အရူးလွယ်အိတ်
ကျွန်တော် မနက်မနက် အလုပ်သွားတိုင်း အရမ်းသဘောကျမိတဲ့ မြင်ကွင်းလေးတစ်ခုရှိတယ်။ အဲ့ဒါကတော့ ဂျပန်က ကလေးလေးတွေ ရထားစောင့်ရင်း စာဖတ်နေကြတဲ့မြင်ကွင်းလေးပါ ပဲ။
ကလေးတော်တော်များများ ရထားစောင့်ရင်းစာဖတ်ကြပါတယ် ။ ရထားထဲမှာလည်း စာဖတ်ကြပါတယ်။ အထူးသဖြင့် ရထားနောက်ကျနေတဲ့အခါ ကျောင်းလွယ်အိတ် အကြီးကြီးထဲကနေ စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ် ထုတ်ဖတ်တတ်ကြပါတယ်။
ပထမတော့ ကျောင်းမှာ စာမေးပွဲရှိလို့ စာပြန်နွှေးနေတယ်လို့ပဲထင်ခဲ့ မိပါတယ်။ သတိထားကြည့်မိတော့ သူတို့တွေဖတ်နေကြတာ ကျောင်းစာတစ်ခုတည်းမဟုတ်ပါဘူး။
ကျောင်းစာလည်းဖတ်တယ်၊ ကာတွန်းလည်းဖတ်တယ်၊ အင်္ဂလိပ်စာလည်းဖတ်တယ်၊ ရထားအကြောင်း၊ ပန်းအကြောင်း စတဲ့ဗဟုသုတရစေမယ့်စာ၊ စာပေပေါင်းစုံဖတ်နေကြတာကို အံ့သြဖွယ်တွေ့ရပါတယ်။
ဒါကြောင့်လည်း သူတို့လူမျိုးတွေ တိုးတက်ပါလားလို့လဲ စိတ်ထဲမှာ သုံးသပ်ချက်တွေချမိပါတယ်။
သူတို့လေးတွေစာဖတ်နေတာကိုမြ င်တိုင်း ကျွန်တော့ဦးလေးကိုလည်း သတိရမိပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက(သူတို့အရွယ်လောက်တုန်းက) ဦးလေးအိမ်မှာ ရွှေသွေးဂျာနယ် သွားသွားဖတ်ဖြစ်ခဲ့တယ်။ ဦးလေးက ကလေးတွေဖတ်လို့ရအောင်ဆိုပြီး အပတ်တိုင်း ရွှေသွေးဂျာနယ်ဝယ်ပေးထားပါတယ်။
တစ်နေ့ ဦးလေးအိမ်မှာ ရွှေသွေးဖတ်ပြီးပြန်ဖို့လုပ် တုန်း
ဦးလေးကပြောတယ် "ငါ့တူပြန်တော့ဖို့လား"တဲ့. .
ကျွန်နော်က "ဟုတ်ကဲ့ဦးလေး ကျွန်တော်ပြန်တော့မယ်"လို့ေ ပြာတော့....
ဦးလေးက "မင်းစာဖတ်တာ တယ်မြန်ပါလား"တဲ့..
ကျွန်တော်က "ဟုတ်တယ်ဦးလေး ကျွန်တော် အမြဲတမ်းကာတွန်းပဲဖတ်တာ၊ ခု ကာတွန်းဖတ်ပြီးလို့ ပြန်တော့မှာ"လို့ပြောတော့.. .
ဦးလေးက ရေခဲချောင်းကျွေးပြီး "အရူးလွယ်အိတ်" ဆိုတဲ့ ဥပမာတစ်ခု ပြောပြခဲ့ပါတယ်။
ဦးလေးက "ငါ့တူ မင်းအရူးလွယ်အိတ်ကို တွေဖူးသလား" လို့မေးပါတယ်။
ကျွန်တော်က "တွေ့ဖူးတာပေါ့ဦးလေးရာ" လို့ ပြန်ပြောတော့
ဦးလေးက "အထဲမှာ ဘာပါသလဲ" တဲ့
"အစုံပါတာပေါ့ ဦလေးရယ်" လို့ ကျွန်တော်က ပြန်ပြောတော့...
ဦးလေးက "အဲ့ဒီပစ္စည်းတွေဟာ အရူးအတွက်လိုအပ်သလား" တဲ့..
ကျွန်တော်လည်း "လိုအပ်လို့ သူ့အိတ်ထဲထည့်ထားတာပေါ့ဦးေ လးရယ်" လို့ပြန်ပြောတော့...
ဦးလေးက
"အရူးတောင်မှ သူလိုအပ်မယ်ထင်တဲ့အရာတွေကို သူ့အိတ်ထဲမှာ ထည့်ထားတယ်ဆိုရင်၊ ငါ့တူလည်း ကိုယ်လိုအပ်မယ်လို့ ထင်တဲ့အရာတွေကို ကိုယ့်ဦးနှောက်ထဲမှာ ထည့်ထားသင့်တယ်"တဲ့..
"စာဖတ်တဲ့အခါမှာလည်း အရူးလွယ်အိတ်လို ကျင့်ပြီး စာပေပေါင်းစုံဖတ်သင့်တယ် ငါ့တူ" တဲ့..
ဂျပန်ကလေးတွေ စာဖတ်နေတာကိုမြင်တိုင်း ဦးလေးပြောခဲ့တဲ့ "အရူးလွယ်အိတ်" လေးကို ပြန်ပြန်အမှတ်ရမိစေပါတယ်။ ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲဆိုတာ လည်း ပိုပိုသဘောပေါက်လာမိပါတယ်။
ကျွန်တော်တို့တွေလည်း သူတို့လိုအောင်မြင်တိုးတက်ရ အောင် စာများများဖတ်ကြပါစို့။
အကီ။ ။
ကျွန်တော် မနက်မနက် အလုပ်သွားတိုင်း အရမ်းသဘောကျမိတဲ့ မြင်ကွင်းလေးတစ်ခုရှိတယ်။ အဲ့ဒါကတော့ ဂျပန်က ကလေးလေးတွေ ရထားစောင့်ရင်း စာဖတ်နေကြတဲ့မြင်ကွင်းလေးပါ
ကလေးတော်တော်များများ ရထားစောင့်ရင်းစာဖတ်ကြပါတယ်
ပထမတော့ ကျောင်းမှာ စာမေးပွဲရှိလို့ စာပြန်နွှေးနေတယ်လို့ပဲထင်ခဲ
ကျောင်းစာလည်းဖတ်တယ်၊ ကာတွန်းလည်းဖတ်တယ်၊ အင်္ဂလိပ်စာလည်းဖတ်တယ်၊ ရထားအကြောင်း၊ ပန်းအကြောင်း စတဲ့ဗဟုသုတရစေမယ့်စာ၊ စာပေပေါင်းစုံဖတ်နေကြတာကို အံ့သြဖွယ်တွေ့ရပါတယ်။
ဒါကြောင့်လည်း သူတို့လူမျိုးတွေ တိုးတက်ပါလားလို့လဲ စိတ်ထဲမှာ သုံးသပ်ချက်တွေချမိပါတယ်။
သူတို့လေးတွေစာဖတ်နေတာကိုမြ
တစ်နေ့ ဦးလေးအိမ်မှာ ရွှေသွေးဖတ်ပြီးပြန်ဖို့လုပ်
ဦးလေးကပြောတယ် "ငါ့တူပြန်တော့ဖို့လား"တဲ့.
ကျွန်နော်က "ဟုတ်ကဲ့ဦးလေး ကျွန်တော်ပြန်တော့မယ်"လို့ေ
ဦးလေးက "မင်းစာဖတ်တာ တယ်မြန်ပါလား"တဲ့..
ကျွန်တော်က "ဟုတ်တယ်ဦးလေး ကျွန်တော် အမြဲတမ်းကာတွန်းပဲဖတ်တာ၊ ခု ကာတွန်းဖတ်ပြီးလို့ ပြန်တော့မှာ"လို့ပြောတော့..
ဦးလေးက ရေခဲချောင်းကျွေးပြီး "အရူးလွယ်အိတ်" ဆိုတဲ့ ဥပမာတစ်ခု ပြောပြခဲ့ပါတယ်။
ဦးလေးက "ငါ့တူ မင်းအရူးလွယ်အိတ်ကို တွေဖူးသလား" လို့မေးပါတယ်။
ကျွန်တော်က "တွေ့ဖူးတာပေါ့ဦးလေးရာ" လို့ ပြန်ပြောတော့
ဦးလေးက "အထဲမှာ ဘာပါသလဲ" တဲ့
"အစုံပါတာပေါ့ ဦလေးရယ်" လို့ ကျွန်တော်က ပြန်ပြောတော့...
ဦးလေးက "အဲ့ဒီပစ္စည်းတွေဟာ အရူးအတွက်လိုအပ်သလား" တဲ့..
ကျွန်တော်လည်း "လိုအပ်လို့ သူ့အိတ်ထဲထည့်ထားတာပေါ့ဦးေ
ဦးလေးက
"အရူးတောင်မှ သူလိုအပ်မယ်ထင်တဲ့အရာတွေကို
"စာဖတ်တဲ့အခါမှာလည်း အရူးလွယ်အိတ်လို ကျင့်ပြီး စာပေပေါင်းစုံဖတ်သင့်တယ် ငါ့တူ" တဲ့..
ဂျပန်ကလေးတွေ စာဖတ်နေတာကိုမြင်တိုင်း ဦးလေးပြောခဲ့တဲ့ "အရူးလွယ်အိတ်" လေးကို ပြန်ပြန်အမှတ်ရမိစေပါတယ်။ ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲဆိုတာ
ကျွန်တော်တို့တွေလည်း သူတို့လိုအောင်မြင်တိုးတက်ရ
အကီ။ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။