ထပ်မဆက်ရဲ တော့ဘူး။ မေမေက သူဖုန်းဆက်တဲ့အကြောင်း ကိုယ့်ဆီကို တစ်ဆင့်ပြောပြတယ်။ သူ့ဆီက တောင်းပန်တဲ့စကားတွေရောပေါ့ ။ ပြီးတော့ ကိုယ့်ကို ငယ်သူငယ်ချင်းမို့ စိတ်ဆိုးပြေဖို့အကြောင်းလည်း
ဖြောင်းဖျပေးတယ်။ မေမေကိုယ်တိုင်လည်း ကြားဝင်ပြီး တောင်းပန်တာမို့
ကိုယ်လည်း အထိုက်အလျောက်တော့ စိတ်ပြေသွားပါပြီ။ ဒါကြောင့်
အပြုံးသင်္ကေတလေးကို ဖုန်းမက်ဆေ့ခ်ျအဖြစ် ပြန်ပို့ပေးလိုက်မိတယ်။
“တီ…တီ…တီ….”
ဒီအချိန်ကြီးမှ ကားဟွန်းတီးသံကို ကိုယ့်ဆေးခန်းရှေ့က ကြားလိုက်ရတယ်။ သူနာပြုဆရာမလေးက ဘတ်စ်ကားစီးရမှာမို့ အရင်ပြန်နှင့်တော့ ဆေးခန်းမှာ ကိုယ်တစ်ယောက်တည်းမို့ နည်းနည်းတောင် လန့်မိသလိုပဲ။ ကိုယ့်ဆေးခန်းမှာ ကိုယ့်ကားခလွဲရင် ဘယ်သူ့ကားမှ မရှိတော့ပါဘူး။ ကိုယ်လည်း ဆေးခန်းပိတ်တော့မယ့် အချိန်ရောက်ပြီမို့ အလုပ်တွေတောင် လက်စသပ်နေပြီ။ လှမ်းကြည့်လိုက်မိတော့ ဘယ်သူရှိရမလဲ။ ကိုဟိုဒင်းပေါ့။ ရင်ဘတ်ကိုဖိပြီး ဆေးခန်းထဲ ဇွတ်ဝင်လာတယ်။ မျက်နှာကလည်း ရှုံ့မဲ့နေတာပဲ။
“ဒေါက်တာရယ်…ကယ်ပါဦးဗျာ…ရင်ဘတ်အောင့်တာ မခံစားနိုင်တော့လို့ပါ။”
“သေလိုက်ပါလား။ ငါ ဆေးခန်းပိတ်နေပြီ။”
“တကယ်ပြောတာပါ ဒေါက်တာရယ်။ တကယ် မခံစားနိုင်တော့လို့ပါ။”
ကိုယ့်ကိုလည်း ဖြူလုံးလို့ မခေါ်ရဲတော့ဘူး။ မျက်နှာသေလေးနဲ့ ပြောတာမို့ အဟုတ်များ ဖြစ်နေရောလား။ ကိုယ်လည်း စိတ်ပူမိ သွားတယ်။ သူတစ်ခါမှ အခုလိုမျိုးတွေ မဖြစ်ဖူးဘူးလေ။
“ဟဲ့…နင်…တကယ်ပြောတာဆို အထူးကုဆီ ငါ မောင်းပို့ပေးမယ်။”
“ဟင်အင်း…ဘယ်သူမှ ကုလို့မရဘူး။ ဒေါက်တာပဲ ကုမှရမှာ။”
ပြောပြောဆိုဆိုနဲ့ လူနာခုတင်ပေါ် သူ့ဟာသူပဲ အတင်းတက်သွားတယ်။ ပြီးတော့ မီးခလုတ်ကို ဆွဲပိတ်ပစ်လိုက်တယ်။ ကိုယ့်လက်တွေကို ဆွဲယူလိုက်ပြီး သူ့ရင်ဘတ်ပေါ်ကို စမ်းခိုင်းတယ်။ ပြီးတော့ သူ့ရင်ခွင်ထဲကို ကိုယ့်ကိုဆွဲပွေ့ထားပြီး တိုးတိုးလေး ပြောလိုက်ပေမယ့် ကိုယ့်နားထဲ အကျယ်ကြီး ကြားလိုက်ရသလိုပါပဲ။
“တကယ်တော့ နင်ဟာ ငါ့အတွက်တော့ ဆွဲငင်အားကောင်းတဲ့ ပင်လယ်တစ်စင်းပါပဲ။ ဘာတွေညာတွေ မပြောတတ်ပေမယ့် နင့်ရဲ့ ဖြူစင်တဲ့စိတ်နဲ့ သန့်စင်တဲ့ ကိုယ်ကျင့်တရားက ငါ့နှလုံးသားကို ဆွဲငင်ထားနိုင်တယ်ဟ။ နင့်ရဲ့ပင်လယ်ထဲက ငါ ဘယ်လိုမှ ရုန်းမထွက် နိုင်တော့ဘူး။ ငါ…နင့်ကို… သိပ်ချစ်တယ်။”
သူ့ရဲ့ နှလုံးခုန်သံတွေကို အတိုင်းသား ကြားနေရသလိုပဲ။ သူ့ရဲ့ ခန္ဓာကိုယ်နွေးနွေးလေးမှာ ငြင်းဆန်ဖို့ မကြိုးစားမိဘဲ အလိုက်သင့် စီးဝင်နေမိတဲ့ ကိုယ့်နှလုံးသားကိုလည်း ကိုယ်တိုင်အံ့သြနေမိတယ်။ သူပြောသလိုပဲ ကိုယ်ဟာ သူ့ရဲ့ ပင်လယ်ဖြစ်နေပြီလား။ သူ့နှလုံးသားကို ဆွဲငင်အား ကောင်းကောင်းနဲ့ ဆွဲငင်ထားနိုင်ပြီလား။ တဒင်္ဂအချိန်တွင်းမှာ ကိုယ်တိုင်တောင် ဝေခွဲမရဖြစ်နေမိတယ်။ အပြင်မှာတော့ အတော်မှောင်နေပြီလေ။ ဆေးခန်းကျဉ်းကျဉ်း ကလေးထဲက နှလုံးသားနှစ်ခုကတော့ စည်းချက်ကျကျ ခုန်နေလေရဲ့။ ဆေးခန်းရဲ့ နံရံတွေကို ရိုက်ခတ်ပြီး ပေါက်ထွက်သွားမတတ်အောင်ပါပဲ ။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
သြဂုတ်လ၊ အပျိုစင်မဂ္ဂဇင်း၊ ၂၀၁၄။
“ဟေ့…ဖြူလုံး။ နင်က ဘယ်ပျောက်နေတာတုန်း။ ငါ့ဖြင့် လိုက်ရှာလိုက်ရတာ။ မောလိုက်တာဟ။ နင့်ကျောင်းကို တကူးတက လာလည်တဲ့ ငါ့ကို မုန့်လိုက်ကျွေးဦး။”
ကြည့်…လုပ်ပြီ။ လူကိုများ သူငယ်ချင်းတွေရှေ့မှာ ဖြူလုံးတဲ့။ နာမည်ကို ဖျက်ပစ်တယ်။ ဖြူလုံးဆိုတဲ့ နာမည်ကိုလည်း သူပဲ စပြီးခေါ်တာ။ ကိုယ့်ပုံစံက ဖြူဖြူ၀၀နဲ့ လုံးလုံးလေးမို့တဲ့လေ။ သူလုပ်မှ ဆေးကျောင်းက သူငယ်ချင်းတွေ အားလုံးက ကိုယ့်ရဲ့ နာမည်ပြောင်ကို သိကုန်ပြီ။ အဲဒါကြောင့်မို့ ကြည့်မရတာ။ အမြင်ကတ်လို့ အော်ထုတ်၊ ငေါက်ထုတ်လည်း ခဏပဲ။ သိပ်မကြာဘူး။ ပြန်ရောက်လာတာပဲ။ အဲဒီလို လူကို လေးလေးနက်နက်မထားလို့ ကြည့်မရတာလည်းပါတယ်။ ငယ်ငယ်ကတည်းက ခင်လာတဲ့ သံယောဇဉ်ကြောင့်သာ အကြာကြီး စိတ်မဆိုးဖြစ်တာ။ တစ်ခါလောက်တော့ မှတ်လောက်သားလောက်အောင် ပညာပေး လိုက်ဦးမယ်။ အဲဒီတော့မှသာ ကိုယ့်ကို နောက်တစ်ခါဆို အပြောင်အပျက် သဘောမထားရဲဘဲ အလေးအနက်ထားမှာ။ မဟုတ်လို့ ကတော့ ကိုယ်လည်း သူ့ပါးစပ်ထဲရောက်ရင် အရုပ်ကိုဖြစ်လို့။
မှတ်မိသေးတယ်။ ခုနှစ်တန်း နှစ်တုန်းကပေါ့။ ကိုယ်တို့ကျောင်းမှာ အာစရိယပူဇော်ပွဲ ကျင်းပတော့ အတန်းတစ်တန်းကို အကတစ်မျိုး တင်ဆက်ရမယ်ဖြစ်ရော။ အဲဒီမှာ သူက ဘာမပြော၊ ညာမပြောနဲ့ သူနဲ့ကိုယ်နဲ့ “မောင်ရွှေရိုးနဲ့ချစ်စပယ်”က
ကိုယ့်မေမေက အနုပညာကျောင်းဆင်းတစ်ဦးလေ။
“စိတ်ကူးယဉ် အိပ်ရာထဲမှာ ဖိတ်စာလည်းပါ… ခုတင် ခြင်ထောင်စုံစွာ…သနပ်ခါး ကျောက်ပျဉ် သူ့အတွက် မကျန်ပါ… (စေတနာတွေပေါ့ဗျာ) ခိုးရာပဲလိုက်လိုက်…ကြိုက်သ
အဲဒီ သီချင်းစာသား အပိုဒ်လဲရောက်ရော မေမေသင်ပေးထားတဲ့အတိုင်း မကတော့ဘဲ ကိုယ့်လက်ကိုဆွဲပြီး စင်ပေါ်ပတ်ပြေး ပါလေရော။ တော်ရုံနဲ့လည်းမလွှတ်ဘူး။ ပရိတ်သတ်ကလည်း တ၀ါးဝါး၊ တဟားဟားနဲ့။ ကိုယ်လည်း စိတ်ဆိုးဆိုးနဲ့ မျက်နှာကို မိုင်ကုန်အောင် စူပုပ်ထားပစ်လိုက်တယ်။ သူကတော့ သူ့စတိုင်အတိုင်း စပ်ဖြဲဖြဲပဲလေ။ ကိုယ့်ကိုဆို သူ့အတွက် ကစားစရာ အရုပ်တစ်ခုလို့ပဲ သတ်မှတ်ထားလေရော့သလား။ ကိုယ့်မျက်နှာကြီး စူပုပ်ထားလွန်းလို့ မေမေ့အဆူတောင် ခံလိုက်ရသေးတယ်။
“ညည်းကလည်းအေ…ဖြစ်နေလိုက်တာ
မေမေက ကိုယ့်ကိုဆူမှ သူကပိုတောင် ကဲလာသေးတယ်။ “တွေ့လား…နင့်ဘက်က ဘယ်သူမှ မရှိဘူးဆိုတဲ့ ပုံစံနဲ့” ကိုယ့်ကို ပြုံးစိစိ လာကြည့်တာလောက် အမြင်ကတ်စရာကောင်းတာ မရှိဘူး။ ကျောင်းကပွဲပြီးတဲ့ နောက်ပိုင်းကတည်းက ကိုယ်ကတော့ သူ့ကို အတတ်နိုင်ဆုံး ခပ်တည်တည်ပဲ ဆက်ဆံတော့တယ်။ ဘာလို့လဲဆိုတော့ ကလေးအရွယ်ဆိုပေမယ့်လည်း သူများပြောစရာ ဖြစ်လာရင် မကောင်းဘူးလေ။ ဒါကြောင့် ကိုယ့်ဘက်ကတော့ အနေအထိုင်ကို အတတ်နိုင်ဆုံး ဆင်ခြင်တော့တယ်။ အတန်းဖော် သူငယ်ချင်းတွေ စကြ၊နောက်ပြောင်ကြမှာ စိုးရိမ်တာလည်း ပါတာပေါ့။
ဆယ်တန်းအောင်တော့ သူက သူ့ဝါသနာအတိုင်း ပညာရေးဘက် မလိုက်စားတော့ဘူး။ ဥာဏ်ကောင်းပြီးသားမို့ သိပ်မကြိုးစားလိုက်ရဘဲ ကိုယ့်လိုပဲ ဂုဏ်ထူးတွေအများကြီးနဲ့ အောင်တယ်။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကောင်းကောင်း တစ်ခုကိုတက်ဖို့ အမှတ်မီလျက်နဲ့ မတက်တော့ဘဲ မော်ဒယ်လ်သင်တန်းတွေပဲ တက်နေတော့တယ်။ ဟိုပြိုင်ပွဲဝင်လိုက်၊ ဒီပြိုင်ပွဲဝင်လိုက်နဲ့ပေါ့
“ဟဲ့…ငကျော်…နင်…နောက်တစ်ယေ
တစ်နေ့ သူနဲ့ လမ်းမှာတွေ့တယ်။ သူ့ဘေးမှာ ကောင်မလေးတစ်ယောက်နဲ့။ ပြောင်းသွားပြန်ပြီ နောက်တစ်ယောက်။ ကောင်မလေးက ကိုရီးယားမင်းသမီးလို ပုံစံမျိုးလေး။ အမိုက်စားလေးပေါ့။ သူတွဲတွဲလာတဲ့ ကောင်မလေးတွေက အမိုက်စားလေးတွေ များပါတယ်။ သူလည်း ချောတာပဲ။ ကိုယ်နဲ့တွေ့ရင် အပြောင်အပျက် နေလို့သာ ကိုယ်က ကြည့်မရ ဖြစ်နေတာ။ သိပ်မကြာခင်ကမှ တွဲလာတဲ့ တစ်ယောက်တုန်းကလည်း မော်ဒယ်လ်လို့ ပြောတာပဲ။ အခုကောင်မလေး ထက်တောင် ချောသေးတယ်။ သူကတော့ သူ့ပုံစံအတိုင်း ဘာကိုမှ အလေးအနက်မထားတဲ့ စတိုင်ပေါ့။ ကောင်မလေးကတော့ မဏ္ဍပ်တိုင် တက်ပြချင်နေပုံရတယ်။ ဒါပေမယ့် သူက ကိုယ့်ကို သူ့ရည်းစားလို့လည်း မိတ်မဆက်ပေးဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ စကားလမ်းကြောင်း လွှဲပစ်လိုက်တယ်။
“ဖြူလုံး… နင်ဘာလို့ ငါမွေးနေ့ကို မလာတာတုန်း။ ကျန်တဲ့သူတွေ မလာတာထက် နင်မလာတာကို ငါ ပိုစိတ်မကောင်း ဖြစ်မိတယ်။”
ကြည့်ပါလား။ သူနဲ့ကိုယ်နဲ့ ဟိုလိုလို၊ ဒီလိုလို ဖြစ်နေသလိုမျိုးကြီး။ တကယ်ဆို သူ့ရည်စားရှေ့မှာ ဒီလိုစကားမျိုး ပြောသင့်လား။ ကောင်မလေးရဲ့ မျက်နှာက ချက်ချင်းပဲ တင်းခနဲ ဖြစ်သွားတယ်။ သူကတော့ အေးဆေးပဲ။ ဘာမှမဖြစ်တဲ့ ပုံစံမျိုးနဲ့။ မကြိုက်ပါဘူး။ အဲဒီလိုလုပ်တဲ့ အကျင့်ကိုတော့။ ချစ်သူ မိန်းကလေးကို အဲဒီလိုလုပ်တဲ့ ယောင်္ကျားမျိုးကိုတော့ ကိုယ့်အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ကိုယ်သာဆို မျက်နှာတင်းရုံတင် မဟုတ်ဘူး။ ပါးကိုတောင် ရှစ်စိတ်ကွဲအောင် ချမိမလား မသိဘူး။ တကယ့်ကို တမင်ခံရခက်အောင် လုပ်နေသလိုမျိုးကြီး။ အမြင်ကတ်စရာ ကောင်းလိုက်တာ။
“ဖြူလုံးရ…သူတို့က ငါ့ကို တကယ်ချစ်တာ မဟုတ်ဘူးဟ။ ငါ့ရဲ့ ရုပ်ရည်၊ ကျော်ကြားမှုနဲ့ ငွေကိုကြည့်ပြီး ချစ်ကြတာ။ ငါ အရင်က တွဲခဲ့တဲ့ ကောင်မလေးတွေကရော ငါနဲ့ လမ်းခွဲသွားလို့ ၀မ်းနည်းနေကြမယ်လို့ နင် ထင်နေသလား။ တစ်ပတ်တောင် မပြည့်ဘူး။ နောက်ထပ် ရေခပ်လျှံလျှံ ကောင်လေးတွေနဲ့ ထပ်တွဲတာပဲ။ ဒီတစ်ယောက်နဲ့ အဆင်မပြေလည်း အေးဆေးပဲ။ နောက်တစ်ယောက် ပြောင်းသွားကြတာပဲ။ လူရှေ့သူရှေ့မို့ ဟန်ဆောင်ပန်ဆောင် စိတ်ကောက် ပြနေကြတာ။ နင်က ကျောင်းနဲ့စာ၊ စာနဲ့ဆေးရုံမို့ ခေတ်နောက်ကျပြီး လက်မခံနိုင် ဖြစ်နေတာ။ လောကကြီးနဲ့ သိပ်အဆက်မပြတ်နဲ့ ဒေါက်တာမကြီးရေ။ တော်ကြာနေ ဘိုးဘွား ရိပ်သာကို လိုက်ပို့မယ့် အဖော်တောင် အနားမရှိဖြစ်နေဦးမယ်။ ရည်းစားလေး ဘာလေးထားဖို့ စိတ်ကူးတော့။”
လူကိုများ ကြိုက်မယ့်သူ မရှိဘူးများ မှတ်နေလား မသိဘူး။ ပြောပုံကြီးကိုက မုန်းစရာ ကောင်းလိုက်တာ။ သူပြောချင်ရာတွေ ပြောပြီး ထွက်သွားတယ်။ ကိုယ့်ဖို့ဆိုပြီး မုန့်တွေကိုလည်း ကိုယ့်လက်ထဲ အတင်းထိုးထည့်ပြီး ထွက်သွားလေရဲ့။ ကိုယ်နဲ့ ပါလာတဲ့ သူငယ်ချင်းတွေကတောင် သူနဲ့ကိုယ်နဲ့ကို တစ်မျိုးတစ်မည်ထင်နေကြပြီ။ ကိုယ့်ကျောင်းကို လာလွန်းလို့လေ။ ကိုယ့်ဆီ လာတိုင်းလည်း သူ့ဘေးက ကောင်မလေးတွေက အမြဲပြောင်းတယ်။ ဘယ်တော့များမှ တစ်ဦးတစ်ယောက်ကို အတည်တကျ တွဲမလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကိုလည်း မိန်းကလေးတစ်ယောက်ယောက်နဲ့ အတည်တကျ ဖြစ်စေချင်တယ်။ သူပြော သလိုမျိုးလည်း ဖြစ်နိုင်တာပဲလေ။ ဝေးဝေးမကြည့်နဲ့။ ကိုယ်နဲ့ဆေးကျောင်း တစ်ကျောင်းတည်း အတူတက်နေတဲ့ “ကလျာ”ကို ပဲကြည့်။ တော်ကြာနေ စီးပွားရေးသမားနဲ့တွဲလိုက်။
“ဟေ့…ဖြူလုံး…နင် အချိန်ရလား။ ငါ စကားနည်းနည်း ပြောချင်လို့ဟ။”
အိပ်တော့မယ် ပြင်ခါနီးမှ သူ့ဆီက ဖုန်းက ၀င်လာတယ်။ ဒီလိုပါပဲ။ သူ့ဆီက ဖုန်းလာရင်တော့ အမြဲတမ်းလို အလောတကြီးပဲ။ အဟုတ်မှတ်လို့ နားထောင်ရင်တော့ ရွှတ်နောက်နောက်တွေပြောကာ သူကပဲ “ငါမအားတော့ဘူး”လို့ ဦးအောင်ပြောပြီး ဖုန်းချသွားပြန်ရော။ စိတ်ဆိုးရအခက်။ ဒေါသထွက်ရအခက်။ နောက်နေ့ ပြန်ဆက်ရင်တော့ ဘာမှမသိသလို ပုံစံမျိုးပဲ။ ကိုယ့်ဘက်ကသာ ဒေါသတွေ အလိပ်လိုက် ထွက်ရတာ။ တစ်ခါတစ်ခါလည်း အူကြောင်ကြောင် မေးခွန်းတွေကို ဖုန်းဆက်မေးပြီး အဖြေရှာခိုင်သေးတယ်။ ကိုယ်စိတ်ဆိုးလို့ အော်ထည့်လိုက်ပြီဆိုရင်တော့
“တကယ်တော့ ၀တ္ထုတွေထဲမှာ ရေးကြသလို မိန်းမအချို့ဟာ ပင်လယ်နဲ့တူတယ်ဆိုတာ ငါလက်ခံသွားပြီ။ ကျန်တာတော့ ငါမပြောတတ်ဘူး။ အစွမ်းသတ္တိတစ်ခုခုနဲ့ ဆွဲငင်အားကောင်းတာတော့ ငါလက်ခံတယ်။ ငါကတော့ တကယ့်ဆွဲငင်အားကောင်းပြီး ပင်လယ်နဲ့တူတဲ့ မိန်းမတစ်ယောက်ရဲ့ ဆွဲငင်အားထဲ တစ်ချိန်ချိန်မှာ ပျော်ဝင်မိတော့မှာ သေချာတယ်။ နင်ရော ငါပြောတာကို လက်ခံလား။”
သြော်…ခက်ပါဘိ။ အိပ်ချင်နေပါပြီဆို ဘာတွေလာမေးနေမှန်း မသိဘူး။ ပင်လယ်တွေရော။ ဆွဲငင်အားတွေရော။ ပျော်ဝင်တာ တွေရော။ လူက ပင်ပန်းရတဲ့ အထဲ။ သူ့ရဲ့ အူကြောင်ကြောင် မေးခွန်းကိုတောင် အဖြေထုတ်ပေး ရမယ့်ပုံစံမျိုး။ တစ်နေ့ခင်းလုံး ဆေးခန်းမှာ လူနာတွေနဲ့ နပမ်းလုံးနေရလို့ ပင်ပန်းလိုက်တာ သေတော့မယ်။ ထမင်းတောင် မစားချင်တော့လို့ ခေါက်ဆွဲပြုတ်ပဲ စားပြီး အိမ်ရာထဲ လှဲနေတာ။ သူက ဖုန်းဆက်ပြီး နှောင့်ယှက်နေသေးတယ်။ စိတ်ရှိလက်ရှိသာ ဆွဲအော်ပစ်လိုက်ရရင် တစ်ရပ်ကွက်လုံးတောင် လိပ်ပြာလွင့်ပြီး ထွက်ပြေးကုန်မလား မသိဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်နားနေချိန်မှာ အေးအေးဆေးဆေးပဲ နေချင်တယ်။ စကားတွေပြောရမှာ စိုးလို့တောင် အိမ်ရောက်ကတည်းက ကိုယ်လက်သန့်စင်ပြီးတာနဲ့ အိပ်ခန်းထဲ တန်းဝင်တော့တာ။ သူ့ဖုန်းမို့သာ လက်ခံပြီး စကားပြောနေမိတာ။ ကိုယ်ကလည်း ဘာဖြစ်နေလည်း မသိဘူး။ သူ့ဖုန်းဆို စိတ်ကသာ ဆိုးတာ။ မကိုင်ဘဲနဲ့လည်း မနေနိုင်ပြန်ဘူး။ ကိုယ့်စိတ်ကိုတောင် ကိုယ်တိုင်နားမလည်နိုင်တော့
“ဖြူလုံးရေ…ငါ ရုပ်ရှင်ကားကြီး ရိုက်ရပြီးဟ။ မနက်ဖြန် ဇာတ်ကားကန်တော့ပွဲ ရှိတယ်။ နင့်ကို လာကြိုမယ်။”
သူ့ဆီက တကယ့်ကို ပျော်ရွှင်နေတဲ့ အသံ။ ဖုန်းထဲမှာတောင် ဒီလောက် အူမြူးနေတာ။ အပြင်မှာသာဆို ဘယ်လောက်တောင် ဂနာမငြိမ် ဖြစ်နေလဲ မသိဘူး။ ကိုယ်လည်း တကယ်ဝမ်းသာပါတယ်။ ကိုယ့်ငယ်သူချင်းတစ်ယောက်ရဲ
“ဒါလေ…ကျွန်တော့် သူငယ်ချင်း ဒေါက်တာဖြူလုံး။ အဲ…ဟုတ်ပါဘူး ဒေါက်တာနှင်းပွင့်ဖြူ။ ဖြူဖြူလုံးလုံးလေးနဲ့ ချစ်စရာ ကောင်းတယ် မဟုတ်လား။ ကြိုက်မယ့်သူလည်း မရှိသေးတာနဲ့ ဒီပွဲမှာ ကံပါရင် အစွံထုတ်နိုင်အောင်လို့ ခေါ်လာလိုက်တာ။ လိုချင်တဲ့သူရှိရင် လက်ညှိုးထောင်ဟေ့။”
ကဲ…ကိုယ်က ဘယ်လောက်ပဲ သူ့အပေါ် အလေးအနက်ထားထား သူကတော့ ကိုယ့်ကိုဆို အရုပ်တစ်ရုပ်လိုပဲ ဆက်ဆံတယ်။ မနာတတ်၊ မကြင်တတ်၊ စိတ်မဆိုးတတ်တဲ့ အတိုင်းပဲ။ အထူးသဖြင့် လူရှေ့သူရှေ့မှာ ကိုယ့်ကို အတည်အတန့် ဆက်ဆံစေချင် တယ်။ လူကိုများ ရည်းစားလိုချင်လို့ သူ့ပွဲကိုပဲ လိုက်လာသလိုလို၊ ဘာလိုလို။ အမြင်ကတ်လိုက်တာ။ ဒေါသကို အချောင်းလိုက် ထွက်ရတယ်။ သူ့ပွဲကိုတက်လာတဲ့ မော်ဒယ်လ်ကောင်လေးတွေက ၀ါးခနဲရယ်ပြီး ကိုယ့်ကိုဝိုင်းစကြပါလေရော။
ညလည်းရောက်ရော သူ့ဆီက ကိုယ့်ကို ဖုန်းဆက်တိုက်ခေါ်တော့တာပဲ။ ကိုယ်လည်း စိတ်ဆိုးလွန်းတာမို့ သူ့ဖုန်းဆို လုံးဝကို မကိုင်ဘဲ နေလိုက်တယ်။ တစ်ပတ်လောက် ကြာတဲ့အထိ သူ့ဆီက အဆက်မပြတ်ခေါ်တယ်။ ကိုယ်လည်း လုံးဝ မကိုင်ဘူး။ ဆယ်ရက်လောက်ကြာတော့ မေမေ့ကို ဖုန်းဆက်ပြီး ကိုယ်က သူ့ဖုန်းကို မကိုင်တဲ့အကြောင်းတွေ လှမ်းပြောတယ်။ ပြီးတော့ မေမေကနေတစ်ဆင့် တောင်းပန်တယ်။ ဒီတစ်ခါတော့ ကိုယ်တကယ် စိတ်ဆိုးသွားပြီမှန်းသိလို့
“တီ…တီ…တီ….”
ဒီအချိန်ကြီးမှ ကားဟွန်းတီးသံကို ကိုယ့်ဆေးခန်းရှေ့က ကြားလိုက်ရတယ်။ သူနာပြုဆရာမလေးက ဘတ်စ်ကားစီးရမှာမို့ အရင်ပြန်နှင့်တော့ ဆေးခန်းမှာ ကိုယ်တစ်ယောက်တည်းမို့ နည်းနည်းတောင် လန့်မိသလိုပဲ။ ကိုယ့်ဆေးခန်းမှာ ကိုယ့်ကားခလွဲရင် ဘယ်သူ့ကားမှ မရှိတော့ပါဘူး။ ကိုယ်လည်း ဆေးခန်းပိတ်တော့မယ့် အချိန်ရောက်ပြီမို့ အလုပ်တွေတောင် လက်စသပ်နေပြီ။ လှမ်းကြည့်လိုက်မိတော့ ဘယ်သူရှိရမလဲ။ ကိုဟိုဒင်းပေါ့။ ရင်ဘတ်ကိုဖိပြီး ဆေးခန်းထဲ ဇွတ်ဝင်လာတယ်။ မျက်နှာကလည်း ရှုံ့မဲ့နေတာပဲ။
“ဒေါက်တာရယ်…ကယ်ပါဦးဗျာ…ရင
“သေလိုက်ပါလား။ ငါ ဆေးခန်းပိတ်နေပြီ။”
“တကယ်ပြောတာပါ ဒေါက်တာရယ်။ တကယ် မခံစားနိုင်တော့လို့ပါ။”
ကိုယ့်ကိုလည်း ဖြူလုံးလို့ မခေါ်ရဲတော့ဘူး။ မျက်နှာသေလေးနဲ့ ပြောတာမို့ အဟုတ်များ ဖြစ်နေရောလား။ ကိုယ်လည်း စိတ်ပူမိ သွားတယ်။ သူတစ်ခါမှ အခုလိုမျိုးတွေ မဖြစ်ဖူးဘူးလေ။
“ဟဲ့…နင်…တကယ်ပြောတာဆို အထူးကုဆီ ငါ မောင်းပို့ပေးမယ်။”
“ဟင်အင်း…ဘယ်သူမှ ကုလို့မရဘူး။ ဒေါက်တာပဲ ကုမှရမှာ။”
ပြောပြောဆိုဆိုနဲ့ လူနာခုတင်ပေါ် သူ့ဟာသူပဲ အတင်းတက်သွားတယ်။ ပြီးတော့ မီးခလုတ်ကို ဆွဲပိတ်ပစ်လိုက်တယ်။ ကိုယ့်လက်တွေကို ဆွဲယူလိုက်ပြီး သူ့ရင်ဘတ်ပေါ်ကို စမ်းခိုင်းတယ်။ ပြီးတော့ သူ့ရင်ခွင်ထဲကို ကိုယ့်ကိုဆွဲပွေ့ထားပြီး တိုးတိုးလေး ပြောလိုက်ပေမယ့် ကိုယ့်နားထဲ အကျယ်ကြီး ကြားလိုက်ရသလိုပါပဲ။
“တကယ်တော့ နင်ဟာ ငါ့အတွက်တော့ ဆွဲငင်အားကောင်းတဲ့ ပင်လယ်တစ်စင်းပါပဲ။ ဘာတွေညာတွေ မပြောတတ်ပေမယ့် နင့်ရဲ့ ဖြူစင်တဲ့စိတ်နဲ့ သန့်စင်တဲ့ ကိုယ်ကျင့်တရားက ငါ့နှလုံးသားကို ဆွဲငင်ထားနိုင်တယ်ဟ။ နင့်ရဲ့ပင်လယ်ထဲက ငါ ဘယ်လိုမှ ရုန်းမထွက် နိုင်တော့ဘူး။ ငါ…နင့်ကို… သိပ်ချစ်တယ်။”
သူ့ရဲ့ နှလုံးခုန်သံတွေကို အတိုင်းသား ကြားနေရသလိုပဲ။ သူ့ရဲ့ ခန္ဓာကိုယ်နွေးနွေးလေးမှာ ငြင်းဆန်ဖို့ မကြိုးစားမိဘဲ အလိုက်သင့် စီးဝင်နေမိတဲ့ ကိုယ့်နှလုံးသားကိုလည်း ကိုယ်တိုင်အံ့သြနေမိတယ်။ သူပြောသလိုပဲ ကိုယ်ဟာ သူ့ရဲ့ ပင်လယ်ဖြစ်နေပြီလား။ သူ့နှလုံးသားကို ဆွဲငင်အား ကောင်းကောင်းနဲ့ ဆွဲငင်ထားနိုင်ပြီလား။ တဒင်္ဂအချိန်တွင်းမှာ ကိုယ်တိုင်တောင် ဝေခွဲမရဖြစ်နေမိတယ်။ အပြင်မှာတော့ အတော်မှောင်နေပြီလေ။ ဆေးခန်းကျဉ်းကျဉ်း ကလေးထဲက နှလုံးသားနှစ်ခုကတော့ စည်းချက်ကျကျ ခုန်နေလေရဲ့။ ဆေးခန်းရဲ့ နံရံတွေကို ရိုက်ခတ်ပြီး ပေါက်ထွက်သွားမတတ်အောင်ပါပဲ
လျှံဇွဲကို(စီးပွားရေးတက္ကသု
သြဂုတ်လ၊ အပျိုစင်မဂ္ဂဇင်း၊ ၂၀၁၄။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။