ဒီဓာတ်ပုံတွေကို ရင်းနှီးတဲ့ သူတိုင်း ရယ်စရာ၊ပျော်စရာကောင်းတဲ့ “The Mask “ ရုပ်ရှင်ကို သတိရကြမယ် ထင်ပါတယ်။
ဇာတ်လမ်းက ရယ်စရာကောင်းပေမယ့်
သရုပ်ဆောင်မင်းသားဖြစ်တဲ့ ဂျင်မ်ကာရေး ရဲ့ အစောပိုင်း ဘဝက မ လှပခဲ့ပါဘူး။
ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာတဲ့ ဂျင်မ်ကာရေးဟာ အသက် (၁၅)နှစ် အရွယ်မှာ
အထက်တန်းပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ရတယ်။ သန့်ရှင်းရေးသမားဘဝနဲ့
မိသားစုကို ထောက်ပံ့ဖို့ ရုန်းကန်ခဲ့ရပါသေးတယ်။
သရုပ်ဆောင်အနုပညာကို ဝါသနာပါတဲ့ အတွက် ပထမဆုံး ဟာသ သရုပ်ဖော်ပြကွက်ကို ကလပ်တစ်ခုမှာ တင်ဆက်ခဲ့ပေမယ့် ပရိသတ်က မကြိုက်တဲ့အတွက် လှောင်ပြောင်သရော်တာကို ခံခဲ့ရတယ်။ ၁၉၈၀-၈၁ ခုနှစ်တွေ အတွင်း ပြသနေတဲ့ ရုပ်သံအစီအစဉ်တစ်ခုအတွက် ဝင်ရောက်အရွေးချယ်ခံတဲ့ အခါမှာလည်း မအောင်မြင်ခဲ့ဘူး။
ဒီလို ရှုံးနိမ့်မှုတွေ ရှိခဲ့ပေမယ့် သူဟာ သရုပ်ဆောင်အလုပ်မှာ အောင်မြင်ရမယ်ဆိုတဲ့ အိပ်မက်ကို လက်မလွှတ်ခဲ့ဘူး ။ သရုပ်ဆောင်ကြေးအတွက် ဒေါ်လာ ၁၀,၀၀၀,၀၀၀ သန်း တန် ချက်လက်မှတ်တစ်ခုကို ရေးပြီး ပိုက်ဆံအိတ်ထဲမှာ ထည့်ဆောင်ထားခဲ့တယ်။ “တစ်နေ့မှာ ငါ ဒီလောက် ဝင်ငွေရှိလာရမယ် “ ဆိုတဲ့ ရည်မှန်းချက်နဲ့ ချက်လက်မှတ်ကလေးကို ထုတ်ထုတ်ကြည့်ပြီး ကြိုးစားဖြစ်ခဲ့တယ်။ နောက်ထပ် ခုနစ်နှစ် အကြာမှာတော့ “ Dumb and Dumber “ ရုပ်ရှင်ကနေ သရုပ်ဆောင်ကြေး ဒေါ်လာ ၁၀,၀၀၀,၀၀၀ သန်း ရရှိပြီး သူ့ ရည်မှန်းချက်အတိုင်းအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref : “ 12 Famous People Who Failed Before Succeeding “
http://yoyarlay.com/knowledge/article/651-2016-09-19-04-27-47
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။