ဂျုံခင်းပေါ်က ကျီးကန်းများနှင့် အယ်လ်ဘမ်မထွက်ခင် ဖုန်ထကြခြင်း
(သို့မဟုတ်)
Dusty Way နှင့် အကြိုအင်တာဗျူး
အညာသားတစ်သိုက်ရဲ့ ဖုန်ထူသောလမ်းကလေးအပေါ် ဒီနေ့ လမ်းလျှောက်ထွက်ခဲ့မိတယ်။ စကားတွေ တပြောပြောနဲ့ပေါ့။ ကျနော်တို့ကလည်း သိလိုတာမေး၊ သူတို့ကလည်း မေးသမျှဖြေနဲ့ ခရီးဆုံးကို ရောက်မှန်းမသိရောက်ခဲ့ကြတယ် ။
Q - ဂျိုဂျိုးအနေနဲ့ ဂီတလောကထဲကို ဘယ်အချိန်လောက်က စတင်ရောက်ရှိခဲ့တာလဲ
A - ၂၀၀၆ ခုနှစ်လောက်ကပါအစ်ကို၊
Q- Dusty Wayကို ဘယ်နှခုနှစ်မှာ ဖွဲ့စည်းခဲ့တာလဲ
A - ၂၀၀၆ ခုနှစ်ကပါပဲ။ ဒီ လူစာရင်းတော့ မဟုတ်သေးဘူးပေါ့။
Q - ၂၀၁၆မှ ပထမဆုံးအယ်လ်ဘမ်ကို ထုတ်နိုင်ခဲ့တယ်။ ကြားကာလ ဆယ်နှစ်မှာ ဘာတွေလှုပ်ရှားခဲ့ကြသေးလဲ
A - ဟုတ် ...... မန်းလေးမှာ ၂၀၁၂ ထိ ပရဟိတ ရန်ပုံငွေပွဲတွေရော၊ UG ပွဲတွေရော တီးခဲ့ဆိုခဲ့ကြတယ်၊ ၂၀၁၂ ကုန်လောက်မှာ Solo Albumအတွက်ဆိုပြီးတော့ ကျွန်တော်တို့တတွေ ရန်ကုန်ကို ဆင်းခဲ့ကြတယ်၊ YGN ဂီတလောကမှာ အတွေ့အကြုံမရှိသေးတာရော ကိုယ့်ကိုယ်ကို အားမရဖြစ်တာရော၊
တခြား နေရေး စားရေး အခက်အခဲတွေရောပြီး ခု ၂၀၁၆ ထိ ရောက်သွားတာပါ။
Q - အခုလက်ရှိ Dusty Way တို့ရဲ့ line up က
A - VOCAL - ဂျိုဂျိုး
GUITAR - ညီငယ်
BASS - ဖိုးသား
DRUM - S.E
လိုအပ်တဲ့ K.B ကိုတော့ဖိုးသားကပဲ တီးတာပါ။ BASS/KB ဖိုးသားပေါ့၊
Q - အားလုံးက မန္တလေးအခြေစိုက်တွေပဲလား၊
A - မန်းလေးက ဂျိုဂျိုးနဲ့ဖိုးသား ၊ SE က စစ်ကိုင်းသား ၊ ညီငယ်က မုံရွာပါ အညာသားတွေ
Q - အညာသားတွေ ဖုန်ထကြတာပေါ့
A - ဟုတ်ပါ့ အစ်ကိုရေ ဟဲဟဲ
Q - အွန်လိုင်းပေါ်မှာ လူငယ်တွေကြား ပျံ့နှံ့ခဲ့တဲ့ away call ရော ဒီအခွေမှာ ပါမယ်မလား
A - မပါဘူးဗျ။အဲ့ဒီသီချင်းက တခြား GROUP ခွေမှာပါမယ်ဗျ။
Q - Wanted တို့နဲ့ ဂရုခွေမှာလား
A - ဟုတ် ...WANTED /SARAH/DUSTY WAY ခွေမှာပါ။
Q - အဲ့အခွေကိုလည်း လူငယ်အများ စိတ်ဝင်စားကြတယ်၊ ဘယ်တော့လောက်ထွက်မှာလဲ
A -ဒီနှစ်ထဲ ထွက်မယ်လို့တော့ ပြောတယ်ဗျ။
Q - ဂျုံခင်းပေါ်က ကျီးကန်းများမှာ တေးရေးတွေက
A - ဂျိုဂျိုး နဲ့ ကိုဖော်ကာပါ။ ကိုဖော်ကာနဲ့ဂျိုဂျိုး တွဲရေးထားတာ တပုဒ်။ `ထားခဲ့ပြီးသွား´ သီချင်းက ဂျိုဂျိုးနဲ့ ကိုဖော်ကာ ကျန်တာက ဂျိုဂျိုး ပဲရေးတာပါ။
Q - တေးရေးနာမည်မှာ Dusty Way Player တွေနာမည်လည်းပါနေတော့ ဘယ်သီချင်းများလဲ မသိဘူး၊
A - ဟုတ်တယ် Lyrics နဲ့ Composed ကို အားလုံးကိုပေါင်းလိုက်တာပါ။
Q - ဖော်ကာနဲ့ဂျိုဂျိုး ဆက်စပ်မိသွားတဲ့အကြောင်းရော သိခွင့်ရနိုင်မလား။
A - ၂၀၀၄ -၀၅ ကတည်းက ရင်းနှီးခဲ့ကြတာ။သီချင်းစရေးတော့လည်ဲးကိုဖော်ကာပဲ နားထောင်ပြီးဝေဖန်အကြံပေးပြုပြင်ပေးခဲ့တာ။ဒီမြူးဇစ်လာက ထဲကို ကျွန်တော်တို့Dusty Way ၀င်လာဖို့အတွက်ရော ကူညီပေးခဲ့တာပါ။
Q - ဂျိုဂျိုးက ဖော်ကာအပြင် ဘယ်သူတွေအတွက် သီချင်းရေးပေးခဲ့သေးလဲ၊
A - ဟုတ် ရေးပေးခဲ့ပါတယ်။အခုနှစ်ပိုင်းထွက်ထားတဲ့ အထဲကတော့ ကိုမင်းသွေး၊ ကိုမင်းမင်းဟိန်းပေါ့၊အဲ .မထွက်သေးတဲ့ သီချင်းတွေတော့ မပြောတော့ဘူးအစ်ကိုရေ၊
Q - နေညိုချိန် (သို့) အရက်သမားက ဂျိုဂျိုးရေးတာလို့ သိရတယ်။ အဲ့သီချင်းကို ပြန်ဆိုဖို့ အစီအစဉ်ရှိပါသလား
A - မရှိပါဘူး အစ်ကို။
Q - Dusty Way အနေနဲ့ ဒီအခွေကို အနုပညာအတိုင်းအတာအရ ဘယ်လောက်အထိမျှော်လင့်ထားလဲ ၊
A - ကျွန်တော်တို့ လေ့လာကြိုးစားထားသမျှကို မျှော်တော့ မျှော်လင့်တာပေါ့ဗျာ၊ ဘယ်လိုပြောရမလဲ
ကျွန်တော်တို့(ဂီတ) ဖန်တီးသလောက် ကျွန်တော်တို့ ပြန်ရဖို့တော့ မျှော်လင့်တာပေါ့ဗျာ။
Q - ဒီအခွေထဲမှာ တီးရ ဆိုရတာ အကြိုက်ဆုံးသီချင်းလေး ပြောပြလို့ရမလားမသိဘူး....တ စ်ယောက်ချင်းစီရဲ့အဖြေပေါ့၊
A - အင်း တယောက်ချင်းဖြေမယ်နော်
(ဂျိုဂျိုး) -အလင်းဖြစ်စေနဲ့ နောက်ဆုံးပေါ်
(ညီငယ်) - တစ်ပုဒ်နှစ်ပုဒ်တော့ မဟုတ်ဘူး။ သီချင်းတိုင်းရဲ့ ရစ်သမ်ကို ကြိုက်တယ်။ ထားခဲ့ပြီးသွားနဲ့ မင်းနဲ့ငါ အဲ့ဒီနှစ်ပုဒ် တည်ကြတုန်းကတော့ အမှတ်တရပါပဲ။
(ဖိုးသား) - ထားခဲ့ပြီးသွားနဲ့ မြင်ပါလှည့် နှစ်ပုဒ် 🙂
(S.E) - မင်းနဲ့ငါ နဲ့ မြင်ပါလှည့်
Q - တစ်ဦးချင်းစီရဲ့အကြိုက်ဆုံး အားအရဆုံးသီချင်းတွေလည်း သိရပြီဆိုတော့ ဒီအခွေကို နားထောင်မယ့်သူတွေ အကြိုက်ဖြစ်မယ်ထင်တယ်လို့ စိတ်ထဲတွေးထားတဲ့သီချင်းများ ရှိမလား၊
A - BO BO Entertainment ကနေ အမြည်းအနေနဲ့ သီချင်းတစ်ပုဒ်တင်မှာပါ။ အဲ့သီချင်းက ထားခဲ့ပြီးသွား သီချင်းပုံစံက အသစ်လည်းဖြစ်တယ်။ ပရိသတ်တွေ ကြိုက်ကြမယ်လို့လည်းထင်တယ်။
Q - ဒီခွေမှာပါတဲ့ သီချင်းပုံစံတွေက
A - ကျွန်တော်တို့က ROCK သီချင်းကြိုက်တာချင်းတူကြတော့ Rock ပုံစံကို ကျောရိုးထားပြီး ကျွန်တော်တို့ လွပ်လွတ်လပ်လပ် ဖန်တီးထားကြတာပါ။
Alternative Rock /Indie Rock အဲ့ဒီနှစ်ခုထဲက တစ်ခုခုတော့ ဖြစ်မယ်ထင်တယ်အစ်ကိုရေ။
Q - ၂၀၁၂တုန်းက အင်တာဗျူးမှာလည်း မန်ဘာက ဒီလူတွေပဲ၊ခုလည်း ဒီလူတွေပဲ၊ ငါးနှစ်လောက် ဝိုင်းသားအပြောင်းအလဲမဖြစ်ခဲ့တာ ဘာကြောင့်လို့ထင်လဲ
A - အဓိကကတော့ နားလည်မှုပေါ့ဗျာ။ ကျနော်တို့တတွေ မန်းလေးကတည်းက
တယောက်အကြောင်း တယောက်သိဆိုတော့ကာ အားလုံး အတူတူပါပဲ။
Q - ပရိုမိုးရှင်းပွဲ ကျင်းပပြုလုပ်ပြီး ပရိသတ်တွေကို ဖျော်ဖြေဦးမှာလား
A - လောလောဆယ်တော့ လုပ်ဖို့မရှိသေးဘူးဗျ။
Q - MTV ရော
A - ဟုတ်။ လောလောဆယ်တော့ ခွေထဲမပါတဲ့ သီချင်းအသစ်တပုဒ်ကို MTV (free download)တင်မှာပါ။
Q - လေးနှစ်တာတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေက
A - အစစအရာရာ အခက်အခဲတွေကတော့ အများကြီးပေါ့ဗျာ။ မှတ်မှတ်ရရကတော့ ဂစ်တာတွေကားယားကားယားလွယ်
ဘတ်စ်ကားတိုးစီးပြီး စတူဒီယိုကို ခဏခဏ သွားခဲ့ရဖူးတယ်။ ပွဲတီးအပြီး taxi ခ မကျန်ကြတော့လို့ ကန်တော်ကြီးမျှော်စင်ကျွန်း က ခြေလျင်လည်း ပြန်ခဲ့ရဖူးတယ်။အများကြီးပါ ဗျာ
Q - ရှေ့ဆက်သွားမယ့် အစီအစဉ်တွေလည်း သိပါရစေ
A - အနီးဆုံးပြောရရင်တော့ Groupခွေတွေ / ခုထွက်မယ့်ခွေရဲ့ MTV ရိုက်ဖို့။ ပြီးတော့ နောက် solo album အတွက်လည်း သီချင်းတွေ စလုပ်နေပါတယ်။အဝေးဆုံးပြောရရင်တော့ ကျနော်တို့ လုပ်နိုင်စွမ်းရှိနေသမျှ ဖန်တီးနိုင်စွမ်း ရှိနေသမျှ အသစ်အသစ်တွေ ဖန်တီးသွားမှာပါ။
Q - Wanted/Sarah/DustyWay 3 bands showတွေကျင်းပဖို့ အခွင့်အရေးရလာခဲ့မယ်ဆိုရင် လက်တွဲကြမလား
A - အတူတူတွေပဲဟာ တွဲမှာဆွဲမှာပေါ့ဗျ
Q - ခွေစထွက်တဲ့နေ့မှာ အွန်လိုင်းပေါ်တင်မယ့်သူတွေကို ဘာပြောဦးမလဲ။ အခုတောင် မထွက်သေးဘူး လင့်ခ်တောင်းနေသူတွေ ရှိနေတယ်လေ....
A - ဂီတကိုဖန်တီးထားကြတဲ့
ဂီတသမားတွေရဲ့ အခက်အခဲတွေကို
နားလည်စွာ /ကူညီစွာ/တန်ဖိုးထားစွာ/ ရိုင်းပင်းစွာနဲ့ ဘယ်သီချင်းခွေပဲဖြစ်ဖြစ်
မူရင်းခွေကို အားပေးကြပါလို့ပြောပါရစေ။
ပြီးတော့ ခု ကျနော်တို့ခွေကို
ဝယ်ဖို့ခက်ခဲနေတဲ့ နေရာတွေအတွက်လည်း
Online Distribution
လာမှာပါ။
ဖြေကြားပေးသွားတဲ့ Dusty Way ဝိုင်းတော်သားများအားလုံးကို ကျေးဇူးတင်ပါတယ်၊
ခွေထွက်တဲ့အခါမှာလည်း အားပေးကြပါဦးလို့ ပြောကြားချင်ပါတယ်။ ၈ ရက်နေ့နော် မမေ့ကြပါနဲ့။
👇👇👇 Dusty Way´s page
https://m.facebook.com/ Dusty-Way-281202598593333/
အင်တာဗျူးသူ
ကိုလောက်နှင့်မိငြိမ်း
(သို့မဟုတ်)
Dusty Way နှင့် အကြိုအင်တာဗျူး
အညာသားတစ်သိုက်ရဲ့ ဖုန်ထူသောလမ်းကလေးအပေါ် ဒီနေ့ လမ်းလျှောက်ထွက်ခဲ့မိတယ်။ စကားတွေ တပြောပြောနဲ့ပေါ့။ ကျနော်တို့ကလည်း သိလိုတာမေး၊ သူတို့ကလည်း မေးသမျှဖြေနဲ့ ခရီးဆုံးကို ရောက်မှန်းမသိရောက်ခဲ့ကြတယ်
Q - ဂျိုဂျိုးအနေနဲ့ ဂီတလောကထဲကို ဘယ်အချိန်လောက်က စတင်ရောက်ရှိခဲ့တာလဲ
A - ၂၀၀၆ ခုနှစ်လောက်ကပါအစ်ကို၊
Q- Dusty Wayကို ဘယ်နှခုနှစ်မှာ ဖွဲ့စည်းခဲ့တာလဲ
A - ၂၀၀၆ ခုနှစ်ကပါပဲ။ ဒီ လူစာရင်းတော့ မဟုတ်သေးဘူးပေါ့။
Q - ၂၀၁၆မှ ပထမဆုံးအယ်လ်ဘမ်ကို ထုတ်နိုင်ခဲ့တယ်။ ကြားကာလ ဆယ်နှစ်မှာ ဘာတွေလှုပ်ရှားခဲ့ကြသေးလဲ
A - ဟုတ် ...... မန်းလေးမှာ ၂၀၁၂ ထိ ပရဟိတ ရန်ပုံငွေပွဲတွေရော၊ UG ပွဲတွေရော တီးခဲ့ဆိုခဲ့ကြတယ်၊ ၂၀၁၂ ကုန်လောက်မှာ Solo Albumအတွက်ဆိုပြီးတော့ ကျွန်တော်တို့တတွေ ရန်ကုန်ကို ဆင်းခဲ့ကြတယ်၊ YGN ဂီတလောကမှာ အတွေ့အကြုံမရှိသေးတာရော ကိုယ့်ကိုယ်ကို အားမရဖြစ်တာရော၊
တခြား နေရေး စားရေး အခက်အခဲတွေရောပြီး ခု ၂၀၁၆ ထိ ရောက်သွားတာပါ။
Q - အခုလက်ရှိ Dusty Way တို့ရဲ့ line up က
A - VOCAL - ဂျိုဂျိုး
GUITAR - ညီငယ်
BASS - ဖိုးသား
DRUM - S.E
လိုအပ်တဲ့ K.B ကိုတော့ဖိုးသားကပဲ တီးတာပါ။ BASS/KB ဖိုးသားပေါ့၊
Q - အားလုံးက မန္တလေးအခြေစိုက်တွေပဲလား၊
A - မန်းလေးက ဂျိုဂျိုးနဲ့ဖိုးသား ၊ SE က စစ်ကိုင်းသား ၊ ညီငယ်က မုံရွာပါ အညာသားတွေ
Q - အညာသားတွေ ဖုန်ထကြတာပေါ့
A - ဟုတ်ပါ့ အစ်ကိုရေ ဟဲဟဲ
Q - အွန်လိုင်းပေါ်မှာ လူငယ်တွေကြား ပျံ့နှံ့ခဲ့တဲ့ away call ရော ဒီအခွေမှာ ပါမယ်မလား
A - မပါဘူးဗျ။အဲ့ဒီသီချင်းက တခြား GROUP ခွေမှာပါမယ်ဗျ။
Q - Wanted တို့နဲ့ ဂရုခွေမှာလား
A - ဟုတ် ...WANTED /SARAH/DUSTY WAY ခွေမှာပါ။
Q - အဲ့အခွေကိုလည်း လူငယ်အများ စိတ်ဝင်စားကြတယ်၊ ဘယ်တော့လောက်ထွက်မှာလဲ
A -ဒီနှစ်ထဲ ထွက်မယ်လို့တော့ ပြောတယ်ဗျ။
Q - ဂျုံခင်းပေါ်က ကျီးကန်းများမှာ တေးရေးတွေက
A - ဂျိုဂျိုး နဲ့ ကိုဖော်ကာပါ။ ကိုဖော်ကာနဲ့ဂျိုဂျိုး တွဲရေးထားတာ တပုဒ်။ `ထားခဲ့ပြီးသွား´ သီချင်းက ဂျိုဂျိုးနဲ့ ကိုဖော်ကာ ကျန်တာက ဂျိုဂျိုး ပဲရေးတာပါ။
Q - တေးရေးနာမည်မှာ Dusty Way Player တွေနာမည်လည်းပါနေတော့ ဘယ်သီချင်းများလဲ မသိဘူး၊
A - ဟုတ်တယ် Lyrics နဲ့ Composed ကို အားလုံးကိုပေါင်းလိုက်တာပါ။
Q - ဖော်ကာနဲ့ဂျိုဂျိုး ဆက်စပ်မိသွားတဲ့အကြောင်းရော
A - ၂၀၀၄ -၀၅ ကတည်းက ရင်းနှီးခဲ့ကြတာ။သီချင်းစရေ
Q - ဂျိုဂျိုးက ဖော်ကာအပြင် ဘယ်သူတွေအတွက် သီချင်းရေးပေးခဲ့သေးလဲ၊
A - ဟုတ် ရေးပေးခဲ့ပါတယ်။အခုနှစ်ပိုင
Q - နေညိုချိန် (သို့) အရက်သမားက ဂျိုဂျိုးရေးတာလို့ သိရတယ်။ အဲ့သီချင်းကို ပြန်ဆိုဖို့ အစီအစဉ်ရှိပါသလား
A - မရှိပါဘူး အစ်ကို။
Q - Dusty Way အနေနဲ့ ဒီအခွေကို အနုပညာအတိုင်းအတာအရ ဘယ်လောက်အထိမျှော်လင့်ထားလဲ
A - ကျွန်တော်တို့ လေ့လာကြိုးစားထားသမျှကို မျှော်တော့ မျှော်လင့်တာပေါ့ဗျာ၊ ဘယ်လိုပြောရမလဲ
ကျွန်တော်တို့(ဂီတ) ဖန်တီးသလောက် ကျွန်တော်တို့ ပြန်ရဖို့တော့ မျှော်လင့်တာပေါ့ဗျာ။
Q - ဒီအခွေထဲမှာ တီးရ ဆိုရတာ အကြိုက်ဆုံးသီချင်းလေး ပြောပြလို့ရမလားမသိဘူး....တ
A - အင်း တယောက်ချင်းဖြေမယ်နော်
(ဂျိုဂျိုး) -အလင်းဖြစ်စေနဲ့ နောက်ဆုံးပေါ်
(ညီငယ်) - တစ်ပုဒ်နှစ်ပုဒ်တော့ မဟုတ်ဘူး။ သီချင်းတိုင်းရဲ့ ရစ်သမ်ကို ကြိုက်တယ်။ ထားခဲ့ပြီးသွားနဲ့ မင်းနဲ့ငါ အဲ့ဒီနှစ်ပုဒ် တည်ကြတုန်းကတော့ အမှတ်တရပါပဲ။
(ဖိုးသား) - ထားခဲ့ပြီးသွားနဲ့ မြင်ပါလှည့် နှစ်ပုဒ် 🙂
(S.E) - မင်းနဲ့ငါ နဲ့ မြင်ပါလှည့်
Q - တစ်ဦးချင်းစီရဲ့အကြိုက်ဆုံ
A - BO BO Entertainment ကနေ အမြည်းအနေနဲ့ သီချင်းတစ်ပုဒ်တင်မှာပါ။ အဲ့သီချင်းက ထားခဲ့ပြီးသွား သီချင်းပုံစံက အသစ်လည်းဖြစ်တယ်။ ပရိသတ်တွေ ကြိုက်ကြမယ်လို့လည်းထင်တယ်။
Q - ဒီခွေမှာပါတဲ့ သီချင်းပုံစံတွေက
A - ကျွန်တော်တို့က ROCK သီချင်းကြိုက်တာချင်းတူကြတေ
Alternative Rock /Indie Rock အဲ့ဒီနှစ်ခုထဲက တစ်ခုခုတော့ ဖြစ်မယ်ထင်တယ်အစ်ကိုရေ။
Q - ၂၀၁၂တုန်းက အင်တာဗျူးမှာလည်း မန်ဘာက ဒီလူတွေပဲ၊ခုလည်း ဒီလူတွေပဲ၊ ငါးနှစ်လောက် ဝိုင်းသားအပြောင်းအလဲမဖြစ်ခ
A - အဓိကကတော့ နားလည်မှုပေါ့ဗျာ။ ကျနော်တို့တတွေ မန်းလေးကတည်းက
တယောက်အကြောင်း တယောက်သိဆိုတော့ကာ အားလုံး အတူတူပါပဲ။
Q - ပရိုမိုးရှင်းပွဲ ကျင်းပပြုလုပ်ပြီး ပရိသတ်တွေကို ဖျော်ဖြေဦးမှာလား
A - လောလောဆယ်တော့ လုပ်ဖို့မရှိသေးဘူးဗျ။
Q - MTV ရော
A - ဟုတ်။ လောလောဆယ်တော့ ခွေထဲမပါတဲ့ သီချင်းအသစ်တပုဒ်ကို MTV (free download)တင်မှာပါ။
Q - လေးနှစ်တာတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေက
A - အစစအရာရာ အခက်အခဲတွေကတော့ အများကြီးပေါ့ဗျာ။ မှတ်မှတ်ရရကတော့ ဂစ်တာတွေကားယားကားယားလွယ်
ဘတ်စ်ကားတိုးစီးပြီး စတူဒီယိုကို ခဏခဏ သွားခဲ့ရဖူးတယ်။ ပွဲတီးအပြီး taxi ခ မကျန်ကြတော့လို့ ကန်တော်ကြီးမျှော်စင်ကျွန်း
Q - ရှေ့ဆက်သွားမယ့် အစီအစဉ်တွေလည်း သိပါရစေ
A - အနီးဆုံးပြောရရင်တော့ Groupခွေတွေ /
Q - Wanted/Sarah/DustyWay 3 bands showတွေကျင်းပဖို့ အခွင့်အရေးရလာခဲ့မယ်ဆိုရင် လက်တွဲကြမလား
A - အတူတူတွေပဲဟာ တွဲမှာဆွဲမှာပေါ့ဗျ
Q - ခွေစထွက်တဲ့နေ့မှာ အွန်လိုင်းပေါ်တင်မယ့်သူတွေက
A - ဂီတကိုဖန်တီးထားကြတဲ့
ဂီတသမားတွေရဲ့ အခက်အခဲတွေကို
နားလည်စွာ /ကူညီစွာ/တန်ဖိုးထားစွာ/
မူရင်းခွေကို အားပေးကြပါလို့ပြောပါရစေ။
ပြီးတော့ ခု ကျနော်တို့ခွေကို
ဝယ်ဖို့ခက်ခဲနေတဲ့ နေရာတွေအတွက်လည်း
Online Distribution
လာမှာပါ။
ဖြေကြားပေးသွားတဲ့ Dusty Way ဝိုင်းတော်သားများအားလုံးကိ
ခွေထွက်တဲ့အခါမှာလည်း အားပေးကြပါဦးလို့ ပြောကြားချင်ပါတယ်။ ၈ ရက်နေ့နော် မမေ့ကြပါနဲ့။
👇👇👇 Dusty Way´s page
https://m.facebook.com/
အင်တာဗျူးသူ
ကိုလောက်နှင့်မိငြိမ်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။