မောင်(စွယ်စုံကျမ်း) added 3 new photos.
"မိအေးနှစ်ခါနာ မဖြစ်စေဖို့"
အားလုံးသတိထားဆင်ချင်နိုင်စေရန်အတွက်ရေးသားလိုက်ပါသည်.။ဟိုတစ်ချိန်က တက္ကသိုလ်ဆိုတာ ပျော်စရာတွေအပြည့်နဲ့ ဖန်တီထားတဲ့ သုခဘုံကြီးတစ်ခုအလားထင်မှတ်ရလောက်အောင် ပြောစမှတ်ရှိခဲ့ကြတယ်။ တက္ကသိုလ်ဆိုတာနဲ့အညီ အနယ်နယ်အရပ်ရပ်ကလာရောက်ကြတဲ့ ကျောင်းသားကျောင်းသူတွေအချင်းချင်းမိတ်ဆွေဖြစ် သူငယ်ချင်းဖြစ် ဒီလိုနဲ့ချစ်သူတွေဖြစ်တဲ့သူကဖြစ်ပေါ့ ဒါကကိစ္စ္စမရှိ ကျောင်းထဲရှိတဲ့သူငယ်ချင်းတွေလောက်သာသိနိုင်သည်။
ဒီဖက်ခေတ်ရောက်လာပြန်တော့ လူမူ့ကွန်ယက်ဆက်သွယ်ရေးတွေကပေါ
ကျောင်းသားလူငယ်တွေအနေနဲ့က လွတ်လပ်ပြီအထင်နဲ့
ကွယ်ရာမှာဖြစ်ချင်တိုင်းဖြစ်နေ တစ်ကယ့်အန္တရာယ်က
ကိုယ်နဲ့လက်တစ်ကမ်းလေးမှာရှိတယ်ဆိုတာကိုဘယ်သူမှသတိမထားမိကြ
ဒီလိုနဲ့လူမူ့ကွန်ယက်ပေါ်ရောက်လာတဲ့အခါကြမှ
မိဘတွေညီအကိုမောင်နှစ်မတွေကသိသွားပြီးတစ်ရှက်ကနှစ်ရှက်ကွဲ
ယောက်ျားလေးရှင်ဖက်က ပြသနာမရှိလှသော်လည်းမိန်းကလေးရှင်ဖက်က
ပတ်ဝန်းကျင်မျက်နှာမပြရဲလောက်တဲ့အထိ အရှက်ကွဲတဲ့အဖြစ်တွေနဲ့ကြုံတွေ့ရပြီး
မဖြစ်သင့်တာတွေလဲထပ်ဖြစ်လာနိုင်ပါတော့တယ်.။
ဒီကြားထဲ ကိုယ့်သားသမီးနဲ့ ပတ်သက်ပါတယ်ဆိုတဲ့ ကောင်လေးဖက်ကတရားဝင်လက်ထပ်ယူမယ်ဆိုရင် တော်ပါသေးရဲ့လက်ထပ်ယူဖို့များ ငြင်းဆန်ခဲ့မယ်ဆိုရင် မိအေးနှစ်ခါနာဆိုတာလိုဖြစ်သွားပြီး ယူကျိုးမရအရှက်တစ်ကွဲအကျိုးနည်းဘဝနဲ့သာ နိဂုံးချုပ်စေနိုင်ပါကြောင်း သားသမီးရှင်မိဘပြည်သူများအနေနဲ့ရော ကျောင်းသားကျောင်းသူလူငယ်လေးများ အနေနဲ့ပါ ဆင်ချင်နိုင်စေရန်အလို့ငှာ တွေ့မြင်မိတာလေးကို ကိုးကာပြီး သုံးသပ်တင်ပြလိုက်ရပါသည်.။မိဘကတော့ကျောင်းလို့ထင်ထားပေမယ့် သားသမီးကချောင်းခံထိနေတဲ့ဘဝမျိုးမှ ကင်းလွတ်နိုင်ကြပါစေ.။
Credit-org uploader

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။