စင်ကာပူသို့ ထွက်လာသော အိမ်အကူအလုပ်သမားတစ်ဦး၏ မြန်မာပြည်လေဆိပ်အတွေ့အကြုံ ။
အောက်တိုဘာ ၂။ စင်ကာပူ။
အစ်ကိုရေ... ညီမတော့ စင်ကာပူရောက်နေပြီ။ ဒီကိုမလာခင် ညီမ မြန်မာပြည်ဘက်မှာ စုံစမ်းတာ လူဟောင်းဆိုရင် ဘာမှပေးစရာမလိုဘူး။ လူသစ်မှ ပေးရတယ်ဆိုလို့ ဒီအတိုင်းပဲထွက်ခဲ့တာ လေဆိပ်ရောက်တော့ Labour လေဘာရုံးက ထောက်ခံစာတောင်းတယ်။ ဒါနဲ့ လေဘာရုံးကိုပြေးရတာပေါ့။ လေဘာရုံးရောက်တော့ ညီမစာအုပ်ကိုလှန်လှောကြည့်ြ ပီး ပထမတစ်ခေါက်သွားထားတာတွေ့ပြီး
တရားမဝင်ဘူးတဲ့။ ခုသွားတာလည်း တရားမဝင်ဘူးလို့ ပြောတယ်။ ညီမက
ဘာလို့တရားမဝင်တာလဲလို့ ပြန်မေးလိုက်တော့ စင်ကာပူကိုအထွက်ပဲရှိတာ
စင်ကာပူကနေ ပြန်အဝင်မရှိလို့တဲ့။ ညီမရဲ့  သူဌေးဟောင်းတွေက စင်ကာပူကနေ
ဒူဘိုင်းကိုပြောင်းသွားလို့
လိုက်သွားခဲ့တာ စင်္ကာပူမှာ တစ်နှစ် ဒူဘိုင်းမှာ တစ်နှစ်ခွဲလို့ စာအုပ်ထဲမှာ
အဝင်အထွက်ရှိတယ်လေလို့ ပြောလိုက်တော့ အဲဒါတရားမဝင်ဘူးတဲ့။ ဒါဆို
တရားဝင်အောင် ဘာလုပ်ရမလဲလို ညီမကမေးလိုက်တော့ သူတို့က ညီမ စင်ကာပူမှာနေခဲ့တုန်းက Work Permit ကတ်ကို တောင်းတယ်။ အဲ့ဒါသူဌေးဟောင်းက ညီမကို မပေးလိုက်ဘူးလို့ ပြောလိုက်တော့ ဒါဆိုမရဘူးတဲ့။ လေယာဉ်က ထွက်တော့မယ်။ ဒါကြောင့် ညီမက အစ်မရယ် အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲ ။
လေယာဉ်က ထွက်တော့မယ်လို့ ပြောတော့ ညီမစာအုပ်က တရားမဝင်တော့
လေယာဉ်မမှီတာကို စိတ်မပူနဲ့တော့တဲ့။ ညီမက စင်ကာပူကသူဌေး ပို့လိုက်တဲ့
စာရွက်စာတမ်းတွေထုတ်ပြတော့ အဲဒါမရဘူးတဲ့။ ဒါနဲ့ ဒူဘိုင်းက သူဌေးဟောင်းစီ
လှမ်းဆက်သွယ်ပြီး စင်ကာပူမှာနေခဲ့တုန်းကရော၊ ဒူဘိုင်းမှာနေခဲ့တုန်းက Work
Permit ကတ်ကိုပါ လှမ်းတောင်းရတယ်။ တော်ပါသေးတယ်။ သူဌေးက
ချက်ချင်းလွှဲပေးလိုက်လို့။ သူဌေးက အဲဒါတွေလှမ်းမပို့သေးခင် သူတို့က ညီမကို
Blacklist ထဲသွင်းဖို့ ရုံးခန်းထဲခေါ်သွားတယ်။ ညီမက ကျွန်မအစကထွက်တာလည်း
တရားဝင်တယ်။ ခုလည်းတရားဝင်တယ်။ မယုံရင် သူဌေးနဲ့စကားလှမ်းပြောကြည့် ပါလားလို့ သူတို့ကို မေးတော့ သူတို့က မပြောဘူးတဲ့။ လူကုန်ကူးမှုရုံးထဲရောက်တော့ အဲဒီရုံးမှ အန်တီက သမီး သူတို့နဲ့ အဆင်ပြေအောင် အရင်ညှိကြည့်ပါလားတဲ့။ ဒါနဲ့ ဒီဘက်ရုံးခန်းထဲလာပြီးအစ်မရ ယ် တရားဝင်ဖို့ဘာလိုအပ်မလဲလို့
မေးလိုက်တော့ Work Permit ကတ်တွေပြနိုင်ရင် ရမယ်တဲ့။ ဟူး...တော်သေးတယ်။
စကားပြောနေတုန်း သူဌေးက အဲဒါတွေပို့ပေးလာတော့ သူတို့ဆီကို ပို့ပေးလိုက်တယ်။
အဲဒီရုံးက အမျိုးသမီးနဲ့ သူတို့ရဲ့ အရာရှိနဲ့ဆိုလားပဲနဲ့လည်း
ဖုန်းခေါ်ဖုန်းပြောဖြစ်သွားတ ယ်။ အဲနေ့က စင်ကာပူကို မရောက်ဘဲ အိမ်ပြန်ရောက်သွားခဲ့တယ်။ လေယာဉ်လက်မှတ်ဆုံးသွားခဲ့တယ်။
ညီမသူဌေးက လေယာဉ်လက်မှတ် အသစ်ထပ်ဝယ်ပေးတော့ နောက်နေ့မှ စင်ကာပူကိုလာရတယ်။ နောက်နေ့ ထွက်လာတော့ အောက်ဘက်မှာအဆင်ပြေတယ်။ အပေါ်ထပ်လည်းရောက်ရော လူကြီးတစ်ယောက်က အနားလာပြီး ဖောင်ကို သူဖြည့်ပေးမယ်တဲ့။ ညီမက မလိုဘူး။ ကိုယ့်ဖာသာကိုယ်ဖြည့်မယ် ကျေးဇူးပါလို့ပြောတော့ အတင်းဘောပင်ယူပြီး ဖောင်ဖြည့်ပေးတယ်။ နောက်ပြီး သူ့အနားကပ်ခိုင်းတယ်။ ညီမနဲ့ သူနဲ့ကတော်တော်နီးကပ်နေတာ။ ဘာကြောင့် အနားကပ်ခိုင်မှန်းမသိဘူး။ နောက်မှသဘောပေါက်သွားလို့ ညီမက ပိုက်ဆံ ၅၀၀၀ ကျပ် ပေးလိုက်တော့ စာအုပ်ကြားထဲ ညှပ်ပါတဲ့ ၅၀၀၀ ကျပ်နည်းတယ်တဲ့။ အနည်းဆုံး ၂၀၀၀၀ ကျပ်တဲ့။ ညီမကဒါပဲပါတာ ဒါအကုန်ပဲပြောတော့ ညီမရဲ့  မနေ့ကအကြောင်းကို သူတို့သိထားတယ်တဲ့။ သူတို့ဘက်ကလည်း ဖျက်ချလို့ရတယ်တဲ့လေ။ ညီမလည်း ဘာမှမပြောချင်တော့တာနဲ့ ညီမမှာ ဒါအကုန်ပဲပါတာ။ မယုံရင်ရှာကြည့်လို့။ ဒါနဲ့ အပေါ်ထပ်က ဖြတ်ရတဲ့နေရာက ကောင်တာမှာရှိတဲ့ တခြားသူတစ်ယောက်က ပိုက်ဆံရော လဲမလာဘူးလားလို့ ညီမကိုမေးတယ်။ မလဲဘူး။ ဘာမှမပါဘူးလို့ ညီမကပြောတော့ ဒါဆိုဟိုမှာ ဘာသုံးမလဲတဲ့။ ဟိုမှာညီမရှိတယ်။ သူပေးမယ်လို့ ပြောလိုက်ရတယ် အစ်ကိုရေ။
ဟူးးး...တော်တော်မလွယ်တာပါ။ ပေါ်တင်တောင်းတာပဲ။
သူတို့လခတော်တော်ရမယ် ထင်တယ်နော်။ ဘာလို့ ခုလိုလုပ်လဲ။ သူတို့အစားရှက်လိုက်တာ။
ပေါ်တင်ပဲတောင်းတယ် အစ်ကိုရေ။ သူတို့အစား ရှက်လိုက်တာ။ ညီမက လေယာဉ်ပေါ်တစ်ခုခုစားရအောင် ၅၀၀၀ ကျပ်ပဲ ထည့်လာခဲ့တာ။ သူတို့ကို အကုန်ပေးထားခဲ့ရတာတောင် နည်းလို့တဲ့။ ညီမဖြင့် တစ်ပြားမှတောင် မကျန်တော့ဘူး။ အဲလူတွေကို ဓာတ်ပုံတော့ မရိုက်ဖြစ်ခဲ့ဘူး။ နာမည်လည်းမသိဘူး။ ထောင်ထောင်မောင်းမောင်းခန့် ခန့်တွေ။
စင်ကာပူသို့ အိမ်အကူသွားလုပ်ခွင့်ကို လူဟောင်းရော လူသစ်ပါ တရားဝင်ပိတ်ထားတယ်လို့ ပြောတယ်။ လူဟောင်းတွေကိုတော့ နားလည်မှုနဲ့ လေဘာရုံးမှထောက်ခံစာနဲ့ လွှတ်တယ်ပြောတာပဲ။
ဒါကတော့ လေဘာရုံးမှ ညီမကို ထုတ်ပေးလိုက်သော ထောက်ခံစာ စာရွက်ဖြစ်ပါတယ်။
စလုံး Page
(စင်္ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
https://www.facebook.com/ SaloneCollection/
အောက်တိုဘာ ၂။ စင်ကာပူ။
အစ်ကိုရေ... ညီမတော့ စင်ကာပူရောက်နေပြီ။ ဒီကိုမလာခင် ညီမ မြန်မာပြည်ဘက်မှာ စုံစမ်းတာ လူဟောင်းဆိုရင် ဘာမှပေးစရာမလိုဘူး။ လူသစ်မှ ပေးရတယ်ဆိုလို့ ဒီအတိုင်းပဲထွက်ခဲ့တာ လေဆိပ်ရောက်တော့ Labour လေဘာရုံးက ထောက်ခံစာတောင်းတယ်။ ဒါနဲ့ လေဘာရုံးကိုပြေးရတာပေါ့။ လေဘာရုံးရောက်တော့ ညီမစာအုပ်ကိုလှန်လှောကြည့်ြ
တရားဝင်အောင် ဘာလုပ်ရမလဲလို ညီမကမေးလိုက်တော့ သူတို့က ညီမ စင်ကာပူမှာနေခဲ့တုန်းက Work Permit ကတ်ကို တောင်းတယ်။ အဲ့ဒါသူဌေးဟောင်းက ညီမကို မပေးလိုက်ဘူးလို့ ပြောလိုက်တော့ ဒါဆိုမရဘူးတဲ့။ လေယာဉ်က ထွက်တော့မယ်။ ဒါကြောင့် ညီမက အစ်မရယ် အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲ
ညီမသူဌေးက လေယာဉ်လက်မှတ် အသစ်ထပ်ဝယ်ပေးတော့ နောက်နေ့မှ စင်ကာပူကိုလာရတယ်။ နောက်နေ့ ထွက်လာတော့ အောက်ဘက်မှာအဆင်ပြေတယ်။ အပေါ်ထပ်လည်းရောက်ရော လူကြီးတစ်ယောက်က အနားလာပြီး ဖောင်ကို သူဖြည့်ပေးမယ်တဲ့။ ညီမက မလိုဘူး။ ကိုယ့်ဖာသာကိုယ်ဖြည့်မယ် ကျေးဇူးပါလို့ပြောတော့ အတင်းဘောပင်ယူပြီး ဖောင်ဖြည့်ပေးတယ်။ နောက်ပြီး သူ့အနားကပ်ခိုင်းတယ်။ ညီမနဲ့ သူနဲ့ကတော်တော်နီးကပ်နေတာ။ ဘာကြောင့် အနားကပ်ခိုင်မှန်းမသိဘူး။ နောက်မှသဘောပေါက်သွားလို့ ညီမက ပိုက်ဆံ ၅၀၀၀ ကျပ် ပေးလိုက်တော့ စာအုပ်ကြားထဲ ညှပ်ပါတဲ့ ၅၀၀၀ ကျပ်နည်းတယ်တဲ့။ အနည်းဆုံး ၂၀၀၀၀ ကျပ်တဲ့။ ညီမကဒါပဲပါတာ ဒါအကုန်ပဲပြောတော့ ညီမရဲ့  မနေ့ကအကြောင်းကို သူတို့သိထားတယ်တဲ့။ သူတို့ဘက်ကလည်း ဖျက်ချလို့ရတယ်တဲ့လေ။ ညီမလည်း ဘာမှမပြောချင်တော့တာနဲ့ ညီမမှာ ဒါအကုန်ပဲပါတာ။ မယုံရင်ရှာကြည့်လို့။ ဒါနဲ့ အပေါ်ထပ်က ဖြတ်ရတဲ့နေရာက ကောင်တာမှာရှိတဲ့ တခြားသူတစ်ယောက်က ပိုက်ဆံရော လဲမလာဘူးလားလို့ ညီမကိုမေးတယ်။ မလဲဘူး။ ဘာမှမပါဘူးလို့ ညီမကပြောတော့ ဒါဆိုဟိုမှာ ဘာသုံးမလဲတဲ့။ ဟိုမှာညီမရှိတယ်။ သူပေးမယ်လို့ ပြောလိုက်ရတယ် အစ်ကိုရေ။
ဟူးးး...တော်တော်မလွယ်တာပါ။
သူတို့လခတော်တော်ရမယ် ထင်တယ်နော်။ ဘာလို့ ခုလိုလုပ်လဲ။ သူတို့အစားရှက်လိုက်တာ။
ပေါ်တင်ပဲတောင်းတယ် အစ်ကိုရေ။ သူတို့အစား ရှက်လိုက်တာ။ ညီမက လေယာဉ်ပေါ်တစ်ခုခုစားရအောင် ၅၀၀၀ ကျပ်ပဲ ထည့်လာခဲ့တာ။ သူတို့ကို အကုန်ပေးထားခဲ့ရတာတောင် နည်းလို့တဲ့။ ညီမဖြင့် တစ်ပြားမှတောင် မကျန်တော့ဘူး။ အဲလူတွေကို ဓာတ်ပုံတော့ မရိုက်ဖြစ်ခဲ့ဘူး။ နာမည်လည်းမသိဘူး။ ထောင်ထောင်မောင်းမောင်းခန့်
စင်ကာပူသို့ အိမ်အကူသွားလုပ်ခွင့်ကို လူဟောင်းရော လူသစ်ပါ တရားဝင်ပိတ်ထားတယ်လို့ ပြောတယ်။ လူဟောင်းတွေကိုတော့ နားလည်မှုနဲ့ လေဘာရုံးမှထောက်ခံစာနဲ့ လွှတ်တယ်ပြောတာပဲ။
ဒါကတော့ လေဘာရုံးမှ ညီမကို ထုတ်ပေးလိုက်သော ထောက်ခံစာ စာရွက်ဖြစ်ပါတယ်။
စလုံး Page
(စင်္ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
https://www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။