Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 5, 2016

SEX

SEX
.

အသက်အရွယ်ရလာတဲ့ အိမ်ထောင်ရှင်တွေမှာ ကာမဆက်ဆံခြင်းဟာ
ကျန်းမာရေးကို ထိခိုက်စေသလား ဆိုတဲ့ သံသယ ၀င်လာတတ်ကြပါတယ် ။

တချို့ ကလည်း စောင်းပါးရိပ်ခြေ မေးကြပါတယ် ( ရှက်စရာလို့ ထင်တာကိုး ) ။
တချို့ ကလည်း ပွင့်ပွင့်လင်းလင်း မေးကြပါတယ် ( မသိရင် မေးရမှာပေါ့ ) ။
တချို့ ကလည်း အိမ်ထောင်ဖက်က ကပ်ဖဲ့လုပ်နေလို့ ညှိမရ နှိုင်းမရ
ဂွကျနေကြပါတယ် ။

ခုလို ထုတ်ရေးပြလိုက်ရင် အမျိုးသားလည်း ဖတ်လို့ ရ ၊ အမျိုးသမီးလည်း
ဖတ်လို့ ရ ဆိုတော့ ၊ အချင်းချင်း ပြောရမှာ ရှက်နေသူတွေအတွက်
အထောက်အကူ ဖြစ်လိမ့်မယ် ထင်ပါတယ် ။

သဘာဝလည်း သဘာဝ ၊ ဓမ္မတာလည်း ဓမ္မတာ မို့ ပျိုသူ အိုသူ အားလုံး
သိရင် ကောင်းမှာပဲဆိုပြီး ရေးပြလိုက်ပါပြီ ။
.

ကာမဆက်ဆံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုလို့မို့ ၊ ပိုမို ပျော်မွေ့စေပြီး ၊
ပိုမို အသက်ရှည်စေပါသတဲ့ ။

ကျန်းမာရေးကို အထောက်အပံ့ ပေးပုံပေးနည်း ၆ ချက် ရှိပါတယ် တဲ့ ။

၁။
ကာမဆက်ဆံခြင်းက ခေါင်းကိုက် ပျောက်စေပါတယ် ။
.
အကယ်၍ မိမိ ဇနီးသည်က ဒါလင် .. ဒီည ကျမ ခေါင်းကိုက်နေလို့ ခွင့်လွှတ်ပါ
လို့ ပြောလာခဲ့ရင် မိမိက ကာမဆက်ဆံခြင်းဟာ ကိုက်ခဲနာကျင်တာတွေ
ပျောက်စေပါတယ်လို့ ပြောပြနိုင်ပါတယ် ။
အောက်ဆီတိုစင် ( hormone oxytocin ) ဟိုမုန်းကို ဟိုက်ပိုသာလမတ်ရဲ့
အာရုံကြောများမှာ ထုတ်လုပ်ပါတယ် ။
၎င်း ဟိုမုန်းဟာ ကာမဆက်ဆံမှု ပြုတဲ့အခါမှာ သွေးထဲသို့ ၀င်ရောက်လာပါတယ် ။
၎င်း ဟိုမုန်းကြောင့် အင်ဒေါ့ဖင်း ( endorphins ) များ ထွက်လာပါတယ် ။
အင်ဒေါ့ဖင်းက ဟိုမုန်းနဲ့ တူတဲ့ ဓါတုပစ္စည်းဖြစ်ပြီး မော်ဖင်း ( morphine )
နဲ့ အစွမ်းသတ္တိ ဆင်တူပါတယ် ။
ကာမစိတ် နိုးကြားလာတာနဲ့ အောက်ဆီတိုစင် ထွက်လာပါတယ် ။
အောက်ဆီတိုစင်ဟာ ပြီးမြောက်ခြင်း ( orgasms ) ကိုလည်း ဖြစ်စေပါတယ် ။
အောက်ဆီတိုစင် ပမာဏ များပြားလာတာနဲ့ အမျှ ခေါင်းကိုက်ခြင်း အပါအ၀င်
ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေ ကို သက်သာပျောက်ကင်းစေပါတယ် ။

.

၂။
ကာမဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုများ လျော့ကျစေပြီး ၊ အိပ်ပျော်စေပါတယ် ။
.
မကြာသေးမီက ပြုလုပ်တဲ့ လေ့လာမှုတရပ်က .
ကာမဆက်ဆံမှု များများပြုသူများဟာ နေရထိုင်ရ သက်တောင့်သက်သာ
ပိုမို ရှိကြပြီး ၊ ပျော်ရွှင်စွာ နေထိုင်နိုင်ကြသလို ၊ ဖိစီးမှုများကို ကိုင်တွယ်
ဖြေရှင်းနိုင်စွမ်း ပိုမို ရရှိလာကြတယ်လို့ ဆိုပါတယ် ။
ပြီးမြောက်သွားတဲ့အခါ ( orgasm ) တည်ငြိမ်မှု ပြေလျော့မှု လှိုင်းဟာ
လူအကိုယ်လုံးကို လွှမ်းခြုံ သွားပါတယ် ။ ဒါကြောင့် အိပ်ပျော်သွားခြင်း
ဖြစ်ပါတယ် ။
ဒီအချိန်ဟာ လူဟာ မိမိကိုယ်ကို လွတ်မြောက်မှု ပေးလိုက်ခြင်း ဖြစ်ပါတယ် ။
လူအများစုဟာ မှန်မှန်ဆက်ဆံမှု ပြုပြီး ၊ ကောင်းစွာအိပ်စက်နိုင်ကြသဖြင့်
နောက်တနေ့မှာ တက်ကြွလန်းဆန်းနေပြီး နိစ္စဓူဝ ဖိစီးမှုများကို အပြည့်အဝ
ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရရှိလာကြပါတယ် ။

.

၃။
ကာမဆက်ဆံခြင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်
.
ကာမစိတ် နိုးကြားလာတာနဲ့တပြိုင်နက်ထဲ သွေးတွန်းပို့မှု မြန်ဆန်လာပါတယ် ။
သွေးဟာ ဦးနှောက်တွင်းသို့ ၀င်ရောက်မှု ပိုများလာပါတယ် ။
နှလုံးခုန်နှုန်း မြန်လာခြင်းနဲ့ အတူ ၊ သွေးတွန်းပို့မှု များလာတဲ့အတွက်
ဦးနှောက်တွင်းကိုသာမက ၊ တကိုယ်လုံးဆီကို သွေးအသစ်များ လှည့်ပတ်မှု ပိုများ ၊
ပိုမြန်လာပါတယ် ။
ကိုယ်တွင်းအင်္ဂါအသီးသီးဆီ အောက်ဆီဂျင်အသစ် များများ ရောက်ရှိသလို ၊
အညစ်အကြေး အဟောင်းများကို ဖယ်ရှားပြီး ဖြစ်စေပါတယ် ။
ကိုယ်တွင်းအင်္ဂါများကို သန့်စင်စေသည့် အကျိုး ရစေပါတယ် ။
ဟိုမုန်းများ ပိုမိုလှည့်ပတ်စေသဖြင့် ပိုမို နုပျိုလာစေပါတယ် ။

.

၎။
ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးခြင်း
.
ကာမဆက်ဆံခြင်းက နာရီဝက်မှာ ကယ်လိုရီ ၁၅၀ လောင်ကျွမ်းစေပါတယ် ။
တကြိမ်မှာ ၂၅ မိနစ် နဲ့ တပတ် ၃ကြိမ် ဆက်ဆံလျှင် ကယ်လိုရီ ၄၅၀
လောက် လောင်ကျွမ်းစေမှာ ဖြစ်ပါတယ် ။
ပိုမိုပြီး စွမ်းဆောင်နိုင်သူဖြစ်လျှင် ပိုမို အကျိုး ခံစားရမှာ ဖြစ်ပါတယ် ။
နောက်ပြီး ဘယ်လောက် စိတ်အားထက်သန်ပြီး ပြင်းထန်သလဲ ပေါ်လည်း
တည်ပါသေးတယ် ။
ပြင်းထန် ထက်သန်မှုအပေါ် မူတည်ပြီး ၃၀၀ ကယ်လိုရီထက် ပိုမို လောင်ကျွမ်း
နိုင်ပါသေးတယ် ။

.

၅။
နုပျိုမှု နတ်ရေကန်သဖွယ် ဖြစ်ခြင်း
.
ပြီးမြောက်ခြင်း ( orgasm ) ကို “ ခဏတာ သေခြင်း “ ဟု ခေါ်လေ့
ရှိသော်လည်း ၊ တပတ် ၂ကြီမ်လောက် ဆက်ဆံခြင်းက သက်တမ်းကို
ပိုရှည်လာစေတယ်လို့ ဆိုပါတယ် ။
DHEA ( Dehydroepiandrosterone ) ဟိုမုန်း ဟာ ကာမစိတ် နိုးကြွခြင်းနဲ့
ပြီးမြောက်ခြင်း ကြောင့် တိုးပွားလာပါတယ် ။ DHEA ဟာ ကိုယ်ခံအားစံနစ်ကို
အားကောင်းစေပြီး ၊ တစ်သျှူးများ ပြုပြင်ခြင်းကို အားပေးပါတယ် ။ သိမြင်တတ်ခြင်းကို
အားကောင်းစေပါတယ် ။ အရေပြားစိုပြေခြင်း ဖြစ်စေပါတယ် ။
စိတ်ကျခြင်းကို ပြေပျောက်စေပါတယ် ။

.

၆။
ဟိုမုန်းများထွက်စေပါတယ်
.
ပုံမှန် ဆက်ဆံမှုပြုနေပါက သွေးထဲမှာ တက်စတိုစတီရုန်း ( testosterone )
ပမာဏ မြင့်တက်နေပါတယ် ။
တက်စတိုစတီရုန်း က ကာမစွမ်းဆောင်မှု ကောင်းစေရုံသာမက အရိုးနဲ့
ကြွက်သားများကို သန်မာစေပါတယ် ။ နှလုံးကိုလည်း အလုပ်ကောင်းမွန်စွာ
လုပ်စေပါတယ် ။
အမျိုးသမီးများမှာ အီစတိုဂျင် ( estrogen ) ဟိုမုန်း ပမာဏ မြင့်တက်လာမှုက
နှလုံးကို ရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ် ။
အမျိုးသားများမှာ အသက်ကြီးလာတဲ့အခါ တက်စတိုစတီရုန်း ထွက်ရှိမှု
ကျဆင်းသွားပြီး အီစတိုဂျင် က မြင့်လာပါတယ် ။ တက်စတိုစတီရုန်း ကျဆင်း
သွားတာနဲ့ အမျှ ၀မ်းဗိုက်မှာ အဆီများ စုပုံလာပြီး ဗိုက်ရွှဲလာပါတယ် ။
ကာမဆက်ဆံမှုက တက်စတိုစတီရုန်း ကို ထိန်းသိမ်းပေးပါတယ် ။

.

ကျန်းမာချမ်းသာကြပါစေခင်ဗျာ
ဒေါက်တာမြင့်သိန်း
6/7/2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။